အမ်းမြို့နယ်ဘက်ပစ်ခတ်မှု အရပ်သားများ သေဆုံး ဒဏ်ရာရ

ရခိုင်ပြည်နယ် ရသေ့တောင်အနီး ပစ်ခတ်မှုတွေအတွင်း ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားတဦးကို သယ်ဆောင်နေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - ကိုဘက္ကာ - ဇွန် ၂၅၊ ၂၀၂၀)
(Unicode)⤵⤵⤵
ရခိုင်ပြည်နယ် အမ်းမြို့နယ်ဘက်က ကျေးရွာတွေမှာ ပစ်ခတ်မှုကြောင့် အရပ်သားတွေ သေဆုံး ဒဏ်ရာရသလို လမ်းတွေပိတ်ထားတာကြောင့် စားနပ်ရိက္ခာ အခက်ကြုံနေရပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

အမ်းမြို့နယ် ဒါးလက်ချောင်းကျေးရွာအုပ်စုဘက်မှာ မနေ့ညပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးထိမှန်လို့ ရွာသားတွေ သေဆုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒါးလက်ချောင်းကျေးရွာ ဒေသခံတဦးက ပြောပါတယ်။

“မနေ့က ညနေ ၇ နာရီဝန်းကျင်ခန့်က အမ်းမြို့နယ် ဒါးလက်အုပ်စု နတ်မှော်ကျေးရွာမှာ လက်နက်ကြီးကျည် ကျတယ်ပေါ့။ အဲဒီ လက်နက်ကြီးကျည် ကျတဲ့အတွက်ကြောင့် တဦးသေဆုံးတယ်ပေါ့နော်၊ ပွဲချင်းပြီး သေဆုံးတာ။ နောက်တဦးကတော့ အလယ်ကျွန်းတို့ အနောက်ရွာတို့ လာနေတုန်းပေါ့နော်၊ စက်လှေပေါ်မှာ အဲဒီ ဒါးလက်ရွာဟောင်းနားမှာ သေတယ်ပေါ့။ နှစ်ယောက်သေတယ်ပေါ့။ သုံးယောက်က ဒဏ်ရာရပြင်းထန်တယ်ပေါ့။ အဲဒီ သုံးယောက်က အမျိုးသမီးနှစ်ဦးရယ် အမျိုးသားတဦးရယ်။ အမျိုးသမီးနှစ်ဦးမှာ ၂ နှစ်အရွယ် အမျိုးသမီးတဦး ပါတယ်ပေါ့နော်။ အဲဒီလူနာတွေက အခုထက်ထိ ဒါးလက် အလယ်ကျွန်းကျေးရွာမှာ ရှိနေကြသေးတာပေါ့နော်။ တပ်မတော်ကနေပြီး ဆေးကုဖို့အတွက် သွားလာခွင့်တွေ ပိတ်ထားတဲ့အတွက်ကြောင့် သူတို့ ဆေးကုခွင့် မရသေးဘူးပေါ့။”

ဒီပစ်ခတ်မှုမှာ ဘယ်အဖွဲ့ကပစ်ခတ်တာ မသိရှိဘူးလို့ အဆိုပါဒေသခံက ပြောပါတယ်။

ရခိုင်လက်နက်ကိုင် AA ပြောခွင့်ရ ခိုင်သုခကတော့ အမ်းမြို့နယ် ဒါးလက်ချောင်းကျေးရွာအုပ်စုဘက်မှာ သူတို့အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့ ပြောပါတယ်။

“မနေ့က အမ်းဘက်မှာတော့ တိုက်ပွဲဖြစ်တာ မရှိဘူးဗျ။ မနေ့က ဇွန်လ ၂၆ ရက် ည ၇ နာရီလောက်မှာ အမ်းမြို့နယ် နတ်မှော်ရွာကို မြန်မာစစ်တပ်က လက်နက်ကြီးတွေနဲ့ လှမ်းပြီးတော့ ပစ်တာရှိတယ်။ အဲဒီမှာ တပ်မ ၆၆ ရဲ့ လက်အောက်ခံပေါ့နော်၊ ခလရ ၈၀ က သူတို့ ယာယီအခြေပြုထားတဲ့ နတ်မှော်ရွာရဲ့ အရှေ့မြောက်ဘက် မီတာ ၉၀၀ အကွာလောက်မှာရှိတဲ့ တောင်တန်းကနေ လှမ်းပြီးတော့ပစ်တာ။ နတ်မှော်ရွာထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာ ရှိတယ်။”

ဒါးလက်ချောင်းကျေးရွာဘက် ပစ်ခတ်မှု အခြေအနေကို သိရှိဖို့ တပ်မတော် ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အမ်းမြို့နယ်အတွင်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ကနေ ဝင်ရောက်အခြေပြုလာပြီး နောက်ပိုင်း ရိက္ခာဖြတ်တောက်တဲ့ အနေနဲ့ ဒါးလက်ချောင်းအုပ်စုအတွင်း ကျေးရွာပေါင်း ၄၀ ကျော်ကို ရွာနဲ့ဆက်သွယ်တဲ့ ရေလမ်း၊ ကုန်းလမ်း အားလုံး ဒီနှစ်ဆန်းကတည်းက ပိတ်ပင်ထားခဲ့တာပါ။

ဒီလို လမ်းတွေကို ပိတ်ပင်ထားတဲ့အတွက် ဒေသခံပြည်သူတွေ ဆန်ပြတ်လပ်နေကြပြီး စားသောက်ရေး အခက်တွေ့နေကြပါတယ်။

ဒါးလက်ချောင်းအုပ်စုအတွင်းရှိ ကျေးရွာတွေက ဒေသခံတွေဟာ ရှမ်းကုန်းနဲ့ မင်္ဂလာဒုံကျေးရွာကို ပြောင်းရွှေ့လာကြပြီး ဆန်ပြတ်လပ်နေလို့ ကြုံရာအသီးအနှံကို စားသောက်နေကြရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းလျန်က ပြောပါတယ်။

“ဒါးလက်ချောင်းရွာအနား ၄၂ ရွာပေါ့။ တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်မယ်ဆိုပြီးတော့ ဇွန်လ ၁၇ နေ့ကတည်းကနေ အသွားအလာ ပိတ်တာပေါ့။ ဒီဒေသခံရွာသားတွေ စားစရာမရှိတော့ဘဲ သူတို့ ဒုက္ခကြုံနေရတယ်။ သွားလို့ရတဲ့လမ်းတွေကို ပိတ်တော့ စားနပ်ရိက္ခာ ပြတ်သွားတာဖြစ်တယ်။ သူတို့ ပြောပြချက်အရ ဆိုရင်တော့ ရှိတဲ့ ဒီ ငှက်ပျောသီးတို့ ပိန္နဲသီးတို့ အသီးတွေပဲ စားပြီးတော့ နေနေရတယ်။ ဒါးလက်ချောင်းမှာရှိတဲ့ တပ်မတော်စခန်းတွေကိုလည်းပဲ သူတို့ ခက်ခဲတဲ့အကြောင်းကို သွားပြောတယ်တဲ့။ ဒါပေမယ့် တပ်မတော်ဘက်ကနေ အထက်ကို တင်ပြရဦးမယ်။ ပြီးတော့ ဒီဘက်မှာ စနစ်တကျ စီစဉ်ဖို့တော့ လိုလိမ့်မယ်ဆိုပြီးတော့ တပ်မတော်ဘက်က ပြန်ပြောတာရှိတယ်။”

ဒါးလက်ချောင်းအုပ်စုအတွင်း ကျေးရွာတွေဟာ အခြေခံစားသောက်ကုန်တွေကို အမ်းမြို့ကနေ ကုန်းလမ်း၊ မြေပုံမြို့နယ် ကံတောင်ကြီးဘက်ကနေ ရေလမ်းကြောင်းနဲ့ သယ်ယူကြတာဖြစ်ပေမယ့် AA အဖွဲ့ထံ စားနပ်ရိက္ခာ ရောက်ရှိသွားမှာစိုးလို့ လမ်းကြောင်းတွေအားလုံး ပိတ်ဆို့လိုက်တာလို့ သူက ဆိုပါတယ်။

ဒါးလက်ချောင်းအုပ်စုအတွင်းရှိ ကျေးရွာ ၄၂ ရွာအနက် ၃၇ ရွာမှာ ချင်းလူမျိုးတွေ နေထိုင်ကြပြီး ကျန် ၅ ရွာမှာ ရခိုင်လူမျိုးတွေ နေထိုင်ကြပါတယ်။

အလားတူ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအုပ်စု ၁၇ ရွာကို တပ်မတော်ကနေ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ဖို့ ရွာသားတွေ ခေတ္တတိမ်းရှောင်ကြဖို့ ဒေသခံ အာဏာပိုင်တွေက ညွှန်ကြားပြီးနောက်ပိုင်း အဲဒီဒေသမှာ တိုက်ပွဲပြင်းထန် ဖြစ်ပွားနေတာပါ။

ဒီနေ့မှာလည်း ကျောက်တန်းကျေးရွာဘက် မြန်မာစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ AA ဘက်က ပြောပါတယ်။

ဒီနေ့မွန်းလွဲပိုင်းမှာ စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာအနီး မိုင်းနှစ်လုံး ပေါက်ကွဲပြီးနောက် စစ်တပ်ဘက်က ပစ်ခတ်မှုတွေ ရှိခဲ့သလို စစ်တွေ-ရေချမ်းပြင် ကားလမ်းကိုလည်း ပိတ်ထားပါတယ်။2

 နိုင်ကွန်းအိန်  / ဗွီအိုအေ (မြန်မာပိုင်း)
-------------------------------------------------
(Zawgyi)⤵⤵⤵
အမ္းၿမိဳ႕နယ္ဘက္ပစ္ခတ္မႈ အရပ္သားမ်ား ေသဆုံး ဒဏ္ရာရ

ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္ဘက္က ေက်း႐ြာေတြမွာ ပစ္ခတ္မႈေၾကာင့္ အရပ္သားေတြ ေသဆုံး ဒဏ္ရာရသလို လမ္းေတြပိတ္ထားတာေၾကာင့္ စားနပ္ရိကၡာ အခက္ႀကဳံေနရပါတယ္။ အျပည့္အစုံကို ႏိုင္ကြန္းအိန္ ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

အမ္းၿမိဳ႕နယ္ ဒါးလက္ေခ်ာင္းေက်း႐ြာအုပ္စုဘက္မွာ မေန႔ညပိုင္းက ပစ္ခတ္မႈ ျဖစ္ပြားခဲ့ၿပီး လက္နက္ႀကီးထိမွန္လို႔ ႐ြာသားေတြ ေသဆုံး ထိခိုက္ဒဏ္ရာ ရရွိခဲ့တယ္လို႔ ဒါးလက္ေခ်ာင္းေက်း႐ြာ ေဒသခံတဦးက ေျပာပါတယ္။

“မေန႔က ညေန ၇ နာရီဝန္းက်င္ခန႔္က အမ္းၿမိဳ႕နယ္ ဒါးလက္အုပ္စု နတ္ေမွာ္ေက်း႐ြာမွာ လက္နက္ႀကီးက်ည္ က်တယ္ေပါ့။ အဲဒီ လက္နက္ႀကီးက်ည္ က်တဲ့အတြက္ေၾကာင့္ တဦးေသဆုံးတယ္ေပါ့ေနာ္၊ ပြဲခ်င္းၿပီး ေသဆုံးတာ။ ေနာက္တဦးကေတာ့ အလယ္ကြၽန္းတို႔ အေနာက္႐ြာတို႔ လာေနတုန္းေပါ့ေနာ္၊ စက္ေလွေပၚမွာ အဲဒီ ဒါးလက္႐ြာေဟာင္းနားမွာ ေသတယ္ေပါ့။ ႏွစ္ေယာက္ေသတယ္ေပါ့။ သုံးေယာက္က ဒဏ္ရာရျပင္းထန္တယ္ေပါ့။ အဲဒီ သုံးေယာက္က အမ်ိဳးသမီးႏွစ္ဦးရယ္ အမ်ိဳးသားတဦးရယ္။ အမ်ိဳးသမီးႏွစ္ဦးမွာ ၂ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတဦး ပါတယ္ေပါ့ေနာ္။ အဲဒီလူနာေတြက အခုထက္ထိ ဒါးလက္ အလယ္ကြၽန္းေက်း႐ြာမွာ ရွိေနၾကေသးတာေပါ့ေနာ္။ တပ္မေတာ္ကေနၿပီး ေဆးကုဖို႔အတြက္ သြားလာခြင့္ေတြ ပိတ္ထားတဲ့အတြက္ေၾကာင့္ သူတို႔ ေဆးကုခြင့္ မရေသးဘူးေပါ့။”

ဒီပစ္ခတ္မႈမွာ ဘယ္အဖြဲ႕ကပစ္ခတ္တာ မသိရွိဘူးလို႔ အဆိုပါေဒသခံက ေျပာပါတယ္။

ရခိုင္လက္နက္ကိုင္ AA ေျပာခြင့္ရ ခိုင္သုခကေတာ့ အမ္းၿမိဳ႕နယ္ ဒါးလက္ေခ်ာင္းေက်း႐ြာအုပ္စုဘက္မွာ သူတို႔အဖြဲ႕နဲ႔ တိုက္ပြဲျဖစ္ပြားတာ မရွိဘူးလို႔ ေျပာပါတယ္။

“မေန႔က အမ္းဘက္မွာေတာ့ တိုက္ပြဲျဖစ္တာ မရွိဘူးဗ်။ မေန႔က ဇြန္လ ၂၆ ရက္ ည ၇ နာရီေလာက္မွာ အမ္းၿမိဳ႕နယ္ နတ္ေမွာ္႐ြာကို ျမန္မာစစ္တပ္က လက္နက္ႀကီးေတြနဲ႔ လွမ္းၿပီးေတာ့ ပစ္တာရွိတယ္။ အဲဒီမွာ တပ္မ ၆၆ ရဲ႕ လက္ေအာက္ခံေပါ့ေနာ္၊ ခလရ ၈၀ က သူတို႔ ယာယီအေျချပဳထားတဲ့ နတ္ေမွာ္႐ြာရဲ႕ အေရွ႕ေျမာက္ဘက္ မီတာ ၉၀၀ အကြာေလာက္မွာရွိတဲ့ ေတာင္တန္းကေန လွမ္းၿပီးေတာ့ပစ္တာ။ နတ္ေမွာ္႐ြာထဲကို လက္နက္ႀကီး က်ေရာက္ေပါက္ကြဲခဲ့တာ ရွိတယ္။”

ဒါးလက္ေခ်ာင္းေက်း႐ြာဘက္ ပစ္ခတ္မႈ အေျခအေနကို သိရွိဖို႔ တပ္မေတာ္ ေျပာေရးဆိုခြင့္ရွိသူကို ဆက္သြယ္ခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

အမ္းၿမိဳ႕နယ္အတြင္း ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ကေန ဝင္ေရာက္အေျချပဳလာၿပီး ေနာက္ပိုင္း ရိကၡာျဖတ္ေတာက္တဲ့ အေနနဲ႔ ဒါးလက္ေခ်ာင္းအုပ္စုအတြင္း ေက်း႐ြာေပါင္း ၄၀ ေက်ာ္ကို ႐ြာနဲ႔ဆက္သြယ္တဲ့ ေရလမ္း၊ ကုန္းလမ္း အားလုံး ဒီႏွစ္ဆန္းကတည္းက ပိတ္ပင္ထားခဲ့တာပါ။

ဒီလို လမ္းေတြကို ပိတ္ပင္ထားတဲ့အတြက္ ေဒသခံျပည္သူေတြ ဆန္ျပတ္လပ္ေနၾကၿပီး စားေသာက္ေရး အခက္ေတြ႕ေနၾကပါတယ္။

ဒါးလက္ေခ်ာင္းအုပ္စုအတြင္းရွိ ေက်း႐ြာေတြက ေဒသခံေတြဟာ ရွမ္းကုန္းနဲ႔ မဂၤလာဒုံေက်း႐ြာကို ေျပာင္းေ႐ႊ႕လာၾကၿပီး ဆန္ျပတ္လပ္ေနလို႔ ႀကဳံရာအသီးအႏွံကို စားေသာက္ေနၾကရတယ္လို႔ ခ်င္းလူ႔အခြင့္အေရးအဖြဲ႕ (CHRO) ေျပာေရးဆိုခြင့္ရွိသူ ဆလိုင္းလ်န္က ေျပာပါတယ္။

“ဒါးလက္ေခ်ာင္း႐ြာအနား ၄၂ ႐ြာေပါ့။ တပ္မေတာ္က နယ္ေျမရွင္းလင္းေရး လုပ္မယ္ဆိုၿပီးေတာ့ ဇြန္လ ၁၇ ေန႔ကတည္းကေန အသြားအလာ ပိတ္တာေပါ့။ ဒီေဒသခံ႐ြာသားေတြ စားစရာမရွိေတာ့ဘဲ သူတို႔ ဒုကၡႀကဳံေနရတယ္။ သြားလို႔ရတဲ့လမ္းေတြကို ပိတ္ေတာ့ စားနပ္ရိကၡာ ျပတ္သြားတာျဖစ္တယ္။ သူတို႔ ေျပာျပခ်က္အရ ဆိုရင္ေတာ့ ရွိတဲ့ ဒီ ငွက္ေပ်ာသီးတို႔ ပိႏၷဲသီးတို႔ အသီးေတြပဲ စားၿပီးေတာ့ ေနေနရတယ္။ ဒါးလက္ေခ်ာင္းမွာရွိတဲ့ တပ္မေတာ္စခန္းေတြကိုလည္းပဲ သူတို႔ ခက္ခဲတဲ့အေၾကာင္းကို သြားေျပာတယ္တဲ့။ ဒါေပမယ့္ တပ္မေတာ္ဘက္ကေန အထက္ကို တင္ျပရဦးမယ္။ ၿပီးေတာ့ ဒီဘက္မွာ စနစ္တက် စီစဥ္ဖို႔ေတာ့ လိုလိမ့္မယ္ဆိုၿပီးေတာ့ တပ္မေတာ္ဘက္က ျပန္ေျပာတာရွိတယ္။”

ဒါးလက္ေခ်ာင္းအုပ္စုအတြင္း ေက်း႐ြာေတြဟာ အေျခခံစားေသာက္ကုန္ေတြကို အမ္းၿမိဳ႕ကေန ကုန္းလမ္း၊ ေျမပုံၿမိဳ႕နယ္ ကံေတာင္ႀကီးဘက္ကေန ေရလမ္းေၾကာင္းနဲ႔ သယ္ယူၾကတာျဖစ္ေပမယ့္ AA အဖြဲ႕ထံ စားနပ္ရိကၡာ ေရာက္ရွိသြားမွာစိုးလို႔ လမ္းေၾကာင္းေတြအားလုံး ပိတ္ဆို႔လိုက္တာလို႔ သူက ဆိုပါတယ္။

ဒါးလက္ေခ်ာင္းအုပ္စုအတြင္းရွိ ေက်း႐ြာ ၄၂ ႐ြာအနက္ ၃၇ ႐ြာမွာ ခ်င္းလူမ်ိဳးေတြ ေနထိုင္ၾကၿပီး က်န္ ၅ ႐ြာမွာ ရခိုင္လူမ်ိဳးေတြ ေနထိုင္ၾကပါတယ္။

အလားတူ ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္းေက်း႐ြာအုပ္စု ၁၇ ႐ြာကို တပ္မေတာ္ကေန နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္ဖို႔ ႐ြာသားေတြ ေခတၱတိမ္းေရွာင္ၾကဖို႔ ေဒသခံ အာဏာပိုင္ေတြက ၫႊန္ၾကားၿပီးေနာက္ပိုင္း အဲဒီေဒသမွာ တိုက္ပြဲျပင္းထန္ ျဖစ္ပြားေနတာပါ။

ဒီေန႔မွာလည္း ေက်ာက္တန္းေက်း႐ြာဘက္ ျမန္မာစစ္တပ္နဲ႔ တိုက္ပြဲျဖစ္ပြားေနတယ္လို႔ AA ဘက္က ေျပာပါတယ္။

ဒီေန႔မြန္းလြဲပိုင္းမွာ စစ္ေတြၿမိဳ႕နယ္၊ ေရခ်မ္းျပင္ေက်း႐ြာအနီး မိုင္းႏွစ္လုံး ေပါက္ကြဲၿပီးေနာက္ စစ္တပ္ဘက္က ပစ္ခတ္မႈေတြ ရွိခဲ့သလို စစ္ေတြ-ေရခ်မ္းျပင္ ကားလမ္းကိုလည္း ပိတ္ထားပါတယ္။2

 ႏိုင္ကြန္းအိန္  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/rakhine-conflict-civilians/5479828.html
အမ်းမြို့နယ်ဘက်ပစ်ခတ်မှု အရပ်သားများ သေဆုံး ဒဏ်ရာရ အမ်းမြို့နယ်ဘက်ပစ်ခတ်မှု အရပ်သားများ သေဆုံး ဒဏ်ရာရ Reviewed by THITHTOOLWIN on 21:39 Rating: 5
Powered by Blogger.