ဇွဲကပင်တောင်တက်ရင်းပျောက်ဆုံးနေတဲ့ တက္ကသိုလ်ကျောင်းသူရဲ့ရုပ်အလောင်းကိုတွေ့ပြီ

ကယ်ဆယ်ရေးအင်အား ၁၂၀ကျော်နဲ့ ရှာဖွေကယ်ဆယ်
(Unicode)⤵⤵⤵
ဇွန်လ ၂၅ရက် ညနေ ၃:၃၀ အချိန်က ဇွဲကပင်တောင်ပေါ်တက်ရင်း ပျောက်ဆုံးနေတဲ့ ဘားအံတက္ကသိုလ် သတ္တဗေဒကျောင်းသူကို ဒီကနေ့ ဇွန် ၂၇ ရက်နေ့မှာ ဒရုန်းနဲ့ ရှာဖွေရေးဆက်လုပ်ရာက အမျိုးသမီးငယ်ကို တောင်ထိပ်အနီး အောက်ကချောက်ထဲမှာ သေဆုံးလျက်ပြန်တွေ့ပြီလို့ ဇွဲကပင်တောင်ကိုရောက်ရှိနေတဲ့ ပြည်နယ်အစိုးရ လူမှုရေးဝန်ကြီး စောဘိုဘိုဝေမောင်က ဘီဘီစီကို ပြောပါတယ်။

' ' မနေ့က နောက်ဆုံး ဆိုင်ကယ်သော့တွေ့တဲ့နေရာကို သေချာသိရလို့ အဲဒီနေရာအနီးက ချောက်ကို ဒရုန်းနဲ့ကြည့်တော့ ရုပ်အလောင်းလို့ယူဆရတဲ့ဓာတ်ပုံကိုရတယ်၊ မသေချာမှာစိုးလို့ ကယ်ဆယ်ရေးအဖွဲ့တွေကိုယ်တိုင် ချောက်ထဲဆင်းပြီးတော့ ကလေးမရဲ့ရုပ်အလောင်းဘေးကိုရောက်နေပြီ။ ပြန်သယ်ဖို့လုပ်နေပါပြီ။''လို့ လူမှုရေးဝန်ကြီး စောဘိုဘိုဝေမောင်ကပြောပါတယ်။

ပျောက်ဆုံးနေသူ အမျိုးသမီးငယ်ဟာ ဘားအံတက္ကသိုလ်၊ သတ္တဗေဒဘာသာရပ်မှာ ဂုဏ်ထူးတန်း ပထမနှစ် တက်ရောက်နေသူဖြစ်ပြီး ဇွန် ၂၅ ညနေပိုင်းက သူနေထိုင်ရာ ဘားအံအဆောင် ကနေ ထွက်ခွာပြီး ဇွဲကပင်တောင်ပေါ်ကိုတက်ရောက်ရာကနေ ပြန်အဆင်းမှာပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။
ဒရုန်းနဲ့ရိုက်ကူးတွ့ခဲ့ရတဲ့ ရုပ်အလောင်းပုံ
ပျောက်ဆုံးသူအမျိုးသမီးငယ်ကို မနေ့ ဇွန် ၂၆ ရက်နေ့ကတည်းက ဘားအံမီးသတ်တပ်ဖွဲ့၊ အရပ်ဘက်လူမှုကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းရှာဖွေခဲ့ပြီး ဒီကနေ့မနက်မှာ ဆက်လက်ရှာဖွေရာက သေဆုံးလျက်ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။

' ' ကလေးမရဲ့ မိသားစုတွေလည်းမနေ့ကတည်းကရောက်နေပြီ၊ မနေ့က ရတဲ့ဆို့စ်တွေကမှားနေတော့ ရှာမတွေ့ခဲ့ဘူး၊ ဒီနေ့ကတော့ ကယ်ဆယ်ရေးအင်အား ၁၂၀ လောက်နဲ့ဝိုင်းရှာခဲ့တာပါ''လို့ ပျောက်ဆုံးခဲ့တဲ့ ကျောင်းသူကို ရှာဖွေခဲ့တဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့လည်း ဝန်ကြီးကပြောပြပါတယ်။

ပျောက်ဆုံးနေတဲ့ တက္ကသိုလ်ကျောင်းသူကို ပြန်လည်ရှာဖွေရေးအတွက် ပြည်နယ် မီးသတ်တပ်ဖွဲ့က တောင်ခြေမှာ ယာယီကွပ်ကဲရေးစခန်းဖွင့်ကာ ပြည်ထောင်စုလူမူရေးဝန်ကြီး လမ်းညွန်ချက်နဲ့ မီးသတ်ဦးစီးဌာနဗဟိုက ဒရုန်းယာဉ်တွေနဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေနဲ့ပူးပေါင်းပြီး ရှာဖွေခဲ့ကြတာဖြစ်ပါတယ်။

BBC Burmese
-----------------------------------------
(Zawgyi)⤵⤵⤵
ဇြဲကပင္ေတာင္တက္ရင္းေပ်ာက္ဆုံးေနတဲ့ တကၠသိုလ္ေက်ာင္းသူရဲ႕႐ုပ္အေလာင္းကိုေတြ႕ၿပီ

ဇြန္လ ၂၅ရက္ ညေန ၃:၃၀ အခ်ိန္က ဇြဲကပင္ေတာင္ေပၚတက္ရင္း ေပ်ာက္ဆုံးေနတဲ့ ဘားအံတကၠသိုလ္ သတၱေဗဒေက်ာင္းသူကို ဒီကေန႔ ဇြန္ ၂၇ ရက္ေန႔မွာ ဒ႐ုန္းနဲ႔ ရွာေဖြေရးဆက္လုပ္ရာက အမ်ိဳးသမီးငယ္ကို ေတာင္ထိပ္အနီး ေအာက္ကေခ်ာက္ထဲမွာ ေသဆုံးလ်က္ျပန္ေတြ႕ၿပီလို႔ ဇြဲကပင္ေတာင္ကိုေရာက္ရွိေနတဲ့ ျပည္နယ္အစိုးရ လူမႈေရးဝန္ႀကီး ေစာဘိုဘိုေဝေမာင္က ဘီဘီစီကို ေျပာပါတယ္။

' ' မေန႔က ေနာက္ဆုံး ဆိုင္ကယ္ေသာ့ေတြ႕တဲ့ေနရာကို ေသခ်ာသိရလို႔ အဲဒီေနရာအနီးက ေခ်ာက္ကို ဒ႐ုန္းနဲ႔ၾကည့္ေတာ့ ႐ုပ္အေလာင္းလို႔ယူဆရတဲ့ဓာတ္ပုံကိုရတယ္၊ မေသခ်ာမွာစိုးလို႔ ကယ္ဆယ္ေရးအဖြဲ႕ေတြကိုယ္တိုင္ ေခ်ာက္ထဲဆင္းၿပီးေတာ့ ကေလးမရဲ႕႐ုပ္အေလာင္းေဘးကိုေရာက္ေနၿပီ။ ျပန္သယ္ဖို႔လုပ္ေနပါၿပီ။''လို႔ လူမႈေရးဝန္ႀကီး ေစာဘိုဘိုေဝေမာင္ကေျပာပါတယ္။

ေပ်ာက္ဆုံးေနသူ အမ်ိဳးသမီးငယ္ဟာ ဘားအံတကၠသိုလ္၊ သတၱေဗဒဘာသာရပ္မွာ ဂုဏ္ထူးတန္း ပထမႏွစ္ တက္ေရာက္ေနသူျဖစ္ၿပီး ဇြန္ ၂၅ ညေနပိုင္းက သူေနထိုင္ရာ ဘားအံအေဆာင္ ကေန ထြက္ခြာၿပီး ဇြဲကပင္ေတာင္ေပၚကိုတက္ေရာက္ရာကေန ျပန္အဆင္းမွာေပ်ာက္ဆုံးေနခဲ့တာျဖစ္ပါတယ္။

ေပ်ာက္ဆုံးသူအမ်ိဳးသမီးငယ္ကို မေန႔ ဇြန္ ၂၆ ရက္ေန႔ကတည္းက ဘားအံမီးသတ္တပ္ဖြဲ႕၊ အရပ္ဘက္လူမႈကယ္ဆယ္ေရးအဖြဲ႕ေတြ ပူးေပါင္းရွာေဖြခဲ့ၿပီး ဒီကေန႔မနက္မွာ ဆက္လက္ရွာေဖြရာက ေသဆုံးလ်က္ျပန္ေတြ႕ခဲ့တာျဖစ္ပါတယ္။

' ' ကေလးမရဲ႕ မိသားစုေတြလည္းမေန႔ကတည္းကေရာက္ေနၿပီ၊ မေန႔က ရတဲ့ဆို႔စ္ေတြကမွားေနေတာ့ ရွာမေတြ႕ခဲ့ဘူး၊ ဒီေန႔ကေတာ့ ကယ္ဆယ္ေရးအင္အား ၁၂၀ ေလာက္နဲ႔ဝိုင္းရွာခဲ့တာပါ''လို႔ ေပ်ာက္ဆုံးခဲ့တဲ့ ေက်ာင္းသူကို ရွာေဖြခဲ့တဲ့အေျခအေနနဲ႔ပတ္သက္ၿပီးေတာ့လည္း ဝန္ႀကီးကေျပာျပပါတယ္။

ေပ်ာက္ဆုံးေနတဲ့ တကၠသိုလ္ေက်ာင္းသူကို ျပန္လည္ရွာေဖြေရးအတြက္ ျပည္နယ္ မီးသတ္တပ္ဖြဲ႕က ေတာင္ေျခမွာ ယာယီကြပ္ကဲေရးစခန္းဖြင့္ကာ ျပည္ေထာင္စုလူမူေရးဝန္ႀကီး လမ္းၫြန္ခ်က္နဲ႔ မီးသတ္ဦးစီးဌာနဗဟိုက ဒ႐ုန္းယာဥ္ေတြနဲ႔ လူမႈကူညီေရးအသင္းအဖြဲ႕ေတြနဲ႔ပူးေပါင္းၿပီး ရွာေဖြခဲ့ၾကတာျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53039790
ဇွဲကပင်တောင်တက်ရင်းပျောက်ဆုံးနေတဲ့ တက္ကသိုလ်ကျောင်းသူရဲ့ရုပ်အလောင်းကိုတွေ့ပြီ ဇွဲကပင်တောင်တက်ရင်းပျောက်ဆုံးနေတဲ့ တက္ကသိုလ်ကျောင်းသူရဲ့ရုပ်အလောင်းကိုတွေ့ပြီ Reviewed by THITHTOOLWIN on 21:15 Rating: 5
Powered by Blogger.