ကနေဒါနိုင်ငံသား ၂ ယောက်ကို သူလျှိုမှုနဲ့ တရုတ်က တရားစွဲ

မိုက်ကယ်စပါးဗား(ဘယ်) နဲ့ မိုက်ကယ်ကိုဘရစ် (ညာ)
(Unicode)⤵⤵⤵
တရုတ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကနေဒါနိုင်ငံသား ၂ ယောက်ကို ၁၈ လအကြာမှာ သူလျှိုမှုနဲ့ တရားစွဲလိုက်ပါပြီ။

သံတမန်ဟောင်းတယောက်ဖြစ်တဲ့ မိုက်ကယ်ကိုဗရစ်နဲ့ စီးပွားရေးသမား တယောက်ဖြစ်တဲ့ မိုက်ကယ်စပါးဗားဆိုတဲ့ ကနေဒါနိုင်ငံသား ၂ ယောက်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကတည်းက တရုတ်က ဖမ်းဆီးထားခဲ့တာပါ။

တရုတ်ကုမ္ပဏီကြီး တခုဖြစ်တဲ့ ဟွာဝေးရဲ့ အမှုဆောင် အရာရှိ မန်ဝမ်ကျိုးကို ကနေဒါနိုင်ငံ ဗန်ကူးဗား မြို့မှာ အမေရိကန်ရဲ့ တောင်းဆိုချက်အရ ကနေဒါက ဖမ်းဆီးလိုက်ပြီးနောက်မှာ သူတို့နှစ်ယောက်လည်း အဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ကနေဒါဘက်ကတော့ လုပ်ကြံဖမ်းဆီးတာလို့ ဆိုပေမယ့် တရုတ်ကတော့ မန်ဝမ်ကျိုးကို ဖမ်းလို့ လက်တုံ့ပြန်တာ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

နိုင်ငံတော်လျှို့ဝှက်ချက်ကို ပြည်ပအဖွဲ့အစည်းအတွက် ထောက်လှမ်း သူလျှိုလုပ်မှုနဲ့ သူတို့နှစ်ယောက်စလုံးကို တရားစွဲဆိုထားပါတယ်။တရုတ် တရားစီရင်ရေး စနစ်ဟာ ကွန်မြူနစ်ပါတီထိန်းချုပ်မှုအောက်မှာရှိပါတယ်။

တရားစွဲခံရရင် အပြစ်စီရင်ခံရဖို့ဟာ ၁၀၀ ရာနှုန်းနီးပါးရှိတယ်လို့ ဘေဂျင်းက ဘီဘီစီ သတင်းထောက် စတီဖင်မက်ဒေါ်နယ်က မှတ်ချက်ပေးပါတယ်။

ဖြစ်စဉ်အချိန်ဇယား

ဟွာဝေးကုမ္ပဏီတည်ထောင်သူရဲ့ သမီးဖြစ်သလို ဘဏ္ဍာရေး အရာရှိချုပ်လည်းဖြစ်တဲ့ မန်ဝမ်ကျိုးကို ဗန်ကူးဗားမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။

သူဟာ အီရန်အပေါ်ပိတ်ဆို့အရေးယူမှုဥပဒေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး အမေရိကန်ရဲ့ ပန်ကြားချက်အရ ကနေဒါက သူ့ကို ဖမ်းဆီးခဲ့တာပါ။သူ့ကို အမေရိကန် အစိုးရလက်လွှဲပြောင်း မပေးအပ်ရေး အတွက် ရုန်းကန်ကြိုးစားဆဲဖြစ်ပါတယ်။

ကနေဒါနိုင်ငံသားတွေကို ဒီဇင်ဘာလ ၁၀ ရက်မှာ ထိန်းသိမ်းခဲ့ပါတယ်။၂၀၁၉ ခုနှစ် မေလမှာ တရားဝင် ဖမ်းဆီးခဲ့ပါတယ်။ နောက် ၁၃ လခွဲအကြာမှာ တရားစွဲဆိုပါတယ်။

နိုင်ငံရေး ရည်မှန်းချက်နဲ့ သူတို့ကို လုပ်ကြံဖမ်းဆီးတယ်လို့ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူဒိုးက စက်တင်ဘာလမှာ စွပ်စွဲပြောဆိုပါတယ်။

မိုက်ကယ်ကိုဗရစ်ဟာ အဖမ်းဆီးခံရချိန်နောက်ပိုင်း ရှေ့နေနဲ့ရော မိသားစုနဲ့ပါ တွေ့ခွင့်မရဘဲ သံရုံးနဲ့သာ တွေ့ခွင့်ရတယ်လို့ သူ့ရဲ့ အလုပ်ရှင်ဖြစ်တဲ့ နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေးအဖွဲ့က ဆိုပါတယ်။

မိုက်ကယ်ကိုဗရစ်ဟာ တရုတ်အစိုးရ အဖွဲ့အစည်းတွေမှာ ပါဝင်တဲ့ တရုတ်အရာရှိတွေ၊ ပညာရှင်တွေ၊ သုံးသပ်သူတွေနဲ့ တွေ့ဆုံအလုပ်တွေလုပ်ရတယ်လို့ နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေး အဖွဲ့ကဆိုပါတယ်။

တရုတ်အဖွဲ့အစည်းတွေရဲ့ ဖိတ်ကြားချက်အရ သူဟာ ကွန်ဖရင့်များစွာကို တက်ရောက်ခဲ့ပါတယ်။

တရုတ်ရုပ်မြင်သံကြားနဲ့ တခြားမီဒီယာတွေမှာ ဒေသတွင်း အရေးတွေနဲ့ ပတ်သက်တဲ့ မှတ်ချက်တွေ ပေးသူ အဖြစ်နဲ့ သူဟာ ခဏခဏပါဝင်တတ်ပါတယ်။

တရုတ်ပြည်အတွက် အန္တရာယ်ရှိမယ့်ဟာ ဘာကိုမှ သူမလုပ်ခဲ့ပါဘူးလို့ နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေး အဖွဲ့ အိုင်စီဂျီက ဆိုပါတယ်။

မိုက်ကယ်စပါးဗားဟာ မိသားစုနဲ့လည်း မတွေ့ရ၊ ရှေ့နေလည်း ငှားခွင့်မရဘဲ ဒီနှစ်ဆန်းကတည်းက သံတိုင်တွေနောက်ရောက်ခဲ့တယ်လို့ မိုက်ကယ်စပါးဗား လွတ်မြောက်ရေး ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။

မိုက်ကယ်စပါးဗားဟာ စိတ်အားထက်သန်သူ၊ ရိုးသားသူ၊ အလွန်ပျော်တတ်သူဖြစ်ပြီး မှားယွင်းဖမ်းဆီးခံရတာလို့ ယုံကြည်ကြောင်းလည်း ဆိုပါတယ်။

သူတို့နှစ်ယောက်စလုံးကို တနေ့ ၆ နာရီကနေ ၈ နာရီအထိ မေးမြန်း စစ်ဆေးတယ်လို့ ၂၀၁၉ ခုနှစ် ဧပြီလတုန်းက သတင်းရရှိပါတယ်။ တခါတရံမှာ သူတို့ဟာ သဘာဝမဟုတ်တဲ့ အလင်းရောင်အောက်မှာ ၂၄ နာရီလုံးလုံးနေရတယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရကတော့ သူတို့ကျန်းမာရေးကောင်းမွန်တယ်လို့ ဆိုပါတယ်။

မန်ဝမ်ကျိုး နောက်ဆုံးအခြေအနေ
ကနေဒါနိုင်ငံမှာ မန်ဝမ်ကျိုးကို အိမ်ချုပ်ချုပ်နှောင်ဖမ်းဆီးထား
သူ့အမှုကို ဆက်လက်ဆောင်ရွက်ဖို့ ကနေဒါ တရားရုံးက ပြီးခဲ့တဲ့လက ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

ဒီအမှုဟာ နှစ်ထပ်ကွမ်း ရာဇဝတ်မှုသင့်တယ်လို့ တရားသူကြီးတဦးက ဆိုပါတယ်။ အဓိပ္ပာယ်ကတော့ အမေရိကန်ပြည်ထောင်စုမှာရော ကနေဒါမှာပါ နှစ်နိုင်ငံစလုံးမှာ တရားစွဲဆိုခံရနိုင်တယ်ဆိုတဲ့ သဘောပါ။

အမေရိကန် ပိတ်ဆို့အရေးယူမှုကို ကျင့်သုံးဖို့ ကနေဒါကို ပြောဆိုခဲ့တာသာ ဖြစ်တယ်လို့ မန်ဝမ်ကျိုးရဲ့ ရှေ့နေ ရစ်ချတ်ပက်က အငြင်းအခုံပြုပါတယ်။

ဗန်ကူးဗားက အိမ်ချုပ်ဘဝကို အသေးစိတ်ဖော်ပြတဲ့ အိတ်ဖွင့်ပေးစာ တစောင်ကို မန်ဝမ်ကျိုးက အထိန်းသိမ်းခံရပြီး ၁ နှစ်အကြာမှာ ထုတ်ပြန်ခဲ့ပါတယ်။

“ပြီးခဲ့တဲ့ တနှစ်ကျော် အတွင်းမှာ လက်ရှိအခြေအနေကို ရင်ဆိုင် လက်ခံဖို့ သင်ယူခဲ့ပါတယ်။ လူမသိသူမသိဖြစ်မှာကို မပူပန်တော့ပါဘူး” လို့သူကဆိုပါတယ်။

“စာအုပ်တအုပ်ကို အစအဆုံးဖတ်ဖို့ အချိန်ရလာသလို ရေဆေးပန်းချီကားတချပ်ကိုလည်း သေသေချာချာ ရေးဆွဲချိန်ရလာပါတယ်”လို့ ဆိုပါတယ်။

BBC Burmese
-----------------------------------
(Zawgyi)⤵⤵⤵
ကေနဒါႏိုင္ငံသား ၂ ေယာက္ကို သူလွ်ိဳမႈနဲ႔ တ႐ုတ္က တရားစြဲ

တ႐ုတ္က ဖမ္းဆီးထိန္းသိမ္းထားတဲ့ ကေနဒါႏိုင္ငံသား ၂ ေယာက္ကို ၁၈ လအၾကာမွာ သူလွ်ိဳမႈနဲ႔ တရားစြဲလိုက္ပါၿပီ။

သံတမန္ေဟာင္းတေယာက္ျဖစ္တဲ့ မိုက္ကယ္ကိုဗရစ္နဲ႔ စီးပြားေရးသမား တေယာက္ျဖစ္တဲ့ မိုက္ကယ္စပါးဗားဆိုတဲ့ ကေနဒါႏိုင္ငံသား ၂ ေယာက္ကို ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလကတည္းက တ႐ုတ္က ဖမ္းဆီးထားခဲ့တာပါ။

တ႐ုတ္ကုမၸဏီႀကီး တခုျဖစ္တဲ့ ဟြာေဝးရဲ႕ အမႈေဆာင္ အရာရွိ မန္ဝမ္က်ိဳးကို ကေနဒါႏိုင္ငံ ဗန္ကူးဗား ၿမိဳ႕မွာ အေမရိကန္ရဲ႕ ေတာင္းဆိုခ်က္အရ ကေနဒါက ဖမ္းဆီးလိုက္ၿပီးေနာက္မွာ သူတို႔ႏွစ္ေယာက္လည္း အဖမ္းဆီးခံခဲ့ရတာျဖစ္ပါတယ္။

ကေနဒါဘက္ကေတာ့ လုပ္ႀကံဖမ္းဆီးတာလို႔ ဆိုေပမယ့္ တ႐ုတ္ကေတာ့ မန္ဝမ္က်ိဳးကို ဖမ္းလို႔ လက္တုံ႔ျပန္တာ မဟုတ္ဘူးလို႔ ျငင္းဆိုပါတယ္။

ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ကို ျပည္ပအဖြဲ႕အစည္းအတြက္ ေထာက္လွမ္း သူလွ်ိဳလုပ္မႈနဲ႔ သူတို႔ႏွစ္ေယာက္စလုံးကို တရားစြဲဆိုထားပါတယ္။တ႐ုတ္ တရားစီရင္ေရး စနစ္ဟာ ကြန္ျမဴနစ္ပါတီထိန္းခ်ဳပ္မႈေအာက္မွာရွိပါတယ္။

တရားစြဲခံရရင္ အျပစ္စီရင္ခံရဖို႔ဟာ ၁၀၀ ရာႏႈန္းနီးပါးရွိတယ္လို႔ ေဘဂ်င္းက ဘီဘီစီ သတင္းေထာက္ စတီဖင္မက္ေဒၚနယ္က မွတ္ခ်က္ေပးပါတယ္။

ျဖစ္စဥ္အခ်ိန္ဇယား

ဟြာေဝးကုမၸဏီတည္ေထာင္သူရဲ႕ သမီးျဖစ္သလို ဘ႑ာေရး အရာရွိခ်ဳပ္လည္းျဖစ္တဲ့ မန္ဝမ္က်ိဳးကို ဗန္ကူးဗားမွာ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ ၁ ရက္ေန႔က ဖမ္းဆီးခဲ့ပါတယ္။

သူဟာ အီရန္အေပၚပိတ္ဆို႔အေရးယူမႈဥပေဒကို ခ်ိဳးေဖာက္ခဲ့တယ္ဆိုၿပီး အေမရိကန္ရဲ႕ ပန္ၾကားခ်က္အရ ကေနဒါက သူ႔ကို ဖမ္းဆီးခဲ့တာပါ။သူ႔ကို အေမရိကန္ အစိုးရလက္လႊဲေျပာင္း မေပးအပ္ေရး အတြက္ ႐ုန္းကန္ႀကိဳးစားဆဲျဖစ္ပါတယ္။

ကေနဒါႏိုင္ငံသားေတြကို ဒီဇင္ဘာလ ၁၀ ရက္မွာ ထိန္းသိမ္းခဲ့ပါတယ္။၂၀၁၉ ခုႏွစ္ ေမလမွာ တရားဝင္ ဖမ္းဆီးခဲ့ပါတယ္။ ေနာက္ ၁၃ လခြဲအၾကာမွာ တရားစြဲဆိုပါတယ္။

ႏိုင္ငံေရး ရည္မွန္းခ်က္နဲ႔ သူတို႔ကို လုပ္ႀကံဖမ္းဆီးတယ္လို႔ ကေနဒါဝန္ႀကီးခ်ဳပ္ ဂ်ပ္စတင္ထ႐ူဒိုးက စက္တင္ဘာလမွာ စြပ္စြဲေျပာဆိုပါတယ္။

မိုက္ကယ္ကိုဗရစ္ဟာ အဖမ္းဆီးခံရခ်ိန္ေနာက္ပိုင္း ေရွ႕ေနနဲ႔ေရာ မိသားစုနဲ႔ပါ ေတြ႕ခြင့္မရဘဲ သံ႐ုံးနဲ႔သာ ေတြ႕ခြင့္ရတယ္လို႔ သူ႔ရဲ႕ အလုပ္ရွင္ျဖစ္တဲ့ ႏိုင္ငံတကာ ပဋိပကၡေျဖရွင္းေရးအဖြဲ႕က ဆိုပါတယ္။

မိုက္ကယ္ကိုဗရစ္ဟာ တ႐ုတ္အစိုးရ အဖြဲ႕အစည္းေတြမွာ ပါဝင္တဲ့ တ႐ုတ္အရာရွိေတြ၊ ပညာရွင္ေတြ၊ သုံးသပ္သူေတြနဲ႔ ေတြ႕ဆုံအလုပ္ေတြလုပ္ရတယ္လို႔ ႏိုင္ငံတကာ ပဋိပကၡေျဖရွင္းေရး အဖြဲ႕ကဆိုပါတယ္။

တ႐ုတ္အဖြဲ႕အစည္းေတြရဲ႕ ဖိတ္ၾကားခ်က္အရ သူဟာ ကြန္ဖရင့္မ်ားစြာကို တက္ေရာက္ခဲ့ပါတယ္။

တ႐ုတ္႐ုပ္ျမင္သံၾကားနဲ႔ တျခားမီဒီယာေတြမွာ ေဒသတြင္း အေရးေတြနဲ႔ ပတ္သက္တဲ့ မွတ္ခ်က္ေတြ ေပးသူ အျဖစ္နဲ႔ သူဟာ ခဏခဏပါဝင္တတ္ပါတယ္။

တ႐ုတ္ျပည္အတြက္ အႏၲရာယ္ရွိမယ့္ဟာ ဘာကိုမွ သူမလုပ္ခဲ့ပါဘူးလို႔ ႏိုင္ငံတကာ ပဋိပကၡေျဖရွင္းေရး အဖြဲ႕ အိုင္စီဂ်ီက ဆိုပါတယ္။

မိုက္ကယ္စပါးဗားဟာ မိသားစုနဲ႔လည္း မေတြ႕ရ၊ ေရွ႕ေနလည္း ငွားခြင့္မရဘဲ ဒီႏွစ္ဆန္းကတည္းက သံတိုင္ေတြေနာက္ေရာက္ခဲ့တယ္လို႔ မိုက္ကယ္စပါးဗား လြတ္ေျမာက္ေရး ဝက္ဘ္ဆိုက္က ေဖာ္ျပထားပါတယ္။

မိုက္ကယ္စပါးဗားဟာ စိတ္အားထက္သန္သူ၊ ႐ိုးသားသူ၊ အလြန္ေပ်ာ္တတ္သူျဖစ္ၿပီး မွားယြင္းဖမ္းဆီးခံရတာလို႔ ယုံၾကည္ေၾကာင္းလည္း ဆိုပါတယ္။

သူတို႔ႏွစ္ေယာက္စလုံးကို တေန႔ ၆ နာရီကေန ၈ နာရီအထိ ေမးျမန္း စစ္ေဆးတယ္လို႔ ၂၀၁၉ ခုႏွစ္ ဧၿပီလတုန္းက သတင္းရရွိပါတယ္။ တခါတရံမွာ သူတို႔ဟာ သဘာဝမဟုတ္တဲ့ အလင္းေရာင္ေအာက္မွာ ၂၄ နာရီလုံးလုံးေနရတယ္လို႔ ဆိုပါတယ္။

တ႐ုတ္အစိုးရကေတာ့ သူတို႔က်န္းမာေရးေကာင္းမြန္တယ္လို႔ ဆိုပါတယ္။

မန္ဝမ္က်ိဳး ေနာက္ဆုံးအေျခအေန

သူ႔အမႈကို ဆက္လက္ေဆာင္႐ြက္ဖို႔ ကေနဒါ တရား႐ုံးက ၿပီးခဲ့တဲ့လက ဆုံးျဖတ္ခ်က္ခ်လိုက္ပါတယ္။

ဒီအမႈဟာ ႏွစ္ထပ္ကြမ္း ရာဇဝတ္မႈသင့္တယ္လို႔ တရားသူႀကီးတဦးက ဆိုပါတယ္။ အဓိပၸာယ္ကေတာ့ အေမရိကန္ျပည္ေထာင္စုမွာေရာ ကေနဒါမွာပါ ႏွစ္ႏိုင္ငံစလုံးမွာ တရားစြဲဆိုခံရႏိုင္တယ္ဆိုတဲ့ သေဘာပါ။

အေမရိကန္ ပိတ္ဆို႔အေရးယူမႈကို က်င့္သုံးဖို႔ ကေနဒါကို ေျပာဆိုခဲ့တာသာ ျဖစ္တယ္လို႔ မန္ဝမ္က်ိဳးရဲ႕ ေရွ႕ေန ရစ္ခ်တ္ပက္က အျငင္းအခုံျပဳပါတယ္။

ဗန္ကူးဗားက အိမ္ခ်ဳပ္ဘဝကို အေသးစိတ္ေဖာ္ျပတဲ့ အိတ္ဖြင့္ေပးစာ တေစာင္ကို မန္ဝမ္က်ိဳးက အထိန္းသိမ္းခံရၿပီး ၁ ႏွစ္အၾကာမွာ ထုတ္ျပန္ခဲ့ပါတယ္။

“ၿပီးခဲ့တဲ့ တႏွစ္ေက်ာ္ အတြင္းမွာ လက္ရွိအေျခအေနကို ရင္ဆိုင္ လက္ခံဖို႔ သင္ယူခဲ့ပါတယ္။ လူမသိသူမသိျဖစ္မွာကို မပူပန္ေတာ့ပါဘူး” လို႔သူကဆိုပါတယ္။

“စာအုပ္တအုပ္ကို အစအဆုံးဖတ္ဖို႔ အခ်ိန္ရလာသလို ေရေဆးပန္းခ်ီကားတခ်ပ္ကိုလည္း ေသေသခ်ာခ်ာ ေရးဆြဲခ်ိန္ရလာပါတယ္”လို႔ ဆိုပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-53111156
ကနေဒါနိုင်ငံသား ၂ ယောက်ကို သူလျှိုမှုနဲ့ တရုတ်က တရားစွဲ ကနေဒါနိုင်ငံသား ၂ ယောက်ကို သူလျှိုမှုနဲ့ တရုတ်က တရားစွဲ Reviewed by THITHTOOLWIN on 05:12 Rating: 5
Powered by Blogger.