ရသေ့တောင်အနီး ပစ်ခတ်မှုတွေအတွင်း အရပ်သားများ ထိခိုက်ဒဏ်ရာရ

ရခိုင်ပြည်နယ် ရသေ့တောင်အနီး ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရခဲ့သူတဦးကို သယ်ဆောင်နေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - ကိုဘက္ကာ - ဇွန် ၂၄၊ ၂၀၂၀)
(Unicode)⤵⤵⤵
ရခိုင်မြောက်ပိုင်းက ရသေ့တောင်မြို့နယ်မှာ နှစ်ရက်ဆက်တိုက် ပစ်ခတ်မှုတွေ ရှိနေတာကြောင့် ဒေသခံ သောင်းချီ ထွက်ပြေးနေကြရသလို အရပ်သားထိခိုက်မှုတွေ ရှိနေတဲ့ အကြောင်း ပြောချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

ရခိုင်မြောက်ပိုင်းက ရသေ့တောင်မြို့နယ်အနီးမှာ မနေ့က ညနေပိုင်းက တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် ရသေ့တောင်မြို့ပေါ်က စစ်ရှောင်တစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ရသေ့တောင်မြို့ပေါ် စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ကိုဘက္ကာက ပြောပါတယ်။

"နှစ်ဘက်ထိခိုက်မှုဖြစ်ပြီးတော့ လေးဘက်လေးတန် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပြီးတော့ ပစ်ခတ်တာကြောင့် ရသေ့တောင်မြို့ပေါ်က ရွှေပါရမီ စစ်ဘေးရှောင်ဘုန်းတော်ကြီးကျောင်းမှာ စစ်ဘေးရှောင်တစ်ဦးဖြစ်တဲ့ ဦးမောင်အေးညွှန့် အသက် ၅၄နှစ် သူ့ကို ထိသွားတယ်။"

ဒီကနေ့လယ်ပိုင်းမှာလည်း ပစ်ခတ်မှုတွေ ရှိနေပြီး ရသေ့တောင်မြို့ပေါ်ရပ်ကွက်တွေကို လက်နက်ကြီးကျည် ထိမှန်တာတွေ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

"ဒီနေ့ဆိုရင်လည်း ၁ နာရီ ၃၀လောက်မှာ အဲဒီ ပြားချောင်းကြီး ကျေးရွာနားမှာ မိုင်းကွဲတယ်လို့ ပြောသံကြားတယ်။ ဝုန်းဝုန်း အသံကြားပြီးတော့ မြို့ပေါ်တပ်ရင်းက နေပြီးတော့ မြို့ပေါ်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတာကြောင့် မြို့ပေါ်ကိုလည်း ထိတယ် အထက ၂ စာသင်ကျောင်းကိုလည်း ထိတယ်ဗျာ။ တခြားအိမ်တွေကိုလည်း ထိတယ်လို့ ပြောသံကြားပါတယ်ခင်ဗျာ။"

ရသေ့တောင်ဘက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သတ်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

"မနေ့က ညနေပိုင်းက ရသေ့တောင်အရှေ့ဘက် မီတာ ၁,၅၀၀ လောက်အကွာမှာ တပ်မတော်စစ်ကြောင်းက AA က မိုင်းထောင် မိုင်းခွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်သည်တချို့ ဒဏ်ရာ ရရှိခဲ့တာရှိတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ပြန်ပစ်တာလောက်ပဲ ရှိတယ်။ ကျနော်တို့ဆီက စစ်သည်တချို့ ဒဏ်ရာရတာရှိတယ်။"

မနေ့က ရသေ့တောင်မြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွားတာ ရှိခဲ့တယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

"မနေ့က ရသေ့တောင်မြို့ပြင်မှာ မိနစ်အနည်းငယ် တိုက်ပွဲဖြစ်ပွားတာ ရှိတယ်။ မြန်မာစစ်တပ်ဘက် ငါး ဦးထက်မနည်း ကျဆုံးပြီးတော့ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။ အဲတာကြောင့် သူတို့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရခိုင်တွေနေတဲ့ ရွာတွေ ရပ်ကွက်တွေကို ပစ်ခတ်တာကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့တာရှိတယ်လို့ သိရတယ်။"

လက်ရှိအချိန်မှာ တိုက်ပွဲတွေကြောင့် ရသေ့တောင်မြို့နယ်အနီးတဝိုက်က ဒေသခံတွေ ထောင်ချီထွက်ပြေးနေကြရတယ်လို့ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

"မနေ့က ညနေက မိုင်းကွဲတော့ အဲဒီရပ်ကွက်တစ်ခုက မြို့ထဲကို ဝင်ပြေးလာတယ်။ နောက်ရသေ့တောင်မြို့ရဲ့ တဘက်ကမ်း ပြင်ခေါင်၊ ရွာသစ်၊ ပြင်ခေါင်ရွာဟောင်း၊ အလယ်ရွာ ပြားချောင်းကြီးရွာတွေက ပြေးကြတယ်။ ဒီနေ့မနက်မှာလည်း ထပ်ပြီးတော့ ပြေးကြတယ်။ ဒီနေ့မနက်ပြေးတာက ပြင်သာ၊ ထွန်းရဝေ၊ ရွာဟောင်း၊ ရွာသစ်၊ ပါဒလေကျေးရွာ၊ နောက်ပုဏ္ဏကျွန်းမြို့နယ်က တစ်ရွာ အဲဒီရွာတွေက ထွက်ပြေးတယ်။ အကုန်လုံး လူ ၁၀,၀၀၀ လောက်ရှိတယ်။"

ရသေ့တောင်မြို့နယ် ကျောက်တန်း ကျေးရွာနဲ့ အနီးတစ်ဝိုက်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်က လှုပ်ရှားမှုတွေ ရှိနေတာကြောင့် အဲဒီကျေးရွာတွေကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်သွားမှာ ဖြစ်တာကြောင့် ဒေသခံကျေးအနေနဲ့ ကျေးရွာအတွင်းမှာ ထွက်ခွာပေးဖို့ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးလက်မှတ်နဲ့ သတိပေးစာ ပေးထားတာလည်း ဖြစ်ပါတယ်။

ရခိုင်မြောက်ပိုင်းမှာ လက်ရှိအချိန်ထိ အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်နေသလို တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေ များလာပြီး ဒေသခံအရပ်သားတွေလည်း ထိခိုက်မှုတွေ ရှိနေပါတယ်။

သက်နိုင်  / ဗွီအိုအေ (မြန်မာပိုင်း)
-------------------------------------------------
(Zawgyi)⤵⤵⤵
ရေသ့ေတာင္အနီး ပစ္ခတ္မႈေတြအတြင္း အရပ္သားမ်ား ထိခိုက္ဒဏ္ရာရ

ရခိုင္ေျမာက္ပိုင္းက ရေသ့ေတာင္ၿမိဳ႕နယ္မွာ ႏွစ္ရက္ဆက္တိုက္ ပစ္ခတ္မႈေတြ ရွိေနတာေၾကာင့္ ေဒသခံ ေသာင္းခ်ီ ထြက္ေျပးေနၾကရသလို အရပ္သားထိခိုက္မႈေတြ ရွိေနတဲ့ အေၾကာင္း ေျပာခ်င္ပါတယ္။ ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုသက္ႏိုင္က သတင္းေပးပို႔ထားပါတယ္။

ရခိုင္ေျမာက္ပိုင္းက ရေသ့ေတာင္ၿမိဳ႕နယ္အနီးမွာ မေန႔က ညေနပိုင္းက တပ္မေတာ္စစ္ေၾကာင္းတစ္ခု မိုင္းဆြဲ တိုက္ခိုက္ခံရၿပီး ပစ္ခတ္မႈ ျဖစ္ပြားခဲ့တာေၾကာင့္ ရေသ့ေတာင္ၿမိဳ႕ေပၚက စစ္ေရွာင္တစ္ဦး ဒဏ္ရာ ရရွိခဲ့တယ္လို႔ ရေသ့ေတာင္ၿမိဳ႕ေပၚ စစ္ေရွာင္ေတြကို ကူညီေပးေနတဲ့ ကိုဘကၠာက ေျပာပါတယ္။

"ႏွစ္ဘက္ထိခိုက္မႈျဖစ္ၿပီးေတာ့ ေလးဘက္ေလးတန္ လက္နက္ႀကီးေတြနဲ႔ ရမ္းသမ္းၿပီးေတာ့ ပစ္ခတ္တာေၾကာင့္ ရေသ့ေတာင္ၿမိဳ႕ေပၚက ေ႐ႊပါရမီ စစ္ေဘးေရွာင္ဘုန္းေတာ္ႀကီးေက်ာင္းမွာ စစ္ေဘးေရွာင္တစ္ဦးျဖစ္တဲ့ ဦးေမာင္ေအးၫႊန႔္ အသက္ ၅၄ႏွစ္ သူ႔ကို ထိသြားတယ္။"

ဒီကေန႔လယ္ပိုင္းမွာလည္း ပစ္ခတ္မႈေတြ ရွိေနၿပီး ရေသ့ေတာင္ၿမိဳ႕ေပၚရပ္ကြက္ေတြကို လက္နက္ႀကီးက်ည္ ထိမွန္တာေတြ ရွိတယ္လို႔ သူက ဆက္ေျပာပါတယ္။

"ဒီေန႔ဆိုရင္လည္း ၁ နာရီ ၃၀ေလာက္မွာ အဲဒီ ျပားေခ်ာင္းႀကီး ေက်း႐ြာနားမွာ မိုင္းကြဲတယ္လို႔ ေျပာသံၾကားတယ္။ ဝုန္းဝုန္း အသံၾကားၿပီးေတာ့ ၿမိဳ႕ေပၚတပ္ရင္းက ေနၿပီးေတာ့ ၿမိဳ႕ေပၚကို လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္ေနတာေၾကာင့္ ၿမိဳ႕ေပၚကိုလည္း ထိတယ္ အထက ၂ စာသင္ေက်ာင္းကိုလည္း ထိတယ္ဗ်ာ။ တျခားအိမ္ေတြကိုလည္း ထိတယ္လို႔ ေျပာသံၾကားပါတယ္ခင္ဗ်ာ။"

ရေသ့ေတာင္ဘက္မွာ ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြနဲ႔ ပတ္သတ္ၿပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ေျပာခြင့္ရ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက အခုလိုေျပာပါတယ္။

"မေန႔က ညေနပိုင္းက ရေသ့ေတာင္အေရွ႕ဘက္ မီတာ ၁,၅၀၀ ေလာက္အကြာမွာ တပ္မေတာ္စစ္ေၾကာင္းက AA က မိုင္းေထာင္ မိုင္းခြဲ တိုက္ခိုက္ခဲ့တာေၾကာင့္ စစ္သည္တခ်ိဳ႕ ဒဏ္ရာ ရရွိခဲ့တာရွိတယ္။ မိုင္းဆြဲတိုက္ခိုက္ခံရလို႔ ျပန္ပစ္တာေလာက္ပဲ ရွိတယ္။ က်ေနာ္တို႔ဆီက စစ္သည္တခ်ိဳ႕ ဒဏ္ရာရတာရွိတယ္။"

မေန႔က ရေသ့ေတာင္ၿမိဳ႕နယ္ဘက္မွာ တိုက္ပြဲျဖစ္ပြားတာ ရွိခဲ့တယ္လို႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

"မေန႔က ရေသ့ေတာင္ၿမိဳ႕ျပင္မွာ မိနစ္အနည္းငယ္ တိုက္ပြဲျဖစ္ပြားတာ ရွိတယ္။ ျမန္မာစစ္တပ္ဘက္ ငါး ဦးထက္မနည္း က်ဆုံးၿပီးေတာ့ ဒဏ္ရာရတဲ့သူေတြလည္း ရွိတယ္။ အဲတာေၾကာင့္ သူတို႔ဘက္က လက္နက္ႀကီး၊ လက္နက္ငယ္ေတြနဲ႔ ရခိုင္ေတြေနတဲ့ ႐ြာေတြ ရပ္ကြက္ေတြကို ပစ္ခတ္တာေၾကာင့္ ေဒသခံတစ္ဦး ဒဏ္ရာရရွိခဲ့တာရွိတယ္လို႔ သိရတယ္။"

လက္ရွိအခ်ိန္မွာ တိုက္ပြဲေတြေၾကာင့္ ရေသ့ေတာင္ၿမိဳ႕နယ္အနီးတဝိုက္က ေဒသခံေတြ ေထာင္ခ်ီထြက္ေျပးေနၾကရတယ္လို႔ ရေသ့ေတာင္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္က ေျပာပါတယ္။

"မေန႔က ညေနက မိုင္းကြဲေတာ့ အဲဒီရပ္ကြက္တစ္ခုက ၿမိဳ႕ထဲကို ဝင္ေျပးလာတယ္။ ေနာက္ရေသ့ေတာင္ၿမိဳ႕ရဲ႕ တဘက္ကမ္း ျပင္ေခါင္၊ ႐ြာသစ္၊ ျပင္ေခါင္႐ြာေဟာင္း၊ အလယ္႐ြာ ျပားေခ်ာင္းႀကီး႐ြာေတြက ေျပးၾကတယ္။ ဒီေန႔မနက္မွာလည္း ထပ္ၿပီးေတာ့ ေျပးၾကတယ္။ ဒီေန႔မနက္ေျပးတာက ျပင္သာ၊ ထြန္းရေဝ၊ ႐ြာေဟာင္း၊ ႐ြာသစ္၊ ပါဒေလေက်း႐ြာ၊ ေနာက္ပုဏၰကြၽန္းၿမိဳ႕နယ္က တစ္႐ြာ အဲဒီ႐ြာေတြက ထြက္ေျပးတယ္။ အကုန္လုံး လူ ၁၀,၀၀၀ ေလာက္ရွိတယ္။"

ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္း ေက်း႐ြာနဲ႔ အနီးတစ္ဝိုက္မွာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ဘက္က လႈပ္ရွားမႈေတြ ရွိေနတာေၾကာင့္ အဲဒီေက်း႐ြာေတြကို နယ္ေျမရွင္းလင္းေရးလုပ္ေဆာင္သြားမွာ ျဖစ္တာေၾကာင့္ ေဒသခံေက်းအေနနဲ႔ ေက်း႐ြာအတြင္းမွာ ထြက္ခြာေပးဖို႔ ရေသ့ေတာင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးလက္မွတ္နဲ႔ သတိေပးစာ ေပးထားတာလည္း ျဖစ္ပါတယ္။

ရခိုင္ေျမာက္ပိုင္းမွာ လက္ရွိအခ်ိန္ထိ အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔ တိုက္ပြဲေတြ ျပင္းထန္ေနသလို တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန႔္ခြာ ထြက္ေျပးေနရသူေတြ မ်ားလာၿပီး ေဒသခံအရပ္သားေတြလည္း ထိခိုက္မႈေတြ ရွိေနပါတယ္။

သက္ႏိုင္  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/rakhine-conflict/5477004.html
ရသေ့တောင်အနီး ပစ်ခတ်မှုတွေအတွင်း အရပ်သားများ ထိခိုက်ဒဏ်ရာရ ရသေ့တောင်အနီး ပစ်ခတ်မှုတွေအတွင်း အရပ်သားများ ထိခိုက်ဒဏ်ရာရ Reviewed by THITHTOOLWIN on 20:44 Rating: 5
Powered by Blogger.