ယခင်အစိုးရ တရုတ်ချေးငွေရယူမှု မှားယွင်းကြောင်း မန္တလေးတိုင်း အစိုးရ ဝေဖန်


(Unicode)⤵⤵⤵
 ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က တရုတ်နိုင်ငံကနေ အတိုးနှုန်း လေးရာခိုင်နှုန်းနဲ့ ငွေချေးခဲ့မှုဟာ ကြီးမားတဲ့ စီမံခန့်ခွဲမှု အမှားဖြစ်တယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့က စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာ စိုးသန်းက ဒီကနေ့ တိုင်းလွှတ်တော် အစည်းအဝေးမှာ ပြောလိုက်တယ်။

အတိုး ၄ ကျပ်နှုန်းနဲ့ ယူထားတဲ့ချေးငွေကို ဘယ်လို စီမံခန့်ခွဲနေသလဲ ဆိုတဲ့ မေးခွန်းကို ဝန်ကြီးက တချို့ကို ၁.၅ ကျပ်နှုန်း၊  ၂ ကျပ်နှုန်းတွေနဲ့ သမဝါယမ အသင်းက ထုတ်ချေးပေးခဲ့တယ်လို့ ဖြေကြားပါတယ်။
“အဲဒီအချိန်က နိုင်ငံတကာ ချေးငွေတွေကို ရယူတဲ့အခါ အတိုးနှုန်းက ဒဿမနောက်က သုည၊ သုညနောက်က ဂဏန်းတစ်ခုပဲ ရှိပါတယ်။ လေးရာခိုင်နှုန်းက အင်မတန်များပြားပါတယ်“
စီမံကိန်းရဲ့အကျိုးဆက်က အင်မတန်ကြီးမားပြီး အတိုးနဲ့အရင်း ပြန်လည်ပေးဆပ်ဖို့အတွက် အစိုးရနဲ့ သမဝါယမဌာနက ကြိုးစားလုပ်ကိုင် နေကြရတယ်လို့ ဝန်ကြီးက ပြောပါတယ်။

မန္တလေးတိုင်းမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ တောင်သူတွေ ပြင်ပကုမ္ပဏီကနေ လုပ်ငန်းသုံး စက်ပစ္စည်းတွေ ဝယ်ယူရေး အပါအဝင် ခေါင်းစဉ်ငါးခု အောက်ကနေ ချေးငွေကျပ် သန်းငါးသောင်းရှစ်ထောင်ကျော်ကို အသုံးပြုနေတာ ဖြစ်ပါတယ်။

RFA Burmese
------------------------------------
(Zawgyi)⤵⤵⤵




RFA Burmese
https://www.facebook.com/rfaburmese
ယခင်အစိုးရ တရုတ်ချေးငွေရယူမှု မှားယွင်းကြောင်း မန္တလေးတိုင်း အစိုးရ ဝေဖန် ယခင်အစိုးရ တရုတ်ချေးငွေရယူမှု မှားယွင်းကြောင်း မန္တလေးတိုင်း အစိုးရ ဝေဖန် Reviewed by THITHTOOLWIN on 21:23 Rating: 5
Powered by Blogger.