စာသင်ကျောင်းတွေမှာ ကျောင်းသားနဲ့ ဆရာ ၆ ပေခွာ သင်ကြားဖို့ စီစဉ်

ကျောင်းထွက်နှုန်းလျော့ကျရေး ဆောင်ရွက်ဖို့ ပညာရေးဝန်ကြီးက တိုက်တွန်းပါတယ်။
(Unicode)⤵⤵⤵
တစ်ပြည်လုံးအတိုင်းအတာနဲ့ အခြေခံပညာကျောင်းတွေကို ဇူလိုင်လမှာ အထက်တန်းကနေ စတင်ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါပြီ။

ကျောင်းတွေပြန်ဖွင့်တဲ့အခါ စာသင်ခန်းတွေမှာ ကျောင်းသားနဲ့ ဆရာ တစ်ဦးနဲ့တစ်ဦး ခြောက်ပေခွာပြီး သင်ကြားရေးနဲ့ လူအုပ်စုမဖြစ်ပေါ်စေရေး စီစဉ်ဆောင်ရွက်နေတယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဇွန်လ ၁၀ ရက်က ပြုလုပ်တဲ့ ပညာရေးဝန်ကြီးဌာန အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အတန်းလိုက် ကျောင်းတက်ချိန် ကျောင်းဆင်းချိန်တွေ လုံလောက်စွာ သတ်မှတ်ပေးရေး၊ အထူး သဖြင့် ကျောင်းသူတွေနဲ ဆရာမတွေအတွက် လူမှုကာကွယ် စောင့်ရှောက်ပေးရေး၊ ကျောင်းထွက်မှု အနည်း ဆုံးဖြစ်ရေး၊ သင်ယူတတ်မြောက်မှု ပြန်လည် ကောင်းမွန်လာရေး၊ သင်ယူမှုအခွင့် အလမ်းများ ပိုမိုမျှတစွာ တိုးတက်ကောင်းမွန် လာရေးနဲ့ အရည်အသွေး ပိုမိုကောင်းမွန် လာစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ ဝန်ကြီးက တိုက်တွန်းခဲ့ ပါတယ်။

အထက်တန်းကျောင်းတွေကို တစ်သုတ်တက်ကျောင်း ၆၁၇ ကျောင်း၊ တစ်ပတ်ခြားကျောင်း ၂၄၇၁ ကျောင်း၊ တစ်ပတ်ခြားနှစ်သုတ်တက်ကျောင်း ၂၄၀၁ ကျောင်း၊ တစ်ပတ်ခြား နှစ်သုတ် သုံးရက်တက်ကျောင်း ၁၄၄ ကျောင်း ဖွင့်နိုင်ဖို့ ခန့်မှန်းထားတယ်လို့ ဝန်ကြီးက ဆိုပါတယ်။

BBC Burmese
------------------------------------------
(Zawgyi)⤵⤵⤵
စာသင္ေက်ာင္းေတြမွာ ေက်ာင္းသားနဲ႔ ဆရာ ၆ ေပခြာ သင္ၾကားဖို႔ စီစဥ္

တစ္ျပည္လုံးအတိုင္းအတာနဲ႔ အေျခခံပညာေက်ာင္းေတြကို ဇူလိုင္လမွာ အထက္တန္းကေန စတင္ဖြင့္လွစ္ဖို႔ ျပင္ဆင္ေနပါၿပီ။

ေက်ာင္းေတြျပန္ဖြင့္တဲ့အခါ စာသင္ခန္းေတြမွာ ေက်ာင္းသားနဲ႔ ဆရာ တစ္ဦးနဲ႔တစ္ဦး ေျခာက္ေပခြာၿပီး သင္ၾကားေရးနဲ႔ လူအုပ္စုမျဖစ္ေပၚေစေရး စီစဥ္ေဆာင္႐ြက္ေနတယ္လို႔ ပညာေရးဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက ဇြန္လ ၁၀ ရက္က ျပဳလုပ္တဲ့ ပညာေရးဝန္ႀကီးဌာန အစည္းအေဝးမွာ ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ အတန္းလိုက္ ေက်ာင္းတက္ခ်ိန္ ေက်ာင္းဆင္းခ်ိန္ေတြ လုံေလာက္စြာ သတ္မွတ္ေပးေရး၊ အထူး သျဖင့္ ေက်ာင္းသူေတြနဲ ဆရာမေတြအတြက္ လူမႈကာကြယ္ ေစာင့္ေရွာက္ေပးေရး၊ ေက်ာင္းထြက္မႈ အနည္း ဆုံးျဖစ္ေရး၊ သင္ယူတတ္ေျမာက္မႈ ျပန္လည္ ေကာင္းမြန္လာေရး၊ သင္ယူမႈအခြင့္ အလမ္းမ်ား ပိုမိုမွ်တစြာ တိုးတက္ေကာင္းမြန္ လာေရးနဲ႔ အရည္အေသြး ပိုမိုေကာင္းမြန္ လာေစေရး ဝိုင္းဝန္းေဆာင္႐ြက္ေပးဖို႔ ဝန္ႀကီးက တိုက္တြန္းခဲ့ ပါတယ္။

အထက္တန္းေက်ာင္းေတြကို တစ္သုတ္တက္ေက်ာင္း ၆၁၇ ေက်ာင္း၊ တစ္ပတ္ျခားေက်ာင္း ၂၄၇၁ ေက်ာင္း၊ တစ္ပတ္ျခားႏွစ္သုတ္တက္ေက်ာင္း ၂၄၀၁ ေက်ာင္း၊ တစ္ပတ္ျခား ႏွစ္သုတ္ သုံးရက္တက္ေက်ာင္း ၁၄၄ ေက်ာင္း ဖြင့္ႏိုင္ဖို႔ ခန႔္မွန္းထားတယ္လို႔ ဝန္ႀကီးက ဆိုပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53003526
စာသင်ကျောင်းတွေမှာ ကျောင်းသားနဲ့ ဆရာ ၆ ပေခွာ သင်ကြားဖို့ စီစဉ် စာသင်ကျောင်းတွေမှာ ကျောင်းသားနဲ့ ဆရာ ၆ ပေခွာ သင်ကြားဖို့ စီစဉ် Reviewed by THITHTOOLWIN on 20:44 Rating: 5
Powered by Blogger.