လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် တာဝန်ကရုပ်သိမ်းရေးအဆို ရှုံးနိမ့်

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတစ်ခုအတွင်း တွေ့ရသည့် ဦးတီခွန်မြတ်။ (မတ် ၁၀၊ ၂၀၂၀)
(Unicode)⤵⤵⤵
အခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးမှုတွေမှာ မျှတမှု မရှိတာမို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးတီခွန်မြတ်ကို တာဝန်က ရုပ်သိမ်းဖို့ပြည်ခိုင်ဖြိုးပါတီဘက်က ပြည်သူ့လွှတ်တော်မှာ တင်သွင်းတဲ့အဆို ရှုံးနိမ့်သွားတာကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက တင်ပြပေးပါမယ်။

ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီက မိုင်းပြင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းစိန်က လွှတ်တော်ဥက္ကဋ္ဌကို တာဝန်ရုပ်သိမ်းရေးအဆို တင်သွင်းခဲ့တာကို ဒီကနေ့ လွှတ်တော်မှာ ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရာမှာ အဆိုထောက်ခံဖို့ သတ်မှတ်မဲ အရေအတွက်မရတာကြောင့် ဒီအဆိုကို လွှတ်တော်က ပယ်ချခဲ့ပါတယ်။

"လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျာ။ ထောက်ခံဆန္ဒမဲပေးသူ အရေအတွက်က ၁၃၂ မဲဖြစ်လို့ ကတိသစာ ပြုပြီးတဲ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ အနည်းဆုံး ၃ပုံ ၂ပုံကထောက်ခံတာ မရှိတဲ့အတွက် နည်းဥပဒေ ၁၁၉ နည်း ဥပဒေ က အရ ယခု အဆိုကို အရေးယူရန်မရှိကြောင်း ကြေငြာပါတယ်။"

ပြည်သူ့လွှတ်တော်ဒု ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က လွှတ်တော်ဥက္ကဋ္ဌကို တာဝန်ရုပ်သိမ်းရေးအဆိုနဲ့ပတ်သတ်လို့ သတ်မှတ်ထောက်ခံမဲ ရခဲ့တာ မရှိကြောင်း ခုလိုလွှတ်တော်မှာ ကြေ ငြာသွားခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်အနေနဲ့ဖွဲ့စည်းပုံပြင်ဆင်ရေးအဆိုအပါအဝင် လွှတ်တော်တွင်း ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေမှာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ တဦးအနေနဲ့ တာဝန်ကို မျှမျှတတ မဆောင်ရွက်တာစတဲ့စွဲချက်တွေနဲ့ စွဲချက်တင်ဖြုတ်ချဖို့ လွှတ်တော်မှာ ပြည်ခိုင်ဖြိုးအမတ် တဦးက အဆိုတင်ပြလာခဲ့တာမို့ အခုလို ဆွေးနွေးခဲ့ကြရတာပါ။ ပြဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေအရ လွှတ်တော်ဥက္ကဋ္ဌကို တာဝန်က ရုပ်သိမ်းတဲ့ အစီအစဉ် အောင်မြင်ဖို့အတွက်ဆိုရင် လက်ရှိပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ သုံးပုံနှစ်ပုံ ထောက်ခံမဲ ရရှိဖို့လိုအပ်ပါတယ်။
ဒုတိယ နာယက (ဓာတ်ပုံ - Pyidaungsu Hluttaw - မေ ၂၉၊ ၂၀၂၀)
ပြည်သူလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၁၁၆ နဲ့ ၁၁၇ အရ လွှတ်တော်ဥက္ကဋ္ဌ အနေနဲ့ အဲလိုစွဲချက်တင်ခံရချိန်တွင်း ဥက္ကဋ္ဌ တာဝန်ကို ဒု ဥက္ကဋ္ဌက တာဝန်ခေတ္တ လွှဲယူ ရတာမို့ လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် အနေနဲ့မဲခွဲ ဆုံးဖြတ်တာ မလုပ်ရမချင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ ပြည်ထောင်စုလွှတ်တော် နာယကစတဲ့ တာဝန်တွေ ရယူထားတာတွေ ကို ဒု ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကို လွှဲပြောင်းတာဝန်ပေးအပ်ထားရလို့ သူ့အနေနဲ့ ကိုယ်စားလှယ်တဦးအဖြစ်သာ ဒီကနေ့လွှတ်တော်ကို တက်ရောက် ဆန္ဒမဲပေးခဲ့ပါတယ်။

ပြည်သူလွှတ်တော်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက သုံးပုံနှစ်ပုံကျော် ရှိတဲ့အတွက် ပြည့်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို ဖြုတ်ချဖို့အရေးဟာ အောင်မြင်ဖို့အလားအလာနည်းပေမဲ့ ကြံ့ခိုင်ရေးပါတီက အခုအဆိုတင်သွင်းမှုဟာနိုင်ငံရေး ကစားမှုလို့နိုင်ငံရေးလေ့လာသုံးသပ်သူအချို့က သုံးသပ်ပါတယ်။

အဆိုတင်သွင်းလာသူတွေ အနေနဲ့ မသမာတဲ့နည်းနဲ့ တင်ပြမှုလားဆိုပြီး NLD ပါတီ ထန်းတပင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးနေမျိူးထွန်းက လွှတ်တော်မှာ အဆိုတင်သွင်းတဲ့ ပြည်ခိုင်ဖြိုးပါတီအပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။

"နာယကကြီးအနေဖြင့် အဆိုရှင်တင်ပြတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းအားလုံးကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၅၊ ၄၃၆ နဲ့ အညီ ပြီးပြတ်အောင်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါလျက် ဆောင်ရွက်ရန်ပျက်ကွယ်တယ်လို့ စွပ်စွဲနေခြင်းဟာ အဆိုရှင်အပါအဝင်၊ အဆိုကို လက်မှတ်ရေးထိုးတင်ပြတဲ့ ကိုယ်စားလှယ်များဟာ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးပြီးပြတ်ခဲ့သော ကိစ္စရပ်ကို ဆောင်ရွက်ရန် ပျက်ကွက်သည်ဟု မမှန်မကန် တင်ပြနေခြင်းသည် ပြည်ထောင်စုလွှတ်တော် နာယကကြီး၏ ဂုဏ်သိက္ခာထိခိုက်စေဖို့ မသမာသောနည်းလမ်းဖြင့် တင်ပြရာရောက်သည့်အတွက် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၉၊ နည်းဥပဒေခွဲ ဋနဲ့ ဍ ပါ ပြဌာန်းချက်ကို ဖောက်ဖျက် ကျူးလွန်ရာရောက်နေပါတယ်။"

ဒီလို သုံးသပ်မှုတွေနဲ့ ပတ်သတ်လို့ကြံ့ခိုင်ရေးပါတီက ဒေါက်တာမောင်သင်းကို ဗွီအိုအေ မေးမြန်းတာမှာတော့ စွပ်စွဲချက်တွေအပေါ် ငြင်းဆန်လိုက်ပါတယ်။

"သေသေချာချာ နက်နက်နဲနဲ တွေးကြပါလို့ပဲ ပြောချင်တယ်၊ ကြည့်စေချင်တယ်။ လွှတ်တော်တွင်းထိန်းကျောင်းခြင်း ဒီမိုကရေစီအရ လုပ်တာပါ။ အဲ့ဒါကလွဲလို့ ရှုံးတာလည်း မရှိသလို နိုင်တာလည်းမရှိပါဘူး။ ဒီမိုကရေစီ နိုင်ငံမှာ လွှတ်တော်တွင်း ၅ နှစ်ပြည့်တော့မယ် သမိုင်းမှတ်တမ်းဝင်အောင်ပါ။ လွှတ်တော်တွင်း ထိန်းကျောင်းခြင်း ဒီမိုကရေစီအလေ့အထကို ဖော်ဆောင်တာသာဖြစ်တယ်။ အနိုင်အရှုံး မရှိဘူး။ လူပုဂ္ဂိုလ်ကို ဟိုဟာလုပ်တယ်လဲမရှိဘူး။ အန်ကယ်ကတော့ ဒါပဲ ပြောချင်ပါတယ်။"

ဒီကနေ့မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွေကို ရပ်နားလိုက်ပြီဖြစ်ပါတယ်။ နောက်တကြိမ် လွှတ်တော်အစည်းအဝေးတွေကို လာမယ့် ဇူလိုင်လလယ်မှာ ကျင်းပဖို့ လျာထားတယ်လို့ လွှတ်တော်ကိုယ်စားလှယ်အချို့ကဆိုပါတယ်။ ဇူလိုင်လမှာ လွှတ်တော် ထပ်ခေါ်ယူဖို့ရှိနေသေးတာကြောင့် ဦးတီခွန်မြတ်အနေနဲ့ ဇူလိုင်လလုပ်မယ့် လွှတ်တော်အစည်းအဝေးမှာတော့ လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ကော ပြည်ထောင်စုလွှတ်တော် နာယက တာဝန်တွေကို ပြန်လည် တာဝန်ထမ်းဆောင်သွား ဖို့ရှိပါတယ်ရှင်။

 မေခ  / ဗွီအိုအေ (မြန်မာပိုင်း)
------------------------------------------
(Zawgyi)⤵⤵⤵
လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္ တာဝန္က႐ုပ္သိမ္းေရးအဆို ရႈံးနိမ့္

အေျခခံဥပေဒျပင္ဆင္ေရး ေဆြးေႏြးမႈေတြမွာ မွ်တမႈ မရွိတာမို႔ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ဦးတီခြန္ျမတ္ကို တာဝန္က ႐ုပ္သိမ္းဖို႔ျပည္ခိုင္ၿဖိဳးပါတီဘက္က ျပည္သူ႔လႊတ္ေတာ္မွာ တင္သြင္းတဲ့အဆို ရႈံးနိမ့္သြားတာကို ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက တင္ျပေပးပါမယ္။

ျပည္ေထာင္စုႀကံခိုင္ေရးနဲ႔ ဖြံၿဖိဳးေရးပါတီက မိုင္းျပင္း ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ စိုင္းထြန္းစိန္က လႊတ္ေတာ္ဥကၠ႒ကို တာဝန္႐ုပ္သိမ္းေရးအဆို တင္သြင္းခဲ့တာကို ဒီကေန႔ လႊတ္ေတာ္မွာ ေဆြးေႏြးၿပီး မဲခြဲဆုံးျဖတ္ရာမွာ အဆိုေထာက္ခံဖို႔ သတ္မွတ္မဲ အေရအတြက္မရတာေၾကာင့္ ဒီအဆိုကို လႊတ္ေတာ္က ပယ္ခ်ခဲ့ပါတယ္။

"လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ခင္ဗ်ာ။ ေထာက္ခံဆႏၵမဲေပးသူ အေရအတြက္က ၁၃၂ မဲျဖစ္လို႔ ကတိသစာ ျပဳၿပီးတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ စုစုေပါင္းရဲ႕ အနည္းဆုံး ၃ပုံ ၂ပုံကေထာက္ခံတာ မရွိတဲ့အတြက္ နည္းဥပေဒ ၁၁၉ နည္း ဥပေဒ က အရ ယခု အဆိုကို အေရးယူရန္မရွိေၾကာင္း ေၾကျငာပါတယ္။"

ျပည္သူ႔လႊတ္ေတာ္ဒု ဥကၠ႒ ဦးထြန္းထြန္းဟိန္က လႊတ္ေတာ္ဥကၠ႒ကို တာဝန္႐ုပ္သိမ္းေရးအဆိုနဲ႔ပတ္သတ္လို႔ သတ္မွတ္ေထာက္ခံမဲ ရခဲ့တာ မရွိေၾကာင္း ခုလိုလႊတ္ေတာ္မွာ ေၾက ျငာသြားခဲ့တာပါ။

ၿပီးခဲ့တဲ့ ရက္ပိုင္းက လႊတ္ေတာ္ ဥကၠ႒ ဦးတီခြန္ျမတ္အေနနဲ႔ဖြဲ႕စည္းပုံျပင္ဆင္ေရးအဆိုအပါအဝင္ လႊတ္ေတာ္တြင္း ေဆြးေႏြးခဲ့တဲ့ အေၾကာင္းအရာေတြမွာ ျပည္သူ႔ လႊတ္ေတာ္ ဥကၠ႒ တဦးအေနနဲ႔ တာဝန္ကို မွ်မွ်တတ မေဆာင္႐ြက္တာစတဲ့စြဲခ်က္ေတြနဲ႔ စြဲခ်က္တင္ျဖဳတ္ခ်ဖို႔ လႊတ္ေတာ္မွာ ျပည္ခိုင္ၿဖိဳးအမတ္ တဦးက အဆိုတင္ျပလာခဲ့တာမို႔ အခုလို ေဆြးေႏြးခဲ့ၾကရတာပါ။ ျပဌာန္းထားတဲ့ ဥပေဒ၊ နည္းဥပေဒအရ လႊတ္ေတာ္ဥကၠ႒ကို တာဝန္က ႐ုပ္သိမ္းတဲ့ အစီအစဥ္ ေအာင္ျမင္ဖို႔အတြက္ဆိုရင္ လက္ရွိျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ရဲ႕ သုံးပုံႏွစ္ပုံ ေထာက္ခံမဲ ရရွိဖို႔လိုအပ္ပါတယ္။

ျပည္သူလႊတ္ေတာ္ဆိုင္ရာ နည္းဥပေဒ ပုဒ္မ ၁၁၆ နဲ႔ ၁၁၇ အရ လႊတ္ေတာ္ဥကၠ႒ အေနနဲ႔ အဲလိုစြဲခ်က္တင္ခံရခ်ိန္တြင္း ဥကၠ႒ တာဝန္ကို ဒု ဥကၠ႒က တာဝန္ေခတၱ လႊဲယူ ရတာမို႔ လႊတ္ေတာ္ ဥကၠ႒ ဦးတီခြန္ျမတ္ အေနနဲ႔မဲခြဲ ဆုံးျဖတ္တာ မလုပ္ရမခ်င္း ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒နဲ႔ ျပည္ေထာင္စုလႊတ္ေတာ္ နာယကစတဲ့ တာဝန္ေတြ ရယူထားတာေတြ ကို ဒု ဥကၠ႒ ဦးထြန္းထြန္းဟိန္ကို လႊဲေျပာင္းတာဝန္ေပးအပ္ထားရလို႔ သူ႔အေနနဲ႔ ကိုယ္စားလွယ္တဦးအျဖစ္သာ ဒီကေန႔လႊတ္ေတာ္ကို တက္ေရာက္ ဆႏၵမဲေပးခဲ့ပါတယ္။

ျပည္သူလႊတ္ေတာ္မွာ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက သုံးပုံႏွစ္ပုံေက်ာ္ ရွိတဲ့အတြက္ ျပည့္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္ကို ျဖဳတ္ခ်ဖို႔အေရးဟာ ေအာင္ျမင္ဖို႔အလားအလာနည္းေပမဲ့ ႀကံ့ခိုင္ေရးပါတီက အခုအဆိုတင္သြင္းမႈဟာႏိုင္ငံေရး ကစားမႈလို႔ႏိုင္ငံေရးေလ့လာသုံးသပ္သူအခ်ိဳ႕က သုံးသပ္ပါတယ္။

အဆိုတင္သြင္းလာသူေတြ အေနနဲ႔ မသမာတဲ့နည္းနဲ႔ တင္ျပမႈလားဆိုၿပီး NLD ပါတီ ထန္းတပင္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ဦးေနမ်ိဴးထြန္းက လႊတ္ေတာ္မွာ အဆိုတင္သြင္းတဲ့ ျပည္ခိုင္ၿဖိဳးပါတီအေပၚ ေမးခြန္းထုတ္ခဲ့ပါတယ္။

"နာယကႀကီးအေနျဖင့္ အဆိုရွင္တင္ျပတဲ့ ဖြဲ႕စည္းပုံ အေျခခံဥပေဒမူၾကမ္းအားလုံးကို ဖြဲ႕စည္းပုံ အေျခခံဥပေဒ ပုဒ္မ ၄၃၅၊ ၄၃၆ နဲ႔ အညီ ၿပီးျပတ္ေအာင္ေဆာင္႐ြက္ခဲ့ၿပီး ျဖစ္ပါလ်က္ ေဆာင္႐ြက္ရန္ပ်က္ကြယ္တယ္လို႔ စြပ္စြဲေနျခင္းဟာ အဆိုရွင္အပါအဝင္၊ အဆိုကို လက္မွတ္ေရးထိုးတင္ျပတဲ့ ကိုယ္စားလွယ္မ်ားဟာ ျပည္ေထာင္စုလႊတ္ေတာ္တြင္ ေဆြးေႏြးၿပီးျပတ္ခဲ့ေသာ ကိစၥရပ္ကို ေဆာင္႐ြက္ရန္ ပ်က္ကြက္သည္ဟု မမွန္မကန္ တင္ျပေနျခင္းသည္ ျပည္ေထာင္စုလႊတ္ေတာ္ နာယကႀကီး၏ ဂုဏ္သိကၡာထိခိုက္ေစဖို႔ မသမာေသာနည္းလမ္းျဖင့္ တင္ျပရာေရာက္သည့္အတြက္ ျပည္သူ႔လႊတ္ေတာ္ဆိုင္ရာ နည္းဥပေဒ ၃၉၊ နည္းဥပေဒခြဲ ဋနဲ႔ ဍ ပါ ျပဌာန္းခ်က္ကို ေဖာက္ဖ်က္ က်ဴးလြန္ရာေရာက္ေနပါတယ္။"

ဒီလို သုံးသပ္မႈေတြနဲ႔ ပတ္သတ္လို႔ႀကံ့ခိုင္ေရးပါတီက ေဒါက္တာေမာင္သင္းကို ဗြီအိုေအ ေမးျမန္းတာမွာေတာ့ စြပ္စြဲခ်က္ေတြအေပၚ ျငင္းဆန္လိုက္ပါတယ္။

"ေသေသခ်ာခ်ာ နက္နက္နဲနဲ ေတြးၾကပါလို႔ပဲ ေျပာခ်င္တယ္၊ ၾကည့္ေစခ်င္တယ္။ လႊတ္ေတာ္တြင္းထိန္းေက်ာင္းျခင္း ဒီမိုကေရစီအရ လုပ္တာပါ။ အဲ့ဒါကလြဲလို႔ ရႈံးတာလည္း မရွိသလို ႏိုင္တာလည္းမရွိပါဘူး။ ဒီမိုကေရစီ ႏိုင္ငံမွာ လႊတ္ေတာ္တြင္း ၅ ႏွစ္ျပည့္ေတာ့မယ္ သမိုင္းမွတ္တမ္းဝင္ေအာင္ပါ။ လႊတ္ေတာ္တြင္း ထိန္းေက်ာင္းျခင္း ဒီမိုကေရစီအေလ့အထကို ေဖာ္ေဆာင္တာသာျဖစ္တယ္။ အႏိုင္အရႈံး မရွိဘူး။ လူပုဂၢိဳလ္ကို ဟိုဟာလုပ္တယ္လဲမရွိဘူး။ အန္ကယ္ကေတာ့ ဒါပဲ ေျပာခ်င္ပါတယ္။"

ဒီကေန႔မွာ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္နဲ႔ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးေတြကို ရပ္နားလိုက္ၿပီျဖစ္ပါတယ္။ ေနာက္တႀကိမ္ လႊတ္ေတာ္အစည္းအေဝးေတြကို လာမယ့္ ဇူလိုင္လလယ္မွာ က်င္းပဖို႔ လ်ာထားတယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္အခ်ိဳ႕ကဆိုပါတယ္။ ဇူလိုင္လမွာ လႊတ္ေတာ္ ထပ္ေခၚယူဖို႔ရွိေနေသးတာေၾကာင့္ ဦးတီခြန္ျမတ္အေနနဲ႔ ဇူလိုင္လလုပ္မယ့္ လႊတ္ေတာ္အစည္းအေဝးမွာေတာ့ လႊတ္ေတာ္ဥကၠ႒အေနနဲ႔ ေကာ ျပည္ေထာင္စုလႊတ္ေတာ္ နာယက တာဝန္ေတြကို ျပန္လည္ တာဝန္ထမ္းေဆာင္သြား ဖို႔ရွိပါတယ္ရွင္။

 ေမခ  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/hluttaw-u-ti-khu-myat/5444035.html
လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် တာဝန်ကရုပ်သိမ်းရေးအဆို ရှုံးနိမ့် လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် တာဝန်ကရုပ်သိမ်းရေးအဆို ရှုံးနိမ့် Reviewed by THITHTOOLWIN on 20:35 Rating: 5
Powered by Blogger.