လိင်အမြတ်ထုတ်မှု စွပ်စွဲချက်ကြောင့် လှုပ်ခတ် သွားခဲ့တဲ့ ရဲ ယန္တရား

ရဲတပ်ဖွဲ့တွင်း ရာထူးပြောင်းရွှေ့စီမံခန့်ထားမှု ဆက်စပ် လိင်အမြတ်ထုတ်မှု စွပ်စွဲချက် ဖြစ်စဉ်က တရားဥပဒေ စိုးမိုးမှု အပေါ် သက်ရောက်တယ်လို့ သုံးသပ်သူတွေရှိ
(Unicode)⤵⤵⤵
အမျိုးသမီးရဲတပ်ဖွဲ့ဝင်တချို့အပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲမှူးချုပ်တစ်ဦးကို ဌာနတွင်း စစ်ဆေးနေတာပါ။

စစ်ဆေးခံနေရတဲ့ ရဲမှူးချုပ်ဟာ ရာထူးခန့်ထားရေး စီမံခန့်ခွဲရတဲ့ တာဝန်ရှိသူတစ်ဦး ဖြစ်ပြီး လက်အောက်က ရဲမေတစ်ဦးကို ရာထူးတိုးပေးဖို့ အတွက် အပေးအယူအနေနဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တယ်ဆိုပြီး တိုင်ကြားခံထားရတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကို ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် နိုင်ငံတော်အကြီးအကဲတွေဆီ လာရောက်တင်ပြထားပြီး စုံစမ်းစစ်ဆေးတာတွေ ဆက်လုပ်နေတယ်လို့ အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဇွန် ၂၆ ရက်သတင်းစာရှင်းလင်းပွဲ အပြီးမှာ မီဒီယာတွေကို ပြောကြားထားပါတယ်။

ဒီဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာအကြီး အကျယ်ထိခိုက်တယ်ဆိုပြီး အငြိမ်းစားရဲအရာရှိကြီးတွေနဲ့ ရဲဝန်ထမ်းဟောင်းတွေ၊ လက်ရှိ ရဲတပ်ဖွဲ့ဝင်တွေက ကန့်ကွက်မှုတွေ ရှိလာပါတယ်။

ဒီဖြစ်စဉ်ဟာ မှန်ကန်မယ်ဆိုရင် တရားဥပဒေစိုးမိုးရေးကို အဓိက တာဝန်ယူကာကွယ်ရတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထဲက အဆင့်မြင့်အရာရှိကြီးတစ်ဦး လုပ်ပိုင်ခွင့်ကို ခုတုံးလုပ်ပြီး အာဏာကို အလွဲသုံးစားတဲ့လုပ်ရပ် ဖြစ်လာဖွယ်ရှိပါတယ်။

ဒီဖြစ်စဉ်က အောက်ခြေရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ အပေါ် ရိုက်ခတ်မှု ရှိတယ်လို့ သုံးသပ်ကြသူတွေ ရှိပါတယ်။

ရဲတပ်ဖွဲ့တွင်း ဆယ်စုနှစ်ကျော်ကြာ တာဝန်ထမ်း ဆောင်ခဲ့တဲ့ ဒုရဲမှူးဟာင်း မိုးရန်နိုင်ကတော့ ရဲဌာန အရေးယူမှု အဆင့်တွေကို အခုလို ရှင်းပြပါတယ်။

"ပထမ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးမှုနဲ့ စတင်ပြီး၊ အဲဒီအဆင့်ပြီးရင် သက်ချုပ် အဆင့် (သက်သေခံ အထောက်အထား အကျဉ်းချုပ်)ကို စစ်ဆေးကာ နောက်ဆုံးအဆင့်မှာတော့တာ့ ရဲတရားရုံးမှာ ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် စစ်ဆေးပြီး အမှုပေါ်ပေါက်ရင် ထောင်ချ အမိန့်ချ မှတ်ခံရမှာ ဖြစ်တယ်" လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီလုပ်ရပ် ကြောင့် ရဲ လုပ်ငန်းစဉ် နဲ့ တရားဥပဒေ စိုးမိုးရေး အပေါ် ထိပါး နိုင်တယ်လို့လည်း ဒုရဲမှူးဟာင်းမိုးရန်နိုင်က သုံးသပ်ပါတယ်။

"ကျွန်တော်တို့ကြားရသလောက် ရဲမှူးချုပ်ကို ရဲတရားရုံးအဆင့်ထိ စစ်ဆေးနေတယ်လို့သိရတယ်။ ခေါင်းဆောင်ပိုင်းက ထိပ်တန်းအဆင့်ရှိတဲ့ ရဲမှူးချုပ်တစ်ယောက်က ကျူးလွန်တယ်ဆိုတော့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံနေရတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ ရဲမေတွေဟာ ပြည်သူနဲ့ဆက်ဆံတဲ့အခါမှာ အရမ်းမျက်နှာငယ်ရမယ်။ အရမ်းသိမ်ငယ် သွားကြမယ်။ အဲဒီရဲ့နောက်ဆက်တွဲက ရဲလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ အားနည်းချက်တွေအများကြီး ဖြစ်ပေါ်လာနိုင်ပြီးတော့ တရားဥပဒေစိုးမိုးမှုပါ ပိုပြီးတော့ ယိုယွင်းပျက်စီးလာနိုင်တယ်လို့ ကျွန်တော်က မြင်တယ်။ ဒါမျိုးမဖြစ်သင့်ဘူး။ " လို့ ဒုရဲမှူးဟာင်းမိုးရန်နိုင်က ပြောပါတယ်။

တကယ်လို့ ဖြစ်စဉ်က ထင်ရှားပေါ်ပေါက်တယ်ဆိုရင် ရဲတရားရုံးကနေ ထောင်ဒဏ် ၃ နှစ်အထိ ချနိုင်တယ်လို့ သိရပါတယ်။
"အမျိုးသမီးရဲတပ်ဖွဲ့ဝင်တွေကို လှောင်ပြောင်ရှုတ်ချနေတာကို ကန့်ကွက်ပါတယ်" - ဒေါ်မေစိုး
အခု စွပ်စွဲခံရသူ ရဲမှူးချုပ်နဲ့ပတ်သက်လို့ စွပ်စွဲမှုတွေ ကိုတော့ သေချာမသိထားပေမယ့် ရာထူးတိုး ခန့်ထားရေးတွေမှာတော့ နာမည်ထွက်ခဲ့တာမျိုး ကြားဖူးခဲ့တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနမှာ ဒုတိယရဲအုပ်အဖြစ် သူတာဝန်ထမ်းဆောင်စဉ်က အခြေအနေတွေနဲ့ နှိုင်းယှဉ်ပြီး လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေစိုးကလည်း ပြောပါတယ်။

အခုဖြစ်စဉ်က ရဲတပ်ဖွဲ့အတွင်းက ဘယ်လိုအားနည်းချက်တွေကို မီးမောင်းထိုးပြရာ ရောက်သွားပါသလဲ။ ရဲတပ်ဖွဲ့တွင်း ရာထူးပြောင်း ရွှေ့စီမံခန့်ထားမှုနဲ့ပတ်သက်တာတွေကို ဒေါ်မေစိုးက အခုလိုပြောပါတယ်။

"အမျိုးသမီး ရဲမေတွေဆိုတာ ကျွန်မတို့ ပြည်ထဲရေးမှာ လုပ်ခဲ့တုန်းကတည်းက လူကြီးအခန်းထဲ သွားမယ်ဆိုရင် တစ်ယောက်တည်းမသွားရဘူး။ အဖော်နဲ့လာပါဆိုတာ အမြဲရေးထားတာရှိတယ်။

ကျွန်မတို့ခေတ်တုန်းကဆို လူကြီးတွေက ဆူလိုက်ပြောလိုက်တာရှိတယ်။ တချို့က အားငယ်တတ်တော့ အခန်းထဲက ငိုပြီးထွက်လာတာမျိုး ရှိတော့ အများအမြင်မှာမတင့်တယ်ဘူး။

ဒါကြောင့် အဖော်နဲ့ပဲ သွားလာဖို့ လူကြီးတွေက စာကိုထုတ်ထားတာ။ အခု စွပ်စွဲခံရတဲ့ ရဲမှူးချုပ်နဲ့ ပတ်သက်လို့ကတော့ နည်းနည်းမောက်မာတယ်။ လက်အောက်ငယ်သားတွေကိုဆက်ဆံမှုတွေမှာ တင်းတင်းမာမာရှိတယ်ဆိုတာ ကြားဖူးတယ်။

ဒီလို အမျိုးသမီးတွေအပေါ် လိင်အမြတ်ထုတ်တယ်တော့ တိတိကျကျ မကြားခဲ့ဖူးဘူး။

နောက်ပြီးတော့ အပြောင်းအရွှေ့နဲ့ ပတ်သက်ရင်လည်း ရဲမှူးချုပ်ဆီ ဝင်ရထွက်ရတယ်ဆိုတာမျိုးတွေကြားဖူးပါတယ်။

အခုဖြစ်တဲ့ကိစ္စကိုမှန်တာမှားတာတော့မသိဘူး။ ဒါပေမဲ့ ဒီကိစ္စကြောင့် ရဲတပ်ဖွဲ့ဝင် အားလုံးကိုသိမ်းကျုံးပြောတာတော့ လုံးဝလက်မခံပါဘူး။

ရဲထဲမှာ အမျိုးကောင်းသား ၊ အမျိုးကောင်းသမီးတွေအများကြီးရှိပါတယ်။ တကယ့်ကို ပြုပြင်ပြောင်းလဲချင်စိတ်နဲ့ ရိုးရိုးသားသား ကြိုးစားနေတဲ့သူတွေ ရာထူးမမက်ဘဲ တကယ့်ကိုအလုပ်ကြိုးစားတဲ့သူတွေအများကြီးရှိပါတယ်။

ရာထူးမရချင်နေ ဘာမှအစွန်းအထင်းမခံနိုင်ဘူးဆိုတဲ့ အမျိုးသမီးတွေအများကြီးရှိပါတယ်။

ခုလို အမျိုးသမီးရဲတပ်ဖွဲ့ဝင်တွေကို လှောင်ပြောင်ရှုတ်ချနေတာကို ကန့်ကွက်ရှုတ်ချပါတယ်" လို့ ရဲဝန်ထမ်းဟောင်း လက်ရှိ လွှတ်တော် အမတ် ဒေါ်မေစိုးက ပြောပါတယ်။

လက်ရှိမှာတော့ ရာထူးတိုးရေး လိင်အမြတ်ထုတ် ခံရဖို့ နည်းလမ်းကိုရွေးချယ်တယ်ဆိုပြီး အမျိုးသမီး ရဲတပ်ဖွဲ့ဝင် တွေအပေါ် ပြစ်တင်ပြောဆိုတာတွေ တစ်ဖက်၊ အမျိုးသမီးတွေကို ဝေဖန်ပြစ်တင် တာ မလုပ်ဖို့ တန်ပြန်ပြောဆိုတာတွေက တစ်ဖက်နဲ့ ငြင်းခုန်မှုတွေလည်း ဆက်ရှိနေပါတယ်။

အမျိုးသမီးအရေး တက်ကြွလှုပ်ရှားတဲ့အဖွဲ့တွေကတော့ ဒီဖြစ်စဉ်ကို ရှုတ်ချထားပြီးရဲတပ်ဖွဲ့တွင်းသာမက တခြားလုပ်ငန်းခွင်တွေအဖွဲ့အစည်းတွေအတွင်း ဘယ်နေရာမှာမဆို အမျိုးသမီးတွေကို လိင်အမြတ်မထုတ်ရေး စတစ်ကာ ကမ်ပိန်း လှုပ်ရှားမှုတွေစတင်ဖို့ ပြင်ဆင်နေကြတာလည်းရှိလာနေပါတယ်။

BBC Burmese
--------------------------------
(Zawgyi)⤵⤵⤵
လိင္အျမတ္ထုတ္မႈ စြပ္စြဲခ်က္ေၾကာင့္ လႈပ္ခတ္ သြားခဲ့တဲ့ ရဲ ယႏၲရား

အမ်ိဳးသမီးရဲတပ္ဖြဲ႕ဝင္တခ်ိဳ႕အေပၚ လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္မႈရွိတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ရဲမႉးခ်ဳပ္တစ္ဦးကို ဌာနတြင္း စစ္ေဆးေနတာပါ။

စစ္ေဆးခံေနရတဲ့ ရဲမႉးခ်ဳပ္ဟာ ရာထူးခန႔္ထားေရး စီမံခန႔္ခြဲရတဲ့ တာဝန္ရွိသူတစ္ဦး ျဖစ္ၿပီး လက္ေအာက္က ရဲေမတစ္ဦးကို ရာထူးတိုးေပးဖို႔ အတြက္ အေပးအယူအေနနဲ႔ လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္တယ္ဆိုၿပီး တိုင္ၾကားခံထားရတာ ျဖစ္ပါတယ္။

ဒီျဖစ္စဥ္ကို ျပည္ထဲေရးဝန္ႀကီးကိုယ္တိုင္ ႏိုင္ငံေတာ္အႀကီးအကဲေတြဆီ လာေရာက္တင္ျပထားၿပီး စုံစမ္းစစ္ေဆးတာေတြ ဆက္လုပ္ေနတယ္လို႔ အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌးက ဇြန္ ၂၆ ရက္သတင္းစာရွင္းလင္းပြဲ အၿပီးမွာ မီဒီယာေတြကို ေျပာၾကားထားပါတယ္။

ဒီျဖစ္စဥ္ေၾကာင့္ ရဲတပ္ဖြဲ႕ရဲ႕ ဂုဏ္သိကၡာအႀကီး အက်ယ္ထိခိုက္တယ္ဆိုၿပီး အၿငိမ္းစားရဲအရာရွိႀကီးေတြနဲ႔ ရဲဝန္ထမ္းေဟာင္းေတြ၊ လက္ရွိ ရဲတပ္ဖြဲ႕ဝင္ေတြက ကန႔္ကြက္မႈေတြ ရွိလာပါတယ္။

ဒီျဖစ္စဥ္ဟာ မွန္ကန္မယ္ဆိုရင္ တရားဥပေဒစိုးမိုးေရးကို အဓိက တာဝန္ယူကာကြယ္ရတဲ့ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ထဲက အဆင့္ျမင့္အရာရွိႀကီးတစ္ဦး လုပ္ပိုင္ခြင့္ကို ခုတုံးလုပ္ၿပီး အာဏာကို အလြဲသုံးစားတဲ့လုပ္ရပ္ ျဖစ္လာဖြယ္ရွိပါတယ္။

ဒီျဖစ္စဥ္က ေအာက္ေျခရဲတပ္ဖြဲ႕ဝင္ေတြရဲ႕ လုပ္ငန္းေဆာင္႐ြက္မႈေတြ အေပၚ ႐ိုက္ခတ္မႈ ရွိတယ္လို႔ သုံးသပ္ၾကသူေတြ ရွိပါတယ္။

ရဲတပ္ဖြဲ႕တြင္း ဆယ္စုႏွစ္ေက်ာ္ၾကာ တာဝန္ထမ္း ေဆာင္ခဲ့တဲ့ ဒုရဲမႉးဟာင္း မိုးရန္ႏိုင္ကေတာ့ ရဲဌာန အေရးယူမႈ အဆင့္ေတြကို အခုလို ရွင္းျပပါတယ္။

"ပထမ စုံစမ္းစစ္ေဆးေရးအဖြဲ႕ဖြဲ႕ၿပီး စစ္ေဆးမႈနဲ႔ စတင္ၿပီး၊ အဲဒီအဆင့္ၿပီးရင္ သက္ခ်ဳပ္ အဆင့္ (သက္ေသခံ အေထာက္အထား အက်ဥ္းခ်ဳပ္)ကို စစ္ေဆးကာ ေနာက္ဆုံးအဆင့္မွာေတာ့တာ့ ရဲတရား႐ုံးမွာ ျပည္ထဲေရးဝန္ႀကီးကိုယ္တိုင္ စစ္ေဆးၿပီး အမႈေပၚေပါက္ရင္ ေထာင္ခ် အမိန႔္ခ် မွတ္ခံရမွာ ျဖစ္တယ္" လို႔ ဆိုပါတယ္။

ဒါ့အျပင္ ဒီလုပ္ရပ္ ေၾကာင့္ ရဲ လုပ္ငန္းစဥ္ နဲ႔ တရားဥပေဒ စိုးမိုးေရး အေပၚ ထိပါး ႏိုင္တယ္လို႔လည္း ဒုရဲမႉးဟာင္းမိုးရန္ႏိုင္က သုံးသပ္ပါတယ္။

"ကြၽန္ေတာ္တို႔ၾကားရသေလာက္ ရဲမႉးခ်ဳပ္ကို ရဲတရား႐ုံးအဆင့္ထိ စစ္ေဆးေနတယ္လို႔သိရတယ္။ ေခါင္းေဆာင္ပိုင္းက ထိပ္တန္းအဆင့္ရွိတဲ့ ရဲမႉးခ်ဳပ္တစ္ေယာက္က က်ဴးလြန္တယ္ဆိုေတာ့ လက္ေအာက္မွာ တာဝန္ထမ္းေဆာင္ေနတဲ့ ျပည္သူေတြနဲ႔ တိုက္႐ိုက္ထိေတြ႕ဆက္ဆံေနရတဲ့ ရဲတပ္ဖြဲ႕ဝင္ေတြ၊ ရဲေမေတြဟာ ျပည္သူနဲ႔ဆက္ဆံတဲ့အခါမွာ အရမ္းမ်က္ႏွာငယ္ရမယ္။ အရမ္းသိမ္ငယ္ သြားၾကမယ္။ အဲဒီရဲ႕ေနာက္ဆက္တြဲက ရဲလုပ္ငန္းေတြ ေဆာင္႐ြက္တဲ့အခါမွာ အားနည္းခ်က္ေတြအမ်ားႀကီး ျဖစ္ေပၚလာႏိုင္ၿပီးေတာ့ တရားဥပေဒစိုးမိုးမႈပါ ပိုၿပီးေတာ့ ယိုယြင္းပ်က္စီးလာႏိုင္တယ္လို႔ ကြၽန္ေတာ္က ျမင္တယ္။ ဒါမ်ိဳးမျဖစ္သင့္ဘူး။ " လို႔ ဒုရဲမႉးဟာင္းမိုးရန္ႏိုင္က ေျပာပါတယ္။

တကယ္လို႔ ျဖစ္စဥ္က ထင္ရွားေပၚေပါက္တယ္ဆိုရင္ ရဲတရား႐ုံးကေန ေထာင္ဒဏ္ ၃ ႏွစ္အထိ ခ်ႏိုင္တယ္လို႔ သိရပါတယ္။

အခု စြပ္စြဲခံရသူ ရဲမႉးခ်ဳပ္နဲ႔ပတ္သက္လို႔ စြပ္စြဲမႈေတြ ကိုေတာ့ ေသခ်ာမသိထားေပမယ့္ ရာထူးတိုး ခန႔္ထားေရးေတြမွာေတာ့ နာမည္ထြက္ခဲ့တာမ်ိဳး ၾကားဖူးခဲ့တယ္လို႔ ျပည္ထဲေရး ဝန္ႀကီးဌာနမွာ ဒုတိယရဲအုပ္အျဖစ္ သူတာဝန္ထမ္းေဆာင္စဥ္က အေျခအေနေတြနဲ႔ ႏႈိင္းယွဥ္ၿပီး လက္ရွိ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚေမစိုးကလည္း ေျပာပါတယ္။

အခုျဖစ္စဥ္က ရဲတပ္ဖြဲ႕အတြင္းက ဘယ္လိုအားနည္းခ်က္ေတြကို မီးေမာင္းထိုးျပရာ ေရာက္သြားပါသလဲ။ ရဲတပ္ဖြဲ႕တြင္း ရာထူးေျပာင္း ေ႐ႊ႕စီမံခန႔္ထားမႈနဲ႔ပတ္သက္တာေတြကို ေဒၚေမစိုးက အခုလိုေျပာပါတယ္။

"အမ်ိဳးသမီး ရဲေမေတြဆိုတာ ကြၽန္မတို႔ ျပည္ထဲေရးမွာ လုပ္ခဲ့တုန္းကတည္းက လူႀကီးအခန္းထဲ သြားမယ္ဆိုရင္ တစ္ေယာက္တည္းမသြားရဘူး။ အေဖာ္နဲ႔လာပါဆိုတာ အၿမဲေရးထားတာရွိတယ္။

ကြၽန္မတို႔ေခတ္တုန္းကဆို လူႀကီးေတြက ဆူလိုက္ေျပာလိုက္တာရွိတယ္။ တခ်ိဳ႕က အားငယ္တတ္ေတာ့ အခန္းထဲက ငိုၿပီးထြက္လာတာမ်ိဳး ရွိေတာ့ အမ်ားအျမင္မွာမတင့္တယ္ဘူး။

ဒါေၾကာင့္ အေဖာ္နဲ႔ပဲ သြားလာဖို႔ လူႀကီးေတြက စာကိုထုတ္ထားတာ။ အခု စြပ္စြဲခံရတဲ့ ရဲမႉးခ်ဳပ္နဲ႔ ပတ္သက္လို႔ကေတာ့ နည္းနည္းေမာက္မာတယ္။ လက္ေအာက္ငယ္သားေတြကိုဆက္ဆံမႈေတြမွာ တင္းတင္းမာမာရွိတယ္ဆိုတာ ၾကားဖူးတယ္။

ဒီလို အမ်ိဳးသမီးေတြအေပၚ လိင္အျမတ္ထုတ္တယ္ေတာ့ တိတိက်က် မၾကားခဲ့ဖူးဘူး။

ေနာက္ၿပီးေတာ့ အေျပာင္းအေ႐ႊ႕နဲ႔ ပတ္သက္ရင္လည္း ရဲမႉးခ်ဳပ္ဆီ ဝင္ရထြက္ရတယ္ဆိုတာမ်ိဳးေတြၾကားဖူးပါတယ္။

အခုျဖစ္တဲ့ကိစၥကိုမွန္တာမွားတာေတာ့မသိဘူး။ ဒါေပမဲ့ ဒီကိစၥေၾကာင့္ ရဲတပ္ဖြဲ႕ဝင္ အားလုံးကိုသိမ္းက်ဳံးေျပာတာေတာ့ လုံးဝလက္မခံပါဘူး။

ရဲထဲမွာ အမ်ိဳးေကာင္းသား ၊ အမ်ိဳးေကာင္းသမီးေတြအမ်ားႀကီးရွိပါတယ္။ တကယ့္ကို ျပဳျပင္ေျပာင္းလဲခ်င္စိတ္နဲ႔ ႐ိုး႐ိုးသားသား ႀကိဳးစားေနတဲ့သူေတြ ရာထူးမမက္ဘဲ တကယ့္ကိုအလုပ္ႀကိဳးစားတဲ့သူေတြအမ်ားႀကီးရွိပါတယ္။

ရာထူးမရခ်င္ေန ဘာမွအစြန္းအထင္းမခံႏိုင္ဘူးဆိုတဲ့ အမ်ိဳးသမီးေတြအမ်ားႀကီးရွိပါတယ္။

ခုလို အမ်ိဳးသမီးရဲတပ္ဖြဲ႕ဝင္ေတြကို ေလွာင္ေျပာင္ရႈတ္ခ်ေနတာကို ကန႔္ကြက္ရႈတ္ခ်ပါတယ္" လို႔ ရဲဝန္ထမ္းေဟာင္း လက္ရွိ လႊတ္ေတာ္ အမတ္ ေဒၚေမစိုးက ေျပာပါတယ္။

လက္ရွိမွာေတာ့ ရာထူးတိုးေရး လိင္အျမတ္ထုတ္ ခံရဖို႔ နည္းလမ္းကိုေ႐ြးခ်ယ္တယ္ဆိုၿပီး အမ်ိဳးသမီး ရဲတပ္ဖြဲ႕ဝင္ ေတြအေပၚ ျပစ္တင္ေျပာဆိုတာေတြ တစ္ဖက္၊ အမ်ိဳးသမီးေတြကို ေဝဖန္ျပစ္တင္ တာ မလုပ္ဖို႔ တန္ျပန္ေျပာဆိုတာေတြက တစ္ဖက္နဲ႔ ျငင္းခုန္မႈေတြလည္း ဆက္ရွိေနပါတယ္။

အမ်ိဳးသမီးအေရး တက္ႂကြလႈပ္ရွားတဲ့အဖြဲ႕ေတြကေတာ့ ဒီျဖစ္စဥ္ကို ရႈတ္ခ်ထားၿပီးရဲတပ္ဖြဲ႕တြင္းသာမက တျခားလုပ္ငန္းခြင္ေတြအဖြဲ႕အစည္းေတြအတြင္း ဘယ္ေနရာမွာမဆို အမ်ိဳးသမီးေတြကို လိင္အျမတ္မထုတ္ေရး စတစ္ကာ ကမ္ပိန္း လႈပ္ရွားမႈေတြစတင္ဖို႔ ျပင္ဆင္ေနၾကတာလည္းရွိလာေနပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53193232
လိင်အမြတ်ထုတ်မှု စွပ်စွဲချက်ကြောင့် လှုပ်ခတ် သွားခဲ့တဲ့ ရဲ ယန္တရား လိင်အမြတ်ထုတ်မှု စွပ်စွဲချက်ကြောင့် လှုပ်ခတ် သွားခဲ့တဲ့ ရဲ ယန္တရား Reviewed by THITHTOOLWIN on 21:26 Rating: 5
Powered by Blogger.