တံတားဦးမြို့နယ် သမန်း(ကုန်း)ကျေးရွာမှာ လူသတ်မှုဖြစ်ပွား


(Unicode)⤵⤵⤵
မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ တံတားဦးမြို့မရဲစခန်းအပိုင် သမန်း(ကုန်း) ကျေးရွာမှာ ဇွန် ၁၀ ရက် ညနေ ၃ နာရီခွဲခန့်က လူသတ်မှု ဖြစ်ပွားကြောင်း သိရှိရပါတယ်။

တံတားဦးမြို့နယ် သမန်း(ကုန်း)ကျေးရွာနေ ကိုအေးထွန်း(၄၈)နှစ်ဟာ ဇွန်(၁၀)ရက်နေ့ နံနက်(၉)နာရီအချိန်ခန့်က တောင်ယာ ခုတ်ဓါးကို ယူဆောင်ပြီး တစ်ဦးထဲ ထင်းခုတ်ဖို့ တောထဲကို ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။

ညနေ(၃)နာရီခွဲအချိန်မှာ ကိုအေးထွန်း တစ်ယောက် တစ်ရွာတည်းနေ ထွန်းထွန်းနိုင်နဲ့ ရွာရဲ့ အရှေ့ဘက်(၄)ဖာလုံအကွာ တောစပ်မှာ  အရက်သေစာသောက်စားကာ စကားများ ရန်ဖြစ်ကြပြီး ကိုအေးထွန်းမှာ ဓားဒဏ်ရာများနဲ့ လဲကျနေကြောင်း တစ်ရွာတည်းနေ ဦးဝင်းကိုမှ ကိုအေးထွန်း ဇနီးဖြစ်သူ ဒေါ်ဌေး၀င်း ကို ပြောဆိုခဲ့ပါတယ်။

အဆိုပါ လဲကျနေတဲ့နေရာကို  ဦးရွှေမန်းနဲ့အတူ သွားရောက် ကြည့်ရှုရာ ခင်ပွန်းဖြစ်သူ ကိုအေးထွန်းရဲ့ မျက်နှာ ယာဘက်ခြမ်း ပြတ်ရှဒဏ်ရာ ၊ ယာဘက်ပါး ပြတ်ရှဒဏ်ရာနဲ့ ဦးခေါင်း နောက်စေ့ ပြတ်ရှဒဏ်ရာများနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးနေတာ တွေ့ခဲ့ရပါတယ်။

ခင်ပွန်းဖြစ်သူကို သေဆုံးအောင်ပြုလုပ်သူ ထွန်းထွန်းနိုင်(၃၆)နှစ်  ကို  ဥပဒေအရအရေးယူပေးပါဖို့ သေဆုံးသူရဲ့ ခင်ပွန်းဖြစ်သူ ဒေါ်ဌေးဝင်းမှ တရားလိုပြုလုပ် တိုင်တန်းတာကြောင့်  တံတားဦး မြို့မရဲစခန်းက ထွန်းထွန်းနိုင်ကို အမှုဖွင့်အရေးယူ ဆောင်ရွက် ထားကြောင်း ပြန်ကြားရေး၀န်ကြီး ဌာန ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

သစ်ထူးလွင်
-----------------------------------
(Zawgyi)⤵⤵⤵






သစ်ထူးလွင်
တံတားဦးမြို့နယ် သမန်း(ကုန်း)ကျေးရွာမှာ လူသတ်မှုဖြစ်ပွား တံတားဦးမြို့နယ် သမန်း(ကုန်း)ကျေးရွာမှာ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 22:05 Rating: 5
Powered by Blogger.