တစ်နှစ်ကို ရာနဲ့ချီသေဆုံးသူရှိလာပြီး သတိပြုရတော့မယ့် မိုးကြိုးဘေးအန္တရာယ်

မိုးကြိုးဘေးကြောင့်၂၀၁၉ ခုနှစ်မှာ သေဆုံးသူ ၁၃၃ ဦးရှိခဲ့
(Unicode)⤵⤵⤵
မြန်မာနိုင်ငံမှာ မိုးကြိုးဘေးကြောင့် သေဆုံးသူဦးရေဟာ ပိုမိုမြင့်တက်လာတဲ့အတွက် မိုးကြိုးဘေးအန္တရာယ်ကို သတိပြုနေထိုင်ကြဖို့ အသိပေးနှိုးဆော်တာတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးကနေ ပြုလုပ်လာပါတယ်။

မြန်မာနိုင်ငံမှာ မိုးကြိုးဘေးကြောင့် သေဆုံးမှုဟာ မိုးကြိုနဲ့ မိုးနှောင်းကာလတွေမှာအများဆုံးဖြစ်ပေါ်လေ့ရှိပြီး လေ့လာတွေ့ရှိချက်တွေအရ တစ်နေ့တာအတွင်း မွန်းတည့်(၁၂) နာရီမှ ညနေ(၆)နာရီအတွင်းဟာ မိုးကြိုးပစ်တဲ့ဖြစ်စဉ်အများဆုံးဖြစ်ပွားခဲ့တယ်လို့လည်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနကနေ ထုတ်ပြန်ထားပါတယ်။

ဒါအပြင် ဒီနှစ် ဇန်နဝါရီလကနေ ဇွန်လ ၆ ရက်နေ့အထိ မိုးကြိုးဘေးကြောင့် သေဆုံးသူဦးရေဟာ ၆၂ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူဦးရေကတော့ ၂၆ ဦး ရှိသွားပြီလို့လည်း ထုတ်ပြန်ထားပါတယ်။
ဘယ်ကာလတွေက မိုးကြိုးအန္တရာယ်အများဆုံးလဲ

မြန်မာနိုင်ငံမှာ မိုးကြိုကာလတွေဖြစ်တဲ့ ဧပြီ၊ မေ နဲ့ မိုးနှောင်းကာလဖြစ်တဲ့ စက်တင်ဘာလတွေဟာ မိုးကြိုးဘေး အမြင့်ဆုံးကာလတွေ ဖြစ်ပါတယ်။

'' အနောက်တောင်မုတ်သုံလေက မြန်မာနိုင်ငံကိုမဝင်ခင် နွေရာသီကာလ။ ဒါမျိုးကို စပ်ကူးမတ်ကူးကာလ လို့ခေါ်တယ်။ အဲဒီချိန် ဧပြီ၊ မေမှာ အပူဆုံးကို ခံစားရလေ့ရှိတယ်။ ဧပြီ၊ မေ မိုးကြိုကာလမှာ အနောက်တောင်မုတ်သုံလေက ဘင်္ဂလားပင်လယ်အော်ကိုဖြတ်ပြီးလာတဲ့အချိန်မှာ လေရော မြေပြင်ရော အားလုံးက တအားပူနေတာ။ မြေပြင်အပူချိန်က တအားပူနေတဲ့ အတွက် တိမ်တွေက ပူပြီးပွ၊ပေါ့ပြီး တက်လာတယ်။ အဲဒီမှာတိမ်ရဲ့အောက်ဆုံးက လျှပ်စစ်မတွေနဲ့ မြေပြင်က လျှပ်စစ်အဖိုတွေနဲ့ တစ်ခုနဲ့တစ်ခု ထိတွေ့တဲ့အခါလျှပ်စီးတွေ လက်တယ်။ မိုးကြိုးတွေပစ်တယ်''လို့ မိုးကြိုးပစ်တာတွေ ဖြစ်ပေါ်တဲ့အခြေအနေကို မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ရီရီငြိမ်းက ရှင်းပြပါတယ်။

မိုးကြိုကာလအတွင်း အနောက်တောင်မုတ်သုံလေ တည်ငြိမ်မှုမရှိသေးချိန် မိုးကြိုးလျှပ်စီးတွေ ဖြစ်ပေါ်စေတဲ့ မိုးတိမ်တောင်ဖြစ်ပေါ်မှုတွေ များပေမယ့် မိုးဦးကာလ ဇွန်လလယ်လောက်ရောက်ပြီး မိုးကောင်းလာပြီဆိုရင်တော့ မိုးကြိုးပစ်တဲ့ဖြစ်စဉ်တွေ မရှိသလောက်နည်းသွားတယ်လို့ သူက ပြောပါတယ်။

'' မိုးနှောင်းကာလက စက်တင်ဘာပေါ့။ အဲဒီအချိန်က ဆောင်းကိုကူးမှာဆိုတော့ ထင်သလောက်မဆိုးဘူး။ ဒါပေမယ့်မုတ်သုံပြန်ဆုတ်မှာဖြစ်တဲ့အတွက် ဆုတ်တဲ့အချိန်မှာတော့ လျှပ်စီးလက်မယ်၊ နေရာကွက်မိုးကြီးမယ်၊ မိုးကြိုးတွေပစ်မယ်။ ဒါပေမယ့်ဆုံးသွားတဲ့အချိန်က မိုးရာသီကနေ ဆောင်းရာသီကိုပြောင်းတာဖြစ်လို့ မိုးကြိုလောက်တော့မဆိုးဘူး။''လို့ မိုးနှောင်းကာလမှာလည်း မိုးကြိုးဘေးသတိထားရမယ့်အခြေနေကို ဒေါ်ရီရီငြိမ်းက ရှင်းပြပါတယ်။
မိုးကြို မိုးနှောင်းကာလတွေဟာ မိုးကြိုးဘေးအမြင့်ဆုံးကာလတွေဖြစ်
ဒေသအလိုက်မုတ်သုံဝင်ရောက်ချိန်၊ဆုတ်ခွာချိန် ကွာခြားချက်နဲ့အတူ ဒေသအလိုက်အထူး သတိပြုရမယ့် ကာလတွေရှိ

မြန်မာနိုင်ငံကို မိုးရာသီအဖြစ်သတ်မှတ်ထားတဲ့ မုတ်သုံဝင်ရောက်မှုဟာ မြန်မာနိုင်ငံတောင်ပိုင်းဒေသကို အစောဆုံးဝင်ရောက်ပြီး အဲဒီနောက်မှာ မြစ်ဝကျွန်းပေါ်ဒေသ၊ အလယ်ပိုင်းဒေသနဲ့ မြောက်ပိုင်းဒေသတို့ကို ဝင်ရောက်တာ ဖြစ်ပါတယ်။

'' အနောက်တောင်မုတ်သုံလေက မြန်မာနိုင်ငံတောင်ပိုင်းဒေသကို ဒီနှစ်မှာ ၁၉ ရက်နေ့မှ အရင်စဝင်တယ်။ ရန်ကုန်ဆိုရင် ဇွန်လအဆန်းပိုင်းမှာ မိုးခြိမ်းသံသိပ်မကြားရတော့ဘူး။

ဇွန် ၅ ရက်နေ့မှာအလယ်ပိုင်းကိုဝင်တယ်။ ဒါပေမယ့်မတည်ငြိမ်သေးတဲ့အတွက် ရက်ပိုင်းအထိနေတွေပူတုန်း။

အလယ်ပိုင်းနဲ့မြောက်ပိုင်းကဒေသတွေအတွက်တော့ ဇွန်လအထိမိုးကြိုးဘေးကို သတိထားဖို့လိုတယ်''လို့လည်း မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်ရီရီငြိမ်းက ပြောပါတယ်။
 မြင်းခြံမှာနှမ်းရိတ်စဉ် မိုးကြိုးပစ်လို့ သားအမိ ၂ဦးအပါအဝင် ၃ဦးသေဆုံး
ဒီနှစ်အတွက် သေဆုံးသူ ၆၀ ကျော်ရှိတဲ့အနက် ဇွန်လထဲမှာပဲ မြန်မာနိုင်ငံအလယ်ပိုင်းဒေသအချို့မှာ မိုးကြိုးပစ်ခံရလို့သေဆုံးသူတွေလည်း ရှိခဲ့ပါတယ်။

ဇွန် ၆ရက်နေ့မှာက မြင်းခြံမြို့မှာ နှမ်းရိတ်နေတုန်း မိုးကြိုးပစ်ခံရလို့ မိသားစု ၃ ဦးသေဆုံးခဲ့ပြီး မကွေးတိုင်းပေါက်မြို့နယ် ထန်းပင်ချောင်းကျေးရွာမှာလည်း ဇွန် ၈ ရက်နေ့က သေဆုံးသူတစ်ဦး ရှိခဲ့ပါတယ်။

မိုးကြိုနဲ့ မိုးနှောင်းကာလတွေမှာ မိုးကြိုးဘေးကို အများဆုံးသတိပြုရပေမယ့် မိုးဦး၊မိုးလယ်ကာလတွေမှာလည်း မုတ်သုံအားလျော့ပြီး မိုးပြတ်ပါက မိုးကြိုးဘေးကို သတိပြုရမှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

မိုးကြိုးပစ်မခံရဖို့ သတိထားရမယ့်အဓိကအချက်တွေ

မိုးကြိုးပစ်မှုဖြစ်စဉ်တွေထဲမှာ မိုးထစ်ချုန်းရွာသွန်းခြင်း၊ လျှပ်စီးလက်ခြင်းဖြစ်ပေါ်နေချိန်တွေမှာ လယ်ကွင်းထဲ အလုပ်လုပ်နေစဉ်၊ နေအိမ်တံစက်မြိတ်မှာ မိုးရေချိုးနေစဉ်၊ နေအိမ်ထဲမှာ ရေဒီယိုနားထောင်နေစဉ်၊ အိမ်ထဲ မှာ ဖုန်းနဲ့ အင်တာနက်အသုံးပြုနေစဉ် ဖုန်းပြောနေစဉ်၊ သစ်ပင်အောက်မှာ မိုးခိုနေစဉ်တွေမှာ ဖြစ်ပွားသေဆုံးတာတွေကို တွေ့ရတယ်လို့ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနကနေ အသိပေး ထုတ်ပြန်ထားပါတယ်။

'' နံပါတ်တစ် မိုးကြိုးသည် လျှပ်စီးပဲ၊ လျှပ်စီးသည် အလင်းအလျင်နဲ့လာတာဖြစ်တဲ့အတွက် ကိုယ်သည် ကိုယ့်ပတ်ဝန်းကျင်ထက်မြင့်မနေဖို့ပဲ'' လို့ ဒေါ်ရီရီငြိမ်းက ရှင်းပြပါတယ်။

တောင်သူတွေအနေနဲ့ ဘာသတိပြုရမလဲ

ကိုယ်သည်လယ်ကွင်းထဲမှာ တစ်ယောက်ထဲရှိတဲ့အတွက် ကိုယ်သည် စပါးပင်တွေထက်မြင့်နေတယ်။ မိုးကြိုးသည် အမြင့်ဆုံးနေရာထိပ်ဆုံးကိုပစ်တယ်။ဒါကြောင့် လယ်ကွင်းထဲမှာ လျှပ်စီးလက်ပြီဆိုရင် ကိုယ်ကိုဝပ်ချလိုက်ပါ။ အပင်တွေထက်နိမ့်အောင် ဝပ်ပါ။

တကယ်လို့ လယ်ကွင်းထဲမှာ မိုးရွာလို့မိုးခိုမယ်ဆိုရင် သစ်ပင်ကဘေးမှာ သူ့ထက်မြင့်တဲ့အပင်တွေရှိရင်တော့ နိမ့်တဲ့အပင်ကိုရွေးခိုပါ။ ဒါပေမယ့် ထီးထီးကြီးရှိနေတဲ့သစ်ပင်ကိုတော့ မခိုပါနဲ့။

အိမ်ထဲနေသူတွေသတိပြုရမယ့်အချက်

အထူးသဖြင့် အိမ်ထဲမှာဆိုရင်လည်း တံခါးပေါက်တွေ၊ ပြင်တင်းပေါက်တွေစတဲ့ မိုးကြိုးလာတဲ့ လမ်းကြောင်းနဲ့ ဝေးအောင်နေပါ။

မီတာပုံးတွေ၊ အထူးသဖြင့် လျှပ်စစ်ပစ္စည်းတွေ တတ်နိုင်ရင် လျှပ်စစ်ပစ္စည်းတွေကို မိန်းချနိုင်ရင်ချ မချနိုင်ရင် ရိုးရိုးပိတ်လို့ မရဘူး။ ပလပ်တွေကို ဆွဲဖြုတ်ထား။ အတတ်နိုင်ဆုံး လျှပ်မစီးအောင် ပလပ်တွေပါဖြုတ်ထားရမယ်။ အတတ်နိုင်ဆုံးရှောင်ရှားတဲ့အနေနဲ့ လျှပ်စီးနိုင်တဲ့ ပစ္စည်းအားလုံးကို ပိတ်ထားပါ။
မိုးကြိုးဘေးကြောင့် ၅လကျော်ကာလအတွင်း သေဆုံးသူ ၆၀ ကျော်ရှိနေ
မိုးရွာစဉ်ဖုန်းပြောတာက အန္တရာယ်ရှိလား

ဒါက မိုးကြိုးပစ်တာကနေရာက ကိုယ်နဲ့ဘယ်လောက်ဝေးလဲ ကိုယ် ကဝေးဝေးဆိုရင်တော့အိုကေ။ မိုးကြိုးပစ်တဲ့စက်ကွင်းထဲရောက်နေရင်တော့ အန္တရာယ်ရှိမှာပဲလို့ ဒေါ်ရီရီငြိမ်းက ပြောပါတယ်။

'' ဘာပဲဖြစ်ဖြစ် ကိုယ်သည် ဘယ်နေရာ မိုးကြိုးပစ်လဲမှ မသိတာ။ ပူနေတယ် ချက်ခြင်းကြီး တိမ်တွေ တက်လာပြီ၊ လျှပ်စီးတွေ ဘာတွေ လက်လာပြီ မိုးကရွာချင်နေပြီဆိုရင် ဖုန်းက ပိတ်လိုက် တော့။ အလင်းအလျင်သည် ဓာတ်ကြိုးထဲတောင် ဝင်နိုင်သေးတာ။ လျှပ်စစ်သံလိုက်လှိုင်းက ကိုယ့်ဖုန်းထဲ ဝင်သွားနိုင်တယ်။ ဝင်သွားတော့ ကိုယ်က နားနဲ့ ကပ်ပြောတော့ ဖုန်းအန္တရာယ်သည်လည်း ကြီးပါတယ်။ အတတ်နိုင်ဆုံးတော့ ပိတ်ထားတာ ကောင်းပါတယ်''လို့ သူက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁၃၃)ဦးသေဆုံးခဲ့ပြီး (၅၂) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

' ' ခုနောက်ပိုင်း ကမ္ဘာကြီးက ပိုပြီးပူနွေးလာတယ်။ ရာသီဥတုတွေက ဖောက်လွဲဖောက်ပြန်ဖြစ်လာတယ်။ ပုံမှန်မဖြစ်တဲ့အတွက် ပိုပြီးရင်ဆိုင်ရတယ်''လို့ ဒေါ်ရီရီငြိမ်းက မိုးကြိုးဘေး ကြောင့် လူသေဆုံးရတာတွေ မြင့်တက်လာတဲ့အပေါ် ပြောပြပါတယ်။

BBC Burmese
------------------------------
(Zawgyi)⤵⤵⤵
တစ္ႏွစ္ကို ရာနဲ႔ခ်ီေသဆုံးသူရွိလာၿပီး သတိျပဳရေတာ့မယ့္ မိုးႀကိဳးေဘးအႏၲရာယ္

ျမန္မာႏိုင္ငံမွာ မိုးႀကိဳးေဘးေၾကာင့္ ေသဆုံးသူဦးေရဟာ ပိုမိုျမင့္တက္လာတဲ့အတြက္ မိုးႀကိဳးေဘးအႏၲရာယ္ကို သတိျပဳေနထိုင္ၾကဖို႔ အသိေပးႏႈိးေဆာ္တာေတြကို သက္ဆိုင္ရာ ဝန္ႀကီးဌာနအသီးသီးကေန ျပဳလုပ္လာပါတယ္။

ျမန္မာႏိုင္ငံမွာ မိုးႀကိဳးေဘးေၾကာင့္ ေသဆုံးမႈဟာ မိုးႀကိဳနဲ႔ မိုးေႏွာင္းကာလေတြမွာအမ်ားဆုံးျဖစ္ေပၚေလ့ရွိၿပီး ေလ့လာေတြ႕ရွိခ်က္ေတြအရ တစ္ေန႔တာအတြင္း မြန္းတည့္(၁၂) နာရီမွ ညေန(၆)နာရီအတြင္းဟာ မိုးႀကိဳးပစ္တဲ့ျဖစ္စဥ္အမ်ားဆုံးျဖစ္ပြားခဲ့တယ္လို႔လည္း သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈဦးစီးဌာနကေန ထုတ္ျပန္ထားပါတယ္။

ဒါအျပင္ ဒီႏွစ္ ဇန္နဝါရီလကေန ဇြန္လ ၆ ရက္ေန႔အထိ မိုးႀကိဳးေဘးေၾကာင့္ ေသဆုံးသူဦးေရဟာ ၆၂ ဦးရွိၿပီး ထိခိုက္ဒဏ္ရာရသူဦးေရကေတာ့ ၂၆ ဦး ရွိသြားၿပီလို႔လည္း ထုတ္ျပန္ထားပါတယ္။

ဘယ္ကာလေတြက မိုးႀကိဳးအႏၲရာယ္အမ်ားဆုံးလဲ

ျမန္မာႏိုင္ငံမွာ မိုးႀကိဳကာလေတြျဖစ္တဲ့ ဧၿပီ၊ ေမ နဲ႔ မိုးေႏွာင္းကာလျဖစ္တဲ့ စက္တင္ဘာလေတြဟာ မိုးႀကိဳးေဘး အျမင့္ဆုံးကာလေတြ ျဖစ္ပါတယ္။

'' အေနာက္ေတာင္မုတ္သုံေလက ျမန္မာႏိုင္ငံကိုမဝင္ခင္ ေႏြရာသီကာလ။ ဒါမ်ိဳးကို စပ္ကူးမတ္ကူးကာလ လို႔ေခၚတယ္။ အဲဒီခ်ိန္ ဧၿပီ၊ ေမမွာ အပူဆုံးကို ခံစားရေလ့ရွိတယ္။ ဧၿပီ၊ ေမ မိုးႀကိဳကာလမွာ အေနာက္ေတာင္မုတ္သုံေလက ဘဂၤလားပင္လယ္ေအာ္ကိုျဖတ္ၿပီးလာတဲ့အခ်ိန္မွာ ေလေရာ ေျမျပင္ေရာ အားလုံးက တအားပူေနတာ။ ေျမျပင္အပူခ်ိန္က တအားပူေနတဲ့ အတြက္ တိမ္ေတြက ပူၿပီးပြ၊ေပါ့ၿပီး တက္လာတယ္။ အဲဒီမွာတိမ္ရဲ႕ေအာက္ဆုံးက လွ်ပ္စစ္မေတြနဲ႔ ေျမျပင္က လွ်ပ္စစ္အဖိုေတြနဲ႔ တစ္ခုနဲ႔တစ္ခု ထိေတြ႕တဲ့အခါလွ်ပ္စီးေတြ လက္တယ္။ မိုးႀကိဳးေတြပစ္တယ္''လို႔ မိုးႀကိဳးပစ္တာေတြ ျဖစ္ေပၚတဲ့အေျခအေနကို မိုးေလဝသနဲ႔ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန ၫႊန္ၾကားေရးမႉး ေဒၚရီရီၿငိမ္းက ရွင္းျပပါတယ္။

မိုးႀကိဳကာလအတြင္း အေနာက္ေတာင္မုတ္သုံေလ တည္ၿငိမ္မႈမရွိေသးခ်ိန္ မိုးႀကိဳးလွ်ပ္စီးေတြ ျဖစ္ေပၚေစတဲ့ မိုးတိမ္ေတာင္ျဖစ္ေပၚမႈေတြ မ်ားေပမယ့္ မိုးဦးကာလ ဇြန္လလယ္ေလာက္ေရာက္ၿပီး မိုးေကာင္းလာၿပီဆိုရင္ေတာ့ မိုးႀကိဳးပစ္တဲ့ျဖစ္စဥ္ေတြ မရွိသေလာက္နည္းသြားတယ္လို႔ သူက ေျပာပါတယ္။

'' မိုးေႏွာင္းကာလက စက္တင္ဘာေပါ့။ အဲဒီအခ်ိန္က ေဆာင္းကိုကူးမွာဆိုေတာ့ ထင္သေလာက္မဆိုးဘူး။ ဒါေပမယ့္မုတ္သုံျပန္ဆုတ္မွာျဖစ္တဲ့အတြက္ ဆုတ္တဲ့အခ်ိန္မွာေတာ့ လွ်ပ္စီးလက္မယ္၊ ေနရာကြက္မိုးႀကီးမယ္၊ မိုးႀကိဳးေတြပစ္မယ္။ ဒါေပမယ့္ဆုံးသြားတဲ့အခ်ိန္က မိုးရာသီကေန ေဆာင္းရာသီကိုေျပာင္းတာျဖစ္လို႔ မိုးႀကိဳေလာက္ေတာ့မဆိုးဘူး။''လို႔ မိုးေႏွာင္းကာလမွာလည္း မိုးႀကိဳးေဘးသတိထားရမယ့္အေျခေနကို ေဒၚရီရီၿငိမ္းက ရွင္းျပပါတယ္။

ေဒသအလိုက္မုတ္သုံဝင္ေရာက္ခ်ိန္၊ဆုတ္ခြာခ်ိန္ ကြာျခားခ်က္နဲ႔အတူ ေဒသအလိုက္အထူး သတိျပဳရမယ့္ ကာလေတြရွိ

ျမန္မာႏိုင္ငံကို မိုးရာသီအျဖစ္သတ္မွတ္ထားတဲ့ မုတ္သုံဝင္ေရာက္မႈဟာ ျမန္မာႏိုင္ငံေတာင္ပိုင္းေဒသကို အေစာဆုံးဝင္ေရာက္ၿပီး အဲဒီေနာက္မွာ ျမစ္ဝကြၽန္းေပၚေဒသ၊ အလယ္ပိုင္းေဒသနဲ႔ ေျမာက္ပိုင္းေဒသတို႔ကို ဝင္ေရာက္တာ ျဖစ္ပါတယ္။

'' အေနာက္ေတာင္မုတ္သုံေလက ျမန္မာႏိုင္ငံေတာင္ပိုင္းေဒသကို ဒီႏွစ္မွာ ၁၉ ရက္ေန႔မွ အရင္စဝင္တယ္။ ရန္ကုန္ဆိုရင္ ဇြန္လအဆန္းပိုင္းမွာ မိုးၿခိမ္းသံသိပ္မၾကားရေတာ့ဘူး။

ဇြန္ ၅ ရက္ေန႔မွာအလယ္ပိုင္းကိုဝင္တယ္။ ဒါေပမယ့္မတည္ၿငိမ္ေသးတဲ့အတြက္ ရက္ပိုင္းအထိေနေတြပူတုန္း။

အလယ္ပိုင္းနဲ႔ေျမာက္ပိုင္းကေဒသေတြအတြက္ေတာ့ ဇြန္လအထိမိုးႀကိဳးေဘးကို သတိထားဖို႔လိုတယ္''လို႔လည္း မိုးေလဝသနဲ႔ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန ၫႊန္ၾကားေရးမႉးေဒၚရီရီၿငိမ္းက ေျပာပါတယ္။

ဒီႏွစ္အတြက္ ေသဆုံးသူ ၆၀ ေက်ာ္ရွိတဲ့အနက္ ဇြန္လထဲမွာပဲ ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသအခ်ိဳ႕မွာ မိုးႀကိဳးပစ္ခံရလို႔ေသဆုံးသူေတြလည္း ရွိခဲ့ပါတယ္။

ဇြန္ ၆ရက္ေန႔မွာက ျမင္းၿခံၿမိဳ႕မွာ ႏွမ္းရိတ္ေနတုန္း မိုးႀကိဳးပစ္ခံရလို႔ မိသားစု ၃ ဦးေသဆုံးခဲ့ၿပီး မေကြးတိုင္းေပါက္ၿမိဳ႕နယ္ ထန္းပင္ေခ်ာင္းေက်း႐ြာမွာလည္း ဇြန္ ၈ ရက္ေန႔က ေသဆုံးသူတစ္ဦး ရွိခဲ့ပါတယ္။

မိုးႀကိဳနဲ႔ မိုးေႏွာင္းကာလေတြမွာ မိုးႀကိဳးေဘးကို အမ်ားဆုံးသတိျပဳရေပမယ့္ မိုးဦး၊မိုးလယ္ကာလေတြမွာလည္း မုတ္သုံအားေလ်ာ့ၿပီး မိုးျပတ္ပါက မိုးႀကိဳးေဘးကို သတိျပဳရမွာျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။

မိုးႀကိဳးပစ္မခံရဖို႔ သတိထားရမယ့္အဓိကအခ်က္ေတြ

မိုးႀကိဳးပစ္မႈျဖစ္စဥ္ေတြထဲမွာ မိုးထစ္ခ်ဳန္း႐ြာသြန္းျခင္း၊ လွ်ပ္စီးလက္ျခင္းျဖစ္ေပၚေနခ်ိန္ေတြမွာ လယ္ကြင္းထဲ အလုပ္လုပ္ေနစဥ္၊ ေနအိမ္တံစက္ၿမိတ္မွာ မိုးေရခ်ိဳးေနစဥ္၊ ေနအိမ္ထဲမွာ ေရဒီယိုနားေထာင္ေနစဥ္၊ အိမ္ထဲ မွာ ဖုန္းနဲ႔ အင္တာနက္အသုံးျပဳေနစဥ္ ဖုန္းေျပာေနစဥ္၊ သစ္ပင္ေအာက္မွာ မိုးခိုေနစဥ္ေတြမွာ ျဖစ္ပြားေသဆုံးတာေတြကို ေတြ႕ရတယ္လို႔ သဘာဝေဘး အႏၲရာယ္စီမံခန႔္ခြဲမႈဦးစီးဌာနကေန အသိေပး ထုတ္ျပန္ထားပါတယ္။

'' နံပါတ္တစ္ မိုးႀကိဳးသည္ လွ်ပ္စီးပဲ၊ လွ်ပ္စီးသည္ အလင္းအလ်င္နဲ႔လာတာျဖစ္တဲ့အတြက္ ကိုယ္သည္ ကိုယ့္ပတ္ဝန္းက်င္ထက္ျမင့္မေနဖို႔ပဲ'' လို႔ ေဒၚရီရီၿငိမ္းက ရွင္းျပပါတယ္။

ေတာင္သူေတြအေနနဲ႔ ဘာသတိျပဳရမလဲ

ကိုယ္သည္လယ္ကြင္းထဲမွာ တစ္ေယာက္ထဲရွိတဲ့အတြက္ ကိုယ္သည္ စပါးပင္ေတြထက္ျမင့္ေနတယ္။ မိုးႀကိဳးသည္ အျမင့္ဆုံးေနရာထိပ္ဆုံးကိုပစ္တယ္။ဒါေၾကာင့္ လယ္ကြင္းထဲမွာ လွ်ပ္စီးလက္ၿပီဆိုရင္ ကိုယ္ကိုဝပ္ခ်လိုက္ပါ။ အပင္ေတြထက္နိမ့္ေအာင္ ဝပ္ပါ။

တကယ္လို႔ လယ္ကြင္းထဲမွာ မိုး႐ြာလို႔မိုးခိုမယ္ဆိုရင္ သစ္ပင္ကေဘးမွာ သူ႔ထက္ျမင့္တဲ့အပင္ေတြရွိရင္ေတာ့ နိမ့္တဲ့အပင္ကိုေ႐ြးခိုပါ။ ဒါေပမယ့္ ထီးထီးႀကီးရွိေနတဲ့သစ္ပင္ကိုေတာ့ မခိုပါနဲ႔။

အိမ္ထဲေနသူေတြသတိျပဳရမယ့္အခ်က္

အထူးသျဖင့္ အိမ္ထဲမွာဆိုရင္လည္း တံခါးေပါက္ေတြ၊ ျပင္တင္းေပါက္ေတြစတဲ့ မိုးႀကိဳးလာတဲ့ လမ္းေၾကာင္းနဲ႔ ေဝးေအာင္ေနပါ။

မီတာပုံးေတြ၊ အထူးသျဖင့္ လွ်ပ္စစ္ပစၥည္းေတြ တတ္ႏိုင္ရင္ လွ်ပ္စစ္ပစၥည္းေတြကို မိန္းခ်ႏိုင္ရင္ခ် မခ်ႏိုင္ရင္ ႐ိုး႐ိုးပိတ္လို႔ မရဘူး။ ပလပ္ေတြကို ဆြဲျဖဳတ္ထား။ အတတ္ႏိုင္ဆုံး လွ်ပ္မစီးေအာင္ ပလပ္ေတြပါျဖဳတ္ထားရမယ္။ အတတ္ႏိုင္ဆုံးေရွာင္ရွားတဲ့အေနနဲ႔ လွ်ပ္စီးႏိုင္တဲ့ ပစၥည္းအားလုံးကို ပိတ္ထားပါ။

မိုး႐ြာစဥ္ဖုန္းေျပာတာက အႏၲရာယ္ရွိလား

ဒါက မိုးႀကိဳးပစ္တာကေနရာက ကိုယ္နဲ႔ဘယ္ေလာက္ေဝးလဲ ကိုယ္ ကေဝးေဝးဆိုရင္ေတာ့အိုေက။ မိုးႀကိဳးပစ္တဲ့စက္ကြင္းထဲေရာက္ေနရင္ေတာ့ အႏၲရာယ္ရွိမွာပဲလို႔ ေဒၚရီရီၿငိမ္းက ေျပာပါတယ္။

'' ဘာပဲျဖစ္ျဖစ္ ကိုယ္သည္ ဘယ္ေနရာ မိုးႀကိဳးပစ္လဲမွ မသိတာ။ ပူေနတယ္ ခ်က္ျခင္းႀကီး တိမ္ေတြ တက္လာၿပီ၊ လွ်ပ္စီးေတြ ဘာေတြ လက္လာၿပီ မိုးက႐ြာခ်င္ေနၿပီဆိုရင္ ဖုန္းက ပိတ္လိုက္ ေတာ့။ အလင္းအလ်င္သည္ ဓာတ္ႀကိဳးထဲေတာင္ ဝင္ႏိုင္ေသးတာ။ လွ်ပ္စစ္သံလိုက္လႈိင္းက ကိုယ့္ဖုန္းထဲ ဝင္သြားႏိုင္တယ္။ ဝင္သြားေတာ့ ကိုယ္က နားနဲ႔ ကပ္ေျပာေတာ့ ဖုန္းအႏၲရာယ္သည္လည္း ႀကီးပါတယ္။ အတတ္ႏိုင္ဆုံးေတာ့ ပိတ္ထားတာ ေကာင္းပါတယ္''လို႔ သူက ရွင္းျပပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္အတြင္း မိုးႀကိဳးေဘးေၾကာင့္ ေသဆုံးသူ (၁၃၃)ဦးေသဆုံးခဲ့ၿပီး (၅၂) ဦး ဒဏ္ရာရရွိခဲ့ပါတယ္။

' ' ခုေနာက္ပိုင္း ကမာၻႀကီးက ပိုၿပီးပူေႏြးလာတယ္။ ရာသီဥတုေတြက ေဖာက္လြဲေဖာက္ျပန္ျဖစ္လာတယ္။ ပုံမွန္မျဖစ္တဲ့အတြက္ ပိုၿပီးရင္ဆိုင္ရတယ္''လို႔ ေဒၚရီရီၿငိမ္းက မိုးႀကိဳးေဘး ေၾကာင့္ လူေသဆုံးရတာေတြ ျမင့္တက္လာတဲ့အေပၚ ေျပာျပပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52953288
တစ်နှစ်ကို ရာနဲ့ချီသေဆုံးသူရှိလာပြီး သတိပြုရတော့မယ့် မိုးကြိုးဘေးအန္တရာယ် တစ်နှစ်ကို ရာနဲ့ချီသေဆုံးသူရှိလာပြီး သတိပြုရတော့မယ့် မိုးကြိုးဘေးအန္တရာယ် Reviewed by THITHTOOLWIN on 05:10 Rating: 5
Powered by Blogger.