ရန်ကုန်တိုင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးသစ်အဖြစ် ဦးရဲမင်းဦး ကို အမည်စာရင်းတင်


(Unicode)⤵⤵⤵
 လစ်လပ်နေတဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးနေရာအတွက် နေပြည်တော် ဒုတိယမြို့တော်ဝန်ဖြစ်တဲ့ ဦးရဲမင်းဦး ကို ခန့်အပ်ဖို့ တိုင်းအစိုးရက ဒီနေ့ အမည်စာရင်း တင်လိုက်ပါတယ်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လွှတ်တော်ဥက္ကဌဆီ ဇွန်လ ၁ ရက်နေ့က ပေးပို့ခဲ့တာကို ဒီကနေ့ ဇွန် ၂ရက်နေ့မှာကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေးမှာ လွှတ်တော်ဥက္ကဋ္ဌက ပြန်လည်ကြေညာခဲ့တာပါ။

ကန့်ကွက်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရှိရင် သက်သေအထောက်အထားနဲ့ ပူးတွဲတင်ပြပြီး ဒီနေ့ လွှတ်တော်ရပ်နားချိန်မှာ လွှတ်တော်ဒုတိယညွန်ကြားမှူးကို ဆက်သွယ် အမည်စာရင်း တင်သွင်းရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း ကွယ်လွန်ခဲ့တာကြောင့် အဲဒီနေရာအတွက်  နေပြည်တော် ဒုမြို့တော်ဝန် ဦးရဲမင်းဦးကို တာဝန်ထမ်းဆောင်ဖို့ တိုင်းအစိုးရက ဆောင်ရွက်လာတာဖြစ်ပါတယ်။

ဦးရဲမင်းဦးဟာ ၂၀၁၃ ခုနှစ်လောက်က စတင်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ NLD ရဲ့ စီးပွားရေးကော်မတီဝင်နဲ့ ပြန်ကြားရေး ကော်မတီတို့မှာ ပါဝင်ခဲ့သူဖြစ်သလို စီးပွားရေး၊ ငွေကြေးနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာကဏ္ဍတွေမှာ ကျွမ်းကျင်သူတစ်ဦးလည်းဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ နေပြည်တော် စည်ပင်ဘဏ်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဇွန်လ ၂၅ ရက်မှာ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန်အဖြစ် နိုင်ငံတော်သမ္မတရုံးရဲ့ ခန့်အပ်ခြင်းခံရသူပါ။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာ့စီးပွားရေးအပေါ် သက်ရောက်မှုတွေ ကုစားရေး လုပ်ငန်းကော်မတီရဲ့ လုပ်ငန်းအဖွဲ့  Task Force မှာလည်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်နေသူ ဖြစ်ပါတယ်။

RFA Burmese
----------------------------------------
(Zawgyi)⤵⤵⤵
ရန္ကုန္တိုင္း စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီးသစ္အျဖစ္ ဦးရဲမင္းဦး ကို အမည္စာရင္းတင္

 လစ္လပ္ေနတဲ့ ရန္ကုန္တိုင္းအစိုးရအဖြဲ႕ရဲ႕ စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီးေနရာအတြက္ ေနျပည္ေတာ္ ဒုတိယၿမိဳ႕ေတာ္ဝန္ျဖစ္တဲ့ ဦးရဲမင္းဦး ကို ခန႔္အပ္ဖို႔ တိုင္းအစိုးရက ဒီေန႔ အမည္စာရင္း တင္လိုက္ပါတယ္။

ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက လႊတ္ေတာ္ဥကၠဌဆီ ဇြန္လ ၁ ရက္ေန႔က ေပးပို႔ခဲ့တာကို ဒီကေန႔ ဇြန္ ၂ရက္ေန႔မွာက်င္းပတဲ့ ဒုတိယအႀကိမ္ ရန္ကုန္တိုင္းလႊတ္ေတာ္ အေရးေပၚအစည္းအေဝးမွာ လႊတ္ေတာ္ဥကၠ႒က ျပန္လည္ေၾကညာခဲ့တာပါ။

ကန႔္ကြက္လိုတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရွိရင္ သက္ေသအေထာက္အထားနဲ႔ ပူးတြဲတင္ျပၿပီး ဒီေန႔ လႊတ္ေတာ္ရပ္နားခ်ိန္မွာ လႊတ္ေတာ္ဒုတိယၫြန္ၾကားမႉးကို ဆက္သြယ္ အမည္စာရင္း တင္သြင္းရမွာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလအတြင္း စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး ဦးျမင့္ေသာင္း ကြယ္လြန္ခဲ့တာေၾကာင့္ အဲဒီေနရာအတြက္  ေနျပည္ေတာ္ ဒုၿမိဳ႕ေတာ္ဝန္ ဦးရဲမင္းဦးကို တာဝန္ထမ္းေဆာင္ဖို႔ တိုင္းအစိုးရက ေဆာင္႐ြက္လာတာျဖစ္ပါတယ္။

ဦးရဲမင္းဦးဟာ ၂၀၁၃ ခုႏွစ္ေလာက္က စတင္ၿပီး အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီ NLD ရဲ႕ စီးပြားေရးေကာ္မတီဝင္နဲ႔ ျပန္ၾကားေရး ေကာ္မတီတို႔မွာ ပါဝင္ခဲ့သူျဖစ္သလို စီးပြားေရး၊ ေငြေၾကးနဲ႔ ဘဏ္လုပ္ငန္းဆိုင္ရာက႑ေတြမွာ ကြၽမ္းက်င္သူတစ္ဦးလည္းျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္ ဇန္နဝါရီလမွာ ေနျပည္ေတာ္ စည္ပင္ဘဏ္ဥကၠ႒အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး ဇြန္လ ၂၅ ရက္မွာ ေနျပည္ေတာ္ စည္ပင္သာယာေရးေကာ္မတီ ဒုတိယဥကၠ႒၊ ဒုတိယၿမိဳ႕ေတာ္ဝန္အျဖစ္ ႏိုင္ငံေတာ္သမၼတ႐ုံးရဲ႕ ခန႔္အပ္ျခင္းခံရသူပါ။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျမန္မာ့စီးပြားေရးအေပၚ သက္ေရာက္မႈေတြ ကုစားေရး လုပ္ငန္းေကာ္မတီရဲ႕ လုပ္ငန္းအဖြဲ႕  Task Force မွာလည္း ဥကၠ႒ အျဖစ္ တာဝန္ယူေဆာင္႐ြက္ေနသူ ျဖစ္ပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
ရန်ကုန်တိုင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးသစ်အဖြစ် ဦးရဲမင်းဦး ကို အမည်စာရင်းတင် ရန်ကုန်တိုင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးသစ်အဖြစ် ဦးရဲမင်းဦး ကို အမည်စာရင်းတင် Reviewed by THITHTOOLWIN on 20:50 Rating: 5
Powered by Blogger.