လူမျိုးရေးခွဲခြားခေါ်ဝေါ်တာ ကန့်ကွက်တဲ့ လူမှုကွန်ရက်လှုပ်ရှားမှု


(Unicode)⤵⤵⤵
ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး မြန်မာနိုင်ငံက အိန္ဒိယနွယ်ဖွား လူငယ်တစ်စုဟာ (Don’t call me Kalar) ဆိုတဲ့ လှုပ်ရှားမှုတစ်ခုကို လူမှုကွန်ရက်ပေါ်မှာ စတင်ခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့  လူမျိုးရေး ခွဲခြားမှုဆန့်ကျင်တဲ့  (Black Lives Matters) လှုပ်ရှားမှုကို နမူနာယူပြီး  မိမိတို့ကို "ကုလား" လို့ ရည်ညွှန်း ခေါ်ဝေါ်နေကြတာကို မကြိုက်ကြောင်း ဒီလှုပ်ရှားမှုကနေ အများသိအောင် ပြသဖို့ ရည်ရွယ်တာလို့ ဒီလူငယ်တွေက ပြောပါတယ်။

မကြာသေးခင်ကမှ မြန်မာနိုင်ငံက လူငယ်အချို့ဟာ ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ သူတို့ရဲ့  Profile Picture တွေ နေရာမှာ Don’t call me Kalar, Don’t call me Kalarma နဲ့ I Don’t call someone Kalar or Kalarma စတဲ့ စာတန်းပါ ဓါတ်ပုံတွေ တင်ပြီး ဒီလှုပ်ရှားမှုကို စတင်ခဲ့တဲ့နောက် သူတို့ကို ထောက်ခံသူအချို့ကလည်း အလားတူ လိုက်လုပ်ပြီး အားပေးထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုကို စတင်ခဲ့တဲ့ လူငယ်တစ်ဦးဖြစ်တဲ့ ရန်ကုန်မြို့က ကိုဇေလင်းမွန်က ခုလို မြန်မာနိုင်ငံမှာ အိန္ဒိယ နွယ်ဖွားတွေကို ‘ကုလား’ လို့ခေါ်ဝေါ်ပြောဆိုနေကြတာဟာ  တစ်ဖက်သားကို နှိမ့်ချပြီး ဆက်ဆံလိုတဲ့ သဘောထားပါဝင်နေတဲ့အတွက် ဒီလိုခေါ်တာကို မကြိုက်ကြောင်း ပြသဖို့ အခုလို စလုပ်ခဲ့တာလို့ ပြောပါတယ်။

ဒီလှုပ်ရှားမှုကို စတင်လုပ်ဆောင်ခဲ့တဲ့ အခြား လူငယ်တစ်ဦဖြစ်တဲ့ မက ဒီလှုပ်ရှားမှုနဲ့ ပက်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ အားပေးထောက်ခံသူတွေ ရှိနေပေမယ့်၊ ကာယကံရှင်တွေ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ဒီဝေါဟာရကို ဆက်ခေါ်မယ်လို့ တုံ့ပြန်သူတွေက အများစုဖြစ်နေတယ်လို့ ပြောပြပါတယ်။

ဒီ ကုလားဆိုတဲ့ အခေါ်အဝေါ်နဲ့ ပတ်သက်ပြီး မတူကွဲပြားတဲ့ အယူအဆတွေ ရှိနေပေမယ့် ခုလို လှုပ်ရှားမှုတစ်ခုလုပ်ပြီး ထုတ်ပြောလာကြကြောင့် လူထုကြားမှာ ဆွေးနွေးငြင်းခုန်မှုတွေ ဖြစ်လာပြီး၊ အပြုသဘောဆောင်တဲ့ ရလဒ်မျိုး ထွက်လာနိုင်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ ကိုနစ်ကီ ဒိုင်းမွန်းက ပြောပါတယ်။

ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ မိမိကို မကြိုက်တဲ့ နာမည်နဲ့ ခေါ်ဝေါ်သုံးနှုန်းတာကို မကြိုက်ကြောင်း ထုတ်ပြောလာရင် ထပ်မခေါ်ဖို့ တာဝန်ရှိတယ်လို့လည်း ကိုဇေလင်းမွန်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ တောင်အာရှဒေသက လာသူတွေကို လူမျိုးမရွေး ဘာသာမရွေး ကုလားလို့ ခေါ်ဝေါ်သုံးနှုန်းလာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီး၊ မြန်မာစာ၊ မြန်မာစကားနဲ့ မြန်မာ့ ယဉ်ကျေးမှုမှာ အမြစ်တွယ်နေတဲ့ ဝေါဟာရတစ်ခုဖြစ်ပေမယ့် ဒီအသုံးအနှုန်းဟာ အိန္ဒိယနွယ်ဖွားတွေအပေါ် မလိုမုန်းတီးမှုတွေ ဖြစ်ပေါ်စေတဲ့အတွက် အခုလို ရှောင်ကြဉ်သင့်တာဖြစ်တယ်လို့ လှုပ်ရှားမှုကို လုပ်နေတဲ့ လူငယ်တွေက ပြောပါတယ်။

ရဲခေါင်မြင့်မောင် / RFA Burmese
------------------------------------------

(Zawgyi)⤵⤵⤵
လူမ်ိဳးေရးခြဲျခားေခၚေဝၚတာ ကန႔္ကြက္တဲ့ လူမႈကြန္ရက္လႈပ္ရွားမႈ

ၿပီးခဲ့တဲ့ သီတင္းပတ္ကစၿပီး ျမန္မာႏိုင္ငံက အိႏၵိယႏြယ္ဖြား လူငယ္တစ္စုဟာ (Don’t call me Kalar) ဆိုတဲ့ လႈပ္ရွားမႈတစ္ခုကို လူမႈကြန္ရက္ေပၚမွာ စတင္ခဲ့ၾကပါတယ္။

အေမရိကန္ႏိုင္ငံမွာ လက္ရွိျဖစ္ေပၚေနတဲ့  လူမ်ိဳးေရး ခြဲျခားမႈဆန႔္က်င္တဲ့  (Black Lives Matters) လႈပ္ရွားမႈကို နမူနာယူၿပီး  မိမိတို႔ကို "ကုလား" လို႔ ရည္ၫႊန္း ေခၚေဝၚေနၾကတာကို မႀကိဳက္ေၾကာင္း ဒီလႈပ္ရွားမႈကေန အမ်ားသိေအာင္ ျပသဖို႔ ရည္႐ြယ္တာလို႔ ဒီလူငယ္ေတြက ေျပာပါတယ္။

မၾကာေသးခင္ကမွ ျမန္မာႏိုင္ငံက လူငယ္အခ်ိဳ႕ဟာ ေဖ့စ္ဘြတ္လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ သူတို႔ရဲ႕  Profile Picture ေတြ ေနရာမွာ Don’t call me Kalar, Don’t call me Kalarma နဲ႔ I Don’t call someone Kalar or Kalarma စတဲ့ စာတန္းပါ ဓါတ္ပုံေတြ တင္ၿပီး ဒီလႈပ္ရွားမႈကို စတင္ခဲ့တဲ့ေနာက္ သူတို႔ကို ေထာက္ခံသူအခ်ိဳ႕ကလည္း အလားတူ လိုက္လုပ္ၿပီး အားေပးေထာက္ခံေၾကာင္း ျပသခဲ့ၾကပါတယ္။

ဒီလႈပ္ရွားမႈကို စတင္ခဲ့တဲ့ လူငယ္တစ္ဦးျဖစ္တဲ့ ရန္ကုန္ၿမိဳ႕က ကိုေဇလင္းမြန္က ခုလို ျမန္မာႏိုင္ငံမွာ အိႏၵိယ ႏြယ္ဖြားေတြကို ‘ကုလား’ လို႔ေခၚေဝၚေျပာဆိုေနၾကတာဟာ  တစ္ဖက္သားကို ႏွိမ့္ခ်ၿပီး ဆက္ဆံလိုတဲ့ သေဘာထားပါ၀င္ေနတဲ့အတြက္ ဒီလိုေခၚတာကို မႀကိဳက္ေၾကာင္း ျပသဖို႔ အခုလို စလုပ္ခဲ့တာလို႔ ေျပာပါတယ္။

ဒီလႈပ္ရွားမႈကို စတင္လုပ္ေဆာင္ခဲ့တဲ့ အျခား လူငယ္တစ္ဦျဖစ္တဲ့ မက ဒီလႈပ္ရွားမႈနဲ႔ ပက္သက္ၿပီး လူမႈကြန္ရက္ေပၚမွာ အားေပးေထာက္ခံသူေတြ ရွိေနေပမယ့္၊ ကာယကံရွင္ေတြ ႀကိဳက္ႀကိဳက္၊ မႀကိဳက္ႀကိဳက္ ဒီေဝါဟာရကို ဆက္ေခၚမယ္လို႔ တုံ႔ျပန္သူေတြက အမ်ားစုျဖစ္ေနတယ္လို႔ ေျပာျပပါတယ္။

ဒီ ကုလားဆိုတဲ့ အေခၚအေဝၚနဲ႔ ပတ္သက္ၿပီး မတူကြဲျပားတဲ့ အယူအဆေတြ ရွိေနေပမယ့္ ခုလို လႈပ္ရွားမႈတစ္ခုလုပ္ၿပီး ထုတ္ေျပာလာၾကေၾကာင့္ လူထုၾကားမွာ ေဆြးေႏြးျငင္းခုန္မႈေတြ ျဖစ္လာၿပီး၊ အျပဳသေဘာေဆာင္တဲ့ ရလဒ္မ်ိဳး ထြက္လာႏိုင္တယ္လို႔ လူ႔အခြင့္အေရးလႈပ္ရွားသူ ကိုနစ္ကီ ဒိုင္းမြန္းက ေျပာပါတယ္။

ယဥ္ေက်းတဲ့ လူ႔အဖြဲ႕အစည္းမွာ မိမိကို မႀကိဳက္တဲ့ နာမည္နဲ႔ ေခၚေဝၚသုံးႏႈန္းတာကို မႀကိဳက္ေၾကာင္း ထုတ္ေျပာလာရင္ ထပ္မေခၚဖို႔ တာဝန္ရွိတယ္လို႔လည္း ကိုေဇလင္းမြန္က ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ေတာင္အာရွေဒသက လာသူေတြကို လူမ်ိဳးမေ႐ြး ဘာသာမေ႐ြး ကုလားလို႔ ေခၚေဝၚသုံးႏႈန္းလာတာ ႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့ၿပီး၊ ျမန္မာစာ၊ ျမန္မာစကားနဲ႔ ျမန္မာ့ ယဥ္ေက်းမႈမွာ အျမစ္တြယ္ေနတဲ့ ေဝါဟာရတစ္ခုျဖစ္ေပမယ့္ ဒီအသုံးအႏႈန္းဟာ အိႏၵိယႏြယ္ဖြားေတြအေပၚ မလိုမုန္းတီးမႈေတြ ျဖစ္ေပၚေစတဲ့အတြက္ အခုလို ေရွာင္ၾကဥ္သင့္တာျဖစ္တယ္လို႔ လႈပ္ရွားမႈကို လုပ္ေနတဲ့ လူငယ္ေတြက ေျပာပါတယ္။

ရဲေခါင္ျမင့္ေမာင္ / RFA Burmese
https://www.rfa.org/burmese/news/dont-call-me-kalar-campaign-06122020124502.html
လူမျိုးရေးခွဲခြားခေါ်ဝေါ်တာ ကန့်ကွက်တဲ့ လူမှုကွန်ရက်လှုပ်ရှားမှု လူမျိုးရေးခွဲခြားခေါ်ဝေါ်တာ ကန့်ကွက်တဲ့ လူမှုကွန်ရက်လှုပ်ရှားမှု Reviewed by THITHTOOLWIN on 05:03 Rating: 5
Powered by Blogger.