မလေးရှား ကမ်းလွန် ငါးဖမ်းလုပ်ကွက်တခုက မြန်မာ ၁၇ ဦး ဖမ်းဆီးခံရ

မေလ ၁၁ ရက်က မလေးရှားနိုင်ငံမှာ တရားမဝင်နိုင်ငံခြားသားတွေကို ဖမ်းဆီးနေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - U Thiha Maung Maung)
(Unicode)⤵⤵⤵
မလေးရှား ရေကြောင်းဥပဒေစိုးမိုးရေး အေဂျင်စီ (MMEA) က “ပင်လယ်ရေနက် ငါးဖမ်းပိုက်ချ လုပ်ငန်းခွင်” တခုမှာ မြန်မာ ၁၇ ယောက်ကို ဇွန်လ ၂၅ ရက်နေ့က တွေ့ရှိပြီး ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ မလေးရှားနိုင်ငံ ရေကြောင်းဥပဒေစိုးမိုးရေး အေဂျင်စီရဲ့ ညွှန်ကြားရေးမှူး Hamizan Harun ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး မလေးရှားသတင်းတွေမှာ ဖော်ပြပါတယ်။

အခုလို ဖမ်းဆီးမှုကို Ops Benteng Laut (ပင်လယ်ခံတပ်စစ်ဆင်ရေး) လို့ခေါ်တဲ့ စစ်ဆင်ရေးအရ လုပ်ဆောင်တာဖြစ်ပြီး ပီနန်ပြည်နယ် Batu Maung အရပ်ရဲ့ အရှေ့တောင်ဘက် ရေမိုင် ဝ.၂ မိုင်အကွာက လုပ်ငန်းခွင်ကို ဝင်ရောက်စီးနင်း ဖမ်းဆီးတာလည်း ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲက ၃ ယောက်က ၂၀၁၈ ခုနှစ်မှာ သက်တမ်းကုန်ဆုံးနေတဲ့ အလုပ်လုပ်ခွင့်ပါမစ် ကိုင်ဆောင်ထားပြီး ကျန်တဲ့ ၁၄ ဦးကတော့ တရားဝင် အထောက်အထား စာရွက်စာတမ်းတွေ မရှိဘူးလို့ MMEA ဒါရိုက်တာ Hamizan Harun က ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းထားသူတွေကို လောလောဆယ် MMEA ဌာနချုပ်မှာ ထားရှိပြီး နောက်ထပ် အရေးယူဆောင်ရွက်မှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း သူက ပြောပါတယ်။

ဒီအမှုထဲ ပါဝင်သူတွေကို တရားမဝင် နေထိုင်မှုဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အရေးယူသွားမှာဖြစ်သလို တရားမဝင် ရွှေ့ပြောင်းလာသူတွေကို လက်ခံထားမှု၊ ခွင့်ပြုချက် ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်မှု စတဲ့ ဥပဒေတွေနဲ့ အရေးယူသွားမယ်လို့လည်း မလေးရှားသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
--------------------------------
(Zawgyi)⤵⤵⤵
မေလးရွား ကမ္းလြန္ ငါးဖမ္းလုပ္ကြက္တခုက ျမန္မာ ၁၇ ဦး ဖမ္းဆီးခံရ

မေလးရွား ေရေၾကာင္းဥပေဒစိုးမိုးေရး ေအဂ်င္စီ (MMEA) က “ပင္လယ္ေရနက္ ငါးဖမ္းပိုက္ခ် လုပ္ငန္းခြင္” တခုမွာ ျမန္မာ ၁၇ ေယာက္ကို ဇြန္လ ၂၅ ရက္ေန႔က ေတြ႕ရွိၿပီး ဖမ္းဆီးထိန္းသိမ္းထားတယ္လို႔ မေလးရွားႏိုင္ငံ ေရေၾကာင္းဥပေဒစိုးမိုးေရး ေအဂ်င္စီရဲ႕ ၫႊန္ၾကားေရးမႉး Hamizan Harun ရဲ႕ ေျပာဆိုခ်က္ကို ကိုးကားၿပီး မေလးရွားသတင္းေတြမွာ ေဖာ္ျပပါတယ္။

အခုလို ဖမ္းဆီးမႈကို Ops Benteng Laut (ပင္လယ္ခံတပ္စစ္ဆင္ေရး) လို႔ေခၚတဲ့ စစ္ဆင္ေရးအရ လုပ္ေဆာင္တာျဖစ္ၿပီး ပီနန္ျပည္နယ္ Batu Maung အရပ္ရဲ႕ အေရွ႕ေတာင္ဘက္ ေရမိုင္ ၀.၂ မိုင္အကြာက လုပ္ငန္းခြင္ကို ဝင္ေရာက္စီးနင္း ဖမ္းဆီးတာလည္း ျဖစ္ပါတယ္။

ဖမ္းဆီးခံရသူေတြထဲက ၃ ေယာက္က ၂၀၁၈ ခုႏွစ္မွာ သက္တမ္းကုန္ဆုံးေနတဲ့ အလုပ္လုပ္ခြင့္ပါမစ္ ကိုင္ေဆာင္ထားၿပီး က်န္တဲ့ ၁၄ ဦးကေတာ့ တရားဝင္ အေထာက္အထား စာ႐ြက္စာတမ္းေတြ မရွိဘူးလို႔ MMEA ဒါ႐ိုက္တာ Hamizan Harun က ေျပာပါတယ္။

ဖမ္းဆီးထိန္းသိမ္းထားသူေတြကို ေလာေလာဆယ္ MMEA ဌာနခ်ဳပ္မွာ ထားရွိၿပီး ေနာက္ထပ္ အေရးယူေဆာင္႐ြက္မႈေတြ ဆက္လက္ လုပ္ေဆာင္သြားမယ္လို႔လည္း သူက ေျပာပါတယ္။

ဒီအမႈထဲ ပါဝင္သူေတြကို တရားမဝင္ ေနထိုင္မႈဆိုင္ရာ လူဝင္မႈႀကီးၾကပ္ေရးဥပေဒနဲ႔ အေရးယူသြားမွာျဖစ္သလို တရားမဝင္ ေ႐ႊ႕ေျပာင္းလာသူေတြကို လက္ခံထားမႈ၊ ခြင့္ျပဳခ်က္ ပါမစ္မရွိဘဲ အလုပ္လုပ္ကိုင္မႈ စတဲ့ ဥပေဒေတြနဲ႔ အေရးယူသြားမယ္လို႔လည္း မေလးရွားသတင္းေတြမွာ ေဖာ္ျပထားပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/myanmar-workers-arrested-in-malaysia/5480435.html
မလေးရှား ကမ်းလွန် ငါးဖမ်းလုပ်ကွက်တခုက မြန်မာ ၁၇ ဦး ဖမ်းဆီးခံရ မလေးရှား ကမ်းလွန် ငါးဖမ်းလုပ်ကွက်တခုက မြန်မာ ၁၇ ဦး ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 11:28 Rating: 5
Powered by Blogger.