ကျောက်တော်နဲ့ မင်းပြားဘက် ကျေးရွာတွေက ဒေသခံအများအပြား နေရပ်စွန့်ထွက်ပြေးနေ


(Unicode)⤵⤵⤵
ရခိုင်မြောက်ပိုင်းက ကျောက်တော်မြို့နယ်နဲ့ မင်းပြားမြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း ဒေသခံတွေ ထောင်နဲ့ချီ ထွက်ပြေးနေကြရတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြပေးပါမယ်။

ရခိုင်မြောက်ပိုင်းက ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာအတွင်းမှာ မနေ့က ပစ်ခတ်မှုတွေရှိခဲ့ပြီး ဒီကနေ့ မနက်ပိုင်းက တပ်မတော်သားတွေ ကျေးရွာအတွင်း ဝင်ရောက်လာတာကြောင့် ဒေသခံတွေ ကြောက်လန့်ပြီး ထွက်ပြေးနေကြရတယ်လို့ အပေါက်ဝ ဒေသခံတစ်ဦးက ပြောပါတယ်။

"ရွာသားတွေကတော့ မနေ့ကကတည်းက ထွက်ပြေးနေကြတာ တစစ ထွက်ပြေးနေကြတာ။ သူတို့က စိုးရိမ်ကြောင်းကြပြီးတော့ တပ်မတော် navy ကလည်း နေ့ဘက်လည်း ပစ်တယ်။ ညဘက်လည်း ပစ်နေတာဆိုတော့ ရွာသားတွေက စိုးရိမ်ပြီးတော့ ထွက်ပြေးသွားကြတာ။ ရွာအခြအနေကလည်း ဈေးတွေလည်း ပိတ်ထားရတယ်။ လူသွားလူလာလည်း မရှိဘူး လက်လုပ်လက်စားတွေ ဒုက္ခရောက်နေကြတယ်။ လက်ရှိ တပ်မတော်သားတွေက ရွာရဲ့ ရဲစခန်းမှာ အခြေချပြီးတော့ နေတယ်။ ရွာသားတွေရဲ့ နေအိမ်တွေမှာ ထင်းချက်စားပြီးတော့ နေနေကြတယ်။"

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အပေါက်ဝကျေးရွာကို စစ်တပ်ကအဝင် ခြောက်လှန့်ပစ်ခတ်တာကြောင့် ဒေသခံတစ်ဦး အသေးစား ဒဏ်ရာရရှိပြီး လူငယ်နှစ်ဦးကိုတော့ တပ်မတော်ဘက်က ဖမ်းဆီးသွားတယ်လို့ အမည်မဖော်လိုတဲ့ အပေါက်ဝဒေသခံ တစ်ဦးက ပြောပါတယ်။

"နှစ်ယာက် အပေါက်ဝသား တစ်ယောက်၊ သဲချောင်းဝသား တစ်ယောက် တပ်မတော်စစ်ကြောင်းနဲ့ ထိပ်တိုက် တွေ့ပြီး သူတို့ကို ခေါ်သွားတာ။ လူငယ်ပိုင်းပါခင်ဗျာ။ အသက် ၃၀ ကျော်လောက်ရှိမယ်ထင်တယ်။"

ဒေသခံတွေရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သတ်ပြီးတော့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ပြောခွင့်ရ ဗိုလ်ချုပ်ထွန်းထွန်းညီက အခုလိုပြောပါတယ်။

"ကျနော်ပြောချင်တာကတော့ ဒီသတင်းတွေက လောလဟာလတွေ ဖြစ်ဖို့ များပါတယ်။ သတင်းတွေကို စိစစ်ဖို့အရေးကြီးပါတယ်။ ကျနော်တို့တပ်တွေရဲ့ move တွေနဲ့ ပတ်သတ်ပြီးတော့ကျနော်တို့က မပြောပါဘူး ခင်ဗျာ။"

ဒါ့အပြင် မင်းပြားမြို့နယ်ဘက်တွေမှာလည်း ပစ်ခတ်မှုတွေနဲ့ ဒေသခံတွေကို စစ်ဆေးမေးမြန်းတာတွေ ရှိတာကြောင့် ကျောက်ခုပ်ကျေးရွာနဲ့ သစ်ပုတ်တောင် ကျေးရွာက ဒေသခံ ၁,၀၀၀ ကျော်လောက် နီးစပ်ရာကို ထွက်ပြေးသွားကြတယ်လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။

"ဒီလ ကိုးရက်နေ့က ကျောက်ခုပ်နဲ့ သစ်ပုတ်တောင်ကြားမှာ မိုင်းပေါက်ကွဲပြီးတော့ ဒေသခံတွေက တိုက်ပွဲဖြစ်ပြီ ဆိုပြီးတော့ ကြောက်လန့်ပြီးတော့ အနီးအနားကျေးရွာတွေကို ထွက်ပြေးကြတာရှိတယ်။ မြေပုံဘက်ကို ထွက်ပြေးကြတာ ရှိတယ်။ မင်းပြားမြို့ပေါ်ကို ထွက်ပြေးလာတာရှိတယ်။ နီးစပ်ရာဆွေမျိုး မိသားစုတွေဆီမှာ သွားရောက်ခိုလှုံနေကြရတာပေါ့။"

မနေ့ကလည်း ပုဏ္ဏားကျွန်းမြို့ပေါ်မှာ တပ်မတော်သား တစ်ဦးကို ဓားနဲ့ ထိုးပြီး တစ်ဦးကို အမည်မသိလူ တစ်စုက ဖမ်းဆီးသွားပြီး နောက်ပိုင်းမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ဒေသခံတွေ သေဆုံးတာတွေ ရှိခဲ့ပါတယ်။ သေဆုံးသွားသူကို တပ်မတော်ဘက်က ပစ်ခတ်လိုက်တာဖြစ်ပြီး တပ်မတော်ဘက်ကတော့ သေဆုံးသွားသူရဲ့ လက်မှာ လက်လုပ်မိုင်းနဲ့ ဓားတစ်လက်ပါရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီနေ့မနက်ပိုင်းမှာလည်း မနက်က ဖြစ်စဉ်ကြောင့် ပုဏ္ဏားကျွန်းမြို့တစ်ခုလုံး လူသွားလူလာကင်းမဲ့နေပြီး မြို့ပေါ်က ဈေးဆိုင်ခန်းတွေလည်း ဖောက်ထွင်းခံထားရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

သက်နိုင်  / ဗွီအိုအေ (မြန်မာပိုင်း)
-------------------------------------
(Zawgyi)⤵⤵⤵
ေက်ာက္ေတာ္နဲ႔ မင္းျပားဘက္ ေက်း႐ြာေတြက ေဒသခံအမ်ားအျပား ေနရပ္စြန႔္ထြက္ေျပးေန

ရခိုင္ေျမာက္ပိုင္းက ေက်ာက္ေတာ္ၿမိဳ႕နယ္နဲ႔ မင္းျပားၿမိဳ႕နယ္ေတြမွာ ဒီရက္ပိုင္းအတြင္း ေဒသခံေတြ ေထာင္နဲ႔ခ်ီ ထြက္ေျပးေနၾကရတဲ့ အေျခအေနကို ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က ေျပာျပေပးပါမယ္။

ရခိုင္ေျမာက္ပိုင္းက ေက်ာက္ေတာ္ၿမိဳ႕နယ္ အေပါက္ဝေက်း႐ြာအတြင္းမွာ မေန႔က ပစ္ခတ္မႈေတြရွိခဲ့ၿပီး ဒီကေန႔ မနက္ပိုင္းက တပ္မေတာ္သားေတြ ေက်း႐ြာအတြင္း ဝင္ေရာက္လာတာေၾကာင့္ ေဒသခံေတြ ေၾကာက္လန႔္ၿပီး ထြက္ေျပးေနၾကရတယ္လို႔ အေပါက္ဝ ေဒသခံတစ္ဦးက ေျပာပါတယ္။

"႐ြာသားေတြကေတာ့ မေန႔ကကတည္းက ထြက္ေျပးေနၾကတာ တစစ ထြက္ေျပးေနၾကတာ။ သူတို႔က စိုးရိမ္ေၾကာင္းၾကၿပီးေတာ့ တပ္မေတာ္ navy ကလည္း ေန႔ဘက္လည္း ပစ္တယ္။ ညဘက္လည္း ပစ္ေနတာဆိုေတာ့ ႐ြာသားေတြက စိုးရိမ္ၿပီးေတာ့ ထြက္ေျပးသြားၾကတာ။ ႐ြာအျခအေနကလည္း ေစ်းေတြလည္း ပိတ္ထားရတယ္။ လူသြားလူလာလည္း မရွိဘူး လက္လုပ္လက္စားေတြ ဒုကၡေရာက္ေနၾကတယ္။ လက္ရွိ တပ္မေတာ္သားေတြက ႐ြာရဲ႕ ရဲစခန္းမွာ အေျခခ်ၿပီးေတာ့ ေနတယ္။ ႐ြာသားေတြရဲ႕ ေနအိမ္ေတြမွာ ထင္းခ်က္စားၿပီးေတာ့ ေနေနၾကတယ္။"

ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း အေပါက္ဝေက်း႐ြာကို စစ္တပ္ကအဝင္ ေျခာက္လွန႔္ပစ္ခတ္တာေၾကာင့္ ေဒသခံတစ္ဦး အေသးစား ဒဏ္ရာရရွိၿပီး လူငယ္ႏွစ္ဦးကိုေတာ့ တပ္မေတာ္ဘက္က ဖမ္းဆီးသြားတယ္လို႔ အမည္မေဖာ္လိုတဲ့ အေပါက္ဝေဒသခံ တစ္ဦးက ေျပာပါတယ္။

"ႏွစ္ယာက္ အေပါက္ဝသား တစ္ေယာက္၊ သဲေခ်ာင္းဝသား တစ္ေယာက္ တပ္မေတာ္စစ္ေၾကာင္းနဲ႔ ထိပ္တိုက္ ေတြ႕ၿပီး သူတို႔ကို ေခၚသြားတာ။ လူငယ္ပိုင္းပါခင္ဗ်ာ။ အသက္ ၃၀ ေက်ာ္ေလာက္ရွိမယ္ထင္တယ္။"

ေဒသခံေတြရဲ႕ ေျပာဆိုခ်က္ေတြနဲ႔ ပတ္သတ္ၿပီးေတာ့ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ထြန္းထြန္းညီက အခုလိုေျပာပါတယ္။

"က်ေနာ္ေျပာခ်င္တာကေတာ့ ဒီသတင္းေတြက ေလာလဟာလေတြ ျဖစ္ဖို႔ မ်ားပါတယ္။ သတင္းေတြကို စိစစ္ဖို႔အေရးႀကီးပါတယ္။ က်ေနာ္တို႔တပ္ေတြရဲ႕ move ေတြနဲ႔ ပတ္သတ္ၿပီးေတာ့က်ေနာ္တို႔က မေျပာပါဘူး ခင္ဗ်ာ။"

ဒါ့အျပင္ မင္းျပားၿမိဳ႕နယ္ဘက္ေတြမွာလည္း ပစ္ခတ္မႈေတြနဲ႔ ေဒသခံေတြကို စစ္ေဆးေမးျမန္းတာေတြ ရွိတာေၾကာင့္ ေက်ာက္ခုပ္ေက်း႐ြာနဲ႔ သစ္ပုတ္ေတာင္ ေက်း႐ြာက ေဒသခံ ၁,၀၀၀ ေက်ာ္ေလာက္ နီးစပ္ရာကို ထြက္ေျပးသြားၾကတယ္လို႔ မင္းျပားၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္းေအာင္က ေျပာပါတယ္။

"ဒီလ ကိုးရက္ေန႔က ေက်ာက္ခုပ္နဲ႔ သစ္ပုတ္ေတာင္ၾကားမွာ မိုင္းေပါက္ကြဲၿပီးေတာ့ ေဒသခံေတြက တိုက္ပြဲျဖစ္ၿပီ ဆိုၿပီးေတာ့ ေၾကာက္လန႔္ၿပီးေတာ့ အနီးအနားေက်း႐ြာေတြကို ထြက္ေျပးၾကတာရွိတယ္။ ေျမပုံဘက္ကို ထြက္ေျပးၾကတာ ရွိတယ္။ မင္းျပားၿမိဳ႕ေပၚကို ထြက္ေျပးလာတာရွိတယ္။ နီးစပ္ရာေဆြမ်ိဳး မိသားစုေတြဆီမွာ သြားေရာက္ခိုလႈံေနၾကရတာေပါ့။"

မေန႔ကလည္း ပုဏၰားကြၽန္းၿမိဳ႕ေပၚမွာ တပ္မေတာ္သား တစ္ဦးကို ဓားနဲ႔ ထိုးၿပီး တစ္ဦးကို အမည္မသိလူ တစ္စုက ဖမ္းဆီးသြားၿပီး ေနာက္ပိုင္းမွာ ပစ္ခတ္မႈေတြ ျဖစ္ပြားခဲ့ၿပီး ေဒသခံေတြ ေသဆုံးတာေတြ ရွိခဲ့ပါတယ္။ ေသဆုံးသြားသူကို တပ္မေတာ္ဘက္က ပစ္ခတ္လိုက္တာျဖစ္ၿပီး တပ္မေတာ္ဘက္ကေတာ့ ေသဆုံးသြားသူရဲ႕ လက္မွာ လက္လုပ္မိုင္းနဲ႔ ဓားတစ္လက္ပါရွိတယ္လို႔ ထုတ္ျပန္ထားပါတယ္။

ဒီေန႔မနက္ပိုင္းမွာလည္း မနက္က ျဖစ္စဥ္ေၾကာင့္ ပုဏၰားကြၽန္းၿမိဳ႕တစ္ခုလုံး လူသြားလူလာကင္းမဲ့ေနၿပီး ၿမိဳ႕ေပၚက ေစ်းဆိုင္ခန္းေတြလည္း ေဖာက္ထြင္းခံထားရတယ္လို႔ ေဒသခံေတြက ေျပာဆိုၾကပါတယ္။

သက္ႏိုင္  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/Rakhine-conflict/5460073.html
ကျောက်တော်နဲ့ မင်းပြားဘက် ကျေးရွာတွေက ဒေသခံအများအပြား နေရပ်စွန့်ထွက်ပြေးနေ ကျောက်တော်နဲ့ မင်းပြားဘက် ကျေးရွာတွေက ဒေသခံအများအပြား နေရပ်စွန့်ထွက်ပြေးနေ Reviewed by THITHTOOLWIN on 22:49 Rating: 5
Powered by Blogger.