အပစ်ရပ်ကြေညာထားကြချိန် ရှမ်းမြောက်မှာ တိုက်ပွဲတွေဖြစ်

(Unicode)⤵⤵⤵
တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဖက်က အပစ်ရပ်သဘောထားတွေ ထုတ်ပြန်ထားပေမယ့် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နဲ့ နမ့်ခမ်းမြို့နယ်တွေမှာ တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တပ်တွေ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပါတယ်။

မူဆယ်မြို့နယ် နမ့်ဟွယ်ရွာမှာဆိုရင် TNLA နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာသားတချို့ ဖမ်းဆီးစစ်ဆေးခံနေရပါတယ်။

ကွတ်ခိုင်မြို့နယ် ရွှေမော်နဲ့ မုံးစီးဒေသဘက်တွေမှာ ဇွန်လ ၄ ရက်နေ့ မနေ့က ပစ်ခတ်သံတွေကြားရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မိုင်းယုလေးကျေးရွာနဲ့ လေးမိုင်အကွာ သုံပန်းရွာ လယ်ကွက်နားမှာ ဇွန်လ ၄ ရက်နေ့ မနေ့က ညနေပိုင်းလောက်မှာ တပ်မတော်စစ်ကြောင်း ဖြတ်သန်းချိန် မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။

အလုပ်သိမ်းပြန်လာတဲ့ ရွာသားတွေကို စစ်မေးဖို့ဆိုပြီး တပ်မတော်စစ်ကြောင်းက လုံကန်ရွာဘက်ကို ခေါ်သွားပြီး ညဆယ်နာရီကျော်မှ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ မိုင်းပေါက်ကွဲမှုကြောင့် လူထိခိုက်မှုရှိ နိုင်တယ်လို့ ဒေသခံက ပြောပါတယ်။

ဇွန်လ ၄ ရက်နေ့ ည ၆ နာရီလောက်မှာ ကွတ်ခိုင် မိုင်းယုလေးနဲ့ လုံကန်ကြားမှာ ခလရ ၂၄၁၊၂၄၂ တပ်တွေနဲ့ ဆယ်မိနစ်လောက် တိုက်ပွဲဖြစ်ခဲ့တယ်လို့ TNLA ဘက်က ပြောပါတယ်။

အဲဒီနေ့မနက်မှာပဲ ကွတ်ခိုင် ရွှေမော်ဘက်မှာ တပ်မတော် တပ်မ ၈၈ လက်အောက်ခံ ခလရ ၇၈ တပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့သလို နမ့်ခမ်းမြို့နယ်အတွင်း အောင်ပန်းနဲ့ မန်စန့်ရွာ နှစ်နေရာမှာလည်း တိုက်ပွဲဖြစ်ခဲ့တယ်လို့ TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။

ကွတ်ခိုင်မြို့နယ် မုံးစီးနယ်ထဲမှာလဲ တပ်မတော်နဲ့ ကိုးကန့်အဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ TNLA ကတော့ အဲဒီသတင်းတွေနဲ့ ပတ်သက်ပြီး မသိရသေးကြောင်း ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် တပ်မတော်က ရခိုင်ဒေသမှအပ ကျန်တဲ့နေရာတွေမှာ မေလ ၁၀ ရက်ကနေ သြဂုတ်လကုန်အထိ အပစ်ရပ်ထားမယ်လို့ ထုတ်ပြန်ထားပြီး မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကလည်း ဇွန်လကနေ သြဂုတ်လကုန်အထိ အပစ်ရပ်ထားမယ်လို့ ထုတ်ပြန်ထားတာပါ။ ဒီလိုထုတ်ပြန်ထားပေမယ့် မေလကုန်ကနေစပြီး ဇွန်လ ၄ ရက်နေ့အထိ နေ့စဉ် တိုက်ပွဲတွေရှိတယ်လို့ TNLA ဖက်ကပြောပါတယ်။

တပ်မတော်က မေလ ၂၆ ရက်နေ့ မှာ မူဆယ်မြို့နယ်အတွင်း စွမ်စော် ၁ လမ်းပေါက်ကွဲမှုနဲ့ စစ်ဆေးရာမှာ မြို့ပေါ်မှာ လက်နက်နဲ့ ကြိုးဆွဲဗုံးတွေမိခဲ့ပြီး ၁၀၅ မိုင်ကျေးရွာအုပ်စု အောက်နမ့်ဟွယ် ရွာကနေအိမ်တွေကို ဝင်ရောက်ရှာဖွေရာမှာ TNLA ဝတ်စုံနဲ့ လက်နက်အချို့ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

၁၀၅ မိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးနဲ့ အမျိုးသား ကိုးဦးကို ဖမ်းဆီးသွားခဲ့ပြီး အဲဒီထဲက ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးကိုတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။ လက်ရှိမှာ ဖမ်းဆီးထားသူတွေကို မူဆယ်မှာ စစ်မေးနေတယ်လို့ ဆိုပါတယ်။

အဲဒီနောက်ပိုင်းမှာ ကွတ်ခိုင်နဲ့ နမ့်ခမ်းဒေသမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတယ်တဲ့ အခြေအနေကို တွေ့ရပါတယ်။ မေလ ၂၉ ရက်နေ့က ကွတ်ခိုင် နမ့်ကွတ်ရွာနားမှာ တပ်မတော် ယာဉ်တန်းကို TNLA ဖက်က ပစ်ခတ်ခဲ့ပါတယ်။ ဒီလိုပစ်ခတ်မှုကြောင့် ဗိုလ်ကြီးအဆင့်တစ်ဦးနဲ့ တခြားအဆင့် နှစ်ဦး စုစုပေါင်းသုံးဦး ကျဆုံးပြီး ခြောက်ဦး ဒဏ်ရာရတယ်လို့ မြေပြင်မှာ သတင်းတွေ ထွက်နေပေမယ့် တပ်မတော်က ဒီကိစ္စနဲ့ ပတ်သက်ပြီး ထုတ်ပြန်တာတော့ မရှိပါဘူး။

တပ်မတော်ယာဉ်တန်း တိုက်ခိုက်ခံရမှုအပေါ်မှာ လက်တုံ့ပြန်မယ်လို့ တပ်မတော်ဖက်က သတင်းထုတ်ပြန်ထား ပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ကွတ်ခိုင်ဘက်မှာ TNLA နဲ့ MNDAA ပူးပေါင်းအဖွဲ့တွေနဲ့ရောရာ သုံးခုမှာ တိုက်ပွဲဖြစ်တာရှိတယ်လို့ ပြောပါတယ်။ အုပ်ချုပ်ရေးမှူးတွေ ဖမ်းဆီးစစ်ဆေးခံရတဲ့အ ခြေအနေကိုတော့ အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၉ ခုနှစ် တစ်နှစ်အတွင်း တပ်မတော်နဲ့ TNLA တိုက်ပွဲပေါင်း ၁၅၂ ကြိမ်ရှိခဲ့ပြီး ကိုးကန့်၊ အေအနဲ့ TNLA သုံးဖွဲ့ပေါင်းနဲ့ဖြစ်တဲ့ တိုက်ပွဲက ၅၆ ကြိမ်ရှိခဲ့ပြီး KIA၊ TNLA ပူးပေါင်းအဖွဲ့နဲ့ဖြစ်တဲ့ တိုက်ပွဲက ၁၁ ကြိမ်ရှိခဲ့တယ်လို့ တပ်မတော်ဖက်က သတင်းထုတ်ပြန်ထားပါတယ်။

ကံသာ / RFA Burmese
-------------------------------------

(Zawgyi)⤵⤵⤵
အပစ္ရပ္ေၾကညာထားၾကခ်ိန္ ရွမ္းေျမာက္မွာ တိုက္ပြဲေတြျဖစ္

တပ္မေတာ္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္ေတြဖက္က အပစ္ရပ္သေဘာထားေတြ ထုတ္ျပန္ထားေပမယ့္ ရွမ္းျပည္ေျမာက္ပိုင္း ကြတ္ခိုင္နဲ႔ နမ့္ခမ္းၿမိဳ႕နယ္ေတြမွာ တပ္မေတာ္နဲ႔ တအာင္းအမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္ TNLA တပ္ေတြ ေန႔စဥ္နီးပါး တိုက္ပြဲျဖစ္ေနပါတယ္။

မူဆယ္ၿမိဳ႕နယ္ နမ့္ဟြယ္႐ြာမွာဆိုရင္ TNLA နဲ႔ ဆက္စပ္တယ္ဆိုတဲ့ သံသယနဲ႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးနဲ႔ ႐ြာသားတခ်ိဳ႕ ဖမ္းဆီးစစ္ေဆးခံေနရပါတယ္။

ကြတ္ခိုင္ၿမိဳ႕နယ္ ေ႐ႊေမာ္နဲ႔ မုံးစီးေဒသဘက္ေတြမွာ ဇြန္လ ၄ ရက္ေန႔ မေန႔က ပစ္ခတ္သံေတြၾကားရတယ္လို႔ ေဒသခံေတြက RFA ကို ေျပာပါတယ္။

မိုင္းယုေလးေက်း႐ြာနဲ႔ ေလးမိုင္အကြာ သုံပန္း႐ြာ လယ္ကြက္နားမွာ ဇြန္လ ၄ ရက္ေန႔ မေန႔က ညေနပိုင္းေလာက္မွာ တပ္မေတာ္စစ္ေၾကာင္း ျဖတ္သန္းခ်ိန္ မိုင္းတစ္လုံး ေပါက္ကြဲခဲ့ပါတယ္။

အလုပ္သိမ္းျပန္လာတဲ့ ႐ြာသားေတြကို စစ္ေမးဖို႔ဆိုၿပီး တပ္မေတာ္စစ္ေၾကာင္းက လုံကန္႐ြာဘက္ကို ေခၚသြားၿပီး ညဆယ္နာရီေက်ာ္မွ ျပန္လႊတ္ေပးခဲ့တယ္လို႔ ေဒသခံက ေျပာပါတယ္။ မိုင္းေပါက္ကြဲမႈေၾကာင့္ လူထိခိုက္မႈရွိ ႏိုင္တယ္လို႔ ေဒသခံက ေျပာပါတယ္။

ဇြန္လ ၄ ရက္ေန႔ ည ၆ နာရီေလာက္မွာ ကြတ္ခိုင္ မိုင္းယုေလးနဲ႔ လုံကန္ၾကားမွာ ခလရ ၂၄၁၊၂၄၂ တပ္ေတြနဲ႔ ဆယ္မိနစ္ေလာက္ တိုက္ပြဲျဖစ္ခဲ့တယ္လို႔ TNLA ဘက္က ေျပာပါတယ္။

အဲဒီေန႔မနက္မွာပဲ ကြတ္ခိုင္ ေ႐ႊေမာ္ဘက္မွာ တပ္မေတာ္ တပ္မ ၈၈ လက္ေအာက္ခံ ခလရ ၇၈ တပ္ေတြနဲ႔ တိုက္ပြဲျဖစ္ခဲ့သလို နမ့္ခမ္းၿမိဳ႕နယ္အတြင္း ေအာင္ပန္းနဲ႔ မန္စန႔္႐ြာ ႏွစ္ေနရာမွာလည္း တိုက္ပြဲျဖစ္ခဲ့တယ္လို႔ TNLA ေျပာခြင့္ရ ဗိုလ္မႉး မိုင္းအိုက္ေက်ာ္က ေျပာပါတယ္။

ကြတ္ခိုင္ၿမိဳ႕နယ္ မုံးစီးနယ္ထဲမွာလဲ တပ္မေတာ္နဲ႔ ကိုးကန႔္အဖြဲ႕ေတြ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။ TNLA ကေတာ့ အဲဒီသတင္းေတြနဲ႔ ပတ္သက္ၿပီး မသိရေသးေၾကာင္း ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေရာဂါေၾကာင့္ တပ္မေတာ္က ရခိုင္ေဒသမွအပ က်န္တဲ့ေနရာေတြမွာ ေမလ ၁၀ ရက္ကေန ၾသဂုတ္လကုန္အထိ အပစ္ရပ္ထားမယ္လို႔ ထုတ္ျပန္ထားၿပီး ေျမာက္ပိုင္း တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ ကလည္း ဇြန္လကေန ၾသဂုတ္လကုန္အထိ အပစ္ရပ္ထားမယ္လို႔ ထုတ္ျပန္ထားတာပါ။ ဒီလိုထုတ္ျပန္ထားေပမယ့္ ေမလကုန္ကေနစၿပီး ဇြန္လ ၄ ရက္ေန႔အထိ ေန႔စဥ္ တိုက္ပြဲေတြရွိတယ္လို႔ TNLA ဖက္ကေျပာပါတယ္။

တပ္မေတာ္က ေမလ ၂၆ ရက္ေန႔ မွာ မူဆယ္ၿမိဳ႕နယ္အတြင္း စြမ္ေစာ္ ၁ လမ္းေပါက္ကြဲမႈနဲ႔ စစ္ေဆးရာမွာ ၿမိဳ႕ေပၚမွာ လက္နက္နဲ႔ ႀကိဳးဆြဲဗုံးေတြမိခဲ့ၿပီး ၁၀၅ မိုင္ေက်း႐ြာအုပ္စု ေအာက္နမ့္ဟြယ္ ႐ြာကေနအိမ္ေတြကို ဝင္ေရာက္ရွာေဖြရာမွာ TNLA ဝတ္စုံနဲ႔ လက္နက္အခ်ိဳ႕ ဖမ္းဆီးရမိခဲ့တယ္လို႔ ဆိုပါတယ္။

၁၀၅ မိုင္ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးေမာင္ေအးနဲ႔ အမ်ိဳးသား ကိုးဦးကို ဖမ္းဆီးသြားခဲ့ၿပီး အဲဒီထဲက ၁၄ ႏွစ္အ႐ြယ္ ေက်ာင္းသားတစ္ဦးကိုေတာ့ ျပန္လႊတ္ေပးခဲ့ပါတယ္။ လက္ရွိမွာ ဖမ္းဆီးထားသူေတြကို မူဆယ္မွာ စစ္ေမးေနတယ္လို႔ ဆိုပါတယ္။

အဲဒီေနာက္ပိုင္းမွာ ကြတ္ခိုင္နဲ႔ နမ့္ခမ္းေဒသမွာ တိုက္ပြဲေတြ ပိုမိုျပင္းထန္လာတယ္တဲ့ အေျခအေနကို ေတြ႕ရပါတယ္။ ေမလ ၂၉ ရက္ေန႔က ကြတ္ခိုင္ နမ့္ကြတ္႐ြာနားမွာ တပ္မေတာ္ ယာဥ္တန္းကို TNLA ဖက္က ပစ္ခတ္ခဲ့ပါတယ္။ ဒီလိုပစ္ခတ္မႈေၾကာင့္ ဗိုလ္ႀကီးအဆင့္တစ္ဦးနဲ႔ တျခားအဆင့္ ႏွစ္ဦး စုစုေပါင္းသုံးဦး က်ဆုံးၿပီး ေျခာက္ဦး ဒဏ္ရာရတယ္လို႔ ေျမျပင္မွာ သတင္းေတြ ထြက္ေနေပမယ့္ တပ္မေတာ္က ဒီကိစၥနဲ႔ ပတ္သက္ၿပီး ထုတ္ျပန္တာေတာ့ မရွိပါဘူး။

တပ္မေတာ္ယာဥ္တန္း တိုက္ခိုက္ခံရမႈအေပၚမွာ လက္တုံ႔ျပန္မယ္လို႔ တပ္မေတာ္ဖက္က သတင္းထုတ္ျပန္ထား ပါတယ္။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ ကြတ္ခိုင္ဘက္မွာ TNLA နဲ႔ MNDAA ပူးေပါင္းအဖြဲ႕ေတြနဲ႔ေရာရာ သုံးခုမွာ တိုက္ပြဲျဖစ္တာရွိတယ္လို႔ ေျပာပါတယ္။ အုပ္ခ်ဳပ္ေရးမႉးေတြ ဖမ္းဆီးစစ္ေဆးခံရတဲ့အ ေျခအေနကိုေတာ့ အတိအက် မသိရေသးဘူးလို႔ ေျပာပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ ၂၀၁၉ ခုႏွစ္ တစ္ႏွစ္အတြင္း တပ္မေတာ္နဲ႔ TNLA တိုက္ပြဲေပါင္း ၁၅၂ ႀကိမ္ရွိခဲ့ၿပီး ကိုးကန႔္၊ ေအအနဲ႔ TNLA သုံးဖြဲ႕ေပါင္းနဲ႔ျဖစ္တဲ့ တိုက္ပြဲက ၅၆ ႀကိမ္ရွိခဲ့ၿပီး KIA၊ TNLA ပူးေပါင္းအဖြဲ႕နဲ႔ျဖစ္တဲ့ တိုက္ပြဲက ၁၁ ႀကိမ္ရွိခဲ့တယ္လို႔ တပ္မေတာ္ဖက္က သတင္းထုတ္ျပန္ထားပါတယ္။

ကံသာ / RFA Burmese
https://www.rfa.org/burmese/news/tnla-army-fighting-in-shan-state-06052020053629.html
အပစ်ရပ်ကြေညာထားကြချိန် ရှမ်းမြောက်မှာ တိုက်ပွဲတွေဖြစ် အပစ်ရပ်ကြေညာထားကြချိန် ရှမ်းမြောက်မှာ တိုက်ပွဲတွေဖြစ် Reviewed by THITHTOOLWIN on 20:57 Rating: 5
Powered by Blogger.