ကျောက်တော် အပေါက်ဝရွာ စစ်ကြောင်းဝင်လို့ ရွာသားတွေထွက်ပြေး


(Unicode)⤵⤵⤵
ရခိုင်မြောက်ပိုင်းက တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ မြို့နယ်တစ်ခုဖြစ်တဲ့ ကျောက်တော်မြို့နယ် အပေါက်ဝတိုက်နယ်ကျေးရွာကို တပ်မတော်စစ်ကြောင်း ဝင်ရောက်တပ်စွဲထားလို့ ကျေးရွာသား သုံးပုံတစ်ပုံလောက် ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ရွာသားတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အပေါက်ဝရွာဟာ ကျောက်တော်မြို့ရဲ့တောင်ဘက် ရန်ကုန်-စစ်တွေအဝေးပြေးလမ်းနံဘေးမှာရှိတဲ့ရွာဖြစ်ပြီး အိမ်ခြေ ၁၇၀၀ လောက်ရှိပါတယ်။

စစ်ကြောင်းက ဇွန်လ ၉ ရက်မှာ ဝင်ရောက်လာပြီး စစ်ကြောင်းဝင်လာချိန် ကြောက်လန့်ထွက်ပြေးသူတချို့ကို ခြောက်လှန့်ပစ်ခတ်လို့ လူနှစ်ဦး ကျည်ထိမှန်ခဲ့ပါတယ်။

"သူတို့ဝင်လာတယ်ဆိုတာကြားတော့ ထွက်ပြေးကြတယ်။ အဲ့ဒီမှာ ရွာထဲကလူတွေကို လိုက်ပစ်တော့ တစ်ယောက်က ပေါင်မှာထိသွားတယ်။ တစ်ယောက်က လက်မှာရှပ်ထိတယ်။ ပေါင်ထိတဲ့ လူက အခုဆေးရုံမှာပါ "လို့ နောက်ထပ် အပေါက်ဝကျေးရွာသားတစ်ဦးက ပြောပါတယ်။

ဇွန်လ ၁၀ ရက်နေ့ မှာလည်း ပစ်ခတ်မှု တချို့ရှိခဲ့ပြီး လူနှစ်ဦးကို ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံလိုက်ရသူနှစ်ဦးဟာ အနီးအနားက ပြိန်းချောင်းကျေးရွာကနေ စက်ပြင်ပြီး ဆိုင်ကယ်နဲ့ ပြန်လာသူ စက်ဆရာနှစ်ဦးဖြစ်ပြီး သူတို့ကို လမ်းပြအဖြစ်ခေါ်ဆောင်သွားခဲ့ရာက ဒီနေ့အထိ ပြန်မလွှတ်သေးဘူးလို့ နောက်ထပ်ရွာသားတစ်ဦးက ပြောပါတယ်။

သူတို့ဟာ အသက် ၃၀ ဝန်းကျင် အပေါက်ဝကျေးရွာသား နဲ့ ပြိန်းချောင်း ကျေးရွာသားတို့ ဖြစ်ပြီး သူတို့က လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်နေသူတွေမဟုတ်လို့ ပြန်လွှတ်ပေးဖို့ ရပ်မိရပ်ဖတွေစုပြီး မနေ့က ပြောဆိုခဲ့ကြပေးမဲ့ ပြန်မလွှတ်သေးဘူးလို့ ပြောပါတယ်။
ရန်ကုန်-စစ်တွေ လမ်းနံဘေးက အိမ်ခြေ ၁၇၀၀ လောက်ရှိတဲ့ရွာ 
ဒါ့အပြင် ဇွန်လ ၁၁ ရက် ညမှာ ကုလားတန်မြစ်အတွင်းက ရေတပ်သင်္ဘောက အချက် ၆၀ လောက် ပစ်ခတ်တဲ့အတွက် ရွာသားတွေ ကြောက်လန့်ထွက်ပြေးခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီရက်ပိုင်း ရွာအနီး တိုက်ပွဲ ဖြစ်တာ မရှိဘူးလို့လည်း ရွာသားတွေထံက သိရပါတယ်။

အပေါက်ဝကျေးရွာမှာ တပ်မတော်က တပ်စွဲထားပြီး ဒေသခံတချို့ကို ဖမ်းဆီးထားတာနဲ့ပတ်သက်လို့ တပ်မတော်ဘက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

ဒါ့အပြင် အပါက်ဝကျေးရွာဟာ မွတ်ဆလင်တွေနဲ့ ရခိုင်လူမျိုးတွေ အတူနေထိုင်တဲ့ကျေးရွာတစ်ရွာဖြစ်ပြီး တပ်မတော် စစ်ကြောင်းတွေ ရောက်မလာခင်တစ်ရက်မှာ သမဝါယမစက်ရုံ အနောက်ဘက် ကုလားတန်မြစ်ထဲမှာ ငါးရှာနေတဲ့ မွတ်ဆလင်တစ်ဦး ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့တယ်လို့ အပေါက်ဝဒေသခံတွေဆီကနေ သိရပါတယ်။

သူ့ကို ဘယ်သူ၊ဘယ်အဖွဲ့အစည်းက ပစ်တယ်ဆိုတာတော့ မသိရပါဘူး။

ကျောက်တော်မြို့နယ်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်နှောင်းပိုင်းနဲ့ ၂၀၂၀ နှစ်ဆန်းပိုင်းကာလတွေမှာ တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ရွာအတော်များများ မီးလောင်တာ၊ တိုက်ပွဲတွေအတွင်း လက်နက်ကြီးကျည်တွေ ထိမှန်ပြီး အရပ်သားသေဆုံးတာတွေလည်း အများအပြား ရှိခဲ့ပါတယ်။

ကုလားတန်မြစ်ကြောင်းအထက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြတဲ့ စစ်ဘေးရှောင်အရေအတွက်ဟာ ကျောက်တော်မြို့ပေါ်မှာ ၇၀၀၀ လောက်ထိ ရှိပါပြီ။

BBC Burmese
-------------------------------------
(Zawgyi)⤵⤵⤵
ေက်ာက္ေတာ္ အေပါက္ဝ႐ြာ စစ္ေၾကာင္းဝင္လို႔ ႐ြာသားေတြထြက္ေျပး

ရခိုင္ေျမာက္ပိုင္းက တိုက္ပြဲေတြ အျပင္းအထန္ျဖစ္ပြားေနတဲ့ ၿမိဳ႕နယ္တစ္ခုျဖစ္တဲ့ ေက်ာက္ေတာ္ၿမိဳ႕နယ္ အေပါက္ဝတိုက္နယ္ေက်း႐ြာကို တပ္မေတာ္စစ္ေၾကာင္း ဝင္ေရာက္တပ္စြဲထားလို႔ ေက်း႐ြာသား သုံးပုံတစ္ပုံေလာက္ ထြက္ေျပးတိမ္းေရွာင္ေနတယ္လို႔ ႐ြာသားတစ္ဦးက ဘီဘီစီကို ေျပာပါတယ္။

အေပါက္ဝ႐ြာဟာ ေက်ာက္ေတာ္ၿမိဳ႕ရဲ႕ေတာင္ဘက္ ရန္ကုန္-စစ္ေတြအေဝးေျပးလမ္းနံေဘးမွာရွိတဲ့႐ြာျဖစ္ၿပီး အိမ္ေျခ ၁၇၀၀ ေလာက္ရွိပါတယ္။

စစ္ေၾကာင္းက ဇြန္လ ၉ ရက္မွာ ဝင္ေရာက္လာၿပီး စစ္ေၾကာင္းဝင္လာခ်ိန္ ေၾကာက္လန္႔ထြက္ေျပးသူတခ်ိဳ႕ကို ေျခာက္လွန္႔ပစ္ခတ္လို႔ လူႏွစ္ဦး က်ည္ထိမွန္ခဲ့ပါတယ္။

"သူတို႔ဝင္လာတယ္ဆိုတာၾကားေတာ့ ထြက္ေျပးၾကတယ္။ အဲ့ဒီမွာ ႐ြာထဲကလူေတြကို လိုက္ပစ္ေတာ့ တစ္ေယာက္က ေပါင္မွာထိသြားတယ္။ တစ္ေယာက္က လက္မွာရွပ္ထိတယ္။ ေပါင္ထိတဲ့ လူက အခုေဆး႐ုံမွာပါ "လို႔ ေနာက္ထပ္ အေပါက္ဝေက်း႐ြာသားတစ္ဦးက ေျပာပါတယ္။

ဇြန္လ ၁၀ ရက္ေန႔ မွာလည္း ပစ္ခတ္မႈ တခ်ိဳ႕ရွိခဲ့ၿပီး လူႏွစ္ဦးကို ဖမ္းဆီးသြားတယ္လို႔ ဆိုပါတယ္။

ဖမ္းဆီးခံလိုက္ရသူႏွစ္ဦးဟာ အနီးအနားက ၿပိန္းေခ်ာင္းေက်း႐ြာကေန စက္ျပင္ၿပီး ဆိုင္ကယ္နဲ႔ ျပန္လာသူ စက္ဆရာႏွစ္ဦးျဖစ္ၿပီး သူတို႔ကို လမ္းျပအျဖစ္ေခၚေဆာင္သြားခဲ့ရာက ဒီေန႔အထိ ျပန္မလႊတ္ေသးဘူးလို႔ ေနာက္ထပ္႐ြာသားတစ္ဦးက ေျပာပါတယ္။

သူတို႔ဟာ အသက္ ၃၀ ဝန္းက်င္ အေပါက္ဝေက်း႐ြာသား နဲ႔ ၿပိန္းေခ်ာင္း ေက်း႐ြာသားတို႔ ျဖစ္ၿပီး သူတို႔က လက္နက္ကိုင္အဖြဲ႕အစည္းေတြနဲ႔ ဆက္စပ္ေနသူေတြမဟုတ္လို႔ ျပန္လႊတ္ေပးဖို႔ ရပ္မိရပ္ဖေတြစုၿပီး မေန႔က ေျပာဆိုခဲ့ၾကေပးမဲ့ ျပန္မလႊတ္ေသးဘူးလို႔ ေျပာပါတယ္။

ဒါ့အျပင္ ဇြန္လ ၁၁ ရက္ ညမွာ ကုလားတန္ျမစ္အတြင္းက ေရတပ္သေဘၤာက အခ်က္ ၆၀ ေလာက္ ပစ္ခတ္တဲ့အတြက္ ႐ြာသားေတြ ေၾကာက္လန္႔ထြက္ေျပးခဲ့ၾကတာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီရက္ပိုင္း ႐ြာအနီး တိုက္ပြဲ ျဖစ္တာ မရွိဘူးလို႔လည္း ႐ြာသားေတြထံက သိရပါတယ္။

အေပါက္ဝေက်း႐ြာမွာ တပ္မေတာ္က တပ္စြဲထားၿပီး ေဒသခံတခ်ိဳ႕ကို ဖမ္းဆီးထားတာနဲ႔ပတ္သက္လို႔ တပ္မေတာ္ဘက္ကို ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ အဆက္အသြယ္မရရွိခဲ့ပါဘူး။

ဒါ့အျပင္ အပါက္ဝေက်း႐ြာဟာ မြတ္ဆလင္ေတြနဲ႔ ရခိုင္လူမ်ိဳးေတြ အတူေနထိုင္တဲ့ေက်း႐ြာတစ္႐ြာျဖစ္ၿပီး တပ္မေတာ္ စစ္ေၾကာင္းေတြ ေရာက္မလာခင္တစ္ရက္မွာ သမဝါယမစက္႐ုံ အေနာက္ဘက္ ကုလားတန္ျမစ္ထဲမွာ ငါးရွာေနတဲ့ မြတ္ဆလင္တစ္ဦး ပစ္ခတ္ခံရၿပီး ဒဏ္ရာရရွိခဲ့တယ္လို႔ အေပါက္ဝေဒသခံေတြဆီကေန သိရပါတယ္။

သူ႔ကို ဘယ္သူ၊ဘယ္အဖြဲ႕အစည္းက ပစ္တယ္ဆိုတာေတာ့ မသိရပါဘူး။

ေက်ာက္ေတာ္ၿမိဳ႕နယ္ဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ေႏွာင္းပိုင္းနဲ႔ ၂၀၂၀ ႏွစ္ဆန္းပိုင္းကာလေတြမွာ တပ္မေတာ္နဲ႔ ေအေအတို႔အၾကား တိုက္ပြဲေတြ အျပင္းအထန္ျဖစ္ပြားခဲ့ၿပီး ႐ြာအေတာ္မ်ားမ်ား မီးေလာင္တာ၊ တိုက္ပြဲေတြအတြင္း လက္နက္ႀကီးက်ည္ေတြ ထိမွန္ၿပီး အရပ္သားေသဆုံးတာေတြလည္း အမ်ားအျပား ရွိခဲ့ပါတယ္။

ကုလားတန္ျမစ္ေၾကာင္းအထက္ပိုင္းမွာ ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန႔္ခြာထြက္ေျပးလာခဲ့ၾကတဲ့ စစ္ေဘးေရွာင္အေရအတြက္ဟာ ေက်ာက္ေတာ္ၿမိဳ႕ေပၚမွာ ၇၀၀၀ ေလာက္ထိ ရွိပါၿပီ။

BBC Burmese
https://www.bbc.com/burmese/burma-53025497
ကျောက်တော် အပေါက်ဝရွာ စစ်ကြောင်းဝင်လို့ ရွာသားတွေထွက်ပြေး ကျောက်တော် အပေါက်ဝရွာ စစ်ကြောင်းဝင်လို့ ရွာသားတွေထွက်ပြေး Reviewed by THITHTOOLWIN on 22:49 Rating: 5
Powered by Blogger.