ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းမှတ် ဂျပန်ရောက်မြန်မာတွေက ကိုဗစ်အတွက် ကျပ်သိန်း ၅၀ ခန့်လှူ

ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန် ၁၉ ရက်မှာ ၇၅ နှစ်ပြည့်မှာ ဖြစ်ပါတယ်။
(Unicode)⤵⤵⤵
ဂျပန်ရောက်မြန်မာနိုင်ငံသားတချို့က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အဖြစ် ကိုဗစ်ရောဂါတုံ့ပြန်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ကျပ်သိန်းငါးဆယ်ခန့်ကို လှူဒါန်းခဲ့ပါတယ်။

ဇွန် ၁၉ ရက်မှာကျရောက်မယ့်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၅ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် အခုလိုလှူဒါန်းတာဖြစ်တယ်လို့ ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံရုံးက ဇွန် ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက ဂျပန်ယန်းငွေ သုံးသိန်းခြောက်သောင်းကျော်(မြန်မာငွေကျပ် သိန်းငါးဆယ်ခန့်) ကို မြန်မာသံအမတ်ကြီးကတစ်ဆင့် ခုလိုပေးအပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကို အစိုးရတာဝန်ယူပြီးတဲ့နောက်ပိုင်း အခမ်းအနားနဲ့ ကျင်းပခဲ့တာမျိုးရှိပေမယ့် ဒီနှစ်မှာတော့ ကိုဗစ်ကြောင့် လာမယ့် ၇၅ နှစ်မြောက်မွေးနေ့ပွဲကို ဘယ်လိုပုံစံနဲ့ ကျင်းပမယ်ဆိုတာတော့ မသိရသေးဘူးလို့ ပါတီနဲ့ နီးစပ်သူတချို့ကပြောပါတယ်။

BBC Burmese
--------------------------------------
(Zawgyi)⤵⤵⤵
ဒ်ါအောင်ဆန်းစုကြည်မွေးနေ့အထိမ်းမှတ် ဂျပန်ရောက်မြန်မာတွေက ကိုဗစ်အတွက် ကျပ်သိန်း ၅၀ ခန့်လှူ





BBC Burmese
https://www.bbc.com/burmese/burma-53059763
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းမှတ် ဂျပန်ရောက်မြန်မာတွေက ကိုဗစ်အတွက် ကျပ်သိန်း ၅၀ ခန့်လှူ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းမှတ် ဂျပန်ရောက်မြန်မာတွေက ကိုဗစ်အတွက် ကျပ်သိန်း ၅၀ ခန့်လှူ Reviewed by THITHTOOLWIN on 20:10 Rating: 5
Powered by Blogger.