ရိက္ခာအခက်အခဲကြောင့် ဆမီးမြို့ကိုသွားတဲ့ ချင်းစစ်ဘေးဒုက္ခသည်တွေ တားမြစ်ခံရ


(Unicode)⤵⤵⤵
ချင်းပြည်နယ် ပလက်ဝမြို့နယ် စိမ်းစင်းရွာမှာ စားဝတ်နေရေး ခက်ခဲတာကြောင့် ဆမီးမြို့ကို ပြောင်းရွှေ့ဖို့ ဇွန်လ ၂၀ ရက်နေ့ကသွားတဲ့ စစ်ဘေးဒုက္ခသည်တွေကို တပ်မတော်က တားဆီးစစ်ဆေးပြီး သွားခွင့်မပေးတာကြောင့် ပြန်လှည့်ခဲ့ရတယ်လို့ ပလက်ဝမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်က RFA ကို ပြောပါတယ်။

“မနေ့က မနက် ၈ နာရီကျော် ၉ နာရီလောက်မှာ စိမ်းစင်းကျေးရွာမှာ ခိုလှုံနေတဲ့ မေလှကျေးရွာက အိမ်ခြေ ၁၆ အိမ်က လူဦးရေ ၄၉ ခန့်ဟာ ဆမီးကို ပြောင်းရွှေ့မယ်ဆိုပြီး သူတို့ရဲ့ ဆုံးဖြတ်ချက်နဲ့ ကားကြုံလိုက်လာရာမှာ ထွက်သွားပြီး မိနစ်အနည်းငယ်အကြာမှာတင် တပ်မတော်က စစ်ဆေးမေးမြန်တာကိုခံရပြီး စိမ်းစင်းရွာမှာ စားဝတ်နေရေး ခက်ခဲတာကြောင့် ဆမီးကို သွားမှာဖြစ်ကြောင်း ပြောရာမှာ တပ်မတော်က သွားခွင့်မပေးတာကြောင့် ပြန်လှည့်လာရတာဖြစ်တယ်။ ဘာကြောင့် သွားခွင့်မပေးတာလည်း ဆိုတာတော့ မသိဘူး”
ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို RFA က မေးမြန်းဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့ တိုက်ပွဲတွေကြောင့် မေလှကျေးရွာက အိမ်ခြေ ၇ဝ လောက်မှာနေထိုင်တဲ့ ဒေသခံတွေဟာ ဧပြီလထဲက စိမ်းစင်းရွာမှာ လာရောက်ခိုလှုံနေတာ အခုဆိုရင် နှစ်လနီးပါး ရှိနေပြီဖြစ်ပါတယ်။

စိမ်းစင်းရွာမှာ စားဝတ်နေရေး အဆင်မပြေတာကြောင့် ဆမီးမြို့ကို ပြောင်းရွှေ့ချင်တာဖြစ်တယ်လို့ ပြောင်းရွှေ့ဖို့ကြိုးစားခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။

"ဒီမှာက အရမ်းခက်ခဲတယ်။ ဆမီးမှာတော့ နဲနဲအဆင်ပြေမလားလို့ပါ။ ဒီမှာရှိတဲ့ စစ်ဘေးရှောင် အားလုံးလိုလိုက ဆမီးကိုပဲ သွားချင်နေကြတာ။ ဒီမနက်တော့ လမ်းကြုံတာနဲ့ ကားခ တစ်ယောက် တစ်သောင်းပေးပြီး လိုက်သွားကြတာပါ။

လာမွေတောင်အရောက်မှာ တားဆီးတာခံရတယ်။ စစ်ဆေးတယ်။ ဖုန်းတွေဆက် ဘာဆက်နဲ့ နောက်တော့ ပြန်လှည့်ခိုင်းတယ်။ ကားနဲ့ပဲ ရွာကိုပြန်ပို့တယ်။”
အခုလက်ရှိ စိမ်းစင်းရွာမှာ စစ်ဘေးဒုက္ခသည် ၆၀၀ ကျော် ခိုလှုံနေပါတယ်။ အလားတူ ပလက်ဝမြို့မှာလည်း စစ်ဘေးဒုက္ခသည် ၅၀၀၀ ကျော်ရှိပါတယ်။

စားသောက်ရေး အခက်အခဲဖြစ်နေတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ချင်းပြည်နယ် အစိုးရအဖွဲ့က ပလက်ဝမြို့နယ်က စိမ်းစင်းရွာအထိ ဆန်ပို့ဖို့ စီစဉ်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းက ပြောပါတယ်။

RFA Burmese
---------------------------------------
(Zawgyi)⤵⤵⤵
ရိကၡာအခက္အခဲေၾကာင့္ ဆမီးၿမိဳ႕ကိုသြားတဲ့ ခ်င္းစစ္ေဘးဒုကၡသည္ေတြ တားျမစ္ခံရ

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ စိမ္းစင္း႐ြာမွာ စားဝတ္ေနေရး ခက္ခဲတာေၾကာင့္ ဆမီးၿမိဳ႕ကို ေျပာင္းေ႐ႊ႕ဖို႔ ဇြန္လ ၂၀ ရက္ေန႔ကသြားတဲ့ စစ္ေဘးဒုကၡသည္ေတြကို တပ္မေတာ္က တားဆီးစစ္ေဆးၿပီး သြားခြင့္မေပးတာေၾကာင့္ ျပန္လွည့္ခဲ့ရတယ္လို႔ ပလက္ဝၿမိဳ႕နယ္ အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္က RFA ကို ေျပာပါတယ္။

“မေန႔က မနက္ ၈ နာရီေက်ာ္ ၉ နာရီေလာက္မွာ စိမ္းစင္းေက်း႐ြာမွာ ခိုလႈံေနတဲ့ ေမလွေက်း႐ြာက အိမ္ေျခ ၁၆ အိမ္က လူဦးေရ ၄၉ ခန႔္ဟာ ဆမီးကို ေျပာင္းေ႐ႊ႕မယ္ဆိုၿပီး သူတို႔ရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ ကားႀကဳံလိုက္လာရာမွာ ထြက္သြားၿပီး မိနစ္အနည္းငယ္အၾကာမွာတင္ တပ္မေတာ္က စစ္ေဆးေမးျမန္တာကိုခံရၿပီး စိမ္းစင္း႐ြာမွာ စားဝတ္ေနေရး ခက္ခဲတာေၾကာင့္ ဆမီးကို သြားမွာျဖစ္ေၾကာင္း ေျပာရာမွာ တပ္မေတာ္က သြားခြင့္မေပးတာေၾကာင့္ ျပန္လွည့္လာရတာျဖစ္တယ္။ ဘာေၾကာင့္ သြားခြင့္မေပးတာလည္း ဆိုတာေတာ့ မသိဘူး”
ဒီကိစၥနဲ႔ ပတ္သက္ၿပီး တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူေတြကို RFA က ေမးျမန္းဖို႔ႀကိဳးစားေနဆဲျဖစ္ပါတယ္။

တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔ရဲ႕ တိုက္ပြဲေတြေၾကာင့္ ေမလွေက်း႐ြာက အိမ္ေျခ ၇ဝ ေလာက္မွာေနထိုင္တဲ့ ေဒသခံေတြဟာ ဧၿပီလထဲက စိမ္းစင္း႐ြာမွာ လာေရာက္ခိုလႈံေနတာ အခုဆိုရင္ ႏွစ္လနီးပါး ရွိေနၿပီျဖစ္ပါတယ္။

စိမ္းစင္း႐ြာမွာ စားဝတ္ေနေရး အဆင္မေျပတာေၾကာင့္ ဆမီးၿမိဳ႕ကို ေျပာင္းေ႐ႊ႕ခ်င္တာျဖစ္တယ္လို႔ ေျပာင္းေ႐ႊ႕ဖို႔ႀကိဳးစားခဲ့တဲ့ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ စစ္ေဘးဒုကၡသည္တစ္ဦးက ေျပာပါတယ္။

"ဒီမွာက အရမ္းခက္ခဲတယ္။ ဆမီးမွာေတာ့ နဲနဲအဆင္ေျပမလားလို႔ပါ။ ဒီမွာရွိတဲ့ စစ္ေဘးေရွာင္ အားလုံးလိုလိုက ဆမီးကိုပဲ သြားခ်င္ေနၾကတာ။ ဒီမနက္ေတာ့ လမ္းႀကဳံတာနဲ႔ ကားခ တစ္ေယာက္ တစ္ေသာင္းေပးၿပီး လိုက္သြားၾကတာပါ။

လာေမြေတာင္အေရာက္မွာ တားဆီးတာခံရတယ္။ စစ္ေဆးတယ္။ ဖုန္းေတြဆက္ ဘာဆက္နဲ႔ ေနာက္ေတာ့ ျပန္လွည့္ခိုင္းတယ္။ ကားနဲ႔ပဲ ႐ြာကိုျပန္ပို႔တယ္။”
အခုလက္ရွိ စိမ္းစင္း႐ြာမွာ စစ္ေဘးဒုကၡသည္ ၆၀၀ ေက်ာ္ ခိုလႈံေနပါတယ္။ အလားတူ ပလက္ဝၿမိဳ႕မွာလည္း စစ္ေဘးဒုကၡသည္ ၅၀၀၀ ေက်ာ္ရွိပါတယ္။

စားေသာက္ေရး အခက္အခဲျဖစ္ေနတဲ့ စစ္ေဘးဒုကၡသည္ေတြအတြက္ ခ်င္းျပည္နယ္ အစိုးရအဖြဲ႕က ပလက္ဝၿမိဳ႕နယ္က စိမ္းစင္း႐ြာအထိ ဆန္ပို႔ဖို႔ စီစဥ္ေနတယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းက ေျပာပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
ရိက္ခာအခက်အခဲကြောင့် ဆမီးမြို့ကိုသွားတဲ့ ချင်းစစ်ဘေးဒုက္ခသည်တွေ တားမြစ်ခံရ ရိက္ခာအခက်အခဲကြောင့် ဆမီးမြို့ကိုသွားတဲ့ ချင်းစစ်ဘေးဒုက္ခသည်တွေ တားမြစ်ခံရ Reviewed by THITHTOOLWIN on 20:40 Rating: 5
Powered by Blogger.