မလေးရှားက မြန်မာနိုင်ငံသား ၁၇၀ ကျော် ကယ်ဆယ်ရေးလေယာဉ်နဲ့ နေရပ်ပြန်

မလေးရှားကနေ နေရပ်ပြန်မယ့် မြန်မာအလုပ်သမားများ။ ((ဇွန် ၂၇၊ ၂၀၂၀၊ ဓာတ်ပုံ - CJ)
(Unicode)⤵⤵⤵
မလေးရှားနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေထဲက အလုပ်သမားတွေ အပါအဝင် လူပေါင်း ၁၇၀ ကျော်ကို မြန်မာနိုင်ငံ ပြန်ပို့ပေးလိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

မလေးရှားနိုင်ငံမှာ COVID-19 ကာလအတွင်း ဒုက္ခရောက်နေကြတဲ့ မြန်မာအလုပ်သမားတွေ အပါအဝင် အလည်အပတ် ဗီဇာတွေနဲ့ ရောက်လာပြီး ပိတ်မိနေသူတွေကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မြန်မာသံရုံး အစီအစဉ်နဲ့ ဇွန်လ ၂၇ ရက်နေ့မှာပဲ ကယ်ဆယ်ရေးလေယာဉ်နဲ့ မြန်မာနိုင်ငံကို ပြန်ပို့ပေးလိုက်ကြောင်း မလေးရှားနိုင်ငံက မြန်မာအလုပ်သမား သံအရာရှိ ဦးအောင်ဇော်မင်းက ပြောပြပါတယ်။

"၁၇၅ ယောက် ပြန်မယ့်သူရှိတယ်။ ကျန်ခဲ့တဲ့သူက ၅ ယောက်ရှိတယ်။ မလိုက်ဖြစ်တဲ့သူက တယောက်နှစ်ယောက်တော့ ရှိတယ်။ အခုမှ လေယာဉ်က ထွက်တာဆိုတော့ စာရင်းအတိအကျ သေချာမသိသေးဘူး။"

မလေးရှားမှာ တရားဝင်အလုပ်လုပ်ဖို့ နှစ်နိုင်ငံသဘောတူညီချက် MoU နဲ့ ရောက်လာပြီးမှ ပြီးခဲ့တဲ့လကုန်ပိုင်းမှာ အလုပ်ရှင်က မြန်မာသံရုံးရှေ့ စွန့်ပစ်ခဲ့တဲ့ အလုပ်သမား ၁၉ ဦးလည်း ဒီကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ပို့ခံရတဲ့အထဲ ပါဝင်ပါတယ်။

သူတို့တွေဟာ ဖေဖော်ဝါရီလက ရောက်လာပြီး အလုပ်ရှင် အလုပ်သမားကြား မပြေလည်မှုတွေ၊ စာချုပ်ပါအတိုင်း လုပ်အားခ မရတာတွေကြောင့် အဆင်မပြေ ဖြစ်ပြီးတဲ့နောက် နိုင်ငံကူးစာအုပ်တွေ အလုပ်ရှင်က သိမ်းယူထားပြီး မြန်မာသံရုံးရှေ့မှာ စွန့်ပစ်ခဲ့တာပါ။ ဒီနောက်မှာတေ့ာ တမီလ် နာရေးကူညီမှုအသင်းက သူတို့ကို လာရောက်ကူညီခဲ့ပြီး သူတို့နေရာမှာ ခိုလှုံခွင့် ပေးထားခဲ့ပါတယ်။ နေရပ်မပြန်ခင် ဇွန်လ ၁၉ ရက်နေ့မှာ မြန်မာသံရုံး အစီအစဉ်နဲ့ ထားပေးတဲ့နေရာမှာ နေထိုင်ရပြီး ဇွန်လ ၂၇ ရက်နေ့မှာတော့ ကယ်ဆယ်ရေးလေယာဉ်နဲ့ နေရပ်ပြန်ပို့ပေးခဲ့တာပါ။

မြန်မာပြည်ပြန်ရောက်ရင် စောင့်ကြည့်ရေးစင်တာတွေမှာ နေပြီးတာနဲ့ သူတို့ကိုပို့ခဲ့တဲ့ အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီ၊ မြန်မာအလုပ်သမား ဝန်ကြီးဌာနတို့နဲ့ ဆွေးနွေးပြီး နစ်နာကြေးရဖို့ တောင်းဆိုသွားမယ်လို့ လေဆိပ်မှာ ရောက်နေချိန်အတွင်း မြန်မာအလုပ်သမားတဦးကတော့ ပြောသွားပါတယ်။

"ပြန်တောင်းရမယ် ဆိုတာကတော့ ကျနော်တို့က မှားတာမရှိဘူး။ သူဌေးနဲ့ အေးဂျင့်ဘက်ကတော့ ဆက်လုပ်ပေးရမှာပဲ။ ကျနော်တို့ ဒီမှာနေရတဲ့ နစ်နာကြေးကတော့ မရမနေ ပြန်ရဖို့ ဆက်လုပ်ရမှာပဲ။ ကျနော်တို့က ကျန်းမာရေးအရ သက်ဆိုင်ရာ စောင့်ကြည့်ရေးစင်တာတွေမှာ နေပြီးရင်တော့ အလုပ်သမားဝန်ကြီးဌာနကို ဆက်သွယ်ပြီး အေးဂျင့်နဲ့ စကားဆက်ပြောရမှာပဲ။"

မလေးရှားနိုင်ငံမှာ တရားဝင် မြန်မာအလုပ်သမား ၅ သိန်းထက်မနည်း အလုပ်လုပ်ကိုင်နေကြပြီး တရားမဝင် မြန်မာလုပ်သားကလည်း သိန်းဂဏန်းနဲ့ ရှိနေတာပါ။ အခုလို ကိုဗစ်ကပ်ရောဂါ ဖြစ်နေတဲ့ကာလမှာ အလုပ်လုပ်လို့ မရတာကြောင့် နေရပ်ကို ပြန်ချင်နေကြပါတယ်။ ဒီကာလမှာ အလုပ်လက်မဲ့ ဖြစ်တာတွေ ဖမ်းဆီးမှုတွေ များတာကြောင့် သီတင်း ၃ ပတ်အတွင်း မိမိကိုယ်ကိုယ် အဆုံးစီရင်သူ ၈ ဦးထိ ရှိခဲ့ပါတယ်။

တရားမဝင် မြန်မာအလုပ်သမားများ နေရပ်ပြန်ရေးနဲ့ ထိန်းသိမ်းရေးစခန်းမှာရှိတဲ့ မြန်မာတွေ နေရပ်ပြန်နိုင်ရေးကိုတော့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနကနေ မလေးရှား အာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီး ဆောင်ရွက်နေကြပါတယ်။ လောလောဆယ် ကယ်ဆယ်ရေးလေယာဉ်နဲ့ နေရပ်ပြန်ပို့နေသူတွေကတော့ တရားဝင်လာကြတဲ့သူတွေ ဖြစ်ပါတယ်။

 မအေးအေးမာ  / ဗွီအိုအေ (မြန်မာပိုင်း)
--------------------------------------------------
(Zawgyi)⤵⤵⤵
မေလးရွားက ျမန္မာႏိုင္ငံသား ၁၇၀ ေက်ာ္ ကယ္ဆယ္ေရးေလယာဥ္နဲ႔ ေနရပ္ျပန္

မေလးရွားႏိုင္ငံမွာ ေရာက္ေနတဲ့ ျမန္မာႏိုင္ငံသားေတြထဲက အလုပ္သမားေတြ အပါအဝင္ လူေပါင္း ၁၇၀ ေက်ာ္ကို ျမန္မာႏိုင္ငံ ျပန္ပို႔ေပးလိုက္ပါတယ္။ အျပည့္အစုံကို ထိုင္းအေျခစိုက္ ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

မေလးရွားႏိုင္ငံမွာ COVID-19 ကာလအတြင္း ဒုကၡေရာက္ေနၾကတဲ့ ျမန္မာအလုပ္သမားေတြ အပါအဝင္ အလည္အပတ္ ဗီဇာေတြနဲ႔ ေရာက္လာၿပီး ပိတ္မိေနသူေတြကို မေလးရွားႏိုင္ငံ ကြာလာလမ္ပူၿမိဳ႕ ျမန္မာသံ႐ုံး အစီအစဥ္နဲ႔ ဇြန္လ ၂၇ ရက္ေန႔မွာပဲ ကယ္ဆယ္ေရးေလယာဥ္နဲ႔ ျမန္မာႏိုင္ငံကို ျပန္ပို႔ေပးလိုက္ေၾကာင္း မေလးရွားႏိုင္ငံက ျမန္မာအလုပ္သမား သံအရာရွိ ဦးေအာင္ေဇာ္မင္းက ေျပာျပပါတယ္။

"၁၇၅ ေယာက္ ျပန္မယ့္သူရွိတယ္။ က်န္ခဲ့တဲ့သူက ၅ ေယာက္ရွိတယ္။ မလိုက္ျဖစ္တဲ့သူက တေယာက္ႏွစ္ေယာက္ေတာ့ ရွိတယ္။ အခုမွ ေလယာဥ္က ထြက္တာဆိုေတာ့ စာရင္းအတိအက် ေသခ်ာမသိေသးဘူး။"

မေလးရွားမွာ တရားဝင္အလုပ္လုပ္ဖို႔ ႏွစ္ႏိုင္ငံသေဘာတူညီခ်က္ MoU နဲ႔ ေရာက္လာၿပီးမွ ၿပီးခဲ့တဲ့လကုန္ပိုင္းမွာ အလုပ္ရွင္က ျမန္မာသံ႐ုံးေရွ႕ စြန႔္ပစ္ခဲ့တဲ့ အလုပ္သမား ၁၉ ဦးလည္း ဒီကယ္ဆယ္ေရးေလယာဥ္နဲ႔ ျပန္ပို႔ခံရတဲ့အထဲ ပါဝင္ပါတယ္။

သူတို႔ေတြဟာ ေဖေဖာ္ဝါရီလက ေရာက္လာၿပီး အလုပ္ရွင္ အလုပ္သမားၾကား မေျပလည္မႈေတြ၊ စာခ်ဳပ္ပါအတိုင္း လုပ္အားခ မရတာေတြေၾကာင့္ အဆင္မေျပ ျဖစ္ၿပီးတဲ့ေနာက္ ႏိုင္ငံကူးစာအုပ္ေတြ အလုပ္ရွင္က သိမ္းယူထားၿပီး ျမန္မာသံ႐ုံးေရွ႕မွာ စြန႔္ပစ္ခဲ့တာပါ။ ဒီေနာက္မွာေတ့ာ တမီလ္ နာေရးကူညီမႈအသင္းက သူတို႔ကို လာေရာက္ကူညီခဲ့ၿပီး သူတို႔ေနရာမွာ ခိုလႈံခြင့္ ေပးထားခဲ့ပါတယ္။ ေနရပ္မျပန္ခင္ ဇြန္လ ၁၉ ရက္ေန႔မွာ ျမန္မာသံ႐ုံး အစီအစဥ္နဲ႔ ထားေပးတဲ့ေနရာမွာ ေနထိုင္ရၿပီး ဇြန္လ ၂၇ ရက္ေန႔မွာေတာ့ ကယ္ဆယ္ေရးေလယာဥ္နဲ႔ ေနရပ္ျပန္ပို႔ေပးခဲ့တာပါ။

ျမန္မာျပည္ျပန္ေရာက္ရင္ ေစာင့္ၾကည့္ေရးစင္တာေတြမွာ ေနၿပီးတာနဲ႔ သူတို႔ကိုပို႔ခဲ့တဲ့ အလုပ္အကိုင္ရွာေဖြေရး ကုမၸဏီ၊ ျမန္မာအလုပ္သမား ဝန္ႀကီးဌာနတို႔နဲ႔ ေဆြးေႏြးၿပီး နစ္နာေၾကးရဖို႔ ေတာင္းဆိုသြားမယ္လို႔ ေလဆိပ္မွာ ေရာက္ေနခ်ိန္အတြင္း ျမန္မာအလုပ္သမားတဦးကေတာ့ ေျပာသြားပါတယ္။

"ျပန္ေတာင္းရမယ္ ဆိုတာကေတာ့ က်ေနာ္တို႔က မွားတာမရွိဘူး။ သူေဌးနဲ႔ ေအးဂ်င့္ဘက္ကေတာ့ ဆက္လုပ္ေပးရမွာပဲ။ က်ေနာ္တို႔ ဒီမွာေနရတဲ့ နစ္နာေၾကးကေတာ့ မရမေန ျပန္ရဖို႔ ဆက္လုပ္ရမွာပဲ။ က်ေနာ္တို႔က က်န္းမာေရးအရ သက္ဆိုင္ရာ ေစာင့္ၾကည့္ေရးစင္တာေတြမွာ ေနၿပီးရင္ေတာ့ အလုပ္သမားဝန္ႀကီးဌာနကို ဆက္သြယ္ၿပီး ေအးဂ်င့္နဲ႔ စကားဆက္ေျပာရမွာပဲ။"

မေလးရွားႏိုင္ငံမွာ တရားဝင္ ျမန္မာအလုပ္သမား ၅ သိန္းထက္မနည္း အလုပ္လုပ္ကိုင္ေနၾကၿပီး တရားမဝင္ ျမန္မာလုပ္သားကလည္း သိန္းဂဏန္းနဲ႔ ရွိေနတာပါ။ အခုလို ကိုဗစ္ကပ္ေရာဂါ ျဖစ္ေနတဲ့ကာလမွာ အလုပ္လုပ္လို႔ မရတာေၾကာင့္ ေနရပ္ကို ျပန္ခ်င္ေနၾကပါတယ္။ ဒီကာလမွာ အလုပ္လက္မဲ့ ျဖစ္တာေတြ ဖမ္းဆီးမႈေတြ မ်ားတာေၾကာင့္ သီတင္း ၃ ပတ္အတြင္း မိမိကိုယ္ကိုယ္ အဆုံးစီရင္သူ ၈ ဦးထိ ရွိခဲ့ပါတယ္။

တရားမဝင္ ျမန္မာအလုပ္သမားမ်ား ေနရပ္ျပန္ေရးနဲ႔ ထိန္းသိမ္းေရးစခန္းမွာရွိတဲ့ ျမန္မာေတြ ေနရပ္ျပန္ႏိုင္ေရးကိုေတာ့ ျမန္မာ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနကေန မေလးရွား အာဏာပိုင္ေတြနဲ႔ ဆက္သြယ္ၿပီး ေဆာင္႐ြက္ေနၾကပါတယ္။ ေလာေလာဆယ္ ကယ္ဆယ္ေရးေလယာဥ္နဲ႔ ေနရပ္ျပန္ပို႔ေနသူေတြကေတာ့ တရားဝင္လာၾကတဲ့သူေတြ ျဖစ္ပါတယ္။

 မေအးေအးမာ  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/myanmar-workers-malaysia/5479790.html
မလေးရှားက မြန်မာနိုင်ငံသား ၁၇၀ ကျော် ကယ်ဆယ်ရေးလေယာဉ်နဲ့ နေရပ်ပြန် မလေးရှားက မြန်မာနိုင်ငံသား ၁၇၀ ကျော် ကယ်ဆယ်ရေးလေယာဉ်နဲ့ နေရပ်ပြန် Reviewed by THITHTOOLWIN on 21:54 Rating: 5
Powered by Blogger.