တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်မြောက်ပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်အောင် စီစဉ်နေ

ရန်ကုန်မြို့မှာပြုလုပ်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲကို ၂ဝ၂ဝ ဇွန် ၂၇ ရက်နေ့က တွေ့ရစဉ် / Photo: Thant Zin Oo/RFA
(Unicode)⤵⤵⤵
လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာပါ ရွေးကောက်ပွဲကျင်းပနိုင်အောင် စီစဉ်နေတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လွတ်လပ်လုံခြုံမှုရှိရဲ့လား ရွေးကောက်ပွဲ ကျင်းပနိုင် သလားဆိုတာ အစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနတွေကို မေးမြန်ထားကြောင်းနဲ့ အတတ်နိုင်ဆုံး ရွေးကောက်ပွဲ ကျင်းပနိုင်အောင် စီစဉ်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့မှာပြုလုပ်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က သတင်းမီဒီယာတွေကို ပြောဆိုခဲ့တာပါ။

“အခုက အားလုံးကို ကျင်းပနိုင်အောင် ကျွန်တော်တို့ စီစဉ်နေပါတယ်၊ ဒါတွေကိုလည်းပဲ သက်ဆိုင်ရာ အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန ဒါတွေကိုလည်း ကျွန်တော်တို့က မေးမြန်းထားပါတယ်၊ အတတ်နိုင်ဆုံး အားလုံးကျင်းပသွားနိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ အဲဒီနေရာတွေ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် လွတ်လပ်လုံခြုံတဲ့ဟာဖြစ်လား၊ မဖြစ်လားဆိုတာနဲ့ ကျင်းပနိုင်စွမ်း ရှိလား၊ မရှိလား ဆိုတာ မေးထားပြီ၊ ရှိသွားပြီဆိုလို့ရှိရင် ကျွန်တော်တို့က အရန်သင့် ကျင်းပနိုင်အောင် ဆောင်ရွက်သွားမှာပါ၊ နိုဝင်ဘာမှဆိုတော့ နည်းနည်းလည်း စောသေးတော့၊ ရွေးကောက်ပွဲ ကျင်းပနိုင်လိမ့်မယ်လို့လည်း ယုံကြည် ထားပါတယ်”

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကတည်းက မဲစာရင်းတွေလည်းရှိပြီးသားဖြစ်လို လက်ရှိစစ်ဘေးဒုက္ခသည် တွေရဲ့ မဲစာရင်းတွေကိုလည်း အခြေခံအားဖြင့် ကောက်ထားပြီးဖြစ်တယ်လို့ ဦးမြင့်နိုင် က ဆိုပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်ကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဒေသခံတွေစစ်ဘေးရှောင်နေရလို တာဝန်ယူမယ့် အုပ်ချုပ်ရေးမှူးတွေလည်း မရှိတာကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ မသေချာဘူးလို့ RFA ကို ပြောပါတယ်။

“ကျွန်တော့် အနေနဲ့ကတော့ သိပ်မသေချာဘူးလို့ ထင်တာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲကော်မရှင် မှာလည်း နယ်မြေလုံခြုံရေးအရဆိုတဲ့ အပိုဒ်တစ်ပိုဒ်ပါထားတယ်လေ၊ အဲလိုဆိုတော့ ကျွန်တော်တို့ဆီမှာ ကျတော့ အခုလိုအခြအနေမျိုးမှာ ရွေးကောက်ပွဲ ကျင်းပဖို့ဆိုတာမျိုးက တိုက်ပွဲတွေကလည်း နေ့ဓဒူဝဖြစ် တယ်၊ နောက်ပြီးတော့ အဲမှာရှိတဲ့ ဒေသခံတွေကလည်း စစ်ဘေးရှောင်စခန်းတွေမှာ ပြေးနေရတယ်ပေါ့၊ နောက်ဒီနေရာမှာ ဘယ်သူတွေက တာဝန်ယူပြီးတော့ မဲစာရင်းတွေကို ကောက်ပေးမလဲ၊ ဘယ်သူတွေက တာဝန်ယူပြီး မဲရုံကိုစောင့်ရှောက်မလဲ၊ နောက်ပြီးတော့ အဲမှာအုပ်ချုပ်ရေးယန္တရားကလည်း ရပ်ကျေးအုပ်ချုပ် ရေးမှူးတွေဆိုလည်း ရှောင်းပြေးနေရတာတို့၊ တချို့တွေဆိုလည်း အစုလိုက်အပြုံလိုက် ထွက်ကြတာဆိုတော့ မသေချာဘူးလို့ပဲ ပြောရမှာပါ”

ရွေးကောက်ပွဲ ကျင်းပနိုင်ရင်တောင် မြို့နယ် ဆယ်မြို့နယ်မှာ စစ်တွေနဲ့ ပေါက်တော နှစ်မြို့နယ်လောက်ပဲ ကျင်းပနိုင်မှာဖြစ်သလို မဲစာရင်းတွေ ကောက်ယူထားပြီးဖြစ်တယ်ဆိုတာကလည်း ဒေသခံတွေဖက်ကတော့ အဲလိုမျိုး ကောက်ယူထားတာ မရှိဘူးဆိုတဲ့ အသံတွေပြန်ကြားရတယ်လို့လည်း ဦးမျိုးကျော်က ဆိုပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်ကလည်း ရခိုင်ပြည်နယ်က ပြည်သူတွေရဲ့ဆန္ဒကို ရွေးကောက်ပွဲမှာ ပါဝင်စေချင်တယ်လို့ ပြောပါတယ်။

“ရွေးကောက်ပွဲ ဖြစ်စေချင်ပါတယ် ရခိုင်ဒေသမှာ၊ ဖြစ်စေချင်တဲ့အတွက် ဒီအတွက်က အစိုးရရယ်၊ တပ်မ တော်ရယ်၊ နောက်ပြီးတော့ လက်နက်ကိုင် AA အဖွဲ့ရယ်က ကိုယ့်ဒေသက ပြည်သူလူထုရဲ့ ဆန္ဒသဘောထားကို လေးစားသောအားဖြင့်ပေါ့၊ ဒီအချိန်မှာတော့ တိုက်ပွဲတွေမဖြစ်ဘဲနဲ့ ဆန္ဒမဲပေးနိုင်အောင် စီမံပေးနိုင်ရင် ကောင်းမယ်လို့ ကျွန်တော်တို့က မျှော်လင့်ပါတယ်၊ ရွေးကောက်ပွဲမှာလည်း ရခိုင်ဒေသခံပြည်သူတွေရဲ့ ဆန္ဒသဘောထားတွေကို ပါဝင်စေချင်တာပေါ့လေ”

ဒါပေမဲ့ ရွေးကောက်ပွဲဖြစ်ခဲ့ရင်လည်း တရားမျှတတဲ့ရလဒ်မျိုး မဖြစ်မှာလည်း စိတ်ပူတယ်လို့ ဒေါက်တာ နန္ဒာလှမြင့်က ဆိုပါတယ်။

ကျောက်တော် ဒေသခံ ဦးညီပုကတော့ တိုက်ပွဲတွေကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်မှာမဟုတ်သလို ရွေးကောက်ပွဲကိုလည်း အားမပေးချင်ကြတော့ဘူးလို့ RFA ကို ပြောပါတယ်။

“ဒီလောက်စစ်ဖြစ်နေတဲ့နေရာတွေမှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတာတော့ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့ကတော့ သုံးသပ်ထားပါတယ်ဗျ၊ ရွေးကောက်ပွဲက ဖြစ်သွားပြီဆိုလို့ရှိရင်လည်း ဖွံ့ဖြိုးတိုးတက် မှုက အဲလောက်ထိ ဖွံ့ဖြိုးတိုးတက်လာလိမ့်မယ်လို့ မမြင်ပါဘူးခင်ဗျ၊ မဖြစ်ဘူးဆိုရင်လည်း အဲလောက်ထိ ဆုံးရှုံးသွားမယ်လို့ သိပ်မမြင်ဘူးခင်ဗျ၊ အရင်တုန်းကတော့ အားပေးကြပါတယ်၊ ဒါပေမဲ့ ခေတ်အဆက်ဆက် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ပြည်သူတွေ အကုန်လုံး ကြိုဆိုကြတယ်၊ အမတ်တွေကိုလည်း လေးစားကြတယ်၊ ဒါပေမဲ့ အဲဒီအမတ်တွေလုပ်တဲ့ အလုပ်တွေက ကျွန်တော်တို့ဆီကို ထင်ထင်ရှားရှား ထိထိရောက်ရောက် မဖြစ်နိုင်တဲ့အတွက် ပြည်သူတွေက သူတို့အပေါ်မှာ အားကိုးစိတ်တွေ တဖြည်းဖြည်းနဲ့ လျော့ကျသွားပါပြီခင်ဗျ၊ အဲဒါကြောင့် ရွေးကောက်ပွဲကိုလည်း သိပ်ပြီးတော့ အားမပေးချင်ကြတော့ဘူး အဲလိုဖြစ်နေကြပါတယ်ခင်ဗျ”

ရခိုင်ပြည်နယ်တစ်ခုတည်းကွက်ပြီး ရွေးကောက်ပွဲ မကျင်းပရရင် ဒီမိုကရေစီစနစ်ကိုသွားတယ်လို့ ခေါ်ဆိုလို့ မရဘူးလို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက RFA ကို ပြောပါတယ်။

“ဒီရွေးကောက်ပွဲ ကော်မရှင်အပေါ်မှာ မူတည်ပါတယ်၊ အခုဆိုရင်တော့ ရသေ့တောင်မြို့နယ်မှာ တိုက်ပွဲတွေ တော်တော်များများ ခပ်စိပ်စိပ်ဖြစ်နေတာကို တွေ့ရတယ်၊ အဲအတွက်ကြောင့် ဒီတိုက်ပွဲတွေက ဘယ်လောက် အထိ အချိန်ကြာကြာသွားမလဲဆိုတာကို ဘယ်သူမှ တိတိကျကျ ပြောလို့မရဘူး၊ ရွေးကောက်ပွဲ ကျင်းပမယ် ဆိုရင်တော့ ဒီမြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ ပြည်နယ်တိုင်း၊ မြို့နယ်တိုင်းကို ရွေးကောက်ပွဲသည် ဖြစ်ဖို့အရေး ကြီးပါတယ်၊ အဲတော့ ရခိုင်တစ်နေရာတည်းမှာ ကွက်ပြီးမဖြစ်ဘူးဆိုတာလည်း ဒါဒီမိုကရေစီစနစ်ကို သွားနေ တဲ့စနစ်လို့ ခေါ်ဆိုလို့ မရပါဘူး၊ တိုင်းနဲ့ ပြည်နယ်တွေမှာ အကုန်လုံး မြို့နယ်တွေကိုပေါ့လေ၊ အကုန်လုံး ပါဝင်နိုင်အောင်လုပ်နိုင်ဖို့တော့ ပိုပြီးအရေးကြီးတယ်လို့ ပြောချင်ပါတယ်ရှင့်”

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့နယ် ၁၇ မြို့နယ်မှာ မဲဆန္ဒနယ်မြေ ၆၄ ခုရှိခဲ့ပါတယ်။

အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးကျော်သူအောင်ကတော့ ရခိုင်ပြည်နယ်ကို ကာလတစ်ခုအဖြစ် စစ်အုပ်ချုပ်ရေးကြေညာပြီး ရွေးကောက်ပွဲ လုပ်စေချင်တယ်လို့ ပြောပါတယ်။

“ရခိုင်ပြည်နယ်မှာ ဦးသိန်းစိန် အစိုးရလက်ထက်တုန်းက ကိုးကန့်စစ်ပွဲတွေဖြစ်တုန်းက လုပ်သလိုမျိုး စစ်အုပ်ချုပ်ရေးပေါ့၊ အဓိကကတော့ အရေးပေါ်အခြေအနေကြေညာပြီးတော့ စစ်အုပ်ချုပ်ရေး ခြောက်လ တန်သည် ခြောက်လနဲ့မရရင် တစ်နှစ်တန်သည် အဲနေရာလေးပဲပေါ့နော် စစ်အုပ်ချုပ်ရေးထားပြီးတော့ တည်ငြိမ်အောင် အရင်လုပ်စေချင်တယ်၊ အဲလိုတည်ငြိမ်အောင် လုပ်ပြီးသွားရင် ရွေးကောက်ပွဲဖြစ်စဉ်တွေမှာ အဲနေရာတွေမှာ ပိုပြီးကျင်းပနိုင်လိမ့်မယ်ထင်တယ်၊ အခုကတော့ စစ်ပွဲတွေရှိနေတဲ့အတွက် မဲပေးတဲ့သူတွေ လည်း ရွှေ့ပြောင်းနေရတယ်ဆိုတော့ တောင်ပိုင်းလောက်ပဲ လုပ်နိုင်လိမ့်မယ်၊ မြောက်ပိုင်းကတော့ ကွက်ကျားလောက်ပဲ လုပ်နိုင်လိမ့်မယ်”

အရင်ကတည်းက လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေ ထပ်ပြီးချိုးဖောက်မခံ ရအောင် ရွေးကောက်ပွဲ ကျင်းပဖို့လိုတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေ ထွေအတွင်းရေးမှူး ၁ ဒေါ်နှင်းနှင်းမွှေးက ပြောပါတယ်။

“ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးဆိုရင် သူတို့က နဂိုကတည်းကိုက အခွင့်အရေးတွေ အများကြီး ချိုးဖောက် ခံနေရတယ်၊ ကိုဗစ်ကာလမှာ ကျွန်မတို့တွေ ခပ်ခွာခွာနေနေရတဲ့အချိန်မှာ သူတို့က ဗုံးခိုကျင်းတောင်မှ မရှိဘဲနဲ့ အိပ်နေရင်းနဲ့တောင် အိပ်ယာပေါ်ကို အမြှောက်ကျည်ဆံကျပြီးတော့ ဆုံးပါးကွယ်လွန်ရတဲ့ ဘဝတွေဖြစ်နေ တဲ့အတွက်ကြောင့်မို့လို့ အဲလိုအခြေအနေမျိုးမှာ ထပ်ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်ခံရမယ့် ရွေးကောက်ပွဲ မကျင်းပဘူး သူတို့နှစ်သက်လိုလားတဲ့ ကိုယ်စားလှယ်ကို ရွေးချယ်တင်မြှောက်ခွင့် မရှိဘူးဆိုရင် အဲဒါတော်တော်ကိုဆိုးတဲ့ အခြေအနေဖြစ်တယ်လို့ ယူဆတယ်၊ ဒါကြောင့်မို့လို့ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် အနေနဲ့ပေါ့နော် အစိုးရရယ် နောက်သက်ဆိုက်ရာ လက်နက်ကိုင်အဖွဲ့အစည်း၊ တပ်နဲ့ရယ် ညှိနှိုင်းပြီး အဲနေရာတွေမှာ မဖြစ်မနေ ရွေးကောက်ပွဲကျင်းပပေးဖို့ လိုအပ်တယ်”

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းတိုက်နယ်ကျေးရွာနဲ့ အနီးတဝိုက်ကကျေးရွာတွေမှာ AA အဖွဲ့နဲ့ပတ်သက်ပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်သွားဖို့ရှိလို့ ဒေသခံတွေ ဘေးလွတ်ရာကို ခေတ္တတိမ်း ရှောင်နေကြဖို့ ပြည်နယ်အစိုးရက မကြာသေးခင်ရက်ပိုင်းက အကြောင်းကြားထားတဲ့အတွက် ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ AA အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်သလို အရပ်သား သေဆုံးဒဏ်ရာရမှုတွေလည်း တစ်နေ့တစ်ခြား များလာနေပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ခုနှစ်သောင်းကျော်ရှိနေတယ်လို့ အရပ်ဖက်အဖွဲ့က ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

သန့်ဇင်ဦး၊ ဖြူဖြူခိုင် / RFA Burmese
-----------------------------------------------
(Zawgyi)⤵⤵⤵
တိုက္ပြဲေတြျဖစ္ေနတဲ့ ရခိုင္ေျမာက္ပိုင္းမွာ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ေအာင္ စီစဥ္ေန

လာမယ့္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲမွာ တိုက္ပြဲေတြျဖစ္ပြားေနတဲ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ၿမိဳ႕နယ္ေတြမွာပါ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေအာင္ စီစဥ္ေနတယ္လို႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ ေျပာေရးဆိုခြင့္ရွိသူ ဦးျမင့္ႏိုင္က ေျပာပါတယ္။

တိုက္ပြဲေတြျဖစ္ပြားေနတဲ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ လြတ္လပ္လုံၿခဳံမႈရွိရဲ႕လား ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ သလားဆိုတာ အစိုးရအဖြဲ႕နဲ႔ သက္ဆိုင္ရာ ကာကြယ္ေရးဝန္ႀကီးဌာန၊ ျပည္ထဲေရး ဝန္ႀကီးဌာနေတြကို ေမးျမန္ထားေၾကာင္းနဲ႔ အတတ္ႏိုင္ဆုံး ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ေအာင္ စီစဥ္ေဆာင္႐ြက္သြားမယ္လို႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ ေျပာေရးဆိုခြင့္ရွိသူ ဦးျမင့္ႏိုင္က ေျပာပါတယ္။

ဒီကေန႔ ရန္ကုန္ၿမိဳ႕မွာျပဳလုပ္တဲ့ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ ႏိုင္ငံေရးပါတီေတြ ေတြ႕ဆုံပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာ ေကာ္မရွင္ေျပာေရးဆိုခြင့္ရွိသူ ဦးျမင့္ႏိုင္က သတင္းမီဒီယာေတြကို ေျပာဆိုခဲ့တာပါ။

“အခုက အားလုံးကို က်င္းပႏိုင္ေအာင္ ကြၽန္ေတာ္တို႔ စီစဥ္ေနပါတယ္၊ ဒါေတြကိုလည္းပဲ သက္ဆိုင္ရာ အစိုးရ၊ ကာကြယ္ေရးဝန္ႀကီးဌာန၊ ျပည္ထဲေရးဝန္ႀကီးဌာန ဒါေတြကိုလည္း ကြၽန္ေတာ္တို႔က ေမးျမန္းထားပါတယ္၊ အတတ္ႏိုင္ဆုံး အားလုံးက်င္းပသြားႏိုင္ဖို႔ ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္၊ အဲဒီေနရာေတြ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ဖို႔အတြက္ လြတ္လပ္လုံၿခဳံတဲ့ဟာျဖစ္လား၊ မျဖစ္လားဆိုတာနဲ႔ က်င္းပႏိုင္စြမ္း ရွိလား၊ မရွိလား ဆိုတာ ေမးထားၿပီ၊ ရွိသြားၿပီဆိုလို႔ရွိရင္ ကြၽန္ေတာ္တို႔က အရန္သင့္ က်င္းပႏိုင္ေအာင္ ေဆာင္႐ြက္သြားမွာပါ၊ ႏိုဝင္ဘာမွဆိုေတာ့ နည္းနည္းလည္း ေစာေသးေတာ့၊ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္လိမ့္မယ္လို႔လည္း ယုံၾကည္ ထားပါတယ္”

၂၀၁၅ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲကတည္းက မဲစာရင္းေတြလည္းရွိၿပီးသားျဖစ္လို လက္ရွိစစ္ေဘးဒုကၡသည္ ေတြရဲ႕ မဲစာရင္းေတြကိုလည္း အေျခခံအားျဖင့္ ေကာက္ထားၿပီးျဖစ္တယ္လို႔ ဦးျမင့္ႏိုင္ က ဆိုပါတယ္။

ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီရဲ႕ အေထြေထြအတြင္းေရးမႉး ဦးမ်ိဳးေက်ာ္ကေတာ့ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ ေဒသခံေတြစစ္ေဘးေရွာင္ေနရလို တာဝန္ယူမယ့္ အုပ္ခ်ဳပ္ေရးမႉးေတြလည္း မရွိတာေၾကာင့္ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ဖို႔ မေသခ်ာဘူးလို႔ RFA ကို ေျပာပါတယ္။

“ကြၽန္ေတာ့္ အေနနဲ႔ကေတာ့ သိပ္မေသခ်ာဘူးလို႔ ထင္တာပဲ၊ ဘာျဖစ္လို႔လဲဆိုေတာ့ ေ႐ြးေကာက္ပြဲေကာ္မရွင္ မွာလည္း နယ္ေျမလုံၿခဳံေရးအရဆိုတဲ့ အပိုဒ္တစ္ပိုဒ္ပါထားတယ္ေလ၊ အဲလိုဆိုေတာ့ ကြၽန္ေတာ္တို႔ဆီမွာ က်ေတာ့ အခုလိုအျခအေနမ်ိဳးမွာ ေ႐ြးေကာက္ပြဲ က်င္းပဖို႔ဆိုတာမ်ိဳးက တိုက္ပြဲေတြကလည္း ေန႔ဓဒူဝျဖစ္ တယ္၊ ေနာက္ၿပီးေတာ့ အဲမွာရွိတဲ့ ေဒသခံေတြကလည္း စစ္ေဘးေရွာင္စခန္းေတြမွာ ေျပးေနရတယ္ေပါ့၊ ေနာက္ဒီေနရာမွာ ဘယ္သူေတြက တာဝန္ယူၿပီးေတာ့ မဲစာရင္းေတြကို ေကာက္ေပးမလဲ၊ ဘယ္သူေတြက တာဝန္ယူၿပီး မဲ႐ုံကိုေစာင့္ေရွာက္မလဲ၊ ေနာက္ၿပီးေတာ့ အဲမွာအုပ္ခ်ဳပ္ေရးယႏၲရားကလည္း ရပ္ေက်းအုပ္ခ်ဳပ္ ေရးမႉးေတြဆိုလည္း ေရွာင္းေျပးေနရတာတို႔၊ တခ်ိဳ႕ေတြဆိုလည္း အစုလိုက္အၿပဳံလိုက္ ထြက္ၾကတာဆိုေတာ့ မေသခ်ာဘူးလို႔ပဲ ေျပာရမွာပါ”

ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ရင္ေတာင္ ၿမိဳ႕နယ္ ဆယ္ၿမိဳ႕နယ္မွာ စစ္ေတြနဲ႔ ေပါက္ေတာ ႏွစ္ၿမိဳ႕နယ္ေလာက္ပဲ က်င္းပႏိုင္မွာျဖစ္သလို မဲစာရင္းေတြ ေကာက္ယူထားၿပီးျဖစ္တယ္ဆိုတာကလည္း ေဒသခံေတြဖက္ကေတာ့ အဲလိုမ်ိဳး ေကာက္ယူထားတာ မရွိဘူးဆိုတဲ့ အသံေတြျပန္ၾကားရတယ္လို႔လည္း ဦးမ်ိဳးေက်ာ္က ဆိုပါတယ္။

ျပည္ေထာင္စု ႀကံ့ခိုင္ေရးနဲ႔ဖြံ႕ၿဖိဳးေရးပါတီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ နႏၵာလွျမင့္ကလည္း ရခိုင္ျပည္နယ္က ျပည္သူေတြရဲ႕ဆႏၵကို ေ႐ြးေကာက္ပြဲမွာ ပါဝင္ေစခ်င္တယ္လို႔ ေျပာပါတယ္။

“ေ႐ြးေကာက္ပြဲ ျဖစ္ေစခ်င္ပါတယ္ ရခိုင္ေဒသမွာ၊ ျဖစ္ေစခ်င္တဲ့အတြက္ ဒီအတြက္က အစိုးရရယ္၊ တပ္မ ေတာ္ရယ္၊ ေနာက္ၿပီးေတာ့ လက္နက္ကိုင္ AA အဖြဲ႕ရယ္က ကိုယ့္ေဒသက ျပည္သူလူထုရဲ႕ ဆႏၵသေဘာထားကို ေလးစားေသာအားျဖင့္ေပါ့၊ ဒီအခ်ိန္မွာေတာ့ တိုက္ပြဲေတြမျဖစ္ဘဲနဲ႔ ဆႏၵမဲေပးႏိုင္ေအာင္ စီမံေပးႏိုင္ရင္ ေကာင္းမယ္လို႔ ကြၽန္ေတာ္တို႔က ေမွ်ာ္လင့္ပါတယ္၊ ေ႐ြးေကာက္ပြဲမွာလည္း ရခိုင္ေဒသခံျပည္သူေတြရဲ႕ ဆႏၵသေဘာထားေတြကို ပါဝင္ေစခ်င္တာေပါ့ေလ”

ဒါေပမဲ့ ေ႐ြးေကာက္ပြဲျဖစ္ခဲ့ရင္လည္း တရားမွ်တတဲ့ရလဒ္မ်ိဳး မျဖစ္မွာလည္း စိတ္ပူတယ္လို႔ ေဒါက္တာ နႏၵာလွျမင့္က ဆိုပါတယ္။

ေက်ာက္ေတာ္ ေဒသခံ ဦးညီပုကေတာ့ တိုက္ပြဲေတြေၾကာင့္ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္မွာမဟုတ္သလို ေ႐ြးေကာက္ပြဲကိုလည္း အားမေပးခ်င္ၾကေတာ့ဘူးလို႔ RFA ကို ေျပာပါတယ္။

“ဒီေလာက္စစ္ျဖစ္ေနတဲ့ေနရာေတြမွာ ေ႐ြးေကာက္ပြဲ လုပ္မယ္ဆိုတာေတာ့ ဘယ္လိုမွမျဖစ္ႏိုင္ဘူးလို႔ ကြၽန္ေတာ္တို႔ကေတာ့ သုံးသပ္ထားပါတယ္ဗ်၊ ေ႐ြးေကာက္ပြဲက ျဖစ္သြားၿပီဆိုလို႔ရွိရင္လည္း ဖြံ႕ၿဖိဳးတိုးတက္ မႈက အဲေလာက္ထိ ဖြံ႕ၿဖိဳးတိုးတက္လာလိမ့္မယ္လို႔ မျမင္ပါဘူးခင္ဗ်၊ မျဖစ္ဘူးဆိုရင္လည္း အဲေလာက္ထိ ဆုံးရႈံးသြားမယ္လို႔ သိပ္မျမင္ဘူးခင္ဗ်၊ အရင္တုန္းကေတာ့ အားေပးၾကပါတယ္၊ ဒါေပမဲ့ ေခတ္အဆက္ဆက္ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ျပည္သူေတြ အကုန္လုံး ႀကိဳဆိုၾကတယ္၊ အမတ္ေတြကိုလည္း ေလးစားၾကတယ္၊ ဒါေပမဲ့ အဲဒီအမတ္ေတြလုပ္တဲ့ အလုပ္ေတြက ကြၽန္ေတာ္တို႔ဆီကို ထင္ထင္ရွားရွား ထိထိေရာက္ေရာက္ မျဖစ္ႏိုင္တဲ့အတြက္ ျပည္သူေတြက သူတို႔အေပၚမွာ အားကိုးစိတ္ေတြ တျဖည္းျဖည္းနဲ႔ ေလ်ာ့က်သြားပါၿပီခင္ဗ်၊ အဲဒါေၾကာင့္ ေ႐ြးေကာက္ပြဲကိုလည္း သိပ္ၿပီးေတာ့ အားမေပးခ်င္ၾကေတာ့ဘူး အဲလိုျဖစ္ေနၾကပါတယ္ခင္ဗ်”

ရခိုင္ျပည္နယ္တစ္ခုတည္းကြက္ၿပီး ေ႐ြးေကာက္ပြဲ မက်င္းပရရင္ ဒီမိုကေရစီစနစ္ကိုသြားတယ္လို႔ ေခၚဆိုလို႔ မရဘူးလို႔ ရေသ့ေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚခင္ေစာေဝက RFA ကို ေျပာပါတယ္။

“ဒီေ႐ြးေကာက္ပြဲ ေကာ္မရွင္အေပၚမွာ မူတည္ပါတယ္၊ အခုဆိုရင္ေတာ့ ရေသ့ေတာင္ၿမိဳ႕နယ္မွာ တိုက္ပြဲေတြ ေတာ္ေတာ္မ်ားမ်ား ခပ္စိပ္စိပ္ျဖစ္ေနတာကို ေတြ႕ရတယ္၊ အဲအတြက္ေၾကာင့္ ဒီတိုက္ပြဲေတြက ဘယ္ေလာက္ အထိ အခ်ိန္ၾကာၾကာသြားမလဲဆိုတာကို ဘယ္သူမွ တိတိက်က် ေျပာလို႔မရဘူး၊ ေ႐ြးေကာက္ပြဲ က်င္းပမယ္ ဆိုရင္ေတာ့ ဒီျမန္မာႏိုင္ငံတစ္ဝွမ္းလုံးမွာရွိတဲ့ ျပည္နယ္တိုင္း၊ ၿမိဳ႕နယ္တိုင္းကို ေ႐ြးေကာက္ပြဲသည္ ျဖစ္ဖို႔အေရး ႀကီးပါတယ္၊ အဲေတာ့ ရခိုင္တစ္ေနရာတည္းမွာ ကြက္ၿပီးမျဖစ္ဘူးဆိုတာလည္း ဒါဒီမိုကေရစီစနစ္ကို သြားေန တဲ့စနစ္လို႔ ေခၚဆိုလို႔ မရပါဘူး၊ တိုင္းနဲ႔ ျပည္နယ္ေတြမွာ အကုန္လုံး ၿမိဳ႕နယ္ေတြကိုေပါ့ေလ၊ အကုန္လုံး ပါဝင္ႏိုင္ေအာင္လုပ္ႏိုင္ဖို႔ေတာ့ ပိုၿပီးအေရးႀကီးတယ္လို႔ ေျပာခ်င္ပါတယ္ရွင့္”

ၿပီးခဲ့တဲ့ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ ရခိုင္ျပည္နယ္မွာရွိတဲ့ ၿမိဳ႕နယ္ ၁၇ ၿမိဳ႕နယ္မွာ မဲဆႏၵနယ္ေျမ ၆၄ ခုရွိခဲ့ပါတယ္။

အမ်ိဳးသားႏိုင္ငံေရး မဟာမိတ္မ်ားအဖြဲ႕ခ်ဳပ္ပါတီ အေထြေထြအတြင္းေရးမႉး ဦးေက်ာ္သူေအာင္ကေတာ့ ရခိုင္ျပည္နယ္ကို ကာလတစ္ခုအျဖစ္ စစ္အုပ္ခ်ဳပ္ေရးေၾကညာၿပီး ေ႐ြးေကာက္ပြဲ လုပ္ေစခ်င္တယ္လို႔ ေျပာပါတယ္။

“ရခိုင္ျပည္နယ္မွာ ဦးသိန္းစိန္ အစိုးရလက္ထက္တုန္းက ကိုးကန႔္စစ္ပြဲေတြျဖစ္တုန္းက လုပ္သလိုမ်ိဳး စစ္အုပ္ခ်ဳပ္ေရးေပါ့၊ အဓိကကေတာ့ အေရးေပၚအေျခအေနေၾကညာၿပီးေတာ့ စစ္အုပ္ခ်ဳပ္ေရး ေျခာက္လ တန္သည္ ေျခာက္လနဲ႔မရရင္ တစ္ႏွစ္တန္သည္ အဲေနရာေလးပဲေပါ့ေနာ္ စစ္အုပ္ခ်ဳပ္ေရးထားၿပီးေတာ့ တည္ၿငိမ္ေအာင္ အရင္လုပ္ေစခ်င္တယ္၊ အဲလိုတည္ၿငိမ္ေအာင္ လုပ္ၿပီးသြားရင္ ေ႐ြးေကာက္ပြဲျဖစ္စဥ္ေတြမွာ အဲေနရာေတြမွာ ပိုၿပီးက်င္းပႏိုင္လိမ့္မယ္ထင္တယ္၊ အခုကေတာ့ စစ္ပြဲေတြရွိေနတဲ့အတြက္ မဲေပးတဲ့သူေတြ လည္း ေ႐ႊ႕ေျပာင္းေနရတယ္ဆိုေတာ့ ေတာင္ပိုင္းေလာက္ပဲ လုပ္ႏိုင္လိမ့္မယ္၊ ေျမာက္ပိုင္းကေတာ့ ကြက္က်ားေလာက္ပဲ လုပ္ႏိုင္လိမ့္မယ္”

အရင္ကတည္းက လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံေနရတဲ့ ရခိုင္ျပည္နယ္က ျပည္သူေတြ ထပ္ၿပီးခ်ိဳးေဖာက္မခံ ရေအာင္ ေ႐ြးေကာက္ပြဲ က်င္းပဖို႔လိုတယ္လို႔ လူ႔ေဘာင္သစ္ဒီမိုကရက္တစ္ပါတီ တြဲဖက္အေထြ ေထြအတြင္းေရးမႉး ၁ ေဒၚႏွင္းႏွင္းေမႊးက ေျပာပါတယ္။

“ေ႐ြးေကာက္ပြဲ မက်င္းပႏိုင္ဘူးဆိုရင္ သူတို႔က နဂိုကတည္းကိုက အခြင့္အေရးေတြ အမ်ားႀကီး ခ်ိဳးေဖာက္ ခံေနရတယ္၊ ကိုဗစ္ကာလမွာ ကြၽန္မတို႔ေတြ ခပ္ခြာခြာေနေနရတဲ့အခ်ိန္မွာ သူတို႔က ဗုံးခိုက်င္းေတာင္မွ မရွိဘဲနဲ႔ အိပ္ေနရင္းနဲ႔ေတာင္ အိပ္ယာေပၚကို အေျမႇာက္က်ည္ဆံက်ၿပီးေတာ့ ဆုံးပါးကြယ္လြန္ရတဲ့ ဘဝေတြျဖစ္ေန တဲ့အတြက္ေၾကာင့္မို႔လို႔ အဲလိုအေျခအေနမ်ိဳးမွာ ထပ္ၿပီးေတာ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရမယ့္ ေ႐ြးေကာက္ပြဲ မက်င္းပဘူး သူတို႔ႏွစ္သက္လိုလားတဲ့ ကိုယ္စားလွယ္ကို ေ႐ြးခ်ယ္တင္ေျမႇာက္ခြင့္ မရွိဘူးဆိုရင္ အဲဒါေတာ္ေတာ္ကိုဆိုးတဲ့ အေျခအေနျဖစ္တယ္လို႔ ယူဆတယ္၊ ဒါေၾကာင့္မို႔လို႔ ျပည္ေထာင္စု ေ႐ြးေကာက္ ပြဲေကာ္မရွင္ အေနနဲ႔ေပါ့ေနာ္ အစိုးရရယ္ ေနာက္သက္ဆိုက္ရာ လက္နက္ကိုင္အဖြဲ႕အစည္း၊ တပ္နဲ႔ရယ္ ညႇိႏႈိင္းၿပီး အဲေနရာေတြမွာ မျဖစ္မေန ေ႐ြးေကာက္ပြဲက်င္းပေပးဖို႔ လိုအပ္တယ္”

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္းတိုက္နယ္ေက်း႐ြာနဲ႔ အနီးတဝိုက္ကေက်း႐ြာေတြမွာ AA အဖြဲ႕နဲ႔ပတ္သက္ၿပီး နယ္ေျမရွင္းလင္းေရး ေဆာင္႐ြက္သြားဖို႔ရွိလို႔ ေဒသခံေတြ ေဘးလြတ္ရာကို ေခတၱတိမ္း ေရွာင္ေနၾကဖို႔ ျပည္နယ္အစိုးရက မၾကာေသးခင္ရက္ပိုင္းက အေၾကာင္းၾကားထားတဲ့အတြက္ ေဒသခံေတြက စိုးရိမ္ေနၾကပါတယ္။

ရခိုင္ေျမာက္ပိုင္းမွာ တပ္မေတာ္နဲ႔ AA အၾကား တိုက္ပြဲေတြ ဆက္လက္ျပင္းထန္ေနဆဲျဖစ္သလို အရပ္သား ေသဆုံးဒဏ္ရာရမႈေတြလည္း တစ္ေန႔တစ္ျခား မ်ားလာေနပါတယ္။

ရခိုင္ျပည္နယ္အတြင္း ျဖစ္ပြားေနတဲ့တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန္ခြာ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ ေဒသခံ ခုႏွစ္ေသာင္းေက်ာ္ရွိေနတယ္လို႔ အရပ္ဖက္အဖြဲ႕က ေကာက္ယူထားတဲ့ စာရင္းေတြအရ သိရပါတယ္။

သန႔္ဇင္ဦး၊ ျဖဴျဖဴခိုင္ / RFA Burmese
https://www.rfa.org/burmese/news/rakhine-state-2020-election-06272020072124.html
တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်မြောက်ပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်အောင် စီစဉ်နေ တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်မြောက်ပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်အောင် စီစဉ်နေ Reviewed by THITHTOOLWIN on 21:35 Rating: 5
Powered by Blogger.