ကိုဗစ်ကပ်ရောဂါ ဆိုးလာနေတဲ့ အိန္ဒိယမှာ စစ်တပ်အကူအညီယူ


(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နေတဲ့ အိန္ဒိယနိုင်ငံမှာ မြို့တော် နယူးဒေလီမြို့က COVID-19 ရောဂါ ကုသရေးဌာန ဆေးရုံ ဆေးခန်းတွေအတွက် အိန္ဒိယ စစ်တပ်က ဆရာဝန်တွေကို တာဝန်ချထားပေးဖို့ ဗဟို အစိုးရက စီစဉ်နေပြီ ဖြစ်ပါတယ်။

မနေ့ ဗုဒ္ဓဟူးနေ့က အိန္ဒိယ တစ်နိုင်ငံလုံးမှာ တရက်တည်း အများဆုံး စံချိန်ဖြစ်တဲ့ ရောဂါ ကူးစက်မှုပေါင်း ၁၆၀၀၀ ရှိခဲ့တဲ့အထဲ နယူးဒေလီ မြို့တော် တစ်မြို့တည်းမှာပဲ ကူးစက်မှုပေါင်း ၃၉၀၀ ကျော် ရှိခဲ့တာပါ။ မြို့တော်ဒေလီမှာ COVID-19 ကုသရေးအတွက် ဆေးရုံ ကုတင် ၁၃၅၀၀ နီးပါး ရှိတဲ့အထဲ အခုအချိန်အထိ ကုတင် ၆၂၀၀ မှာ လူနာတွေ ကုသမှုခံယူနေပြီ ဖြစ်ပါတယ်။ ကူးစက်မှု မြင့်တက်လာနေတာ ကို ပြင်ဆင်တဲ့အနေနဲ့ ဒေလီမြို့ထဲ အိမ်ထောင်စု စာရင်းစစ်တမ်း ကောက်ယူမှုကို ဇူလိုင် ၆ ရက်နေ့အပြီး လုပ်ဆောင်မယ်လို့ အာဏာပိုင် တွေက ပြောပါတယ်။

“အိမ်ထောင်စုစာရင်းစစ်တမ်းကောက်ယူရတဲ့ ရည်ရွယ်ချက်က သက်ကြီးရွယ်အိုတွေရဲ့ အခြေအနေကို သိရှိ အကဲဖြတ်နိုင်ဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် အသက် ၆၀ ကျော်တွေမှာ ရောဂါ လက္ခဏာတွေ ရှိ-မရှိ သိနိုင်ဖို့ပါ။ ဒီလို ဆန်းစစ် သိရှိရရင် ပိုကောင်း တဲ့ ကုသမှုတွေ ပေးနိုင်မှာ ဖြစ်ပါတယ်” လို့ နယူးဒေလီမြို့တော် အိမ်ထောင်စုစစ်တမ်းကောက်ယူရေး တာဝန်ရှိသူ Pradeep Tayalက ပြောပါတယ်။

ပြည်နယ် အစိုးရတွေက တားမြစ်ချက်တွေကို ဖြေလျှော့ပေးနေတာကြောင့် ကူးစက်မှုတွေ ထပ်ပြီး တိုးလာနေဦးမယ်လို့လည်း ခန့်မှန်း ထားကြပါတယ်။ လာမယ့် သီတင်းပတ်ထဲ အိန္ဒိယ စစ်တပ် ဆရာဝန်တွေကို တာဝန်ချထားမယ့် ယာယီ ကုသရေးဆောင် တွေထဲ ကုတင် ၂ သောင်းဝန်းကျင် အဆင့်သင့် ပြင်ဆင်ထားမယ်လို့လည်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီ အထဲ ကုတင် ၁ သောင်းကို ဘာသာရေး အဆောက်အအုံတွေနဲ့ ရထားတွဲတွေထဲမှာ ချထားမှာ ဖြစ်ပါတယ်။ ဇူလိုင်လ ကုန်မှာ COIVD 19 ကူးစက်ခံရသူပေါင်း ၅၅၀, ၀၀၀ ရှိလာမယ်လို့ မြို့တော် အစိုးရက ခန့်မှန်းထားလို့ အဲဒီအချိန်ဆိုရင် ဆေးရုံကုတင် ၁ သိန်းခွဲ လိုအပ်မှာ ဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
-----------------------------------------
(Zawgyi)⤵⤵⤵
ကိုဗစ္ကပ္ေရာဂါ ဆိုးလာေနတဲ့ အိႏၵိယမွာ စစ္တပ္အကူအညီယူ

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ျမင့္တက္ေနတဲ့ အိႏၵိယႏိုင္ငံမွာ ၿမိဳ႕ေတာ္ နယူးေဒလီၿမိဳ႕က COVID-19 ေရာဂါ ကုသေရးဌာန ေဆး႐ုံ ေဆးခန္းေတြအတြက္ အိႏၵိယ စစ္တပ္က ဆရာဝန္ေတြကို တာဝန္ခ်ထားေပးဖို႔ ဗဟို အစိုးရက စီစဥ္ေနၿပီ ျဖစ္ပါတယ္။

မေန႔ ဗုဒၶဟူးေန႔က အိႏၵိယ တစ္ႏိုင္ငံလုံးမွာ တရက္တည္း အမ်ားဆုံး စံခ်ိန္ျဖစ္တဲ့ ေရာဂါ ကူးစက္မႈေပါင္း ၁၆၀၀၀ ရွိခဲ့တဲ့အထဲ နယူးေဒလီ ၿမိဳ႕ေတာ္ တစ္ၿမိဳ႕တည္းမွာပဲ ကူးစက္မႈေပါင္း ၃၉၀၀ ေက်ာ္ ရွိခဲ့တာပါ။ ၿမိဳ႕ေတာ္​ေဒလီမွာ COVID-19 ကုသေရးအတြက္ ေဆး႐ုံ ကုတင္ ၁၃၅၀၀ နီးပါး ရွိတဲ့အထဲ အခုအခ်ိန္အထိ ကုတင္ ၆၂၀၀ မွာ လူနာေတြ ကုသမႈခံယူေနၿပီ ျဖစ္ပါတယ္။ ကူးစက္မႈ ျမင့္တက္လာေနတာ ကို ျပင္ဆင္တဲ့အေနနဲ႔ ေဒလီၿမိဳ႕ထဲ အိမ္ေထာင္စု စာရင္းစစ္တမ္း ေကာက္ယူမႈကို ဇူလိုင္ ၆ ရက္ေန႔အၿပီး လုပ္ေဆာင္မယ္လို႔ အာဏာပိုင္ ေတြက ေျပာပါတယ္။

“အိမ္ေထာင္စုစာရင္းစစ္တမ္းေကာက္ယူရတဲ့ ရည္႐ြယ္ခ်က္က သက္ႀကီး႐ြယ္အိုေတြရဲ႕ အေျခအေနကို သိရွိ အကဲျဖတ္ႏိုင္ဖို႔ ျဖစ္ပါတယ္။ အထူးသျဖင့္ အသက္ ၆၀ ေက်ာ္ေတြမွာ ေရာဂါ လကၡဏာေတြ ရွိ-မရွိ သိႏိုင္ဖို႔ပါ။ ဒီလို ဆန္းစစ္ သိရွိရရင္ ပိုေကာင္း တဲ့ ကုသမႈေတြ ေပးႏိုင္မွာ ျဖစ္ပါတယ္” လို႔ နယူးေဒလီၿမိဳ႕ေတာ္ အိမ္ေထာင္စုစစ္တမ္းေကာက္ယူေရး တာဝန္ရွိသူ Pradeep Tayalက ေျပာပါတယ္။

ျပည္နယ္ အစိုးရေတြက တားျမစ္ခ်က္ေတြကို ေျဖေလွ်ာ့ေပးေနတာေၾကာင့္ ကူးစက္မႈေတြ ထပ္ၿပီး တိုးလာေနဦးမယ္လို႔လည္း ခန႔္မွန္း ထားၾကပါတယ္။ လာမယ့္ သီတင္းပတ္ထဲ အိႏၵိယ စစ္တပ္ ဆရာဝန္ေတြကို တာဝန္ခ်ထားမယ့္ ယာယီ ကုသေရးေဆာင္ ေတြထဲ ကုတင္ ၂ ေသာင္းဝန္းက်င္ အဆင့္သင့္ ျပင္ဆင္ထားမယ္လို႔လည္း အိႏၵိယ ျပည္ထဲေရးဝန္ႀကီးဌာနက ေျပာပါတယ္။

အဲဒီ အထဲ ကုတင္ ၁ ေသာင္းကို ဘာသာေရး အေဆာက္အအုံေတြနဲ႔ ရထားတြဲေတြထဲမွာ ခ်ထားမွာ ျဖစ္ပါတယ္။ ဇူလိုင္လ ကုန္မွာ COIVD 19 ကူးစက္ခံရသူေပါင္း ၅၅၀, ၀၀၀ ရွိလာမယ္လို႔ ၿမိဳ႕ေတာ္ အစိုးရက ခန႔္မွန္းထားလို႔ အဲဒီ​အခ်ိန္ဆိုရင္ ေဆး႐ုံကုတင္ ၁ သိန္းခြဲ လိုအပ္မွာ ျဖစ္ပါတယ္။

 ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/india-military-help-covid-/5476739.html
ကိုဗစ်ကပ်ရောဂါ ဆိုးလာနေတဲ့ အိန္ဒိယမှာ စစ်တပ်အကူအညီယူ ကိုဗစ်ကပ်ရောဂါ ဆိုးလာနေတဲ့ အိန္ဒိယမှာ စစ်တပ်အကူအညီယူ Reviewed by THITHTOOLWIN on 20:42 Rating: 5
Powered by Blogger.