မဟာဓာတ်အားလိုင်းသွယ်တဲ့ လုပ်သားကား ချောက်ထဲကျ ၂ ဦးသေ၊ ၁၀ ဦးဒဏ်ရာရ


(Unicode)⤵⤵⤵
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ တုံတာမြို့အဝင် ၅ ဖာလုံခန့်အကွာ တောင်ကြီး - ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၅၇၈+၅၇၇)ကြားမှာ ဇွန်လ ၄ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က မဟာဓာတ်အားလိုင်းသွယ်တဲ့ လုပ်သားကား ချောက်ထဲကျလို့ ၂ ဦးသေ၊ ၁၀ ဦးဒဏ်ရာရရှိ ခဲ့ကြောင်း သိရပါတယ်။

ကိုရန်လင်းထက်(၃၄ နှစ်-ရွှေတောင်မြို့) မောင်းနှင်တဲ့ 1L/. .... ဒိုင်နာ အဖြူရောင် ယာဉ်ဟာ မဟာဓါတ်အားလိုင်းမှ မီးလိုင်းဆွဲ‌ အလုပ်သမားအဖွဲ့ ကို တင်ဆောင်ကာ ပန်ကြူ မှ လုပ်ငန်း သိမ်းပြီး အပြန် မှာ  တုံတာမြို့ နဲ့ ၅ ဖာလုံခန့်အကွာ မိုင်းကာတောင်ကွေ့ အဆင်းမှာ အရှိန် မထိန်းနိုင်ဘဲ ချောက်ထဲ ထိုးကျခဲ့တာ ဖြစ်ကြောင်း ပြန်ကြားရေး၀န်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အဆိုပါယာဉ် မတော်တဆမှုကြောင့် ယာဉ်ပေါ်မှာ ပါရှိတဲ့ လူ၂၉ ဦးထဲက၂ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒါဏ်ရာရရှိသူ ၁၀ ဦး (ကျား(၉)ဦး၊ မ(၁)ဦး ) ရှိကြောင်း သိရပါတယ်။

အဲဒီထဲ့က ထိခိုက် ဒဏ်ရာ ရရှိ သူတွေကို ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံ၊ သေဆုံးသူ(၂)ဦးကို မိုင်းပျဉ်းမြို့နယ်ပြည်သူ့ဆေးရုံ ပို့ဆောင်ကာ ကျန်တဲ့သူတွေက တုံတာမြို့တိုက်နယ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြောင်းလည်း သိရပါတယ်။

ယာဉ်မတော်တဆမှု ဖြစ်ပွားရာနေရာကို ကျိုင်းတုံနဲ့ တုံတာမြို့က တာဝန်ရှိသူတွေ၊  မီးသတ် တပ်ဖွဲ့ဝင်တွေ၊ လူမှုကူညီရေး ပရဟိတအဖွဲ့တွေကနေ ကယ်ဆယ်ရေးနဲ့ ကူညီရေး ဆောင်ရွက် ပေးခဲ့ပြီး ဖြစ်စဉ်နဲ့ ပတ်သက်သူတွေကိုတော့ တုံတာ နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရပါတယ်။

by သစ်ထူးလွင်
-------------------------------------------
(Zawgyi)⤵⤵⤵
မဟာဓာတ္အားလိုင္းသြယ္တဲ့ လုပ္သားကား ေခ်ာက္ထဲက် ၂ ဦးေသ၊ ၁၀ ဦးဒဏ္ရာရ

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတုံခ႐ိုင္၊ တုံတာၿမိဳ႕အဝင္ ၅ ဖာလုံခန႔္အကြာ ေတာင္ႀကီး - က်ိဳင္းတုံ ျပည္ေထာင္စုလမ္းမႀကီး မိုင္တိုင္အမွတ္ (၅၇၈+၅၇၇)ၾကားမွာ ဇြန္လ ၄ ရက္ေန႔ နံနက္ ၁၁ နာရီခြဲခန႔္က မဟာဓာတ္အားလိုင္းသြယ္တဲ့ လုပ္သားကား ေခ်ာက္ထဲက်လို႔ ၂ ဦးေသ၊ ၁၀ ဦးဒဏ္ရာရရွိ ခဲ့ေၾကာင္း သိရပါတယ္။

ကိုရန္လင္းထက္(၃၄ ႏွစ္-ေ႐ႊေတာင္ၿမိဳ႕) ေမာင္းႏွင္တဲ့ 1L/. .... ဒိုင္နာ အျဖဴေရာင္ ယာဥ္ဟာ မဟာဓါတ္အားလိုင္းမွ မီးလိုင္းဆြဲ‌ အလုပ္သမားအဖြဲ႕ ကို တင္ေဆာင္ကာ ပန္ၾကဴ မွ လုပ္ငန္း သိမ္းၿပီး အျပန္ မွာ  တုံတာၿမိဳ႕ နဲ႔ ၅ ဖာလုံခန႔္အကြာ မိုင္းကာေတာင္ေကြ႕ အဆင္းမွာ အရွိန္ မထိန္းႏိုင္ဘဲ ေခ်ာက္ထဲ ထိုးက်ခဲ့တာ ျဖစ္ေၾကာင္း ျပန္ၾကားေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။

အဆိုပါယာဥ္ မေတာ္တဆမႈေၾကာင့္ ယာဥ္ေပၚမွာ ပါရွိတဲ့ လူ၂၉ ဦးထဲက၂ ဦး ေသဆုံးခဲ့ၿပီး ထိခိုက္ဒါဏ္ရာရရွိသူ ၁၀ ဦး (က်ား(၉)ဦး၊ မ(၁)ဦး ) ရွိေၾကာင္း သိရပါတယ္။

အဲဒီထဲ့က ထိခိုက္ ဒဏ္ရာ ရရွိ သူေတြကို က်ိဳင္းတုံၿမိဳ႕ျပည္သူ႔ေဆး႐ုံ၊ ေသဆုံးသူ(၂)ဦးကို မိုင္းပ်ဥ္းၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံ ပို႔ေဆာင္ကာ က်န္တဲ့သူေတြက တုံတာၿမိဳ႕တိုက္နယ္ေဆး႐ုံမွာ ေဆးကုသမႈ ခံယူေနေၾကာင္းလည္း သိရပါတယ္။

ယာဥ္မေတာ္တဆမႈ ျဖစ္ပြားရာေနရာကို က်ိဳင္းတုံနဲ႔ တုံတာၿမိဳ႕က တာဝန္ရွိသူေတြ၊  မီးသတ္ တပ္ဖြဲ႕ဝင္ေတြ၊ လူမႈကူညီေရး ပရဟိတအဖြဲ႕ေတြကေန ကယ္ဆယ္ေရးနဲ႔ ကူညီေရး ေဆာင္႐ြက္ ေပးခဲ့ၿပီး ျဖစ္စဥ္နဲ႔ ပတ္သက္သူေတြကိုေတာ့ တုံတာ နယ္ေျမရဲစခန္းက အမႈဖြင့္ အေရးယူ ေဆာင္႐ြက္ထားေၾကာင္း သိရပါတယ္။

by သစ္ထူးလြင္

မဟာဓာတ်အားလိုင်းသွယ်တဲ့ လုပ်သားကား ချောက်ထဲကျ ၂ ဦးသေ၊ ၁၀ ဦးဒဏ်ရာရ မဟာဓာတ်အားလိုင်းသွယ်တဲ့ လုပ်သားကား ချောက်ထဲကျ ၂ ဦးသေ၊ ၁၀ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 04:14 Rating: 5
Powered by Blogger.