အမေရိကန်ဗီဇာ ဆိုင်းငံ့မှု နိုင်ငံခြားအလုပ်သမားတွေကို အဓိကထား

သမ္မတထရမ့်က သူ့ရဲ့မဲဆွယ်စည်းရုံးမှုမှာ အရေးပါတဲ့အချက်တစ်ချက်အနေနဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေ အပေါ် တင်းကြပ်တဲ့ ရပ်တည်ချက်ကို ထုတ်ဖော်ပြခဲ့
(Unicode)⤵⤵⤵
အမေရိကန်နိုင်ငံမှာ green cards အမြဲတမ်းနေထိုင်ခွင့်တချို့နဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို အမေရိကန်နိုင်ငံမှာ လာရောက်အလုပ်လုပ်ခွင့် ဗီဇာဆိုင်းငံ့ထားတာကို ၂၀၂၀ ပြည့်နှစ် အကုန်အထိ သမ္မတ ထရမ့်က သက်တမ်း ထပ်တိုးလိုက်ပါတယ်။

အဲဒီထဲမှာ အရည်အချင်းမြင့် နည်းပညာရှင်အလုပ်သမားတွေ၊ စိုက်ပျိုးမွေးမြူရေးနဲ့ မဆိုင်တဲ့ ရာသီအလိုက် ယာယီအလုပ်သမားတွေ၊ အိမ်ရှင်နဲ့ အတူနေပြီး အချိန်ပိုင်း ကလေးထိန်းပေးသူတွေနဲ့ ထိပ်ပိုင်း အလုပ်အမှုဆောင် စီမံခန့်ခွဲသူတွေ ပါဝင်ပါတယ်။

ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးကြောင့် စီးပွားရေး ထိခိုက်ခဲ့ရသူ အမေရိကန်နိုင်ငံသားတွေအတွက် အလုပ်တွေ ဖန်တီးပေးနိုင်မယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ဒါပေမဲ့ ဝေဖန်သူတွေကတော့ အမေရိကန်အစိုးရဟာ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေကို တင်းကျပ်ဖို့အတွက် ကိုရိုနာဗိုင်းရပ်စ်ကို အကြောင်းပြနေတယ်လို့ ထောက်ပြနေကြပါတယ်။
ဘယ်သူတွေအပေါ် ထိခိုက်မလဲ

အခုနှစ်ကုန်ပိုင်းအထိ သက်တမ်းထပ်တိုးလိုက်တဲ့ ဒီဆိုင်းငံ့မှုကြောင့် လူ ၅၂၅,၀၀၀ သက်ရောက်မှုတွေ ရှိလာမယ်လို့ အမေရိကန်အစိုးရက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အဲဒီထဲမှာ နိုင်ငံခြားသားတွေကို အမေရိကန်နိုင်ငံမှာ အမြဲနေထိုင်ခွင့် green card ရပ်ဆိုင်းခံရတဲ့ လူပေါင်း တစ်သိန်း ခုနစ်သောင်းလောက် ပါဝင်ပါတယ်။

ဇွန်လ ၂၂ ရက် တနင်္လာနေ့အထိ ဒီဗီဇာတွေ ဆိုင်းငံ့လိုက်ကြောင်းကို အမေရိကန်အစိုးရက ဧပြီလမှာ ထုတ်ဖော်ကြေညာခဲ့တာ ဖြစ်ပါတယ်။

တနင်္လာနေ့မှာ ထုတ်ပြန်လိုက်တဲ့ ကန့်သတ်ချက်သစ်ဟာ လက်ရှိ ဗီဇာ ရထားပြီးသားသူတွေအပေါ် သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး။

ဒီကန့်သတ်ချက်ဟာ H-1B ဗီဇာအမျိုးအစားအတွက် အကြုံးဝင်ပြီး အဲဒီထဲက ဗီဇာ အတော်များများဟာ အိန္ဒိယ နည်းပညာသမားတွေအတွက် ဖြစ်ပါတယ်။ ဒီဗီဇာတွေဟာ နိုင်ငံခြားသား အလုပ်သမားတွေကို လုပ်ခနည်းနည်းနဲ့ အမေရိကန်နိုင်ငံမှာ အလုပ်ခန့်နိုင်အောင် နည်းပညာကုမ္ပဏီတွေကို ခွင့်ပြုထားတဲ့ ဗီဇာတွေ ဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောနေတာပါ။

ပြီးခဲ့တဲ့နှစ်က H-1B ဗီဇာအစီအစဉ်ကနေ လျှောက်ခွင့်ရှိတဲ့ နေရာ ရှစ်သောင်းကျော်အတွက် လျှောက်လွှာတင်သူပေါင်း နှစ်သိန်းနှစ်သောင်းကျော် ရှိခဲ့ပါတယ်။

ဒီကန့်သတ်ချက်အရ ရာသီအလိုက် ယာယီအလုပ်သမားတွေအတွက် ထုတ်ပေးတဲ့ H-2B ဗီဇာအမျိုးအစားကိုလည်း ဆိုင်းငံ့ထားမှာ ဖြစ်ပါတယ်။ အဲဒီဗီဇာက ဟိုတယ်၊ စားသောက်ဆိုင်တို့လို ဧည့်ခံပြုစုတဲ့ လုပ်ငန်းမှာ အလုပ်လုပ်သူတွေအတွက် ဖြစ်ပါတယ်။ ဒါပေမဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ အစားအသောက် ထုတ်လုပ်တဲ့ လုပ်ငန်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းက အလုပ်သမားတွေတော့ ဒီကန့်သတ်ချက်ကနေ ကင်းလွတ်ပါတယ်။

တခါ တက္ကသိုလ်ကျောင်းသားတွေ၊ အိမ်ရှင်နဲ့ အတူနေပြီး အချိန်ပိုင်း ကလေးထိန်းပေးသူတွေအတွက် ထုတ်ပေးတဲ့ J-1 ဗီဇာအမျိုးအစားလည်း ဒီကန့်သတ်ချက်ထဲမှာ ပါပါတယ်။

ဒါပေမဲ့ ပါမောက္ခတွေ၊ ပညာသင်ထောက်ပံ့ကြေးနဲ့ စာလာသင်တဲ့သူတွေတော့ မပါပါဘူး။ ဒီဗီဇာအမျိုးအစားကတော့ ဆိုင်းငံ့ခွင့် ကင်းလွတ်ဖို့ လျှောက်ထားနိုင်ပါတယ်။

နိုင်ငံတကာ ကော်ပိုရေးရှင်းတွေအတွက် မန်နေဂျာတွေနဲ့ တခြားအရေးပါတဲ့ ဝန်ထမ်းတွေအတွက်ထုတ်ပေးတဲ့ L ဗီဇာအမျိုးအစားကိုလည်း ဆိုင်းငံ့ထားမှာ ဖြစ်ပါတယ်။
ဘယ်လို တုံ့ပြန်ကြသလဲ

ဒီပြည်ဝင်ခွင့်ဗီဇာတွေကို ဆိုင်းငံ့လိုက်တဲ့ ရည်ရွယ်ချက်က အမေရိကန် စီးပွားရေးအတွက် "အကောင်းဆုံး၊ အတော်ဆုံး"နဲ့ "အတန်ဆုံး" ရဖို့ ဖြစ်တယ်လို့ ထိပ်တန်း တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။

"ဒီလုပ်ဆောင်ချက်ဟာ အမေရိကန်မှာ အလုပ်တွေကို ကာကွယ်ဖို့ သမ္မတထရမ့်အစိုးရရဲ့ ရဲရင့်ပြတ်သားတဲ့ လုပ်ဆောင်ချက် တစ်ခုဖြစ်တယ်" လို့ ဒီကန့်သတ်ချက်တွေကို ထောက်ခံတဲ့ လူဝင်မှုကြီးကြပ်ရေး ဘာသာရပ်ဌာနရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး မာ့ခ် ကရီကိုရီယန် က AP သတင်းဌာနကို ပြောပါတယ်။

ဒါပေမဲ့ အမေရိကန် အရပ်သား လွတ်လပ်ရေး သမဂ္ဂအဖွဲ့ကတော့ "ဒါဟာ ကပ်ရောဂါကြီးတစ်ခုကို အသုံးချပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ပြန်ပြင်ဖို့ ကွန်ဂရက်ကို ကျော်လုပ်လိုက်တာ" လို့ ပြောပါတယ်။

နိုင်ငံခြားသား အလုပ်သမားတွေအပေါ် မှီခိုအားထားနေတဲ့ စီးပွားရေးလုပ်ငန်းတွေကလည်း ဒီပေါ်လစီအသစ်ကို ကန့်ကွက်နေကြပါတယ်။

"စီးပွားရေး ပြန်ကောင်းလာတဲ့အချိန်ကျရင် အမေရိကန် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ သူတို့ လိုအပ်တဲ့ အလုပ်သမားထု အားလုံးကို ဖြည့်ဆည်းပေးနိုင်ရမယ် ဆိုတဲ့ အာမခံချက် လိုအပ်လာပါလိမ့်မယ်" လို့ ဒီကန့်သတ်ချက်တွေနဲ့ ပတ်သက်လို့ သတိပေးထားတဲ့ စာတစ်စောင်ကို အမေရိကန် ကုန်သည်ကြီးများအသင်းက အခုလမှာ ရေးသားထုတ်ပြန်ခဲ့ပါတယ်။

"အဲဒီအချိန်ကျရင် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ကျွမ်းကျင်သူ အလုပ်သမားတွေကို ပြည်တွင်းကနေရော ပြည်ပကနေပါ ရနိုင်ခွင့် ရှိဖို့ အရေးကြီးတယ်"လို့ ဆိုပါတယ်။

BBC Burmese
------------------------------
(Zawgyi)⤵⤵⤵
အေမရိကန္ဗီဇာ ဆိုင္းငံ့မႈ ႏိုင္ငံျခားအလုပ္သမားေတြကို အဓိကထား

Image caption သမၼတထရမ့္က သူ႔ရဲ႕မဲဆြယ္စည္း႐ုံးမႈမွာ အေရးပါတဲ့အခ်က္တစ္ခ်က္အေနနဲ႔ လူဝင္မႈႀကီးၾကပ္ေရးဥပေဒ အေပၚ တင္းၾကပ္တဲ့ ရပ္တည္ခ်က္ကို ထုတ္ေဖာ္ျပခဲ့

အေမရိကန္ႏိုင္ငံမွာ green cards အၿမဲတမ္းေနထိုင္ခြင့္တခ်ိဳ႕နဲ႔ ႏိုင္ငံျခားသား အလုပ္သမားေတြကို အေမရိကန္ႏိုင္ငံမွာ လာေရာက္အလုပ္လုပ္ခြင့္ ဗီဇာဆိုင္းငံ့ထားတာကို ၂၀၂၀ ျပည့္ႏွစ္ အကုန္အထိ သမၼတ ထရမ့္က သက္တမ္း ထပ္တိုးလိုက္ပါတယ္။

အဲဒီထဲမွာ အရည္အခ်င္းျမင့္ နည္းပညာရွင္အလုပ္သမားေတြ၊ စိုက္ပ်ိဳးေမြးျမဴေရးနဲ႔ မဆိုင္တဲ့ ရာသီအလိုက္ ယာယီအလုပ္သမားေတြ၊ အိမ္ရွင္နဲ႔ အတူေနၿပီး အခ်ိန္ပိုင္း ကေလးထိန္းေပးသူေတြနဲ႔ ထိပ္ပိုင္း အလုပ္အမႈေဆာင္ စီမံခန႔္ခြဲသူေတြ ပါဝင္ပါတယ္။

ဒီလိုလုပ္လိုက္ျခင္းအားျဖင့္ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါႀကီးေၾကာင့္ စီးပြားေရး ထိခိုက္ခဲ့ရသူ အေမရိကန္ႏိုင္ငံသားေတြအတြက္ အလုပ္ေတြ ဖန္တီးေပးႏိုင္မယ္လို႔ အိမ္ျဖဴေတာ္က ေျပာပါတယ္။

ဒါေပမဲ့ ေဝဖန္သူေတြကေတာ့ အေမရိကန္အစိုးရဟာ လူဝင္မႈႀကီးၾကပ္ေရး ဥပေဒေတြကို တင္းက်ပ္ဖို႔အတြက္ ကို႐ိုနာဗိုင္းရပ္စ္ကို အေၾကာင္းျပေနတယ္လို႔ ေထာက္ျပေနၾကပါတယ္။

ဘယ္သူေတြအေပၚ ထိခိုက္မလဲ

အခုႏွစ္ကုန္ပိုင္းအထိ သက္တမ္းထပ္တိုးလိုက္တဲ့ ဒီဆိုင္းငံ့မႈေၾကာင့္ လူ ၅၂၅,၀၀၀ သက္ေရာက္မႈေတြ ရွိလာမယ္လို႔ အေမရိကန္အစိုးရက သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

အဲဒီထဲမွာ ႏိုင္ငံျခားသားေတြကို အေမရိကန္ႏိုင္ငံမွာ အၿမဲေနထိုင္ခြင့္ green card ရပ္ဆိုင္းခံရတဲ့ လူေပါင္း တစ္သိန္း ခုနစ္ေသာင္းေလာက္ ပါဝင္ပါတယ္။

ဇြန္လ ၂၂ ရက္ တနလၤာေန႔အထိ ဒီဗီဇာေတြ ဆိုင္းငံ့လိုက္ေၾကာင္းကို အေမရိကန္အစိုးရက ဧၿပီလမွာ ထုတ္ေဖာ္ေၾကညာခဲ့တာ ျဖစ္ပါတယ္။

တနလၤာေန႔မွာ ထုတ္ျပန္လိုက္တဲ့ ကန႔္သတ္ခ်က္သစ္ဟာ လက္ရွိ ဗီဇာ ရထားၿပီးသားသူေတြအေပၚ သက္ေရာက္မႈ ရွိမွာ မဟုတ္ပါဘူး။

ဒီကန႔္သတ္ခ်က္ဟာ H-1B ဗီဇာအမ်ိဳးအစားအတြက္ အႀကဳံးဝင္ၿပီး အဲဒီထဲက ဗီဇာ အေတာ္မ်ားမ်ားဟာ အိႏၵိယ နည္းပညာသမားေတြအတြက္ ျဖစ္ပါတယ္။ ဒီဗီဇာေတြဟာ ႏိုင္ငံျခားသား အလုပ္သမားေတြကို လုပ္ခနည္းနည္းနဲ႔ အေမရိကန္ႏိုင္ငံမွာ အလုပ္ခန႔္ႏိုင္ေအာင္ နည္းပညာကုမၸဏီေတြကို ခြင့္ျပဳထားတဲ့ ဗီဇာေတြ ျဖစ္တယ္လို႔ ေဝဖန္သူေတြက ေျပာေနတာပါ။

ၿပီးခဲ့တဲ့ႏွစ္က H-1B ဗီဇာအစီအစဥ္ကေန ေလွ်ာက္ခြင့္ရွိတဲ့ ေနရာ ရွစ္ေသာင္းေက်ာ္အတြက္ ေလွ်ာက္လႊာတင္သူေပါင္း ႏွစ္သိန္းႏွစ္ေသာင္းေက်ာ္ ရွိခဲ့ပါတယ္။

ဒီကန႔္သတ္ခ်က္အရ ရာသီအလိုက္ ယာယီအလုပ္သမားေတြအတြက္ ထုတ္ေပးတဲ့ H-2B ဗီဇာအမ်ိဳးအစားကိုလည္း ဆိုင္းငံ့ထားမွာ ျဖစ္ပါတယ္။ အဲဒီဗီဇာက ဟိုတယ္၊ စားေသာက္ဆိုင္တို႔လို ဧည့္ခံျပဳစုတဲ့ လုပ္ငန္းမွာ အလုပ္လုပ္သူေတြအတြက္ ျဖစ္ပါတယ္။ ဒါေပမဲ့ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္း၊ အစားအေသာက္ ထုတ္လုပ္တဲ့ လုပ္ငန္းနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းက အလုပ္သမားေတြေတာ့ ဒီကန႔္သတ္ခ်က္ကေန ကင္းလြတ္ပါတယ္။

တခါ တကၠသိုလ္ေက်ာင္းသားေတြ၊ အိမ္ရွင္နဲ႔ အတူေနၿပီး အခ်ိန္ပိုင္း ကေလးထိန္းေပးသူေတြအတြက္ ထုတ္ေပးတဲ့ J-1 ဗီဇာအမ်ိဳးအစားလည္း ဒီကန႔္သတ္ခ်က္ထဲမွာ ပါပါတယ္။

ဒါေပမဲ့ ပါေမာကၡေတြ၊ ပညာသင္ေထာက္ပံ့ေၾကးနဲ႔ စာလာသင္တဲ့သူေတြေတာ့ မပါပါဘူး။ ဒီဗီဇာအမ်ိဳးအစားကေတာ့ ဆိုင္းငံ့ခြင့္ ကင္းလြတ္ဖို႔ ေလွ်ာက္ထားႏိုင္ပါတယ္။

ႏိုင္ငံတကာ ေကာ္ပိုေရးရွင္းေတြအတြက္ မန္ေနဂ်ာေတြနဲ႔ တျခားအေရးပါတဲ့ ဝန္ထမ္းေတြအတြက္ထုတ္ေပးတဲ့ L ဗီဇာအမ်ိဳးအစားကိုလည္း ဆိုင္းငံ့ထားမွာ ျဖစ္ပါတယ္။

ဘယ္လို တုံ႔ျပန္ၾကသလဲ

ဒီျပည္ဝင္ခြင့္ဗီဇာေတြကို ဆိုင္းငံ့လိုက္တဲ့ ရည္႐ြယ္ခ်က္က အေမရိကန္ စီးပြားေရးအတြက္ "အေကာင္းဆုံး၊ အေတာ္ဆုံး"နဲ႔ "အတန္ဆုံး" ရဖို႔ ျဖစ္တယ္လို႔ ထိပ္တန္း တာဝန္ရွိပုဂၢိဳလ္တစ္ဦးက ေျပာပါတယ္။

"ဒီလုပ္ေဆာင္ခ်က္ဟာ အေမရိကန္မွာ အလုပ္ေတြကို ကာကြယ္ဖို႔ သမၼတထရမ့္အစိုးရရဲ႕ ရဲရင့္ျပတ္သားတဲ့ လုပ္ေဆာင္ခ်က္ တစ္ခုျဖစ္တယ္" လို႔ ဒီကန႔္သတ္ခ်က္ေတြကို ေထာက္ခံတဲ့ လူဝင္မႈႀကီးၾကပ္ေရး ဘာသာရပ္ဌာနရဲ႕ အမႈေဆာင္ ၫႊန္ၾကားေရးမႉး မာ့ခ္ ကရီကိုရီယန္ က AP သတင္းဌာနကို ေျပာပါတယ္။

ဒါေပမဲ့ အေမရိကန္ အရပ္သား လြတ္လပ္ေရး သမဂၢအဖြဲ႕ကေတာ့ "ဒါဟာ ကပ္ေရာဂါႀကီးတစ္ခုကို အသုံးခ်ၿပီး လူဝင္မႈႀကီးၾကပ္ေရး ဥပေဒကို ျပန္ျပင္ဖို႔ ကြန္ဂရက္ကို ေက်ာ္လုပ္လိုက္တာ" လို႔ ေျပာပါတယ္။

ႏိုင္ငံျခားသား အလုပ္သမားေတြအေပၚ မွီခိုအားထားေနတဲ့ စီးပြားေရးလုပ္ငန္းေတြကလည္း ဒီေပၚလစီအသစ္ကို ကန႔္ကြက္ေနၾကပါတယ္။

"စီးပြားေရး ျပန္ေကာင္းလာတဲ့အခ်ိန္က်ရင္ အေမရိကန္ စီးပြားေရးလုပ္ငန္းေတြအေနနဲ႔ သူတို႔ လိုအပ္တဲ့ အလုပ္သမားထု အားလုံးကို ျဖည့္ဆည္းေပးႏိုင္ရမယ္ ဆိုတဲ့ အာမခံခ်က္ လိုအပ္လာပါလိမ့္မယ္" လို႔ ဒီကန႔္သတ္ခ်က္ေတြနဲ႔ ပတ္သက္လို႔ သတိေပးထားတဲ့ စာတစ္ေစာင္ကို အေမရိကန္ ကုန္သည္ႀကီးမ်ားအသင္းက အခုလမွာ ေရးသားထုတ္ျပန္ခဲ့ပါတယ္။

"အဲဒီအခ်ိန္က်ရင္ စီးပြားေရးလုပ္ငန္းေတြအေနနဲ႔ ကြၽမ္းက်င္သူ အလုပ္သမားေတြကို ျပည္တြင္းကေနေရာ ျပည္ပကေနပါ ရႏိုင္ခြင့္ ရွိဖို႔ အေရးႀကီးတယ္"လို႔ ဆိုပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-53156344
အမေရိကန်ဗီဇာ ဆိုင်းငံ့မှု နိုင်ငံခြားအလုပ်သမားတွေကို အဓိကထား အမေရိကန်ဗီဇာ ဆိုင်းငံ့မှု နိုင်ငံခြားအလုပ်သမားတွေကို အဓိကထား Reviewed by THITHTOOLWIN on 02:45 Rating: 5
Powered by Blogger.