မလေးရှား ကပြန်မယ့် မြန်မာတွေ ကိုဗစ်ရောဂါ ကင်းရှင်းကြောင်း ဆေးစစ်ချက်ပြရမယ်

ကယ်ဆယ်ရေးလေယာဉ်နဲ့ မလေးရှားကပြန်လာသူ အချို့
(Unicode)⤵⤵⤵
မလေးရှား နိုင်ငံက လာမယ့် ဇွန်လ ၁၇ ရက်နေ့ မှာ မြန်မာအစိုးရ က အစီစဉ်နဲ့ ပြန်လည်ခေါ်ယူ ဖို့ရှိတဲ့ ကယ်ဆယ်ရေးလေယာဉ်နဲ့လိုက်ပါမယ့်သူတွေဟာ ကိုဗစ် ၁၉ ကင်းရှင်းကြောင်းမလေးရှားအစိုးရ ရဲ့ဆေးစစ်ချက်တင်ပြ ဖို့လိုတယ် လို့ မလေးရှားနိုင်ငံ ကွာလမ်လမ်ပူ မြန်မာ သံရုံးကထုတ်ပြန်ပါတယ်။

လေကြောင်းလိုင်းရဲ့လိုအပ်ချက် အရ အခုလို အခုလို ဆေးစစ်ချက် တောင်းခံထားတာ ဖြစ်ပြီးတော့လူပေါင်း ၁၄၅ ဦးလိုက်ပါခွင့်ရတယ်လို့ လည်း ထုတ်ပြန်ထားပါတယ်။

အခုအစီအစဉ်ဟာ မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေး လေယာဉ်တွေနဲ့ တတိယအကြိမ်မြောက်ပြန်လည်ခေါ်ယူတာလည်းဖြစ်ပြီးအရင် အခေါက်တွေ ကတော့ အခုလို ကိုဗစ် ၁၉ ကင်းရှင်းကြောင်း တောင်းခံတာမရှိခဲ့ပါဘူး။
မလေးရှားထိန်းသိမ်းရေးစခန်းက ပြန်လာသူတွေလည်းပါ
လေယာဉ် နဲ့လိုက်ပါခွင့်ရ သူတွေဟာ နှာခေါင်းစည်းတပ်ပြီး လိုက်ပါစီးနင်းရမှာ ဖြစ်ပြီးတော့ ကိုဗစ် ၁၉ ရောဂါနဲ့ ပတ်သက်ပြီးသံသယရှိပါ လိုက်ပါခွင့်ရမှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မလေးရှားက မြန်မာသံရုံးမှာ မြန်မာနိုင်ငံကို ပြန်ဖို့ စာရင်းပေးထားကာ စောင့်ဆိုင်းနေသူတွေ ၅၀၀ ကျော်ရှိကာ မြန်မာအစိုးရဆီကို စာတင်ထားတယ်လို့ မလေးရှားနိုင်ငံ မြန်မာသံရုံးက သံရုံးအုပ် ဦးနိုင်မင်း က ဘီဘီစီကို ပြောပါတယ်။

အခုဆိုရင် မလေးရှားကနေ ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်ပို့တာဟာ မေလ ၂၀ ရက်နေ့အထိ စုစုပေါင်း၅၉ဝ ကျော် ရှိနေပြီလို့ မလေးရှားနိုင်ငံ မြန်မာသံရုံး ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။

အခုစီစဉ်ပေးတဲ့ ကယ်ဆယ်ရေးလေယာဉ်နဲ့လိုက်ပါမယ့်သူတွေဟာ သက်ဆိုင်ရာ မလေးရှား လဝက မှာ စစ်ဆေးမူတွေခံယူပြီး check out memo ရ ယူထားဖို့လိုတယ်လို့လည်း သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုကယ်ဆယ်ရေးလေယာဉ်နဲ့လိုက်ပါခွင့် ရသူတွေဟာ နိုင်ငံကူးလက်မှက် အထောက် အထား ရှိသူတွေဖြစ်ပြီး နိုင်ငံကူးလက်မှက် မရှိသူတွေအတွက်လည်းစီစဉ်ပေးသင့်တယ်လို့ မလေးရှားရောက်မြန်မာတွေကပြောပါတယ်။
 မလေးရှား ရောက် မြန်မာ ၅၀၀ ကျော်ကို ကယ်ဆယ်ရေး လေယာဉ်တွေနဲ့ပြန်ရောက်လာကြ
မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းတွေမှာရောက်နေတဲ့ မြန်မာ ၁၇ ဦးမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးတွေ့ရှိတယ်လို့ မလေးရှား ကျန်းမာရေးဝန်ကြီးဋ္ဌာန က မေလ ၂၁ ရက်နေ့ ကထုတ်ပြန်ခဲ့တဲ့အကြောင်းမလေးရှားနိုင်ငံရောက်မြန်မာ လူမူကူညီရေးအသင်းAlliance of Chin Refugeesက ကိုအိုက်လွင်က ဘီဘီစီကိုပြောပါတယ်။

တရားမဝင်နေထိုင်သူတွေကို ဖမ်းဆီးထားတဲ့ ထိန်းသိမ်းရေးစခန်းနှစ်ခုမှာ ဆေးစစ်ချက်အရ ၈၁ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့ပြီး အဲ့ဒီထဲကမှ မြန်မာနိုင်ငံသား ၁၇ ဦးပါဝင်နေတယ် လို့ထုတ်ပြန်တာဖြစ် ကြောင်းလည်း သူကပြောပါတယ်။

ထိန်းသိမ်းရေးစခန်းရောက်နေတဲ့ မြန်မာ ၃၀၀၀ လောက်ရှိပြီးသူတို့ ကို မြန်မာနိုင်ငံကို ပြန်ပို့ချင်တယ်လို့ မလေးရှားဘက်က ကမ်းလှမ်းထားတယ်လို့ မလေးရှားနိုင်ငံ မြန်မာသံရုံးဘက် ကသတင်းတွေ အရ သိရပါတယ်။

ဒါပေမယ့် သူတို့ ပြန်ခေါ်ဖို့ ရှိမရှိဆိုတာကို တာမြန်မာအစိုးရဘက် ကထုတ်ပြောတာမျိုးမရှိသေးပါဘူး
တချို့ ရပ်ကွက်တွေမှာ မြန်မာနိုင်ငံသားအချို့ပိတ်မိနေ
မလေးရှားမှာ ကိုဗစ် ၁၉ ရှိမ ရှိ ဆေးစစ်မယ်ဆိုရင် ၃ရက် ကနေ ၅ရက်စောင့်မှ အ‌ဖြေ သိရ ပြီး ဆေးစစ်ခ မလေးရှားရင်းဂစ် ၄၀၀ ခန့် ပေးရတယ် လို့လည်း မလေးရှားရောက် မြန်မာတွေ ကပြောပါတယ်။

ပြည်ပနိုင်ငံတွေမှာ အခက်အခဲကြုံတွေ့နေရ တဲ့ မြန်မာနိုင်ငံသား တွေကို ပြန်လည် ခေါ် ယူနေရာမှာ နိုင်ငံခြားရေးဝန်ကြီးဌာန နဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပြီး တော့ ဇွန်လ ၁၁ ရက်အထိ မြန်မာနိုင်ငံသားစုစုပေါင်း (၃၅၃၄) ဦးပြန်လည်ခေါ်ယူပြီးဖြစ်တယ်လို့ လည်းမြန်မာအစိုးရရဲ့တရားဝင်ထုတ်ပြန်ချက်တွေ အရသိရပါတယ်။

အခု မလေးရှားက ဇွန်လ ၁၇ ရက်နေ့ ကယ်ဆယ်ရေးလေယာဉ်နဲ့လိုက်ပါမယ့်သူတွေဟာ မြန်မာနိုင်ငံ ပြန်ရောက်ရက် အစိုးရ သတ်မှတ်တဲ့ ကွာရန်တင်းနေရာ သို့မဟုတ် မိမိစရိတ်နဲ့ ဟိုတယ်မှာ၂၁ ရက် ကွာရန်တင်း ဝင်ရမှာ ဖြစ်သလို ရန်ကုန်လေဆိပ်ရောက်မှ နေရာ အပြောင်းလဲ လုပ်လို့ မရဘူးလို့လည်း အသိပေးဖော်ပြထားပါတယ် ။

BBC Burmese
-------------------------------------
(Zawgyi)⤵⤵⤵
မေလးရွား ကျပန္မယ့္ ျမန္မာေတြ ကိုဗစ္ေရာဂါ ကင္းရွင္းေၾကာင္း ေဆးစစ္ခ်က္ျပရမယ္

မေလးရွား ႏိုင္ငံက လာမယ့္ ဇြန္လ ၁၇ ရက္ေန႔ မွာ ျမန္မာအစိုးရ က အစီစဥ္နဲ႔ ျပန္လည္ေခၚယူ ဖို႔ရွိတဲ့ ကယ္ဆယ္ေရးေလယာဥ္နဲ႔လိုက္ပါမယ့္သူေတြဟာ ကိုဗစ္ ၁၉ ကင္းရွင္းေၾကာင္းမေလးရွားအစိုးရ ရဲ႕ေဆးစစ္ခ်က္တင္ျပ ဖို႔လိုတယ္ လို႔ မေလးရွားႏိုင္ငံ ကြာလမ္လမ္ပူ ျမန္မာ သံ႐ုံးကထုတ္ျပန္ပါတယ္။

ေလေၾကာင္းလိုင္းရဲ႕လိုအပ္ခ်က္ အရ အခုလို အခုလို ေဆးစစ္ခ်က္ ေတာင္းခံထားတာ ျဖစ္ၿပီးေတာ့လူေပါင္း ၁၄၅ ဦးလိုက္ပါခြင့္ရတယ္လို႔ လည္း ထုတ္ျပန္ထားပါတယ္။

အခုအစီအစဥ္ဟာ မေလးရွားေရာက္ ျမန္မာႏိုင္ငံသားေတြကို ကယ္ဆယ္ေရး ေလယာဥ္ေတြနဲ႔ တတိယအႀကိမ္ေျမာက္ျပန္လည္ေခၚယူတာလည္းျဖစ္ၿပီးအရင္ အေခါက္ေတြ ကေတာ့ အခုလို ကိုဗစ္ ၁၉ ကင္းရွင္းေၾကာင္း ေတာင္းခံတာမရွိခဲ့ပါဘူး။

ေလယာဥ္ နဲ႔လိုက္ပါခြင့္ရ သူေတြဟာ ႏွာေခါင္းစည္းတပ္ၿပီး လိုက္ပါစီးနင္းရမွာ ျဖစ္ၿပီးေတာ့ ကိုဗစ္ ၁၉ ေရာဂါနဲ႔ ပတ္သက္ၿပီးသံသယရွိပါ လိုက္ပါခြင့္ရမွာ မဟုတ္ဘူးလို႔လည္း ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

မေလးရွားက ျမန္မာသံ႐ုံးမွာ ျမန္မာႏိုင္ငံကို ျပန္ဖို႔ စာရင္းေပးထားကာ ေစာင့္ဆိုင္းေနသူေတြ ၅၀၀ ေက်ာ္ရွိကာ ျမန္မာအစိုးရဆီကို စာတင္ထားတယ္လို႔ မေလးရွားႏိုင္ငံ ျမန္မာသံ႐ုံးက သံ႐ုံးအုပ္ ဦးႏိုင္မင္း က ဘီဘီစီကို ေျပာပါတယ္။

အခုဆိုရင္ မေလးရွားကေန ကယ္ဆယ္ေရး ေလယာဥ္နဲ႔ ျပန္ပို႔တာဟာ ေမလ ၂၀ ရက္ေန႔အထိ စုစုေပါင္း၅၉ဝ ေက်ာ္ ရွိေနၿပီလို႔ မေလးရွားႏိုင္ငံ ျမန္မာသံ႐ုံး ထုတ္ျပန္ခ်က္ေတြ အရ သိရပါတယ္။

အခုစီစဥ္ေပးတဲ့ ကယ္ဆယ္ေရးေလယာဥ္နဲ႔လိုက္ပါမယ့္သူေတြဟာ သက္ဆိုင္ရာ မေလးရွား လဝက မွာ စစ္ေဆးမူေတြခံယူၿပီး check out memo ရ ယူထားဖို႔လိုတယ္လို႔လည္း သံ႐ုံးထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

အခုကယ္ဆယ္ေရးေလယာဥ္နဲ႔လိုက္ပါခြင့္ ရသူေတြဟာ ႏိုင္ငံကူးလက္မွက္ အေထာက္ အထား ရွိသူေတြျဖစ္ၿပီး ႏိုင္ငံကူးလက္မွက္ မရွိသူေတြအတြက္လည္းစီစဥ္ေပးသင့္တယ္လို႔ မေလးရွားေရာက္ျမန္မာေတြကေျပာပါတယ္။

မေလးရွားႏိုင္ငံ ထိန္းသိမ္းေရးစခန္းေတြမွာေရာက္ေနတဲ့ ျမန္မာ ၁၇ ဦးမွာ ကို႐ိုနာ ဗိုင္းရပ္စ္ပိုးေတြ႕ရွိတယ္လို႔ မေလးရွား က်န္းမာေရးဝန္ႀကီး႒ာန က ေမလ ၂၁ ရက္ေန႔ ကထုတ္ျပန္ခဲ့တဲ့အေၾကာင္းမေလးရွားႏိုင္ငံေရာက္ျမန္မာ လူမူကူညီေရးအသင္းAlliance of Chin Refugeesက ကိုအိုက္လြင္က ဘီဘီစီကိုေျပာပါတယ္။

တရားမဝင္ေနထိုင္သူေတြကို ဖမ္းဆီးထားတဲ့ ထိန္းသိမ္းေရးစခန္းႏွစ္ခုမွာ ေဆးစစ္ခ်က္အရ ၈၁ ဦးမွာ ကို႐ိုနာဗိုင္းရပ္စ္ ေတြ႕ရွိခဲ့ၿပီး အဲ့ဒီထဲကမွ ျမန္မာႏိုင္ငံသား ၁၇ ဦးပါဝင္ေနတယ္ လို႔ထုတ္ျပန္တာျဖစ္ ေၾကာင္းလည္း သူကေျပာပါတယ္။

ထိန္းသိမ္းေရးစခန္းေရာက္ေနတဲ့ ျမန္မာ ၃၀၀၀ ေလာက္ရွိၿပီးသူတို႔ ကို ျမန္မာႏိုင္ငံကို ျပန္ပို႔ခ်င္တယ္လို႔ မေလးရွားဘက္က ကမ္းလွမ္းထားတယ္လို႔ မေလးရွားႏိုင္ငံ ျမန္မာသံ႐ုံးဘက္ ကသတင္းေတြ အရ သိရပါတယ္။

ဒါေပမယ့္ သူတို႔ ျပန္ေခၚဖို႔ ရွိမရွိဆိုတာကို တာျမန္မာအစိုးရဘက္ ကထုတ္ေျပာတာမ်ိဳးမရွိေသးပါဘူး

မေလးရွားမွာ ကိုဗစ္ ၁၉ ရွိမ ရွိ ေဆးစစ္မယ္ဆိုရင္ ၃ရက္ ကေန ၅ရက္ေစာင့္မွ အ‌ေျဖ သိရ ၿပီး ေဆးစစ္ခ မေလးရွားရင္းဂစ္ ၄၀၀ ခန္႔ ေပးရတယ္ လို႔လည္း မေလးရွားေရာက္ ျမန္မာေတြ ကေျပာပါတယ္။

ျပည္ပႏိုင္ငံေတြမွာ အခက္အခဲႀကဳံေတြ႕ေနရ တဲ့ ျမန္မာႏိုင္ငံသား ေတြကို ျပန္လည္ ေခၚ ယူေနရာမွာ ႏိုင္ငံျခားေရးဝန္ႀကီးဌာန နဲ႔ သက္ဆိုင္ရာ ဝန္ႀကီးဌာနမ်ား၊ သက္ဆိုင္ရာႏိုင္ငံမ်ားရွိ ျမန္မာသံ႐ုံးမ်ား ပူးေပါင္း ေဆာင္႐ြက္ေပးလ်က္ရွိၿပီး ေတာ့ ဇြန္လ ၁၁ ရက္အထိ ျမန္မာႏိုင္ငံသားစုစုေပါင္း (၃၅၃၄) ဦးျပန္လည္ေခၚယူၿပီးျဖစ္တယ္လို႔ လည္းျမန္မာအစိုးရရဲ႕တရားဝင္ထုတ္ျပန္ခ်က္ေတြ အရသိရပါတယ္။

အခု မေလးရွားက ဇြန္လ ၁၇ ရက္ေန႔ ကယ္ဆယ္ေရးေလယာဥ္နဲ႔လိုက္ပါမယ့္သူေတြဟာ ျမန္မာႏိုင္ငံ ျပန္ေရာက္ရက္ အစိုးရ သတ္မွတ္တဲ့ ကြာရန္တင္းေနရာ သို႔မဟုတ္ မိမိစရိတ္နဲ႔ ဟိုတယ္မွာ၂၁ ရက္ ကြာရန္တင္း ဝင္ရမွာ ျဖစ္သလို ရန္ကုန္ေလဆိပ္ေရာက္မွ ေနရာ အေျပာင္းလဲ လုပ္လို႔ မရဘူးလို႔လည္း အသိေပးေဖာ္ျပထားပါတယ္ ။

BBC Burmese
https://www.bbc.com/burmese/burma-53040774
မလေးရှား ကပြန်မယ့် မြန်မာတွေ ကိုဗစ်ရောဂါ ကင်းရှင်းကြောင်း ဆေးစစ်ချက်ပြရမယ် မလေးရှား ကပြန်မယ့် မြန်မာတွေ ကိုဗစ်ရောဂါ ကင်းရှင်းကြောင်း ဆေးစစ်ချက်ပြရမယ် Reviewed by THITHTOOLWIN on 05:10 Rating: 5
Powered by Blogger.