ရုပ်တုတွေကို မင်းမဲ့စရိုက်ရန်က ကာကွယ်ဖို့ ထရမ့်အမိန့်ပေး

ရုပ်တုတွေကို မင်းမဲ့စရိုက်ရန်က ကာကွယ်ဖို့ ထရမ့်အမိန့်ပေး
(Unicode)⤵⤵⤵
ဗာဂျီးနီးယားပြည်နယ် မြို့တော် ရစ်ချမွန်မှာ ရှိတဲ့ တောင်ပိုင်းတပ် ဗိုလ်ချုပ်ကြီး ရောဘတ်အီးလီးရဲ့ ရုပ်တုမှာ ဂျော့ဖလွိုက်ရဲ့ပုံ ပရိုဂျက်တာနဲ့ထိုးထားစဉ်

ရုပ်တုတွေကို ပစ်မှတ်ထားတဲ့ ဆန္ဒပြသမားတွေကို ထောင်ချမယ် ဆိုပြီး အမေရိကန် သမ္မတ ထရမ့်က အမိန့်ကြေညာချက်ထုတ်ပြီး သတိပေးလိုက်ပါတယ်။

ပြည်သူပိုင် ရုပ်တုတခုကို ပျက်စီးအောင်လုပ်တဲ့ မည်သူမဆိုကို ဥပဒေအရ အပြင်းထန်ဆုံး ပြစ်ဒဏ်ပေးရမယ် ဆိုပြီး အဲဒီအမိန့်မှာ ပါရှိပါတယ်။

မင်းမဲ့စရိုက် ကြီးစိုးနေတာကို ပြည်နယ်တရားရေးနဲ့ ရဲဌာနတွေက မနှိမ်နင်းနိုင် ဖြစ်နေတဲ့အတွက် ပြည်ထောင်စုအစိုးရက ထောက်ပံ့မှုတွေ ဖြတ်တောက်ဖို့လည်း အဲဒီအမိန့်က ဆော်သြထားပါတယ်။

လက်နက်မဲ့ လူမည်းအမျိုးသား ဂျော့ဖလွိုက်ကို ရဲက သတ်မှု ဖြစ်ပြီးကတည်းက အမေရိကန်က ရုပ်တုအတော်များများ ဖြိုလှဲဖျက်ဆီးခံနေရပါတယ်။

သမ္မတအမိန့်က သောကြာနေ့ ညနေက ထုတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေ့မှာပဲ နယူးဂျာစီမှာ ဂေါက်ရိုက်ဖို့ ရှိတဲ့ ခရီးတခုကို ဖျက်ပြီး ဥပဒေစိုးမိုးရေးအတွက် ဝါရှင်တန် မြို့တော်မှာပဲ နေမယ်လို့ မစ္စတာထရမ့်က တွစ်တာကနေ ရေးသားခဲ့ပါတယ်။

"ဒီလုယက်မီးရှို့သူတွေနဲ့ လက်ဝဲအစွန်းရောက်တွေက အမေရိကန် အစိုးရကို ဖျက်ဆီးဖို့ မာ့က်စ်ဝါဒလို အတွေးအခေါ်တွေကို ပြောင်ပြောင်တင်းတင်း ကိုင်စွဲထားကြတယ် " လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။

ဆန္ဒပြသူတွေဟာ အမေရိကန်သမိုင်းကို မသိကြဘူးဆိုပြီးလည်း စွပ်စွဲထားပါတယ်။

ပြည်တွင်းစစ်ခေတ်တုန်းက တောင်ပိုင်းက ကျွန်စနစ်အားပေးတဲ့တပ်တွေကို အနိုင်ယူခဲ့တဲ့ သမ္မတဟောင်း ယူလစ်ဆစ် ဂရန့်ရဲ့ အရုပ် ဆန်ဖရန်စ္စကိုမှာ ပစ်မှတ်ထားခံရတာကိုလည်း ဒီအမိန့်မှာ ဖော်ပြပါတယ်။

ကျွန်စနစ်ဖျက်သိမ်းရေးကို တောင်းဆိုသူတယောက်ရဲ့ အရုပ်နဲ့ ပြည်တွင်းစစ်မှာ မြောက်ပိုင်းဘက်က ဝင်တိုက်ပေးတဲ့ လူမည်းတပ်ရင်းအတွက် အမှတ်တရနေရာတွေလည်း ပစ်မှတ်ထားခံခဲ့ရပါတယ်။
မင်နီဆိုးတားက ခရစ်တိုဖာကိုလံဘတ်စ်ရဲ့ ရုပ်တုတိုက်ခိုက်ခံရ
ဒီအရုပ်တွေ ဖယ်ရှားတာ တည်ဆောက်တာနဲ့ ပတ်သက်ပြီး ဘယ်သူမဆို ဘယ်အဖွဲ့အစည်းမဆို ငြိမ်းချမ်းစွာ တောင်းဆိုပိုင်ခွင့်ရှိတယ်လို့လည်း ဒီကြေညာချက်က ဖော်ပြပါတယ်။

ဒါပေမဲ့ ဘယ်သူမှတော့ ဒီအရုပ်တွေကို အင်အားသုံး ဖယ်ရှားခွင့်မရှိဘူးလို့ ဆိုပါတယ်။

တည်ဆဲဥပဒေတွေအရ ဒီလို ပြည်ထောင်စုပိုင် ပစ္စည်းတွေကို ဖျက်ဆီးရင် ထောင် ၁၀ နှစ်ထိ ချလို့ရတယ်လို့လည်း ရေးထားပါတယ်။

ယေရှုခရစ်တော်ပုံတွေနဲ့တကွ ဘာသာရေးနဲ့ နွှယ်တဲ့ ရုပ်တုတွေ အနုပညာလက်ရာတွေကို ဖျက်ဆီး တိုက်ခိုက် ဖယ်ရှားသူ မည်သူမဆိုကို အပြင်းထန်ဆုံး အရေးယူရမယ်လို့လည်း အဲဒီအမိန့်မှာ ပါရှိပါတယ်။

ဒီအမိန့်က လူမှုမျှတရေး လှုပ်ရှားသူ ရှောင်ကင်း မကြာခင်က တွစ်တာကနေ ရေးသားခဲ့တာကို ရည်ညွှန်းပုံရပါတယ်။ ကင်းက ယေရှုပုံဆိုတဲ့ လူဖြူရုပ်တုတွေကိုလည်း ဖယ်ရှားသင့်တယ်ဆိုပြီး ရေးခဲ့တာပါ။

ဒါက လူဖြူကြီးစိုးရေးပုံစံတမျိုးပဲလို့လည်း သူက ဆိုပါတယ်။

လွန်ခဲ့တဲ့ တလက မင်နီယာပိုလစ်မြို့မှာ ဖလွိုက်သေဆုံးရမှုနဲ့ ပတ်သက်ပြီး နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေ ဖြစ်နေတဲ့အချိန်မှာ ကျွန်စနစ်အားပေးပြီး ခွဲထွက်ခဲ့တဲ့ အမေရိကန် တောင်ပိုင်းတပ်တွေနဲ့ ဆိုင်တဲ့ အရုပ်တွေ ပစ်မှတ်ထားခံနေရပါတယ်။

ဒီတောင်ပိုင်းရဲ့ သင်္ကေတတွေကလည်း အမေရိကန် အမွေအနှစ်တစိတ်တပိုင်း ဖြစ်တယ်ဆိုပြီး သမတ ထရမ့်က ကာကွယ်ပြောဆိုခဲ့ပါတယ်။

စပိန်က လူစွန့်စား နယ်သစ်ရှာသူ ခရစ်စတိုဖာ ကိုလံဘတ်ရဲ့ ရုပ်တုတွေလည်း နယ်ချဲ့စနစ်ရဲ့ သင်္ကေတတွေဆိုပြီး ပစ်မှတ်ထား တိုက်ခိုက်ခံနေရပါတယ်။

တချို့ပြည်နယ်တွေမှာတော့ တောင်ပိုင်းရဲ့ အမှတ်သင်္ကေတတွေကို အရင်ကြိုဖျက်ထားပြီး ဖြစ်ပါတယ်။

ဒီလဆန်းကပဲ ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးက ပြည်နယ်မြို့တော် ရစ်ချမွန်မှာ ရှိတဲ့ တောင်ပိုင်းတပ် ဗိုလ်ချုပ်ကြီး ရောဘတ်အီးလီးရဲ့ ရုပ်တုတခုကို ဖယ်ရှားမယ်လို့ ကြေညာခဲ့ပါတယ်။

BBC Burmese
------------------------------------------
(Zawgyi)⤵⤵⤵
႐ုပ္တုေတြကို မင္းမဲ့စ႐ိုက္ရန္က ကာကြယ္ဖို႔ ထရမ့္အမိန႔္ေပး

ဗာဂ်ီးနီးယားျပည္နယ္ ၿမိဳ႕ေတာ္ ရစ္ခ်မြန္မွာ ရွိတဲ့ ေတာင္ပိုင္းတပ္ ဗိုလ္ခ်ဳပ္ႀကီး ေရာဘတ္အီးလီးရဲ႕ ႐ုပ္တုမွာ ေဂ်ာ့ဖလြိဳက္ရဲ႕ပုံ ပ႐ိုဂ်က္တာနဲ႔ထိုးထားစဥ္

႐ုပ္တုေတြကို ပစ္မွတ္ထားတဲ့ ဆႏၵျပသမားေတြကို ေထာင္ခ်မယ္ ဆိုၿပီး အေမရိကန္ သမၼတ ထရမ့္က အမိန႔္ေၾကညာခ်က္ထုတ္ၿပီး သတိေပးလိုက္ပါတယ္။

ျပည္သူပိုင္ ႐ုပ္တုတခုကို ပ်က္စီးေအာင္လုပ္တဲ့ မည္သူမဆိုကို ဥပေဒအရ အျပင္းထန္ဆုံး ျပစ္ဒဏ္ေပးရမယ္ ဆိုၿပီး အဲဒီအမိန႔္မွာ ပါရွိပါတယ္။

မင္းမဲ့စ႐ိုက္ ႀကီးစိုးေနတာကို ျပည္နယ္တရားေရးနဲ႔ ရဲဌာနေတြက မႏွိမ္နင္းႏိုင္ ျဖစ္ေနတဲ့အတြက္ ျပည္ေထာင္စုအစိုးရက ေထာက္ပံ့မႈေတြ ျဖတ္ေတာက္ဖို႔လည္း အဲဒီအမိန႔္က ေဆာ္ၾသထားပါတယ္။

လက္နက္မဲ့ လူမည္းအမ်ိဳးသား ေဂ်ာ့ဖလြိဳက္ကို ရဲက သတ္မႈ ျဖစ္ၿပီးကတည္းက အေမရိကန္က ႐ုပ္တုအေတာ္မ်ားမ်ား ၿဖိဳလွဲဖ်က္ဆီးခံေနရပါတယ္။

သမၼတအမိန႔္က ေသာၾကာေန႔ ညေနက ထုတ္ခဲ့တာ ျဖစ္ပါတယ္။

အဲဒီေန႔မွာပဲ နယူးဂ်ာစီမွာ ေဂါက္႐ိုက္ဖို႔ ရွိတဲ့ ခရီးတခုကို ဖ်က္ၿပီး ဥပေဒစိုးမိုးေရးအတြက္ ဝါရွင္တန္ ၿမိဳ႕ေတာ္မွာပဲ ေနမယ္လို႔ မစၥတာထရမ့္က တြစ္တာကေန ေရးသားခဲ့ပါတယ္။

"ဒီလုယက္မီးရႈိ႕သူေတြနဲ႔ လက္ဝဲအစြန္းေရာက္ေတြက အေမရိကန္ အစိုးရကို ဖ်က္ဆီးဖို႔ မာ့က္စ္ဝါဒလို အေတြးအေခၚေတြကို ေျပာင္ေျပာင္တင္းတင္း ကိုင္စြဲထားၾကတယ္ " လို႔လည္း ေၾကညာခ်က္မွာ ပါရွိပါတယ္။

ဆႏၵျပသူေတြဟာ အေမရိကန္သမိုင္းကို မသိၾကဘူးဆိုၿပီးလည္း စြပ္စြဲထားပါတယ္။

ျပည္တြင္းစစ္ေခတ္တုန္းက ေတာင္ပိုင္းက ကြၽန္စနစ္အားေပးတဲ့တပ္ေတြကို အႏိုင္ယူခဲ့တဲ့ သမၼတေဟာင္း ယူလစ္ဆစ္ ဂရန႔္ရဲ႕ အ႐ုပ္ ဆန္ဖရန္စၥကိုမွာ ပစ္မွတ္ထားခံရတာကိုလည္း ဒီအမိန႔္မွာ ေဖာ္ျပပါတယ္။

ကြၽန္စနစ္ဖ်က္သိမ္းေရးကို ေတာင္းဆိုသူတေယာက္ရဲ႕ အ႐ုပ္နဲ႔ ျပည္တြင္းစစ္မွာ ေျမာက္ပိုင္းဘက္က ဝင္တိုက္ေပးတဲ့ လူမည္းတပ္ရင္းအတြက္ အမွတ္တရေနရာေတြလည္း ပစ္မွတ္ထားခံခဲ့ရပါတယ္။

ဒီအ႐ုပ္ေတြ ဖယ္ရွားတာ တည္ေဆာက္တာနဲ႔ ပတ္သက္ၿပီး ဘယ္သူမဆို ဘယ္အဖြဲ႕အစည္းမဆို ၿငိမ္းခ်မ္းစြာ ေတာင္းဆိုပိုင္ခြင့္ရွိတယ္လို႔လည္း ဒီေၾကညာခ်က္က ေဖာ္ျပပါတယ္။

ဒါေပမဲ့ ဘယ္သူမွေတာ့ ဒီအ႐ုပ္ေတြကို အင္အားသုံး ဖယ္ရွားခြင့္မရွိဘူးလို႔ ဆိုပါတယ္။

တည္ဆဲဥပေဒေတြအရ ဒီလို ျပည္ေထာင္စုပိုင္ ပစၥည္းေတြကို ဖ်က္ဆီးရင္ ေထာင္ ၁၀ ႏွစ္ထိ ခ်လို႔ရတယ္လို႔လည္း ေရးထားပါတယ္။

ေယရႈခရစ္ေတာ္ပုံေတြနဲ႔တကြ ဘာသာေရးနဲ႔ ႏႊယ္တဲ့ ႐ုပ္တုေတြ အႏုပညာလက္ရာေတြကို ဖ်က္ဆီး တိုက္ခိုက္ ဖယ္ရွားသူ မည္သူမဆိုကို အျပင္းထန္ဆုံး အေရးယူရမယ္လို႔လည္း အဲဒီအမိန႔္မွာ ပါရွိပါတယ္။

ဒီအမိန႔္က လူမႈမွ်တေရး လႈပ္ရွားသူ ေရွာင္ကင္း မၾကာခင္က တြစ္တာကေန ေရးသားခဲ့တာကို ရည္ၫႊန္းပုံရပါတယ္။ ကင္းက ေယရႈပုံဆိုတဲ့ လူျဖဴ႐ုပ္တုေတြကိုလည္း ဖယ္ရွားသင့္တယ္ဆိုၿပီး ေရးခဲ့တာပါ။

ဒါက လူျဖဴႀကီးစိုးေရးပုံစံတမ်ိဳးပဲလို႔လည္း သူက ဆိုပါတယ္။

လြန္ခဲ့တဲ့ တလက မင္နီယာပိုလစ္ၿမိဳ႕မွာ ဖလြိဳက္ေသဆုံးရမႈနဲ႔ ပတ္သက္ၿပီး ႏိုင္ငံအႏွံ႔ ဆႏၵျပပြဲေတြ ျဖစ္ေနတဲ့အခ်ိန္မွာ ကြၽန္စနစ္အားေပးၿပီး ခြဲထြက္ခဲ့တဲ့ အေမရိကန္ ေတာင္ပိုင္းတပ္ေတြနဲ႔ ဆိုင္တဲ့ အ႐ုပ္ေတြ ပစ္မွတ္ထားခံေနရပါတယ္။

ဒီေတာင္ပိုင္းရဲ႕ သေကၤတေတြကလည္း အေမရိကန္ အေမြအႏွစ္တစိတ္တပိုင္း ျဖစ္တယ္ဆိုၿပီး သမတ ထရမ့္က ကာကြယ္ေျပာဆိုခဲ့ပါတယ္။

စပိန္က လူစြန႔္စား နယ္သစ္ရွာသူ ခရစ္စတိုဖာ ကိုလံဘတ္ရဲ႕ ႐ုပ္တုေတြလည္း နယ္ခ်ဲ႕စနစ္ရဲ႕ သေကၤတေတြဆိုၿပီး ပစ္မွတ္ထား တိုက္ခိုက္ခံေနရပါတယ္။

တခ်ိဳ႕ျပည္နယ္ေတြမွာေတာ့ ေတာင္ပိုင္းရဲ႕ အမွတ္သေကၤတေတြကို အရင္ႀကိဳဖ်က္ထားၿပီး ျဖစ္ပါတယ္။

ဒီလဆန္းကပဲ ဗာဂ်ီးနီးယားျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးက ျပည္နယ္ၿမိဳ႕ေတာ္ ရစ္ခ်မြန္မွာ ရွိတဲ့ ေတာင္ပိုင္းတပ္ ဗိုလ္ခ်ဳပ္ႀကီး ေရာဘတ္အီးလီးရဲ႕ ႐ုပ္တုတခုကို ဖယ္ရွားမယ္လို႔ ေၾကညာခဲ့ပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-53204743
ရုပ်တုတွေကို မင်းမဲ့စရိုက်ရန်က ကာကွယ်ဖို့ ထရမ့်အမိန့်ပေး ရုပ်တုတွေကို မင်းမဲ့စရိုက်ရန်က ကာကွယ်ဖို့ ထရမ့်အမိန့်ပေး Reviewed by THITHTOOLWIN on 23:04 Rating: 5
Powered by Blogger.