တရုတ်-အိန္ဒိယ နယ်စပ်တင်းမာမှု ထိန်းချုပ်ဖို့ ကုလတိုက်တွန်း

တရုတ်နဲ့ အိန္ဒိယနယ်စပ်မှာ နှစ်ဘက်တပ် ခိုက်ရန်ဖြစ်ပွါးခဲ့တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး အိန္ဒိယနိုင်ငံ Ahmedabad မြို့က ဆန္ဒပြပွဲမြင်ကွင်း။ (ဇွန် ၁၆၊ ၂၀၂၀)
(Unicode)⤵⤵⤵
ဟိမဝန္တာတောင်တန်းပေါ်က တရုတ်နဲ့ အိန္ဒိယနယ်စပ်မှာ နှစ်ဘက်တပ်တွေ တနင်္လာနေ့က ခိုက်ရန်ဖြစ်ပွါးခဲ့တဲ့ ကိစ္စကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်ဖို့ ကုလသမဂ္ဂက နှစ်နိုင်ငံစလုံးကို တိုက်တွန်းလိုက်ပါတယ်။

ဒီဖြစ်ရပ်ဟာ နျူကလီးယားလက်နက်ပိုင် တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံကြား နှစ်ပေါင်း ၄၅ နှစ်အတွင်း အပြင်းထန်ဆုံး ထိပ်တိုက်တွေ့မှုလည်း ဖြစ်ပါတယ်။ LOC လို့ခေါ်တဲ့ နှစ်နိုင်ငံနယ်စပ်မှာ နှစ်ဘက်တပ်တွေ ခိုက်ရန်ဖြစ်ပွါးရာက လူသေဆုံးမှုတွေ ရှိခဲ့တဲ့အပေါ် ကုလသမဂ္ဂအနေနဲ့ အလွန်စိုးရိမ်ကြောင်းနဲ့ တင်းမာမှုလေ ျှာ့ချဖို့ တရုတ်နဲ့ အိန္ဒိယ ဆန္ဒရှိနေကြတဲ့အပေါ် အကောင်းမြင်မေ ျှာ်လင့်နေပါတယ်လို့ ကုလ ပြောခွင့်ရသူ Eri Kaneko ကပြောပါတယ်။

အမေရိကန်ပြည်ထောင်စုကလည်း အဲဒီ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ အာေးပးထောက်ခံနေပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရသူ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်း ၂ ပတ်လောက်က အမေရိကန်သမ္မတ Donald Trump နဲ့ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီတို့ တယ်လီဖုန်းဆက် စကားပြောဆိုရာမှာ နယ်စပ်အခြေအနေတွေကို ပြောဆိုဆွေးနွေးခဲ့တယ်လို့ အစိုးရတာဝန်ရှိသူက ပြောပါတယ်။
အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi နဲ့ တရုတ်နိုင်ငံ သမ္မတ Xi Jinping
တနင်္လာနေ့က တရုတ် - အိန္ဒိယနယ်စပ်မှာ နှစ်ဘက်တပ်ဖွဲ့ဝင်တွေ ခိုက်ရန်ဖြစ်ပွါးရာက အိန္ဒိယတပ်သား ၂၀ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရခဲ့တဲ့အပြင် အိန္ဒိယတပ်သားအတော်များများကိုလည်း တရုတ်တို့က ဖမ်းဆီးထားတယ်လို့ အိန္ဒိယဘက်က ပြောပါတယ်။

တရုတ်ကတော့ သူ့ဘက်က ထိခိုက်သေဆုံးမှု သတင်းမထုတ်ပြန်သလို တရုတ်နယ်မြေထဲ အိန္ဒိယတပ်သားတွေ ဝင်လာပြီး ရန်စတာကြောင့် ခုလိုဖြစ်ရတာဆိုပြီး အိန္ဒိယကို ပြစ်တင်ပြောဆိုထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
-------------------------------------
(Zawgyi)⤵⤵⤵
တ႐ုတ္-အိႏၵိယ နယ္စပ္တင္းမာမႈ ထိန္းခ်ဳပ္ဖို႔ ကုလတိုက္တြန္း

ဟိမဝႏၲာေတာင္တန္းေပၚက တ႐ုတ္နဲ႔ အိႏၵိယနယ္စပ္မွာ ႏွစ္ဘက္တပ္ေတြ တနလၤာေန႔က ခိုက္ရန္ျဖစ္ပြါးခဲ့တဲ့ ကိစၥကို တင္းတင္းၾကပ္ၾကပ္ထိန္းခ်ဳပ္ဖို႔ ကုလသမဂၢက ႏွစ္ႏိုင္ငံစလုံးကို တိုက္တြန္းလိုက္ပါတယ္။

ဒီျဖစ္ရပ္ဟာ န်ဴကလီးယားလက္နက္ပိုင္ တ႐ုတ္နဲ႔ အိႏၵိယ ႏွစ္ႏိုင္ငံၾကား ႏွစ္ေပါင္း ၄၅ ႏွစ္အတြင္း အျပင္းထန္ဆုံး ထိပ္တိုက္ေတြ႕မႈလည္း ျဖစ္ပါတယ္။ LOC လို႔ေခၚတဲ့ ႏွစ္ႏိုင္ငံနယ္စပ္မွာ ႏွစ္ဘက္တပ္ေတြ ခိုက္ရန္ျဖစ္ပြါးရာက လူေသဆုံးမႈေတြ ရွိခဲ့တဲ့အေပၚ ကုလသမဂၢအေနနဲ႔ အလြန္စိုးရိမ္ေၾကာင္းနဲ႔ တင္းမာမႈေလ ွ်ာ့ခ်ဖို႔ တ႐ုတ္နဲ႔ အိႏၵိယ ဆႏၵရွိေနၾကတဲ့အေပၚ အေကာင္းျမင္ေမ ွ်ာ္လင့္ေနပါတယ္လို႔ ကုလ ေျပာခြင့္ရသူ Eri Kaneko ကေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုကလည္း အဲဒီ အေျခအေနေတြကို အနီးကပ္ေစာင့္ၾကည့္ေနၿပီး ၿငိမ္းခ်မ္းစြာေျဖရွင္းႏိုင္ဖို႔ အာေးပးေထာက္ခံေနပါတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာနေျပာခြင့္ရသူ ဆိုပါတယ္။

ၿပီးခဲ့တဲ့ သီတင္း ၂ ပတ္ေလာက္က အေမရိကန္သမၼတ Donald Trump နဲ႔ အိႏၵိယဝန္ႀကီးခ်ဳပ္ နရင္ဒရာမိုဒီတို႔ တယ္လီဖုန္းဆက္ စကားေျပာဆိုရာမွာ နယ္စပ္အေျခအေနေတြကို ေျပာဆိုေဆြးေႏြးခဲ့တယ္လို႔ အစိုးရတာဝန္ရွိသူက ေျပာပါတယ္။

တနလၤာေန႔က တ႐ုတ္ - အိႏၵိယနယ္စပ္မွာ ႏွစ္ဘက္တပ္ဖြဲ႕ဝင္ေတြ ခိုက္ရန္ျဖစ္ပြါးရာက အိႏၵိယတပ္သား ၂၀ ေသဆုံးၿပီး ၁၇ ဦးဒဏ္ရာရခဲ့တဲ့အျပင္ အိႏၵိယတပ္သားအေတာ္မ်ားမ်ားကိုလည္း တ႐ုတ္တို႔က ဖမ္းဆီးထားတယ္လို႔ အိႏၵိယဘက္က ေျပာပါတယ္။

တ႐ုတ္ကေတာ့ သူ႔ဘက္က ထိခိုက္ေသဆုံးမႈ သတင္းမထုတ္ျပန္သလို တ႐ုတ္နယ္ေျမထဲ အိႏၵိယတပ္သားေတြ ဝင္လာၿပီး ရန္စတာေၾကာင့္ ခုလိုျဖစ္ရတာဆိုၿပီး အိႏၵိယကို ျပစ္တင္ေျပာဆိုထားပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/china-india/5466103.html
တရုတ်-အိန္ဒိယ နယ်စပ်တင်းမာမှု ထိန်းချုပ်ဖို့ ကုလတိုက်တွန်း တရုတ်-အိန္ဒိယ နယ်စပ်တင်းမာမှု ထိန်းချုပ်ဖို့ ကုလတိုက်တွန်း Reviewed by THITHTOOLWIN on 21:23 Rating: 5
Powered by Blogger.