ဘီဘီစီရဲ့ ၁၇ ယောက်မြောက် ညွှန်ကြားရေးမှူးချုပ် ခန့်အပ်

ဘီဘီစီရဲ့ ၉၈ နှစ် သက်တမ်းမှာ ၁၇ ယောက်မြောက် ညွှန်ကြားရေးမှူးချုပ်ဖြစ်လာ
(Unicode)⤵⤵⤵
ဘီဘီစီ ညွှန်ကြားရေးမှူးချုပ်သစ်အဖြစ် ဘီဘီစီရဲ့ စီးပွားဖြစ်ထုတ်လုပ်တဲ့ အစီအစဉ်တွေကို ရောင်းချတဲ့ ဌာန BBC Studios ရဲ့ အမှုဆောင်အရာရှိချုပ် တင်မ်ဒေးဗီးကို ခန့်အပ်လိုက်ပါတယ်။

တင်မ်ဒေးဗီးဟာ ၂၀၁၂ ခုနှစ်က အဲဒီအချိန်က ညွှန်ကြားရေးမှူးချုပ် ဂျော့ချ်အဲန်းဝစ်ဆယ် နုတ်ထွက်သွားချိန်က ယာယီ ညွှန်ချုပ်အဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။

အဲဒီနောက်မှာတော့ လက်ရှိ ညွှန်ကြားရေးမှူးချုပ် တိုနီဟောလ်က ဒီရာထူးကို တရားဝင် ရယူခဲ့တာပါ။

လော့ဒ်ဟောလ်ဟာ သြဂုတ်လအကုန်အထိ ညွှန်ချုပ်အဖြစ် ဆက်တာဝန်ယူပြီးရင် ရာထူးက နားမှာ ဖြစ်ပါတယ်။

ညွှန်ကြားရေးမှူးချုပ်အသစ် ဖြစ်လာမယ့် တင်မ်ဒေးဗီးကတော့ ဘီဘီစီရဲ့ အကြီးတန်း အရာရှိကြီးတွေထဲမှာ လုပ်သက်ရင့် ဝါရင့်သူ တစ်ယောက်ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်မှာ ပက်ပ်စီကုမ္ပဏီကနေ ပြောင်းလာခဲ့ပြီး ဘီဘီစီရဲ့ ဈေးကွက်၊ ဆက်သွယ်ရေးနဲ့ ပရိသတ် ဌာနရဲ့ အကြီးအကဲ တစ်ယောက် ဖြစ်လာပါတယ်။

သူ ညွှန်ကြားရေးမှူးချုပ် တာဝန်ယူပြီးရင် အဓိက လုပ်ရမယ့် လုပ်ငန်းတစ်ခုကတော့ ဘီဘီစီလည်ပတ်ရေးအတွက် အစိုးရက ခွင့်ပြုထားတဲ့ ရုပ်မြင်သံကြားလိုင်စင်ကြေးရဲ့ အနာဂတ်ကို အစိုးရနဲ့ ညှိရမှာ ဖြစ်ပါတယ်။

တီဗီလိုင်စင်ကြေးကို အနည်းဆုံး လာမယ့် ၂၀၂၇ ခုနှစ်အထိ ဆက်ပေးနေဖို့ သဘောတူထားချက်ရှိပေမယ့် ၂၀၂၂ ခုနှစ်မှာတော့ အဲဒီလိုင်စင်ကြေး ပမာဏ ဘယ်လောက်ဖြစ်မလဲဆိုတာကို အစိုးရက ပြန်သုံးသပ်ဖို့ ရှိနေပါတယ်။

တင်မ်ဒေးဗီးဟာ ဘီဘီစီရုပ်သံလွှင့်ဌာနကြီးရဲ့ ၉၈ နှစ် သက်တမ်းမှာ ၁၇ ယောက်မြောက် ညွှန်ကြားရေးမှူးချုပ်ဖြစ်လာမှာ ဖြစ်ပါတယ်။

BBC Burmese
------------------------------
(Zawgyi)⤵⤵⤵
ဘီဘီစီရဲ႕ ၁၇ ေယာက္ေျမာက္ ၫႊန္ၾကားေရးမႉးခ်ဳပ္ ခန္႔အပ္

ဘီဘီစီ ၫႊန္ၾကားေရးမႉးခ်ဳပ္သစ္အျဖစ္ ဘီဘီစီရဲ႕ စီးပြားျဖစ္ထုတ္လုပ္တဲ့ အစီအစဥ္ေတြကို ေရာင္းခ်တဲ့ ဌာန BBC Studios ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ တင္မ္ေဒးဗီးကို ခန္႔အပ္လိုက္ပါတယ္။

တင္မ္ေဒးဗီးဟာ ၂၀၁၂ ခုႏွစ္က အဲဒီအခ်ိန္က ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဂ်ာ့ခ်္အဲန္းဝစ္ဆယ္ ႏုတ္ထြက္သြားခ်ိန္က ယာယီ ၫႊန္ခ်ဳပ္အျဖစ္ တာဝန္ယူခဲ့ဖူးပါတယ္။

အဲဒီေနာက္မွာေတာ့ လက္ရွိ ၫႊန္ၾကားေရးမႉးခ်ဳပ္ တိုနီေဟာလ္က ဒီရာထူးကို တရားဝင္ ရယူခဲ့တာပါ။

ေလာ့ဒ္ေဟာလ္ဟာ ၾသဂုတ္လအကုန္အထိ ၫႊန္ခ်ဳပ္အျဖစ္ ဆက္တာဝန္ယူၿပီးရင္ ရာထူးက နားမွာ ျဖစ္ပါတယ္။

ၫႊန္ၾကားေရးမႉးခ်ဳပ္အသစ္ ျဖစ္လာမယ့္ တင္မ္ေဒးဗီးကေတာ့ ဘီဘီစီရဲ႕ အႀကီးတန္း အရာရွိႀကီးေတြထဲမွာ လုပ္သက္ရင့္ ဝါရင့္သူ တစ္ေယာက္ျဖစ္ပါတယ္။

၂၀၀၅ ခုႏွစ္မွာ ပက္ပ္စီကုမၸဏီကေန ေျပာင္းလာခဲ့ၿပီး ဘီဘီစီရဲ႕ ေစ်းကြက္၊ ဆက္သြယ္ေရးနဲ႔ ပရိသတ္ ဌာနရဲ႕ အႀကီးအကဲ တစ္ေယာက္ ျဖစ္လာပါတယ္။

သူ ၫႊန္ၾကားေရးမႉးခ်ဳပ္ တာဝန္ယူၿပီးရင္ အဓိက လုပ္ရမယ့္ လုပ္ငန္းတစ္ခုကေတာ့ ဘီဘီစီလည္ပတ္ေရးအတြက္ အစိုးရက ခြင့္ျပဳထားတဲ့ ႐ုပ္ျမင္သံၾကားလိုင္စင္ေၾကးရဲ႕ အနာဂတ္ကို အစိုးရနဲ႔ ညႇိရမွာ ျဖစ္ပါတယ္။

တီဗီလိုင္စင္ေၾကးကို အနည္းဆုံး လာမယ့္ ၂၀၂၇ ခုႏွစ္အထိ ဆက္ေပးေနဖို႔ သေဘာတူထားခ်က္ရွိေပမယ့္ ၂၀၂၂ ခုႏွစ္မွာေတာ့ အဲဒီလိုင္စင္ေၾကး ပမာဏ ဘယ္ေလာက္ျဖစ္မလဲဆိုတာကို အစိုးရက ျပန္သုံးသပ္ဖို႔ ရွိေနပါတယ္။

တင္မ္ေဒးဗီးဟာ ဘီဘီစီ႐ုပ္သံလႊင့္ဌာနႀကီးရဲ႕ ၉၈ ႏွစ္ သက္တမ္းမွာ ၁၇ ေယာက္ေျမာက္ ၫႊန္ၾကားေရးမႉးခ်ဳပ္ျဖစ္လာမွာ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-52937101
ဘီဘီစီရဲ့ ၁၇ ယောက်မြောက် ညွှန်ကြားရေးမှူးချုပ် ခန့်အပ် ဘီဘီစီရဲ့ ၁၇ ယောက်မြောက် ညွှန်ကြားရေးမှူးချုပ် ခန့်အပ် Reviewed by THITHTOOLWIN on 20:44 Rating: 5
Powered by Blogger.