တရုတ်မှာ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသားတွေ ရာနဲ့ချီ ပြန်လွှဲပေးနေ


(Unicode)⤵⤵⤵
တရုတ်နိုင်ငံ ရွှေလီမြို့ စီကိုင်ထောင်မှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံနေရတဲ့ မြန်မာနိုင်ငံသား ၁၀၀ နီးပါးခန့်ကို ဒီနေ့ ဇွန်လ ၂၀ ရက် ဒီကနေ့မှာ တရုတ်နိုင်ငံက ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး ဒုဦးစီး ဦးစိုးမြင့်အောင်က ပြောပါတယ်။

မူဆယ်မြို့ မြန်မာ- တရုတ် နှစ်နိုင်ငံပြည်ဝင်ပြည်ထွက် စစ်ဆေးရေး နန်းတော်ဂိတ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက် မနေ့ကလည်း အကျဉ်းကျနေတဲ့  မြန်မာနိုင်ငံသား ၁၀၅ ဦးကို တရုတ်နိုင်ငံက လွှဲပြောင်းခဲ့ပေးပါသေးတယ်။

အရင်က လွှဲပြောင်းပေးမှုတွေ ရှိပေမယ့် လတ်တလော ကပ်ရောဂါဖြစ်ပွားနေချိန်အတွင်း တရုတ်နိုင်ငံ အကျဉ်းထောင်အသီးသီးက မြန်မာနိုင်ငံသားတွေကို ပြန်လည်လွှဲပြောင်းမှုတွေ ပိုများလာနေတယ်လို့ သူက ပြောပါတယ်။

တရုတ်နိုင်ငံက ပြန်လည်လွှဲပြောင်းလာသူတွေဟာ တရုတ်နိုင်ငံကို သွားရောက်ပြီး နယ်ပယ်အသီးသီးမှာ အလုပ်ကိုင်နေချိန်မှာ အကြောင်းအမျိုးမျိးကြောင့် ဖမ်းဆီးခံရသူတွေဖြစ်ပြီး လက်ရှိ သူတို့ကို  မူဆယ်မြို့ လွယ်တိန်ခမ်းတောင် ပဉ္စဝဂ္ဂီဓမ္မာရုံကို ပို့ဆောင်ထားတယ်လို့ ပြောပါတယ်။

လတ်တလောမှာတော့ ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ဆောင်ပေးနေပြီး သူတို့ရဲ့နေရပ်ဖြစ်တဲ့ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်း အသီးသီးကို ပြန်ပို့ပေးသွားမယ်လို့ သိရပါတယ်။

RFA Burmese
--------------------------------
(Zawgyi)⤵⤵⤵
တ႐ုတ္မွာ အက်ဥ္းက်ေနတဲ့ ျမန္မာႏိုင္ငံသားေတြ ရာနဲ႔ခ်ီ ျပန္လႊဲေပးေန

တ႐ုတ္ႏိုင္ငံ ေ႐ႊလီၿမိဳ႕ စီကိုင္ေထာင္မွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးခံေနရတဲ့ ျမန္မာႏိုင္ငံသား ၁၀၀ နီးပါးခန႔္ကို ဒီေန႔ ဇြန္လ ၂၀ ရက္ ဒီကေန႔မွာ တ႐ုတ္ႏိုင္ငံက ျပန္လည္လႊဲေျပာင္းေပးခဲ့တယ္လို႔ ရွမ္းျပည္နယ္ ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးမႉး႐ုံး ဒုဦးစီး ဦးစိုးျမင့္ေအာင္က ေျပာပါတယ္။

မူဆယ္ၿမိဳ႕ ျမန္မာ- တ႐ုတ္ ႏွစ္ႏိုင္ငံျပည္ဝင္ျပည္ထြက္ စစ္ေဆးေရး နန္းေတာ္ဂိတ္မွာ ၿပီးခဲ့တဲ့ ဇြန္လ ၁၉ ရက္ မေန႔ကလည္း အက်ဥ္းက်ေနတဲ့  ျမန္မာႏိုင္ငံသား ၁၀၅ ဦးကို တ႐ုတ္ႏိုင္ငံက လႊဲေျပာင္းခဲ့ေပးပါေသးတယ္။

အရင္က လႊဲေျပာင္းေပးမႈေတြ ရွိေပမယ့္ လတ္တေလာ ကပ္ေရာဂါျဖစ္ပြားေနခ်ိန္အတြင္း တ႐ုတ္ႏိုင္ငံ အက်ဥ္းေထာင္အသီးသီးက ျမန္မာႏိုင္ငံသားေတြကို ျပန္လည္လႊဲေျပာင္းမႈေတြ ပိုမ်ားလာေနတယ္လို႔ သူက ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံက ျပန္လည္လႊဲေျပာင္းလာသူေတြဟာ တ႐ုတ္ႏိုင္ငံကို သြားေရာက္ၿပီး နယ္ပယ္အသီးသီးမွာ အလုပ္ကိုင္ေနခ်ိန္မွာ အေၾကာင္းအမ်ိဳးမ်ိးေၾကာင့္ ဖမ္းဆီးခံရသူေတြျဖစ္ၿပီး လက္ရွိ သူတို႔ကို  မူဆယ္ၿမိဳ႕ လြယ္တိန္ခမ္းေတာင္ ပၪၥဝဂၢီဓမၼာ႐ုံကို ပို႔ေဆာင္ထားတယ္လို႔ ေျပာပါတယ္။

လတ္တေလာမွာေတာ့ က်န္းမာေရး စစ္ေဆးမႈေတြ လုပ္ေဆာင္ေပးေနၿပီး သူတို႔ရဲ႕ေနရပ္ျဖစ္တဲ့ သက္ဆိုင္ရာ ျပည္နယ္နဲ႔ တိုင္း အသီးသီးကို ျပန္ပို႔ေပးသြားမယ္လို႔ သိရပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
တရုတ်မှာ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသားတွေ ရာနဲ့ချီ ပြန်လွှဲပေးနေ တရုတ်မှာ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသားတွေ ရာနဲ့ချီ ပြန်လွှဲပေးနေ Reviewed by THITHTOOLWIN on 20:55 Rating: 5
Powered by Blogger.