မွတ်စလင်ကိုယ်စားပြုမှု လွှတ်တော်သစ်မှာ ရှိလာမလား

NLD အလံငယ် ကိုင်ထားသူတွေကို တွေ့ရစဉ်
(Unicode)⤵⤵⤵
လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)မှာ မွတ်စလင်တွေကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒီနေ့အထိ တစ်ဦးမျှမရှိခဲ့ပါဘူး။ ဒါပေမဲ့ လာမယ့် ၂၀၂၀ မှာတော့ NLD က ဒီအစဉ်အလာထဲကနေ ရုန်းထွက်တော့မှာပါ။

NLD ပါတီရဲ့ မြို့နယ်အလိုက် ကိုယ်စားလှယ်လောင်းတွေထဲမှာမွတ်စလင်ကိုယ်စားလှယ်လောင်း တချို့ ပါဝင်လာပါပြီ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေကို မကြာခင်ရက်ပိုင်း အတွင်း ပါတီဗဟိုကနေ အပြီးသတ် ရွေးချယ်တော့မှာဖြစ်ပါတယ်။ မြို့နယ်အဆင့်ဆင့်ကနေ ပါတီဗဟိုကိုတင်တဲ့ ဦးစားပေး ၁ နဲ့ ဦးစားပေး ၂ စတဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေထဲမှာ လူနည်းစု မွတ်စလင် ကိုယ်စားလှယ်တချို့ပါဝင်တာကို RFA က စုံစမ်းသိရှိရပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက သူတို့မြို့နယ် အတွက် ဦးစားပေး ၂ စာရင်းထဲမှာ အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်း တစ်ယောက် ပါဝင်တယ်လို့ ပြောပါတယ်။

ကျွန်တော်တို့ ဒီဦးစားပေးအဆင့် ၁ ထဲမှာတော့ မပါဘူးဗျ၊ ဦးစားပေးအဆင့် ၂ မှာ တစ်ယောက်ပါတယ် ပြည်သူ့လွှတ်တော်နေရာပေါ့နော်၊ စာရင်းတွေက ဘာမှမထွက်သေးဘူး ဗဟိုကအတည်ပြုမှ ထွက်မှာ၊ ကျွန်တော်တို့ကတော့ တိတိကျကျ ဘာမှမသိထာဘူးဗျ၊ ပါတီဗဟိုကပဲသိလိမ့်မယ်၊ ဗဟိုက ချမှတ်တဲ့ အခြေအနေပဲရှိပါလိ့မ်မယ်၊ အရည်အချင်းအပေါ်မူတည်ပြီးတော့ လုပ်နိုင်ရင်လုပ်နိုင်သလိုတော့ ရွေးချယ်သွားမှာပါပဲ၊ အခုကတော့ အားလုံးကိုခြုံငုံပြီးတော့ သူတို့ စိစစ်ဆုံးဖြတ်သွားမှာပါ။

ပန်းပဲတန်းမြို့နယ်အတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းတဲ့အထဲမှာလည်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ဦးစားပေး ၁ ထဲမှာ အစ္စလာမ်ဘာသာဝင် တစ်ယောက်ပါဝင် တယ်လို့သိရပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်း ဘယ်နှစ်ယောက် ပါဝင်လာနိုင်တယ် ဆိုတာကို NLD ပါတီက ထုတ်ပြောခြင်းမရှိသေးပါဘူး။

မွတ်စလင် ကိုယ်စားလှယ်လောင်းတွေကို NLD က ရွေးချယ်ဖို့အတွက် ဦးစားပေးစာရင်းမှာ တင်သွင်းလာလို့ ဝမ်းသာကြိုဆိုတယ်လို့ အမေရိကန်နိုင်ငံက UC Berkeley တက္ကသိုလ်မှာ ဥပဒေပညာသင်ယူနေတဲ့ မဝေဝေနုက RFA ကိုပြောပါတယ်။

"အခုလိုခြေလှမ်းတွေမှာ ဒီမိုကရေစီကို တကယ်လျှောက်လှမ်းစေတဲ့ ခြေလှမ်းတွေလို့ ကျွန်မအနေနဲ့ မြင်တဲ့အတွက်ကြောင့် ကြိုဆိုပါတယ်၊ အခုလိုမျိုး စပြီးလုပ်ဆောင်လာပြီဆိုလို့ရှိရင် ကျွန်မတို့ ဒီလိုမျိုးအမြစ်တွယ်နေတဲ့ ခွဲခြားတဲ့စိတ်တွေကို ဖယ်ရှားပေးနိုင်မှာဖြစ်သလို တိုင်းပြည်မှာတကယ့်ကို ဆိုးရွားနေတဲ့ နိုင်ငံတကာမှာရော ပြည်တွင်းထဲမှာပါမြင်နေတဲ့ ဗမာလူမျိုးကြီးဝါဒကိုပါ တဖြည်းဖြည်းနဲ့ ပြောင်းလဲသွားအောင် လုပ်ဆောင်သွားလို့ရမှာဖြစ်ပါတယ်။"

NLD ပါတီမှာ ဘာသာခြားကို မရွေးချယ်ရဘူးဆိုတဲ့ မူမရှိကြောင်းနဲ့ ဘယ်နှစ်ရာခိုင်နှုန်း ရွေးမယ်စတဲ့ ဆုံးဖြတ်ချက်ကို ပါတီဗဟိုထိပ်ပိုင်းခေါင်းဆောင်တွေသာ သိနိုင်မယ်လို့ ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က RFA ကိုပြောပါတယ်။

"ကျွန်တော်တို့ကတော့ ဒီဟာတွေကို မရွေးရဘူးဆိုတဲ့မူတော့မရှိဘူး ဒါသေချာတယ်၊ ဘယ်လိုအခြေအနေမှာ ဘယ်လိုအနေအထားနဲ့ လုပ်ပါဆိုတာလည်း ဒါလည်း ရှိရင်တော့ရှိနိုင်တယ်၊ သို့သော် အခုထိတော့ ကျွန်တော်တော့မသိဘူး အဲ့ဒီကိစ္စကို၊ ဘယ်သူတွေပါလဲ ဘယ်လောက်ရှိသလဲဆိုတာလည်း ကျွန်တော်မသိဘူးနော် ဒီကိစ္စတွေက၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က တချို့ဟာတွေက သိဖို့အချိန်နည်းနည်းယူရတယ်ဗျ အဲတာတွေက၊ CEC ကပဲ ဒီဟာတွေကိုဆုံးဖြတ်တာလေ။"

NLD ပါတီက ဦးစားပေးရွေးချယ်မယ့် ကိုယ်စားလှယ်အရည်အချင်း ၇ ချက် သတ်မှတ်ထားပါတယ်။  ပါတီရဲ့ နိုင်ငံရေးမူဝါဒနဲ့ သဘောထားတွေကို လိုက်နာသူ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှား အားပေးထောက်ခံ ပံ့ပိုးကူညီသူ၊ ဒေသနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ပြည်သူ့ယုံကြည် လက်ခံအားကိုးသူ၊ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေး အတွေ့အကြုံနဲ့ အမြင်ရှိသူ အစရှိတဲ့ စည်းကမ်းချက်တွေနဲ့ ရွေးချယ်မယ်လို့ ဖော်ပြထားပါတယ်။  အဲဒီထဲက တိုင်းရင်းသားနဲ့ လူငယ်အမျိုးသမီးတွေကို ဦးစားပေးမယ်လို့လည်း သိရပါတယ်။

မတူကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်းကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်လောင်းတွေကို အောက်ခြေကနေစပြီး တင်သွင်းလာတဲ့အပေါ် ကြိုဆိုတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုအဖွဲ့ PACE ရဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

"ကိုယ့်ရဲ့မဲဆန္ဒနယ်ကို ကိုယ်စားပြုနိုင်တဲ့သူကို ရွေးချယ်တာမျိုးဟာ ကောင်းမွန်လာတယ် တိုးတက်လာတယ်လို့ ကျွန်တော်တို့ အကြမ်းဖျဉ်းပြောချင်တယ်၊ တစ်ခြားနိုင်ငံရေးပါတီတွေလည်း ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာ မဲဆန္ဒနယ်အလိုက် ကိုယ်စားပြုနိုင်တဲ့သူ၊ မဲဆန္ဒနယ်ကို ထင်ဟပ်စေနိုင်တဲ့ သူမျိုးကို ရွေးချယ်နိုင်တဲ့အခါမှာ ပိုကောင်းတာပေါ့။"

ရွေးကောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေထဲမှာရော ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာရော NLD ပါတင်မဟုတ်ပဲ အခြားပါတီတွေမှာလည်း အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်တွေ မရှိခဲ့ဘူးလို့ စိုင်းရဲကျော်စွာမြင့်ဆိုပါတယ်။

မွတ်စလင်အများအပြားနေထိုင်ကြတဲ့ မင်္ဂလာတောင်ညွန့်၊ ပန်းဘဲတန်းမြို့နယ်က မွတ်စလင်တချို့ ဦးစားပေးစာရင်းမှာပါပေမယ့်၊ ကျောက်တံတားမြို့နယ်မှာတော့ ကိုယ်စားလှယ်ဟောင်းတွေက တင်ကြတာများတယ်လို့ ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက RFA ကိုပြောပါတယ်။

"ကျွန်မတို့မြို့နယ်မှာ တစ်ယောက်မှမပါဘူး ဘာသာခြား၊ တင်တဲ့အထဲမှာလေ နဂိုလူတွေပဲ ပြန်လုပ်ကြတာများတော့လေ၊ အသစ်တင်တဲ့သူကိုသိပ်မရှိတာ ကျွန်မတို့ဆီမှာ၊ အဲတာတွေကတော့ လူကြီးတွေရဲ့ဆုံးဖြတ်ချက်ပဲ၊"

လူနည်းစုတွေကိုကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေမရှိခဲ့လို့ လွှတ်တော်မှာ မွတ်စလင်လူမှုအသိုင်းအဝိုင်းရဲ့ အသံပျောက်ဆုံးခဲ့ရတာ အကျည်းတန်တယ်လို့ မဝေဝေနုက ပြောပါတယ်။ ဥပမာအားဖြင့် ၂၀၁၇ တုန်းက ရခိုင်မြောက်ပိုင်းကိစ္စဆိုရင် လက်လွန်ခြေလွန်ဖြစ်သွားပြီးမှ တိုင်းပြည်နစ်နာရတဲ့အထိ ဖြစ်သွားတယ်လို့ သူက ထောက်ပြပါတယ်။

"အခု ရခိုင်မှာဆိုလို့ရှိရင် လူမျိုးတုံးသတ်ဖြတ်မှုလို့တောင် တရားစွဲဆိုခံထားရတဲ့ အနေအထားပေါ့နော်၊ တကယ်လို့သာ နဂိုကတည်းက မွတ်စလင်တွေရဲ့ကိုယ်စားပြုမှုတွေ ဒီလူနည်းစုတွေရဲ့ ကိုယ်စားပြုမှုတွေ လွှတ်တော်တွေထဲမှာ နိုင်ငံရေးဖြစ်စဉ်တွေထဲမှာ ပါဝင်နေခဲ့တယ်ဆိုရင် ဒီလိုကိစ္စတွေကိုမဖြစ်အောင်လို့ ကျွန်မတို့က ထိန်းထိန်းသိမ်းသိမ်းနဲ့ ဝိုင်းဝန်းပြီးတော့ ကာကွယ်လို့ရမှာဖြစ်ပါတယ်၊ ရခိုင်ဆိုလို့ရှိရင် လုံးဝကို စုတ်ပြတ်သတ်အောင်ဖြစ်သွားတဲ့ အနေအထားအထိပေါ့နော်၊ ဒါဟာ ဒီလူမျိုးစုတစ်စုတည်းကိုပဲ နစ်နာစေတာမဟုတ်ပါဘူး၊ တစ်တိုင်းပြည်လုံးကိုနစ်နာစေတာလို့ ကျွန်မအနေနဲ့ ယူဆပါတယ်ရှင့်။"

NLD ပါတီဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ပြည်နယ်နဲ့တိုင်း ၁၄ ခုစလုံးမှာ ကိုယ်စားလှယ်ပေါင်း ၁၁၅၂ ယောက်ဝင်ရောက်ယှဉ်ခဲ့ရာမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ၂၅၅ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၁၃၅ နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အတွက် ၄၇၅ နေရာနဲ့ တိုင်းရင်းသား လူမျိုးလွှတ်တော်ကိုယ်စားလှယ် ၂၁ နေရာ အနိုင်ရရှိခဲ့ပါတယ်။

တစ်နိုင်လုံးအတိုင်းအတာနဲ့ အနိုင်ရရှိခဲ့တဲ့ ကိုယ်စားလှယ်နေရာ ၈၆၆ ယောက်ထဲမှာ ဘာသာခြားတွေထဲက အစ္စလာမ်ဘာသာအတွက် ကိုယ်စားပြုတဲ့ မွတ်စလင်လူမျိုးကိုယ်စားလှယ် တစ်ယောက်မှမပါဝင်ခဲ့ပါဘူး။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း အစောပိုင်းကာလမှာ မွတ်ဆလင် လွှတ်တော်ကိုယ်စားပြုမှုတွေ ရှိခဲ့ပါတယ်။ တပ်မတော်အစိုးရ လက်ထက်ကနေ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ကြံ့ခိုင်ရေးပါတီက ရခိုင်ပြည်နယ်က မွတ်စလင် ကိုယ်စားလှယ်တချို့ရွေးချယ်ခဲ့တာရှိပြီး ၂၀၁၅ ခုနှစ်မှာတော့ တစ်ဦးတစ်ယောက်မှ ရွေးချယ်ခံရခြင်း မရှိခဲ့ပါဘူး။

သန့်ဇင်ဦး / RFA Burmese
------------------------------------
(Zawgyi)⤵⤵⤵
မြတ္စလင္ကိုယ္စားျပဳမႈ လႊတ္ေတာ္သစ္မွာ ရွိလာမလား

လက္ရွိအာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (NLD)မွာ မြတ္စလင္ေတြကို ကိုယ္စားျပဳတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ ဒီေန႔အထိ တစ္ဦးမွ်မရွိခဲ့ပါဘူး။ ဒါေပမဲ့ လာမယ့္ ၂၀၂၀ မွာေတာ့ NLD က ဒီအစဥ္အလာထဲကေန ႐ုန္းထြက္ေတာ့မွာပါ။

NLD ပါတီရဲ႕ ၿမိဳ႕နယ္အလိုက္ ကိုယ္စားလွယ္ေလာင္းေတြထဲမွာမြတ္စလင္ကိုယ္စားလွယ္ေလာင္း တခ်ိဳ႕ ပါဝင္လာပါၿပီ။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD)ပါတီရဲ႕ ကိုယ္စားလွယ္ေလာင္းေတြကို မၾကာခင္ရက္ပိုင္း အတြင္း ပါတီဗဟိုကေန အၿပီးသတ္ ေ႐ြးခ်ယ္ေတာ့မွာျဖစ္ပါတယ္။ ၿမိဳ႕နယ္အဆင့္ဆင့္ကေန ပါတီဗဟိုကိုတင္တဲ့ ဦးစားေပး ၁ နဲ႔ ဦးစားေပး ၂ စတဲ့ ကိုယ္စားလွယ္ေလာင္း အမည္စာရင္းေတြထဲမွာ လူနည္းစု မြတ္စလင္ ကိုယ္စားလွယ္တခ်ိဳ႕ပါဝင္တာကို RFA က စုံစမ္းသိရွိရပါတယ္။

မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ အမွတ္ ၁ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွေဌးက သူတို႔ၿမိဳ႕နယ္ အတြက္ ဦးစားေပး ၂ စာရင္းထဲမွာ အစၥလာမ္ဘာသာဝင္ ကိုယ္စားလွယ္ေလာင္း တစ္ေယာက္ ပါဝင္တယ္လို႔ ေျပာပါတယ္။

ကြၽန္ေတာ္တို႔ ဒီဦးစားေပးအဆင့္ ၁ ထဲမွာေတာ့ မပါဘူးဗ်၊ ဦးစားေပးအဆင့္ ၂ မွာ တစ္ေယာက္ပါတယ္ ျပည္သူ႔လႊတ္ေတာ္ေနရာေပါ့ေနာ္၊ စာရင္းေတြက ဘာမွမထြက္ေသးဘူး ဗဟိုကအတည္ျပဳမွ ထြက္မွာ၊ ကြၽန္ေတာ္တို႔ကေတာ့ တိတိက်က် ဘာမွမသိထာဘူးဗ်၊ ပါတီဗဟိုကပဲသိလိမ့္မယ္၊ ဗဟိုက ခ်မွတ္တဲ့ အေျခအေနပဲရွိပါလိ့မ္မယ္၊ အရည္အခ်င္းအေပၚမူတည္ၿပီးေတာ့ လုပ္ႏိုင္ရင္လုပ္ႏိုင္သလိုေတာ့ ေ႐ြးခ်ယ္သြားမွာပါပဲ၊ အခုကေတာ့ အားလုံးကိုၿခဳံငုံၿပီးေတာ့ သူတို႔ စိစစ္ဆုံးျဖတ္သြားမွာပါ။

ပန္းပဲတန္းၿမိဳ႕နယ္အတြက္ ကိုယ္စားလွယ္ေလာင္းအမည္စာရင္း တင္သြင္းတဲ့အထဲမွာလည္း ျပည္သူ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေနရာအတြက္ ဦးစားေပး ၁ ထဲမွာ အစၥလာမ္ဘာသာဝင္ တစ္ေယာက္ပါဝင္ တယ္လို႔သိရပါတယ္။ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ အစၥလာမ္ဘာသာဝင္ ကိုယ္စားလွယ္ေလာင္း ဘယ္ႏွစ္ေယာက္ ပါဝင္လာႏိုင္တယ္ ဆိုတာကို NLD ပါတီက ထုတ္ေျပာျခင္းမရွိေသးပါဘူး။

မြတ္စလင္ ကိုယ္စားလွယ္ေလာင္းေတြကို NLD က ေ႐ြးခ်ယ္ဖို႔အတြက္ ဦးစားေပးစာရင္းမွာ တင္သြင္းလာလို႔ ဝမ္းသာႀကိဳဆိုတယ္လို႔ အေမရိကန္ႏိုင္ငံက UC Berkeley တကၠသိုလ္မွာ ဥပေဒပညာသင္ယူေနတဲ့ မေဝေဝႏုက RFA ကိုေျပာပါတယ္။

"အခုလိုေျခလွမ္းေတြမွာ ဒီမိုကေရစီကို တကယ္ေလွ်ာက္လွမ္းေစတဲ့ ေျခလွမ္းေတြလို႔ ကြၽန္မအေနနဲ႔ ျမင္တဲ့အတြက္ေၾကာင့္ ႀကိဳဆိုပါတယ္၊ အခုလိုမ်ိဳး စၿပီးလုပ္ေဆာင္လာၿပီဆိုလို႔ရွိရင္ ကြၽန္မတို႔ ဒီလိုမ်ိဳးအျမစ္တြယ္ေနတဲ့ ခြဲျခားတဲ့စိတ္ေတြကို ဖယ္ရွားေပးႏိုင္မွာျဖစ္သလို တိုင္းျပည္မွာတကယ့္ကို ဆိုး႐ြားေနတဲ့ ႏိုင္ငံတကာမွာေရာ ျပည္တြင္းထဲမွာပါျမင္ေနတဲ့ ဗမာလူမ်ိဳးႀကီးဝါဒကိုပါ တျဖည္းျဖည္းနဲ႔ ေျပာင္းလဲသြားေအာင္ လုပ္ေဆာင္သြားလို႔ရမွာျဖစ္ပါတယ္။"

NLD ပါတီမွာ ဘာသာျခားကို မေ႐ြးခ်ယ္ရဘူးဆိုတဲ့ မူမရွိေၾကာင္းနဲ႔ ဘယ္ႏွစ္ရာခိုင္ႏႈန္း ေ႐ြးမယ္စတဲ့ ဆုံးျဖတ္ခ်က္ကို ပါတီဗဟိုထိပ္ပိုင္းေခါင္းေဆာင္ေတြသာ သိႏိုင္မယ္လို႔ ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး မုံ႐ြာေအာင္ရွင္က RFA ကိုေျပာပါတယ္။

"ကြၽန္ေတာ္တို႔ကေတာ့ ဒီဟာေတြကို မေ႐ြးရဘူးဆိုတဲ့မူေတာ့မရွိဘူး ဒါေသခ်ာတယ္၊ ဘယ္လိုအေျခအေနမွာ ဘယ္လိုအေနအထားနဲ႔ လုပ္ပါဆိုတာလည္း ဒါလည္း ရွိရင္ေတာ့ရွိႏိုင္တယ္၊ သို႔ေသာ္ အခုထိေတာ့ ကြၽန္ေတာ္ေတာ့မသိဘူး အဲ့ဒီကိစၥကို၊ ဘယ္သူေတြပါလဲ ဘယ္ေလာက္ရွိသလဲဆိုတာလည္း ကြၽန္ေတာ္မသိဘူးေနာ္ ဒီကိစၥေတြက၊ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္တို႔က တခ်ိဳ႕ဟာေတြက သိဖို႔အခ်ိန္နည္းနည္းယူရတယ္ဗ် အဲတာေတြက၊ CEC ကပဲ ဒီဟာေတြကိုဆုံးျဖတ္တာေလ။"

NLD ပါတီက ဦးစားေပးေ႐ြးခ်ယ္မယ့္ ကိုယ္စားလွယ္အရည္အခ်င္း ၇ ခ်က္ သတ္မွတ္ထားပါတယ္။  ပါတီရဲ႕ ႏိုင္ငံေရးမူဝါဒနဲ႔ သေဘာထားေတြကို လိုက္နာသူ၊ ဒီမိုကေရစီအေရး တက္ႂကြလႈပ္ရွား အားေပးေထာက္ခံ ပံ့ပိုးကူညီသူ၊ ေဒသႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ဖို႔ ျပည္သူ႔ယုံၾကည္ လက္ခံအားကိုးသူ၊ ႏိုင္ငံေရး၊ စီးပြားေရး၊ ႏိုင္ငံတကာဆက္ဆံေရး အေတြ႕အႀကဳံနဲ႔ အျမင္ရွိသူ အစရွိတဲ့ စည္းကမ္းခ်က္ေတြနဲ႔ ေ႐ြးခ်ယ္မယ္လို႔ ေဖာ္ျပထားပါတယ္။  အဲဒီထဲက တိုင္းရင္းသားနဲ႔ လူငယ္အမ်ိဳးသမီးေတြကို ဦးစားေပးမယ္လို႔လည္း သိရပါတယ္။

မတူကြဲျပားတဲ့ လူမႈအသိုင္းအဝိုင္းကို ကိုယ္စားျပဳတဲ့ ကိုယ္စားလွယ္ေလာင္းေတြကို ေအာက္ေျခကေနစၿပီး တင္သြင္းလာတဲ့အေပၚ ႀကိဳဆိုတယ္လို႔ ေ႐ြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔ လႈပ္ရွားမႈအဖြဲ႕ PACE ရဲ႕ အမႈေဆာင္ဒါ႐ိုက္တာ စိုင္းရဲေက်ာ္စြာျမင့္က ေျပာပါတယ္။

"ကိုယ့္ရဲ႕မဲဆႏၵနယ္ကို ကိုယ္စားျပဳႏိုင္တဲ့သူကို ေ႐ြးခ်ယ္တာမ်ိဳးဟာ ေကာင္းမြန္လာတယ္ တိုးတက္လာတယ္လို႔ ကြၽန္ေတာ္တို႔ အၾကမ္းဖ်ဥ္းေျပာခ်င္တယ္၊ တစ္ျခားႏိုင္ငံေရးပါတီေတြလည္း ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့အခါမွာ မဲဆႏၵနယ္အလိုက္ ကိုယ္စားျပဳႏိုင္တဲ့သူ၊ မဲဆႏၵနယ္ကို ထင္ဟပ္ေစႏိုင္တဲ့ သူမ်ိဳးကို ေ႐ြးခ်ယ္ႏိုင္တဲ့အခါမွာ ပိုေကာင္းတာေပါ့။"

ေ႐ြးေကာက္ခံထားရတဲ့ ကိုယ္စားလွယ္ေတြထဲမွာေရာ ဒုတိယအႀကိမ္ လႊတ္ေတာ္သက္တမ္းမွာေရာ NLD ပါတင္မဟုတ္ပဲ အျခားပါတီေတြမွာလည္း အစၥလာမ္ဘာသာဝင္ ကိုယ္စားလွယ္ေတြ မရွိခဲ့ဘူးလို႔ စိုင္းရဲေက်ာ္စြာျမင့္ဆိုပါတယ္။

မြတ္စလင္အမ်ားအျပားေနထိုင္ၾကတဲ့ မဂၤလာေတာင္ၫြန႔္၊ ပန္းဘဲတန္းၿမိဳ႕နယ္က မြတ္စလင္တခ်ိဳ႕ ဦးစားေပးစာရင္းမွာပါေပမယ့္၊ ေက်ာက္တံတားၿမိဳ႕နယ္မွာေတာ့ ကိုယ္စားလွယ္ေဟာင္းေတြက တင္ၾကတာမ်ားတယ္လို႔ ေက်ာက္တံတားၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚၾကည္ျပာက RFA ကိုေျပာပါတယ္။

"ကြၽန္မတို႔ၿမိဳ႕နယ္မွာ တစ္ေယာက္မွမပါဘူး ဘာသာျခား၊ တင္တဲ့အထဲမွာေလ နဂိုလူေတြပဲ ျပန္လုပ္ၾကတာမ်ားေတာ့ေလ၊ အသစ္တင္တဲ့သူကိုသိပ္မရွိတာ ကြၽန္မတို႔ဆီမွာ၊ အဲတာေတြကေတာ့ လူႀကီးေတြရဲ႕ဆုံးျဖတ္ခ်က္ပဲ၊"

လူနည္းစုေတြကိုကိုယ္စားျပဳတဲ့ ကိုယ္စားလွယ္ေတြမရွိခဲ့လို႔ လႊတ္ေတာ္မွာ မြတ္စလင္လူမႈအသိုင္းအဝိုင္းရဲ႕ အသံေပ်ာက္ဆုံးခဲ့ရတာ အက်ည္းတန္တယ္လို႔ မေဝေ၀ႏုက ေျပာပါတယ္။ ဥပမာအားျဖင့္ ၂၀၁၇ တုန္းက ရခိုင္ေျမာက္ပိုင္းကိစၥဆိုရင္ လက္လြန္ေျခလြန္ျဖစ္သြားၿပီးမွ တိုင္းျပည္နစ္နာရတဲ့အထိ ျဖစ္သြားတယ္လို႔ သူက ေထာက္ျပပါတယ္။

"အခု ရခိုင္မွာဆိုလို႔ရွိရင္ လူမ်ိဳးတုံးသတ္ျဖတ္မႈလို႔ေတာင္ တရားစြဲဆိုခံထားရတဲ့ အေနအထားေပါ့ေနာ္၊ တကယ္လို႔သာ နဂိုကတည္းက မြတ္စလင္ေတြရဲ႕ကိုယ္စားျပဳမႈေတြ ဒီလူနည္းစုေတြရဲ႕ ကိုယ္စားျပဳမႈေတြ လႊတ္ေတာ္ေတြထဲမွာ ႏိုင္ငံေရးျဖစ္စဥ္ေတြထဲမွာ ပါဝင္ေနခဲ့တယ္ဆိုရင္ ဒီလိုကိစၥေတြကိုမျဖစ္ေအာင္လို႔ ကြၽန္မတို႔က ထိန္းထိန္းသိမ္းသိမ္းနဲ႔ ဝိုင္းဝန္းၿပီးေတာ့ ကာကြယ္လို႔ရမွာျဖစ္ပါတယ္၊ ရခိုင္ဆိုလို႔ရွိရင္ လုံးဝကို စုတ္ျပတ္သတ္ေအာင္ျဖစ္သြားတဲ့ အေနအထားအထိေပါ့ေနာ္၊ ဒါဟာ ဒီလူမ်ိဳးစုတစ္စုတည္းကိုပဲ နစ္နာေစတာမဟုတ္ပါဘူး၊ တစ္တိုင္းျပည္လုံးကိုနစ္နာေစတာလို႔ ကြၽန္မအေနနဲ႔ ယူဆပါတယ္ရွင့္။"

NLD ပါတီဟာ ၂၀၁၅ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲ ျပည္နယ္နဲ႔တိုင္း ၁၄ ခုစလုံးမွာ ကိုယ္စားလွယ္ေပါင္း ၁၁၅၂ ေယာက္ဝင္ေရာက္ယွဥ္ခဲ့ရာမွာ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေနရာအတြက္ ၂၅၅ ေနရာ၊ အမ်ိဳးသားလႊတ္ေတာ္အတြက္ ၁၃၅ ေနရာ၊ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္လႊတ္ေတာ္အတြက္ ၄၇၅ ေနရာနဲ႔ တိုင္းရင္းသား လူမ်ိဳးလႊတ္ေတာ္ကိုယ္စားလွယ္ ၂၁ ေနရာ အႏိုင္ရရွိခဲ့ပါတယ္။

တစ္ႏိုင္လုံးအတိုင္းအတာနဲ႔ အႏိုင္ရရွိခဲ့တဲ့ ကိုယ္စားလွယ္ေနရာ ၈၆၆ ေယာက္ထဲမွာ ဘာသာျခားေတြထဲက အစၥလာမ္ဘာသာအတြက္ ကိုယ္စားျပဳတဲ့ မြတ္စလင္လူမ်ိဳးကိုယ္စားလွယ္ တစ္ေယာက္မွမပါဝင္ခဲ့ပါဘူး။ ျမန္မာႏိုင္ငံ လြတ္လပ္ေရးရၿပီးေနာက္ပိုင္း အေစာပိုင္းကာလမွာ မြတ္ဆလင္ လႊတ္ေတာ္ကိုယ္စားျပဳမႈေတြ ရွိခဲ့ပါတယ္။ တပ္မေတာ္အစိုးရ လက္ထက္ကေန ၂၀၂၀ ေ႐ြးေကာက္ပြဲမွာေတာ့ ႀကံ့ခိုင္ေရးပါတီက ရခိုင္ျပည္နယ္က မြတ္စလင္ ကိုယ္စားလွယ္တခ်ိဳ႕ေ႐ြးခ်ယ္ခဲ့တာရွိၿပီး ၂၀၁၅ ခုႏွစ္မွာေတာ့ တစ္ဦးတစ္ေယာက္မွ ေ႐ြးခ်ယ္ခံရျခင္း မရွိခဲ့ပါဘူး။

သန႔္ဇင္ဦး / RFA Burmese
https://www.rfa.org/burmese/program_2/will-islamic-representatives-be-in-hluttaw-06242020061150.html
မွတ်စလင်ကိုယ်စားပြုမှု လွှတ်တော်သစ်မှာ ရှိလာမလား မွတ်စလင်ကိုယ်စားပြုမှု လွှတ်တော်သစ်မှာ ရှိလာမလား Reviewed by THITHTOOLWIN on 18:05 Rating: 5
Powered by Blogger.