ရခိုင်မြောက်ပိုင်းမှာ စစ်အုပ်ချုပ်ရေးကျင့်သုံးရလောက်အောင် အခြေအနေမဆိုးသေးဟု အစိုးရအဖွဲ့ပြော

(Unicode)⤵⤵⤵
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အေအေအဖွဲ့က အုပ်ချုပ်ရေး ယန္တရားပျက်စီးအောင် ဆောင်ရွက်နေပေမယ့် စိုးရိမ်ရလောက်တဲ့ အခြေအနေမရှိသေးတဲ့ အတွက် စစ်အုပ်ချုပ်ရေးနဲ့ အစားထိုးဖို့ မလိုအပ်ဘူးလို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက ပြောပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိဘဲ အုပ်ချုပ်ရေး ယန္တားရား ပျက်စီးမှုတွေ ရှိနေတာကြောင့် စစ်အုပ်ချုပ်ရေးနဲ့ အစားထိုးရနိုင်တဲ့ အခြေအနေရှိပါသလားလို့ ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့၊ နေပြည်တော်မှာ ကျင်းပတဲ့  သတင်းစာရှင်းလင်းပွဲမှာ အစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းကို RFA က မေးမြန်းခဲ့ပါတယ်။

အဲဒီလိုမေးမြန်းရာမှာ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက ရခိုင်ပြည်နယ်အစိုးရက တည်ငြိမ်အောင် ကိုင်တွယ်နေလို့ စိုးရိမ်ရလောက်တဲ့ အခြေအနေ မရှိဘူးလို့ ပြောပါတယ်။

"အဲလောက်ထိ စိုးရိမ်စရာ မရှိပါဘူး။ ဒါတွေက စောစောက ကျတော်တင်ပြခဲ့သလိုပဲ စိုးရိမ်မှုကြီးပြီးတော့ ပြောနေတဲ့ ကိစ္စတွေဖြစ်ပါတယ်။ ယခင် ကျတော်တို့ မြောက်ဦး၊ ကျောက်တော်တို့မှာ အုပ်ချုပ်ရေးမှူးတွေ ထွက်သွားတာ ဒီထက်ပိုများပါတယ်။ အခုက ၅၈ ယောက်ပါ။ အရင်တုန်းကဆိုရင် ဒီထက်မက အရေအတွက် များတာတွေရှိပါတယ်။ ဒါကြောင့်မလို့ ဒီလောက်ကြီးအထိလည်း စိုးရိမ်ပူပန်ဖို့ မလိုအပ်ဘူးလို့ ကျတော့် အနေနဲ့ မြင်ပါတယ်။ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းအစိုးရပေါ့နော် သက်ဆိုင်ရာ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ကလည်း သူ့နယ်မြေဒေသအတွက် အေးချမ်းဖို့အတွက် အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ဖို့အတွက် သူလည်းပဲ အားသွန်ခွန်စိုက်ဆောင်ရွက်နေတာနေတယ်လို့တော့ ကျတော်တို့တော့ ဒီလိုပဲမြင်ပါတယ်။"

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်တာတွေအပြင်၊ ရဲစခန်းတွေကို အေအေ အဖွဲ့က ဝင်ရောက်တိုက်ခိုက်တာတွေနဲ့ မြို့ပေါ်မှာ တပ်မတော်သားတစ်ဦး လုပ်ကြံခံရတဲ့ ကိစ္စတွေရှိနေပြီး အုပ်ချုပ်ရေးယန္တာရား ပျက်စီးနိုင်ပြီး မြို့ပေါ်အထိ တိုက်ခိုက်မှုတွေ ပိုပြင်းထန်လာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ရခိုင်မြောက်ပိုင်းက လက်ရှိ အုပ်ချုပ်ရေး အခြေအနေနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ် ထွန်းထွန်းညီကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အစည်းအဝေး မပြီးပြတ်သေးတဲ့အတွက် ဒီနေ့ ညနေပိုင်းအချိန်အထိ ဖုန်းလက်ခံ ဖြေကြားတာ မရှိသေးပါဘူး။

ရခိုင်အမျိုးသားပါတီ ANP က ရသေ့တောင်မြို့နယ် အမတ် ဒေါ်ခင်စောဝေ ကတော့ တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေမှာ တရားဥပဒေစိုးမိုးရေး လျော့နည်းတာတွေရှိသလို အစိုးရ လုံခြုံရေးပိုင်းကလည်း ကိုင်တွယ်ပုံ အားနည်းတယ်လို့ ဝေဖန်ပါတယ်။

"ကျောက်တော်မှာလည်း ရဲစခန်းမှုးတွေကို သတ်တာရှိတယ်၊ ဟိုတစ်နေ့ကလည်း ပုဏ္ဍားကျွန်းမှာ ဖြစ်တာလည်းရှိပါတယ် ။ အဲဒီအတွက်ကြောင့် ဒါကတော့ တရားဥပဒေ စိုးမိုးရေးပြောတယ် ဆိုတာကတော့ တိုက်ပွဲဖြစ်တဲ့ နေရာတွေမှာပေါ့နော် တရားဥပဒေစိုးမိုးရေး အားနည်းနေတယ် ဆိုတာတော့ ပြောလို့ ရတယ်ပေါ့နော့။ ဒါပေမဲ့လည်း အခုလက်ရှိ တာဝန်ယူနေတဲ့ အစိုးရရဲ့ လုံခြုံရေးပိုင်းက သူတို့အနေနဲ့လည်း ဒါကို ကိုင်တွယ်မှုအားနည်းတယ်လို့ပဲ ပြောချင်ပါတယ်"

ဒါပေမဲ့ ရခိုင်မြောက်ပိုင်းမှာ စစ်အုပ်ချုပ်ရေး ဖြစ်နိုင်ခြေရှိ မရှိနဲ့ အဲဒီလောက်အထိ အခြေအနေကို ရောက်နေသလား ဆိုတာနဲ့ ပတ်သက်လို့တော့ ဖြေကြားတာမရှိပါဘူး။

ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က ရခိုင့်တပ်တော် အေအေ က ကြေညာချက်ထုတ်ပြန်တဲ့အထဲမှာ ရခိုင်ပြည်နယ်ကနေ အစိုးရ အုပ်ချုပ်ရေးယန္တရား အားလုံးနဲ့ လုံခြုံရေး အဖွဲ့တွေ ထွက်ခွာသွားဖို့ ပါဝင်ပါတယ်။

ရခိုင်ပြည်နယ်မှာ လက်ရှိ အစိုးရ အုပ်ချုပ်ရေးကို ဖယ်ရှားပြီး အေအေအဖွဲ့က အစားထိုးအုပ်ချုပ်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ပြောထားတာတွေရှိပါတယ်။

လက်ရှိ တိုက်ပွဲအခြေအနေတွေ အပါအဝင် တရားဥပဒေစိုးမိုးရေး ပျက်ပြားလာတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး အေအေ အဖွဲ့ကို ဆက်သွယ်မေးမြန်းတဲ့အခါ AA ပြောခွင့်ရ ခိုင်သုခက ရခိုင်ဒေသဟာအရင်ကလည်း စစ်အုပ်ချုပ်ရေး လက်အောက်မှာပဲရှိနေပြီး အခုလည်း စစ်အုပ်ချုပ်ရေးသာဖြစ်ကြာင်းနဲ့ တပ်မတော်ရဲ့  ဆောင်ရွက်ချက်တွေကို ဖုံးကွယ်ဖို့ စစ်အုပ်ချုပ်ရေး ရဖို့အတွက် တပ်မတော်က အစိုးရကို ဖိအားပေး ဆောင်ရွက်နေကြောင်း စွပ်စွဲပါတယ်။

ရခိုင်ဒေသကို ရခိုင်တွေ အုပ်ချုပ်နိုင်ရင် ငြိမ်းချမ်းရေး ရမယ်လို့ဆိုပါတယ်။ အစိုးရနဲ့ စစ်တပ်မရှိရင် ငြိမ်းချမ်းရေး ရပြီး ဖွံ့ဖြိုးရေးတွေ ရနိုင်မယ်လို့လည်း ပြောပါတယ်။

တိုင်းရင်းသားအရေး လေ့လာသူ စာရေးဆရာ ဦးမောင်မောင်စိုးက နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းမှု မရှိသေးသရွေ့ တိုက်ပွဲတွေ ပြင်းထန်နေဦးမယ်လို့ ပြောပါတယ်။

"နှစ်ဖွဲ့ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီချက် မရရင်တော့ စစ်ပွဲကတော့ ရပ်တန့်လို့မရဘူးဗျ။  စစ်ပွဲ ရပ်တန့်လို့ မရရင် တစ်ဖက်နဲ့ တစ်ဖက် တိုက်ခိုက်မှုကတော့ ပိုပြင်းထန်လာမှာပဲ ဒေသတွင်း မတည်ငြိမ်မှု ကလည်း ပိုပြင်းထန်လာမှာပဲ။ ရပ်တန့်ဖို့ဆိုလိုရှိရင် နှစ်ဘက်တွေ့ဆုံ ဆွေးနွေး သဘောတူညီချက် ယူနိုင်ဖို့ပါပဲ လောလောဆယ်တော့ ယူနိုင်တာမတွေ့ဘူး၊ တစ်ဘက်သတ် အပစ်ရပ်စဲရေးတွေက တပ်မတော်ဘက်က ကြေညာသလို အေအေ နဲ့မြောက်ပိုင်း ၃ ဖွဲ့ကလည်း ကြေညာတယ် ။ ဒါပေမဲ့ အဲဒါတွေကလည်း သိပ်အလုပ်ဖြစ်တာ မတွေ့သေးဘူးပေါ့ဗျာ "

တချိန်တည်းမှာပဲ ငြိမ်းချမ်းရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းတဲ့ နေရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍက လက်ရှိ ရခိုင်ကိစ္စမှာ ပျောက်ဆုံးနေတာကလည်း စိတ်ဝင်စားစရာ ကောင်းတယ်လို့ သူက ပြောပါတယ်။

ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ အကြားတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေက ပြီးခဲ့တဲ့ဇွန်လ ၈ ရက်နေ့အထိ တစ်သိန်း ငါးသောင်းကျော်အထိ ရှိတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ထုတ်ပြန်ထားပါတယ်။

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ မနေ့က ဇွန်လ ၁၁ ရက်နေ့အထိ သေဆုံးတဲ့အရပ်သား ၂၆၀ နဲ့ ထိခိုက်ဒဏ်ရာရသူ ၅၆၅ ဦးအထိရှိနေပါတယ်။

သီဟထွန်း ၊ နေမျိုးထွန်း၊ သက်စုအောင် / RFA Burmese
-------------------------------------------------------------

(Zawgyi)⤵⤵⤵
ရခိုင္ေျမာက္ပိုင္းမွာ စစ္အုပ္ခ်ဳပ္ေရးက်င့္သုံးရေလာက္ေအာင္ အေျခအေနမဆိုးေသးဟု အစိုးရအဖြဲ႕ေျပာ

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ေအေအအဖြဲ႕က အုပ္ခ်ဳပ္ေရး ယႏၲရားပ်က္စီးေအာင္ ေဆာင္႐ြက္ေနေပမယ့္ စိုးရိမ္ရေလာက္တဲ့ အေျခအေနမရွိေသးတဲ့ အတြက္ စစ္အုပ္ခ်ဳပ္ေရးနဲ႔ အစားထိုးဖို႔ မလိုအပ္ဘူးလို႔ ျပည္ေထာင္စု အစိုးရအဖြဲ႕႐ုံး ဝန္ႀကီးဌာ၊ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးျမင့္သန္းက ေျပာပါတယ္။

တိုက္ပြဲေတြျပင္းထန္ေနတဲ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ နယ္ေျမတည္ၿငိမ္ေအးခ်မ္းမႈ မရွိဘဲ အုပ္ခ်ဳပ္ေရး ယႏၲားရား ပ်က္စီးမႈေတြ ရွိေနတာေၾကာင့္ စစ္အုပ္ခ်ဳပ္ေရးနဲ႔ အစားထိုးရႏိုင္တဲ့ အေျခအေနရွိပါသလားလို႔ ဒီကေန႔ ဇြန္လ ၁၅ ရက္ေန႔၊ ေနျပည္ေတာ္မွာ က်င္းပတဲ့  သတင္းစာရွင္းလင္းပြဲမွာ အစိုးရအဖြဲ႕ ႐ုံးဝန္ႀကီးဌာန၊ အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာန၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးျမင့္သန္းကို RFA က ေမးျမန္းခဲ့ပါတယ္။

အဲဒီလိုေမးျမန္းရာမွာ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးျမင့္သန္းက ရခိုင္ျပည္နယ္အစိုးရက တည္ၿငိမ္ေအာင္ ကိုင္တြယ္ေနလို႔ စိုးရိမ္ရေလာက္တဲ့ အေျခအေန မရွိဘူးလို႔ ေျပာပါတယ္။

"အဲေလာက္ထိ စိုးရိမ္စရာ မရွိပါဘူး။ ဒါေတြက ေစာေစာက က်ေတာ္တင္ျပခဲ့သလိုပဲ စိုးရိမ္မႈႀကီးၿပီးေတာ့ ေျပာေနတဲ့ ကိစၥေတြျဖစ္ပါတယ္။ ယခင္ က်ေတာ္တို႔ ေျမာက္ဦး၊ ေက်ာက္ေတာ္တို႔မွာ အုပ္ခ်ဳပ္ေရးမႉးေတြ ထြက္သြားတာ ဒီထက္ပိုမ်ားပါတယ္။ အခုက ၅၈ ေယာက္ပါ။ အရင္တုန္းကဆိုရင္ ဒီထက္မက အေရအတြက္ မ်ားတာေတြရွိပါတယ္။ ဒါေၾကာင့္မလို႔ ဒီေလာက္ႀကီးအထိလည္း စိုးရိမ္ပူပန္ဖို႔ မလိုအပ္ဘူးလို႔ က်ေတာ့္ အေနနဲ႔ ျမင္ပါတယ္။ သက္ဆိုင္ရာ ျပည္နယ္နဲ႔ တိုင္းအစိုးရေပါ့ေနာ္ သက္ဆိုင္ရာ ရခိုင္ျပည္နယ္ အစိုးရ အဖြဲ႕ကလည္း သူ႔နယ္ေျမေဒသအတြက္ ေအးခ်မ္းဖို႔အတြက္ အုပ္ခ်ဳပ္ေရးယႏၲရား လည္ပတ္ႏိုင္ဖို႔အတြက္ သူလည္းပဲ အားသြန္ခြန္စိုက္ေဆာင္႐ြက္ေနတာေနတယ္လို႔ေတာ့ က်ေတာ္တို႔ေတာ့ ဒီလိုပဲျမင္ပါတယ္။"

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးေတြ ႏႈတ္ထြက္တာေတြအျပင္၊ ရဲစခန္းေတြကို ေအေအ အဖြဲ႕က ဝင္ေရာက္တိုက္ခိုက္တာေတြနဲ႔ ၿမိဳ႕ေပၚမွာ တပ္မေတာ္သားတစ္ဦး လုပ္ႀကံခံရတဲ့ ကိစၥေတြရွိေနၿပီး အုပ္ခ်ဳပ္ေရးယႏၲာရား ပ်က္စီးႏိုင္ၿပီး ၿမိဳ႕ေပၚအထိ တိုက္ခိုက္မႈေတြ ပိုျပင္းထန္လာႏိုင္တယ္လို႔ ေလ့လာသူေတြက သုံးသပ္ၾကပါတယ္။

ရခိုင္ေျမာက္ပိုင္းက လက္ရွိ အုပ္ခ်ဳပ္ေရး အေျခအေနနဲ႔ ပတ္သက္ၿပီး ဗိုလ္ခ်ဳပ္ ထြန္းထြန္းညီကို RFA က ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ အစည္းအေဝး မၿပီးျပတ္ေသးတဲ့အတြက္ ဒီေန႔ ညေနပိုင္းအခ်ိန္အထိ ဖုန္းလက္ခံ ေျဖၾကားတာ မရွိေသးပါဘူး။

ရခိုင္အမ်ိဳးသားပါတီ ANP က ရေသ့ေတာင္ၿမိဳ႕နယ္ အမတ္ ေဒၚခင္ေစာေဝ ကေတာ့ တိုက္ပြဲျဖစ္ပြားတဲ့ ေဒသေတြမွာ တရားဥပေဒစိုးမိုးေရး ေလ်ာ့နည္းတာေတြရွိသလို အစိုးရ လုံၿခဳံေရးပိုင္းကလည္း ကိုင္တြယ္ပုံ အားနည္းတယ္လို႔ ေဝဖန္ပါတယ္။

"ေက်ာက္ေတာ္မွာလည္း ရဲစခန္းမႈးေတြကို သတ္တာရွိတယ္၊ ဟိုတစ္ေန႔ကလည္း ပု႑ားကြၽန္းမွာ ျဖစ္တာလည္းရွိပါတယ္ ။ အဲဒီအတြက္ေၾကာင့္ ဒါကေတာ့ တရားဥပေဒ စိုးမိုးေရးေျပာတယ္ ဆိုတာကေတာ့ တိုက္ပြဲျဖစ္တဲ့ ေနရာေတြမွာေပါ့ေနာ္ တရားဥပေဒစိုးမိုးေရး အားနည္းေနတယ္ ဆိုတာေတာ့ ေျပာလို႔ ရတယ္ေပါ့ေနာ့။ ဒါေပမဲ့လည္း အခုလက္ရွိ တာဝန္ယူေနတဲ့ အစိုးရရဲ႕ လုံၿခဳံေရးပိုင္းက သူတို႔အေနနဲ႔လည္း ဒါကို ကိုင္တြယ္မႈအားနည္းတယ္လို႔ပဲ ေျပာခ်င္ပါတယ္"

ဒါေပမဲ့ ရခိုင္ေျမာက္ပိုင္းမွာ စစ္အုပ္ခ်ဳပ္ေရး ျဖစ္ႏိုင္ေျခရွိ မရွိနဲ႔ အဲဒီေလာက္အထိ အေျခအေနကို ေရာက္ေနသလား ဆိုတာနဲ႔ ပတ္သက္လို႔ေတာ့ ေျဖၾကားတာမရွိပါဘူး။

ၿပီးခဲ့တဲ့ ေမလ ၂၉ ရက္ေန႔က ရခိုင့္တပ္ေတာ္ ေအေအ က ေၾကညာခ်က္ထုတ္ျပန္တဲ့အထဲမွာ ရခိုင္ျပည္နယ္ကေန အစိုးရ အုပ္ခ်ဳပ္ေရးယႏၲရား အားလုံးနဲ႔ လုံၿခဳံေရး အဖြဲ႕ေတြ ထြက္ခြာသြားဖို႔ ပါဝင္ပါတယ္။

ရခိုင္ျပည္နယ္မွာ လက္ရွိ အစိုးရ အုပ္ခ်ဳပ္ေရးကို ဖယ္ရွားၿပီး ေအေအအဖြဲ႕က အစားထိုးအုပ္ခ်ဳပ္ဖို႔ ရည္႐ြယ္ထားတယ္လို႔လည္း ေျပာထားတာေတြရွိပါတယ္။

လက္ရွိ တိုက္ပြဲအေျခအေနေတြ အပါအဝင္ တရားဥပေဒစိုးမိုးေရး ပ်က္ျပားလာတဲ့ ကိစၥေတြနဲ႔ ပတ္သက္ၿပီး ေအေအ အဖြဲ႕ကို ဆက္သြယ္ေမးျမန္းတဲ့အခါ AA ေျပာခြင့္ရ ခိုင္သုခက ရခိုင္ေဒသဟာအရင္ကလည္း စစ္အုပ္ခ်ဳပ္ေရး လက္ေအာက္မွာပဲရွိေနၿပီး အခုလည္း စစ္အုပ္ခ်ဳပ္ေရးသာျဖစ္ၾကာင္းနဲ႔ တပ္မေတာ္ရဲ႕  ေဆာင္႐ြက္ခ်က္ေတြကို ဖုံးကြယ္ဖို႔ စစ္အုပ္ခ်ဳပ္ေရး ရဖို႔အတြက္ တပ္မေတာ္က အစိုးရကို ဖိအားေပး ေဆာင္႐ြက္ေနေၾကာင္း စြပ္စြဲပါတယ္။

ရခိုင္ေဒသကို ရခိုင္ေတြ အုပ္ခ်ဳပ္ႏိုင္ရင္ ၿငိမ္းခ်မ္းေရး ရမယ္လို႔ဆိုပါတယ္။ အစိုးရနဲ႔ စစ္တပ္မရွိရင္ ၿငိမ္းခ်မ္းေရး ရၿပီး ဖြံ႕ၿဖိဳးေရးေတြ ရႏိုင္မယ္လို႔လည္း ေျပာပါတယ္။

တိုင္းရင္းသားအေရး ေလ့လာသူ စာေရးဆရာ ဦးေမာင္ေမာင္စိုးက ႏွစ္ဖက္ေတြ႕ဆုံ ညႇိႏႈိင္းမႈ မရွိေသးသေ႐ြ႕ တိုက္ပြဲေတြ ျပင္းထန္ေနဦးမယ္လို႔ ေျပာပါတယ္။

"ႏွစ္ဖြဲ႕ ေတြ႕ဆုံေဆြးေႏြးၿပီး သေဘာတူညီခ်က္ မရရင္ေတာ့ စစ္ပြဲကေတာ့ ရပ္တန႔္လို႔မရဘူးဗ်။  စစ္ပြဲ ရပ္တန႔္လို႔ မရရင္ တစ္ဖက္နဲ႔ တစ္ဖက္ တိုက္ခိုက္မႈကေတာ့ ပိုျပင္းထန္လာမွာပဲ ေဒသတြင္း မတည္ၿငိမ္မႈ ကလည္း ပိုျပင္းထန္လာမွာပဲ။ ရပ္တန႔္ဖို႔ဆိုလိုရွိရင္ ႏွစ္ဘက္ေတြ႕ဆုံ ေဆြးေႏြး သေဘာတူညီခ်က္ ယူႏိုင္ဖို႔ပါပဲ ေလာေလာဆယ္ေတာ့ ယူႏိုင္တာမေတြ႕ဘူး၊ တစ္ဘက္သတ္ အပစ္ရပ္စဲေရးေတြက တပ္မေတာ္ဘက္က ေၾကညာသလို ေအေအ နဲ႔ေျမာက္ပိုင္း ၃ ဖြဲ႕ကလည္း ေၾကညာတယ္ ။ ဒါေပမဲ့ အဲဒါေတြကလည္း သိပ္အလုပ္ျဖစ္တာ မေတြ႕ေသးဘူးေပါ့ဗ်ာ "

တခ်ိန္တည္းမွာပဲ ၿငိမ္းခ်မ္းေရး ကိစၥေတြနဲ႔ ပတ္သက္ၿပီး ေစ့စပ္ညႇိႏႈိင္းတဲ့ ေနရာမွာ ဦးေဆာင္ပါဝင္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံရဲ႕ အခန္းက႑က လက္ရွိ ရခိုင္ကိစၥမွာ ေပ်ာက္ဆုံးေနတာကလည္း စိတ္ဝင္စားစရာ ေကာင္းတယ္လို႔ သူက ေျပာပါတယ္။

ရခိုင္ေျမာက္ပိုင္းမွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ (AA) တို႔ အၾကားတိုက္ပြဲေတြေၾကာင့္ ေနရပ္စြန႔္ခြာ ထြက္ေျပးေနရတဲ့ စစ္ေဘးဒုကၡသည္ေတြက ၿပီးခဲ့တဲ့ဇြန္လ ၈ ရက္ေန႔အထိ တစ္သိန္း ငါးေသာင္းေက်ာ္အထိ ရွိတယ္လို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး (REC) က ထုတ္ျပန္ထားပါတယ္။

RFA က ရရွိထားတဲ့ အခ်က္အလက္ေတြအရ ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ ၿပီးခဲ့တဲ့ ၂၀၁၈ ဒီဇင္ဘာလကေန မေန႔က ဇြန္လ ၁၁ ရက္ေန႔အထိ ေသဆုံးတဲ့အရပ္သား ၂၆၀ နဲ႔ ထိခိုက္ဒဏ္ရာရသူ ၅၆၅ ဦးအထိရွိေနပါတယ္။

သီဟထြန္း ၊ ေနမ်ိဳးထြန္း၊ သက္စုေအာင္ / RFA Burmese
https://www.rfa.org/burmese/news/the-government-says-it-is-not-serious-situtaion-to-use-military-rule-in-northern-rakhine-06152020080451.html
ရခိုင်မြောက်ပိုင်းမှာ စစ်အုပ်ချုပ်ရေးကျင့်သုံးရလောက်အောင် အခြေအနေမဆိုးသေးဟု အစိုးရအဖွဲ့ပြော ရခိုင်မြောက်ပိုင်းမှာ စစ်အုပ်ချုပ်ရေးကျင့်သုံးရလောက်အောင် အခြေအနေမဆိုးသေးဟု အစိုးရအဖွဲ့ပြော Reviewed by THITHTOOLWIN on 22:13 Rating: 5
Powered by Blogger.