ကိုဗစ်ကြောင့် မလေးရှားမှာဒုက္ခရောက်ပြီး အဆုံးစီရင်သူ မြန်မာနိုင်ငံသား ၇ ဦးရှိပြီ

ဇွန်လ ၁၈ ရက်နေ့ ညက ကြိုးဆွဲချ သေဆုံးသူမြန်မာလူငယ်ကို မလေးအာဏာပိုင်တွေနဲ့ မြန်မာလူမူကူညီရေးအဖွဲ့က သယ်ဆောင်နေတဲ့ မြင်ကွင်း။ (ဇွန် ၁၈၊ ၂၀၂၀)
(Unicode)⤵⤵⤵
COVID-19 ကာလမှာ အလုပ်လက်မဲ့ဖြစ် နေရပ်ပြန်လို့ မရတဲ့ တရားမဝင်မြန်မာတွေထဲက နှစ် ပတ်ကျော်အတွင်း မလေးရှားမှာ မိမိကိုယ်ကို အဆုံးစီရင်ပြီး သေဆုံးသူ ၇ ဦး ထိရှိလာပါပြီ။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ဆက်ပေးပါမယ်။

မြန်မာ ၅၀၀,၀၀၀ ထက်မနည်း အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားမှာ COVID-19 ကပ်ရောဂါဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့တရားမဝင်မြန်မာတွေ အလုပ်လက်မဲ့ဖြစ်လာပြီး နေထိုင်စားသောက်ရေးတွေ ခက်ခဲလာနေပါတယ်။

အလုပ်လက်မဲ့ဖြစ်ရတဲ့အထဲ နေရပ်ပြန်ဖို့ကလည်း မလွယ်သေးတဲ့ အခြေအနေပါ။ ကိုဗစ်ကာလမှာ မလေးရှားအစိုးရရဲ့ ပိတ်ဆို့ ဖမ်းဆီးမှုတွေကြောင့်ရော စီးပွားရေးကြပ်တည်းမှုတွေကြောင့် အလုပ်ရှင်တွေက အလုပ်တွေဖြုတ်ကြတဲ့အချိန် မြန်မာတွေအနေနဲ့ စိတ်ဓါတ် ကျတာတွေ ပိတ်ဆို့ကန့်သတ်ပြီး နိုင်ငံခြားသားတွေအနေများတဲ့ နေရာတွေမှာ အဖမ်းအဆီးတွေ များလာတာတွေကြောင့် ထွက်ပေါက်မရှိသလို ဖြစ်လာကြပြီး မိမိကိုယ်ကိုယ်အဆုံး စီရင်မှုတွေဟာ မလေးရှားနိုင်ငံမှာ ဒီရက်ထဲ ဆက်တိုက်ဆိုသလို ခပ်စိတ်စိတ်ဖြစ်ပွားလာပါတယ်။

မလေးရှားက မြန်မာလူမှုကူညီမှုအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းကတော့ တရားမဝင် မြန်မာအလုပ်သမားတွေ အခြေအနေကို အခုလိုပြောပြပါတယ်။

"သူတို့က မြန်မာပြည်လည်း ပြန်လို့ မရဘူးအောက်လမ်းလို့ခေါ်တဲ့ ထိုင်းမလေးနယ်စပ်က ပြန်မယ်ဆိုရင်လည်း border နယ်စပ်မှာ လုံခြုံရေးအပြည့်ချထားတော့ မပြန်ရဲကြဘူး။ သူတို့အတွက် ထွက်ပေါက်ပိတ်မိနေသလို ဖြစ်နေတယ်။ ငွေကြေးလည်း မရှိ၊ အိမ်လခလည်း ပေးစရာ မရှိဘူး။ စာရေးသောက်ရေးကလည်း အခက်အခဲဖြစ်နေတယ်။ ပြည်ပကနေ ကိုယ့်ပြည်တွင်းကို ပြန်ဖို့ကလည်း အခက်အခဲဖြစ်နေရတယ်။ ပြန်ဝင်ဖို့လည်း အထောက်အထားမရှိတော့ ပြန်ဖို့ အစီစဉ်ထဲမှာလည်း သူတို့မပါကြဘူး။ မပြန်ရတော့ စိတ်ဖိဆီးမှုတွေများတယ်။ ကျန်တဲ့မိသားစုပြဿနာတွေလည်း ရှိနိုင်တယ်။ နောက်ဆုံးဖိဆီးမှုတွေ မခံနိုင်တော့ ကိုယ့်ကိုယ်ကို ကြိုးဆွဲချသေဆုံးသွားကြတာပဲ။ ကျနော်တို့ ကပုန်းနာရေး ကူညီမှုအဖွဲ့မှာလည်း နာရေး ၃ ခုက ဒီလိုအဖြစ်ကို ကြုံနေရတယ်။ ဂျိုဟိုးတို့၊ ပီနံတို့ဘက်မှာလည်း ဒီလိုဖြစ်နေတယ်။ ပြီးခဲ့တဲ့ ၁၇ ရက်နေ့ကလည်း ကွာလာလမ်ပူမှာပဲ ဒီလိုကြိုးဆွဲချသေတယ်ဆိုတာကို မလေးရှား ကျန်းမာရေးဌာနက ထုတ်ပြန်ပေးတာကို သိရှိရတယ်။"

ဇွန်လ ၁၈ ရက်နေ့ကတော့ ကွာလာလမ်ပူမှာပဲ တဦးသေဆုံးခဲ့ပြီး တခြားပြည်နယ်ကနေ ပြောင်းလာတဲ့ တရားမဝင်အလုပ်သမားဖြစ်ကြောင်း မိသားစုဝင် တဦးကပြောပြပါတယ်။
ဇွန်လ ၁၈ ရက်နေ့ ညက ကြိုးဆွဲချ သေဆုံးသူမြန်မာလူငယ်ကို မလေးအာဏာပိုင်တွေနဲ့ မြန်မာလူမူကူညီရေးအဖွဲ့က သယ်ဆောင်နေတဲ့ မြင်ကွင်း။ (ဇွန် ၁၈၊ ၂၀၂၀)
"မရှိဘူး။ သူမှာ ဘာအထောက်အထားမှ မရှိဘူး။ သူက မလေးမှာနေတာ ၇ နှစ်လောက်ရှိပြီ။ ကျမတို့နဲ့ မတွေ့တာ ကျမတို့ဆီလာတာ မကြာသေးဘူး။ သူ့အခန်းရှေ့မှာ ကြိုးဆွဲချပြီး သေတာတွေ့တာပဲ။ အောင်မင်းထွန်းအသက်က ၂၂ နှစ်ပါ။ မော်လမြိုင်ဒိုင်ဝန်ကွင်းသုခဝတီ ၃ လမ်းမှာ နေတာပဲ။"

မလေးရှားနိုင်ငံမှာ မြန်မာ ၅၀၀,၀၀၀ ထက်မနည်း အလုပ်လုပ်ကိုင်နေကြပြီး တရားမဝင် သိန်းဂဏန်းနဲ့ ရှိနေတာပါ။ အခုလို ကိုဗစ်ကပ်ရောဂါဖြစ်နေတဲ့ကာလမှာ အလုပ်လုပ်စားလို့ မရတာကြောင့်နေရပ်ကို ပြန်ချင်နေကြပါတယ်။ အရင်ကတော့ ထိုင်းနိုင်ငံကနေ ဖြတ်ပြီး လူပွဲစားတွေနဲ့ မလေးရှားကိုလာခဲ့ကြသလို ထိုင်းနိုင်ငံကိုဖြတ်ပြီး နေရပ်ပြန်နေကြပါ။

အခုအခါမှာတော့ နယ်စပ်လမ်းတွေ ပိတ်ဆို့ထားတာကြောင့်လည်း ပြန်လို့မရဖြစ်နေကြပါတယ်။ ဒီအတွက် နေထိုင်ရပ်တည်ရေး ခက်ခဲနေတဲ့ တရားမဝင်အလုပ်သမားတွေ မြန်မာအစိုးရဘက်က နေရပ်ပြန်နိုင်ရေးအတွက် ကြိုးစားလုပ်ဆောင်ပေးစေချင်ကြောင်း လူမှုရေးအဖွဲ့တွေက မေတ္တာရပ်ခံပြောဆိုနေကြပါတယ်။

မအေးအေးမာ  / ဗွီအိုအေ (မြန်မာပိုင်း)
--------------------------------------------------------
(Zawgyi)⤵⤵⤵
ကိုဗစ္ေၾကာင့္ မေလးရွားမွာဒုကၡေရာက္ၿပီး အဆုံးစီရင္သူ ျမန္မာႏိုင္ငံသား ၇ ဦးရွိၿပီ

ဇြန္လ ၁၈ ရက္ေန႔ ညက ႀကိဳးဆြဲခ် ေသဆုံးသူျမန္မာလူငယ္ကို မေလးအာဏာပိုင္ေတြနဲ႔ ျမန္မာလူမူကူညီေရးအဖြဲ႕က သယ္ေဆာင္ေနတဲ့ ျမင္ကြင္း။ (ဇြန္ ၁၈၊ ၂၀၂၀)

COVID-19 ကာလမွာ အလုပ္လက္မဲ့ျဖစ္ ေနရပ္ျပန္လို႔ မရတဲ့ တရားမဝင္ျမန္မာေတြထဲက ႏွစ္ ပတ္ေက်ာ္အတြင္း မေလးရွားမွာ မိမိကိုယ္ကို အဆုံးစီရင္ၿပီး ေသဆုံးသူ ၇ ဦး ထိရွိလာပါၿပီ။ ဒီသတင္းကို ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက တင္ဆက္ေပးပါမယ္။

ျမန္မာ ၅၀၀,၀၀၀ ထက္မနည္း အလုပ္လုပ္ကိုင္ေနတဲ့ မေလးရွားမွာ COVID-19 ကပ္ေရာဂါျဖစ္ၿပီး ေနာက္ဆက္တြဲအေနနဲ႔တရားမဝင္ျမန္မာေတြ အလုပ္လက္မဲ့ျဖစ္လာၿပီး ေနထိုင္စားေသာက္ေရးေတြ ခက္ခဲလာေနပါတယ္။

အလုပ္လက္မဲ့ျဖစ္ရတဲ့အထဲ ေနရပ္ျပန္ဖို႔ကလည္း မလြယ္ေသးတဲ့ အေျခအေနပါ။ ကိုဗစ္ကာလမွာ မေလးရွားအစိုးရရဲ႕ ပိတ္ဆို႔ ဖမ္းဆီးမႈေတြေၾကာင့္ေရာ စီးပြားေရးၾကပ္တည္းမႈေတြေၾကာင့္ အလုပ္ရွင္ေတြက အလုပ္ေတြျဖဳတ္ၾကတဲ့အခ်ိန္ ျမန္မာေတြအေနနဲ႔ စိတ္ဓါတ္ က်တာေတြ ပိတ္ဆို႔ကန႔္သတ္ၿပီး ႏိုင္ငံျခားသားေတြအေနမ်ားတဲ့ ေနရာေတြမွာ အဖမ္းအဆီးေတြ မ်ားလာတာေတြေၾကာင့္ ထြက္ေပါက္မရွိသလို ျဖစ္လာၾကၿပီး မိမိကိုယ္ကိုယ္အဆုံး စီရင္မႈေတြဟာ မေလးရွားႏိုင္ငံမွာ ဒီရက္ထဲ ဆက္တိုက္ဆိုသလို ခပ္စိတ္စိတ္ျဖစ္ပြားလာပါတယ္။

မေလးရွားက ျမန္မာလူမႈကူညီမႈအဖြဲ႕ဥကၠ႒ ဦးစန္းဝင္းကေတာ့ တရားမဝင္ ျမန္မာအလုပ္သမားေတြ အေျခအေနကို အခုလိုေျပာျပပါတယ္။

"သူတို႔က ျမန္မာျပည္လည္း ျပန္လို႔ မရဘူးေအာက္လမ္းလို႔ေခၚတဲ့ ထိုင္းမေလးနယ္စပ္က ျပန္မယ္ဆိုရင္လည္း border နယ္စပ္မွာ လုံၿခဳံေရးအျပည့္ခ်ထားေတာ့ မျပန္ရဲၾကဘူး။ သူတို႔အတြက္ ထြက္ေပါက္ပိတ္မိေနသလို ျဖစ္ေနတယ္။ ေငြေၾကးလည္း မရွိ၊ အိမ္လခလည္း ေပးစရာ မရွိဘူး။ စာေရးေသာက္ေရးကလည္း အခက္အခဲျဖစ္ေနတယ္။ ျပည္ပကေန ကိုယ့္ျပည္တြင္းကို ျပန္ဖို႔ကလည္း အခက္အခဲျဖစ္ေနရတယ္။ ျပန္ဝင္ဖို႔လည္း အေထာက္အထားမရွိေတာ့ ျပန္ဖို႔ အစီစဥ္ထဲမွာလည္း သူတို႔မပါၾကဘူး။ မျပန္ရေတာ့ စိတ္ဖိဆီးမႈေတြမ်ားတယ္။ က်န္တဲ့မိသားစုျပႆနာေတြလည္း ရွိႏိုင္တယ္။ ေနာက္ဆုံးဖိဆီးမႈေတြ မခံႏိုင္ေတာ့ ကိုယ့္ကိုယ္ကို ႀကိဳးဆြဲခ်ေသဆုံးသြားၾကတာပဲ။ က်ေနာ္တို႔ ကပုန္းနာေရး ကူညီမႈအဖြဲ႕မွာလည္း နာေရး ၃ ခုက ဒီလိုအျဖစ္ကို ႀကံဳေနရတယ္။ ဂ်ိဳဟိုးတို႔၊ ပီနံတို႔ဘက္မွာလည္း ဒီလိုျဖစ္ေနတယ္။ ၿပီးခဲ့တဲ့ ၁၇ ရက္ေန႔ကလည္း ကြာလာလမ္ပူမွာပဲ ဒီလိုႀကိဳးဆြဲခ်ေသတယ္ဆိုတာကို မေလးရွား က်န္းမာေရးဌာနက ထုတ္ျပန္ေပးတာကို သိရွိရတယ္။"

ဇြန္လ ၁၈ ရက္ေန႔ကေတာ့ ကြာလာလမ္ပူမွာပဲ တဦးေသဆုံးခဲ့ၿပီး တျခားျပည္နယ္ကေန ေျပာင္းလာတဲ့ တရားမဝင္အလုပ္သမားျဖစ္ေၾကာင္း မိသားစုဝင္ တဦးကေျပာျပပါတယ္။

ျဇႏႅ ၁၈ ရက္ေန႔ ညက ႀကိဳးဆဲျခ္ ေသဆံုးသူ်မႏၼာလူငယၠဳိ ေမလးအာဏာပုိင္ေၾတနဲ႔ ်မႏၼာလူမူကူညီေရးအဖဲျ႔က သယ္ေဆာင္ေနတဲ့ ်မျငၠင္း။ (ျဇႏ္ ၁၈၊ ၂၀၂၀)
ဇြန္လ ၁၈ ရက္ေန႔ ညက ႀကိဳးဆြဲခ် ေသဆုံးသူျမန္မာလူငယ္ကို မေလးအာဏာပိုင္ေတြနဲ႔ ျမန္မာလူမူကူညီေရးအဖြဲ႕က သယ္ေဆာင္ေနတဲ့ ျမင္ကြင္း။ (ဇြန္ ၁၈၊ ၂၀၂၀)

"မရွိဘူး။ သူမွာ ဘာအေထာက္အထားမွ မရွိဘူး။ သူက မေလးမွာေနတာ ၇ ႏွစ္ေလာက္ရွိၿပီ။ က်မတို႔နဲ႔ မေတြ႕တာ က်မတို႔ဆီလာတာ မၾကာေသးဘူး။ သူ႔အခန္းေရွ႕မွာ ႀကိဳးဆြဲခ်ၿပီး ေသတာေတြ႕တာပဲ။ ေအာင္မင္းထြန္းအသက္က ၂၂ ႏွစ္ပါ။ ေမာ္လၿမိဳင္ဒိုင္ဝန္ကြင္းသုခဝတီ ၃ လမ္းမွာ ေနတာပဲ။"

မေလးရွားႏိုင္ငံမွာ ျမန္မာ ၅၀၀,၀၀၀ ထက္မနည္း အလုပ္လုပ္ကိုင္ေနၾကၿပီး တရားမဝင္ သိန္းဂဏန္းနဲ႔ ရွိေနတာပါ။ အခုလို ကိုဗစ္ကပ္ေရာဂါျဖစ္ေနတဲ့ကာလမွာ အလုပ္လုပ္စားလို႔ မရတာေၾကာင့္ေနရပ္ကို ျပန္ခ်င္ေနၾကပါတယ္။ အရင္ကေတာ့ ထိုင္းႏိုင္ငံကေန ျဖတ္ၿပီး လူပြဲစားေတြနဲ႔ မေလးရွားကိုလာခဲ့ၾကသလို ထိုင္းႏိုင္ငံကိုျဖတ္ၿပီး ေနရပ္ျပန္ေနၾကပါ။

အခုအခါမွာေတာ့ နယ္စပ္လမ္းေတြ ပိတ္ဆို႔ထားတာေၾကာင့္လည္း ျပန္လို႔မရျဖစ္ေနၾကပါတယ္။ ဒီအတြက္ ေနထိုင္ရပ္တည္ေရး ခက္ခဲေနတဲ့ တရားမဝင္အလုပ္သမားေတြ ျမန္မာအစိုးရဘက္က ေနရပ္ျပန္ႏိုင္ေရးအတြက္ ႀကိဳးစားလုပ္ေဆာင္ေပးေစခ်င္ေၾကာင္း လူမႈေရးအဖြဲ႕ေတြက ေမတၱာရပ္ခံေျပာဆိုေနၾကပါတယ္။

မေအးေအးမာ  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/malaysia-myanmar-covid-sucide/5469181.html
ကိုဗစ်ကြောင့် မလေးရှားမှာဒုက္ခရောက်ပြီး အဆုံးစီရင်သူ မြန်မာနိုင်ငံသား ၇ ဦးရှိပြီ ကိုဗစ်ကြောင့် မလေးရှားမှာဒုက္ခရောက်ပြီး အဆုံးစီရင်သူ မြန်မာနိုင်ငံသား ၇ ဦးရှိပြီ Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.