နေအိမ် သစ်ပင်ပိ ပြိုကြမှုနှင့် လူသေဆုံးမှုဖြစ်ပွား


အိမ်မဲမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် သစ်ပင်ပိ ပြိုကြမှုနှင့် လူသေဆုံးမှုဖြစ်ပွား

အိမ်မဲ    ဇွန်    ၁၂

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ဆထ္ထူကျေးရွာတွင် ဇွန် ၁၁ ရက် နံနက် ၆နာရီ ၁၅ မိနစ်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်သစ်ပင်ပိပြိုကျမှုနှင့် လူသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အိမ်မဲမြို့နယ် ဆထ္ထူကျေးရွာနေ ဦးအေးမြင့် ပါ ကျား (၄) ဦး ၊ မ (၂)ဦး နေသော ဓနိမိုး ၊ ဓနိကာ နေအိမ်ပေါ်သို့ သစ်ပင်ပိ၍ ဦးအေးမြင့်မှာ သစ်ပင်ပိ၍ သေဆုံးခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူ ဒေါ်ပြည့်စုံမှာ ခြေထောက်ကျိုးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်လဲကျမှုကြောင့် သေဆုံးသူနှင့် ခြံခြင်း ကပ်လျက်ဖြစ်သော ဦးတင်ဝင်းထွန်း ပါ ကျား(၂)ဦး ၊မ(၂)ဦး နေထိုင်သော အိမ်၏ ဘုရားခန်းနံရံ အက်ကွဲခြင်းနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ပြီး လူနှင့် တိရစ္ဆာန်ထိခိုက်မှု မရှိကြောင်း သိရသည်။

ထိုကဲ့သို့ဖြစ်ပွားခြင်းကြောင့် အိမ်မဲမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ၊ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်  (၉)ရက် ကလည်း အိမ်မဲမြို့နယ် ဇရပ်ကွင်း ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးပြီး လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်) / Myanmaalinn
----------------------------------------
အိမ္မဲၿမိဳ႕နယ္အတြင္း မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေလျပင္းတိုက္ခတ္မႈေၾကာင့္ ေနအိမ္ သစ္ပင္ပိ ၿပိဳၾကမႈႏွင့္ လူေသဆုံးမႈျဖစ္ပြား

အိမ္မဲ    ဇြန္    ၁၂

ဧရာဝတီတိုင္းေဒသႀကီး ေျမာင္းျမခ႐ိုင္ အိမ္မဲၿမိဳ႕နယ္ ဆထၳဴေက်း႐ြာတြင္ ဇြန္ ၁၁ ရက္ နံနက္ ၆နာရီ ၁၅ မိနစ္က မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေလျပင္းတိုက္ခတ္မႈေၾကာင့္ ေနအိမ္သစ္ပင္ပိၿပိဳက်မႈႏွင့္ လူေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ အိမ္မဲၿမိဳ႕နယ္ ဆထၳဴေက်း႐ြာေန ဦးေအးျမင့္ ပါ က်ား (၄) ဦး ၊ မ (၂)ဦး ေနေသာ ဓနိမိုး ၊ ဓနိကာ ေနအိမ္ေပၚသို႔ သစ္ပင္ပိ၍ ဦးေအးျမင့္မွာ သစ္ပင္ပိ၍ ေသဆုံးခဲ့ၿပီး ၎၏ဇနီးျဖစ္သူ ေဒၚျပည့္စုံမွာ ေျခေထာက္က်ိဳးသြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ သစ္ပင္လဲက်မႈေၾကာင့္ ေသဆုံးသူႏွင့္ ၿခံျခင္း ကပ္လ်က္ျဖစ္ေသာ ဦးတင္ဝင္းထြန္း ပါ က်ား(၂)ဦး ၊မ(၂)ဦး ေနထိုင္ေသာ အိမ္၏ ဘုရားခန္းနံရံ အက္ကြဲျခင္းႏွင့္ ပ်က္စီးဆုံးရႈံးမႈမ်ား ျဖစ္ေပၚၿပီး လူႏွင့္ တိရစာၦန္ထိခိုက္မႈ မရွိေၾကာင္း သိရသည္။

ထိုကဲ့သို႔ျဖစ္ပြားျခင္းေၾကာင့္ အိမ္မဲၿမိဳ႕နယ္ မီးသတ္စခန္းမွ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္မ်ား ၊ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားမွ ပူးေပါင္း၍ ကူညီကယ္ဆယ္ေရးမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

အလားတူ ဇြန္  (၉)ရက္ ကလည္း အိမ္မဲၿမိဳ႕နယ္ ဇရပ္ကြင္း ေက်း႐ြာတြင္ မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေလျပင္း တိုက္ခတ္မႈေၾကာင့္ ေနအိမ္မ်ား ပ်က္စီးဆုံးရႈံးၿပီး လူႏွင့္ တိရစာၦန္ ထိခိုက္မႈမရွိေၾကာင္း သိရသည္။

ခ်စ္သက္လယ္(အိမ္မဲ ျပန္/ဆက္) / Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
နေအိမ် သစ်ပင်ပိ ပြိုကြမှုနှင့် လူသေဆုံးမှုဖြစ်ပွား နေအိမ် သစ်ပင်ပိ ပြိုကြမှုနှင့် လူသေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 23:14 Rating: 5
Powered by Blogger.