ဂျော့ဖလွိုက်-ကိုဗစ်ကူးစက်ထားပေမယ့် ရဲလက်ချက်ကြောင့် အောက်ဆီဂျင်ပြတ်သေဆုံးတာဖြစ်လို့ ဆို

ကိုဗစ်၁၉ ကူးစက်ခံထားရပေမယ့် ရဲလက်ချက်ကြောင့် အောက်ဆီဂျင်ပြတ်သေဆုံးတာဖြစ်တယ်လို့ ဆေးစစ်ချက်က ဆိုပါတယ်။
(Unicode)⤵⤵⤵
အမေရိကန်ပြည်ထောင်စု၊ မင်နီးဆိုးတားပြည်နယ်၊ မင်နီးယားပိုလစ်စ်မြို့မှာ ရဲလက်ထဲ သေဆုံးခဲ့တဲ့ အမေရိကန် အာဖရိကန်လူမည်း အမျိုးသား ဂျော့ဖလွိုက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ဆေးစစ်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ သေဆုံးရတဲ့အကြောင်းရင်းကတော့ ရဲကြောင့် အောက်ဆီဂျင်ပြတ်ပြီး သေဆုံးရတာဖြစ်တယ်လို့ အမေရိကန်အခြေစိုက်သတင်းတွေက ဆိုပါတယ်။

ဂျော့ဖလွိုက်သေဆုံးမှုကို တရားမျှတမှုရှိရေး ဆန္ဒပြမှုတွေ မေ ၂၆ ရက်က စဖြစ်ခဲ့တာ အခုဆို သီတင်းတစ်ပတ်ကျော်လာပါပြီ။ ဆန္ဒပြမှုတွေ အရှိန်ကောင်း နေဆဲဖြစ်ပြီး မြို့ကြီးအချို့မှာတော့ အကြမ်းဖက်မှုနဲ့ လုယက်မှုတွေပါ ဖြစ်နေပါတယ်။

ညမထွက်ရအမိန့်တွေလည်း ထုတ်ပြန်ထားပေမယ့် ဆန္ဒပြသူတွေက ဒါကိုဖီဆန်ပြီး ဆက်လက် ဆန္ဒပြနေကြပါတယ်။

သမ္မတထရမ့်က ဆူပူမှုတွေကို နှိမ်နင်းဖို့ စစ်တပ်ကိုစေလွှတ်မယ်လို့ ခြိမ်းခြောက်ထားပေမယ့် ကာကွယ်ရေးဝန်ကြီးကတော့ အခုအခြေအနေက စစ်တပ်လွှတ်ရလောက်တဲ့အခြေအနေ မဟုတ်သေးဘူးလို့ ပြောပါတယ်။

ဂျော့ဖလွိုက်ဟာ ငွေစက္ကူ ဒေါ်လာ ၂၀ တန်အတုနဲ့ဈေးဝယ်တယ်ဆိုပြီးတိုင်ကြားခံရတာကြောင့် ရဲက သူ့ကို ဖမ်းဆီးတာဖြစ်ပါတယ်။ ဖမ်းဆီးတဲ့အခါ ဂျော့ဖလွိုက်က ခုခံတယ်လို့ ရဲတွေကပြောပေမယ့် အွန်လိုင်းမှာပျံ့နေတဲ့ ဗီဒီယိုဖိုင်မှာတော့ အစပိုင်းအခြေအနေတွေမပါဘဲ ရဲက လက်ထိပ်ခတ်ထားပြီး ရဲကားအနီး မှောက်ရက်လှဲထားတဲ့သူ့ဇက်ကို ရဲအရာရှိ ဒဲရက်ချော်ဗင်က နင်းထားတာကိုတွေ့ရပါတယ်။
ဖလွိုက်သေဆုံးမှုမှာ အဓိကတာဝန်ရှိသူ ရဲအရာရှိဟောင်း ဒဲရက်ချော်ဗင်ပါ။
ရဲဟာ ဂျော့ဖလွိုက်ဇက်ကို ဒူးနဲ့ ရှစ်မိနစ် ၄၆ စက္ကန့်ကြာနင်းထားခဲ့ပြီး ဖလွိုက်ဟာ ၃ မိနစ်လောက်မှာတည်းက ဘာတုံ့ပြန်မှုမှမရှိတော့ဘူးလို့ ဆေးစစ်ချက်မှာပါရှိပါတယ်။

သူအသက်မရှူနိုင်တော့ဘူးလို့ အစပိုင်းမှာ တရစပ်ပြောနေပေမယ့် ရဲက ဒူးနဲ့ဆက်နင်းထားသလို ကျန်တဲ့ ရဲသုံးယောက်ကလည်း ဒါကို ဝင်ပြီး တားမြစ်တာမရှိခဲ့ပါဘူး။
ကျန်ရဲသုံးဦးလည်း လူသတ်မှုမှာအားပေးကူညီမှုနဲ့ တရားစွဲခံရပြီဖြစ်ပါတယ်။
အစပိုင်းမှာ ရဲလေးယောက်လုံးကို အလုပ်က ထုတ်ပယ်အရေးယူတာလောက်ပဲရှိခဲ့ပေမယ့် ဆန္ဒပြမှုတွေအရှိန်တက်လာပြီး ဖလွိုက်မိသားစုက ရဲတွေကို ဖမ်းဆီးအရေးယူပြီးသေဒဏ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ကျန်ရဲသုံးဦးလည်း လူသတ်မှုမှာအားပေးကူညီမှုနဲ့ တရားစွဲခံရပြီဖြစ်ပါတယ်။
အခုတော့ ရဲလေးယောက်ထဲက ဒဲရက်ချော်ဗင်ကို ဒုတိယအဆင့် လူသတ်မှု၊ ကြိုတင်ရည်ရွယ်ချက်မရှိဘဲ လူသေမှုတွေနဲ့ ထပ်တိုးပုဒ်မတွေ ပြောင်းပြီးတရားစွဲထားသလို ကျန်ရဲသုံးဦးကိုလည်း လူသတ်ရာမှာအားပေးကူညီမှုပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲလိုက်ပါပြီ။
ကျန်ရဲသုံးဦးလည်း လူသတ်မှုမှာအားပေးကူညီမှုနဲ့ တရားစွဲခံရပြီဖြစ်ပါတယ်။
နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲတွေမှာ ငြိမ်းချမ်းစွာဆန္ဒပြသူတွေလည်းသလို ဒါကို အခွင့်ကောင်းယူပြီး စီးပွားရေးလုပ်ငန်းတွေ၊ စတိုးဆိုင်တွေကို ဖျက်ဆီးတာ၊အကြမ်းဖက်တာနဲ့ လုယက်တာတွေလည်း ရှိနေပါတယ်။

အမေရိကန်ဟာ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၁၈ သိန်းကျော်နဲ့ သေဆုံးသူ တစ်သိန်းကျော်ရှိပြီး ကမ္ဘာ့ကူးစက်သေဆုံးမှုအများဆုံး နိုင်ငံဖြစ်နေပါတယ်။

BBC Burmese
-----------------------------------------
(Zawgyi)⤵⤵⤵
ေဂ်ာ့ဖလြိဳက္-ကိုဗစ္ကူးစက္ထားေပမယ့္ ရဲလက္ခ်က္ေၾကာင့္ ေအာက္ဆီဂ်င္ျပတ္ေသဆုံးတာျဖစ္လို႔ ဆို

အေမရိကန္ျပည္ေထာင္စု၊ မင္နီးဆိုးတားျပည္နယ္၊ မင္နီးယားပိုလစ္စ္ၿမိဳ႕မွာ ရဲလက္ထဲ ေသဆုံးခဲ့တဲ့ အေမရိကန္ အာဖရိကန္လူမည္း အမ်ိဳးသား ေဂ်ာ့ဖလြိဳက္မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတယ္လို႔ ေဆးစစ္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါေပမဲ့ ေသဆုံးရတဲ့အေၾကာင္းရင္းကေတာ့ ရဲေၾကာင့္ ေအာက္ဆီဂ်င္ျပတ္ၿပီး ေသဆုံးရတာျဖစ္တယ္လို႔ အေမရိကန္အေျခစိုက္သတင္းေတြက ဆိုပါတယ္။

ေဂ်ာ့ဖလြိဳက္ေသဆုံးမႈကို တရားမွ်တမႈရွိေရး ဆႏၵျပမႈေတြ ေမ ၂၆ ရက္က စျဖစ္ခဲ့တာ အခုဆို သီတင္းတစ္ပတ္ေက်ာ္လာပါၿပီ။ ဆႏၵျပမႈေတြ အရွိန္ေကာင္း ေနဆဲျဖစ္ၿပီး ၿမိဳ႕ႀကီးအခ်ိဳ႕မွာေတာ့ အၾကမ္းဖက္မႈနဲ႔ လုယက္မႈေတြပါ ျဖစ္ေနပါတယ္။

ညမထြက္ရအမိန႔္ေတြလည္း ထုတ္ျပန္ထားေပမယ့္ ဆႏၵျပသူေတြက ဒါကိုဖီဆန္ၿပီး ဆက္လက္ ဆႏၵျပေနၾကပါတယ္။

သမၼတထရမ့္က ဆူပူမႈေတြကို ႏွိမ္နင္းဖို႔ စစ္တပ္ကိုေစလႊတ္မယ္လို႔ ၿခိမ္းေျခာက္ထားေပမယ့္ ကာကြယ္ေရးဝန္ႀကီးကေတာ့ အခုအေျခအေနက စစ္တပ္လႊတ္ရေလာက္တဲ့အေျခအေန မဟုတ္ေသးဘူးလို႔ ေျပာပါတယ္။

ေဂ်ာ့ဖလြိဳက္ဟာ ေငြစကၠဴ ေဒၚလာ ၂၀ တန္အတုနဲ႔ေဈးဝယ္တယ္ဆိုၿပီးတိုင္ၾကားခံရတာေၾကာင့္ ရဲက သူ႔ကို ဖမ္းဆီးတာျဖစ္ပါတယ္။ ဖမ္းဆီးတဲ့အခါ ေဂ်ာ့ဖလြိဳက္က ခုခံတယ္လို႔ ရဲေတြကေျပာေပမယ့္ အြန္လိုင္းမွာပ်ံ႕ေနတဲ့ ဗီဒီယိုဖိုင္မွာေတာ့ အစပိုင္းအေျခအေနေတြမပါဘဲ ရဲက လက္ထိပ္ခတ္ထားၿပီး ရဲကားအနီး ေမွာက္ရက္လွဲထားတဲ့သူ႔ဇက္ကို ရဲအရာရွိ ဒဲရက္ေခ်ာ္ဗင္က နင္းထားတာကိုေတြ႕ရပါတယ္။

ရဲဟာ ေဂ်ာ့ဖလြိဳက္ဇက္ကို ဒူးနဲ႔ ရွစ္မိနစ္ ၄၆ စကၠန႔္ၾကာနင္းထားခဲ့ၿပီး ဖလြိဳက္ဟာ ၃ မိနစ္ေလာက္မွာတည္းက ဘာတုံ႔ျပန္မႈမွမရွိေတာ့ဘူးလို႔ ေဆးစစ္ခ်က္မွာပါရွိပါတယ္။

သူအသက္မရႉႏိုင္ေတာ့ဘူးလို႔ အစပိုင္းမွာ တရစပ္ေျပာေနေပမယ့္ ရဲက ဒူးနဲ႔ဆက္နင္းထားသလို က်န္တဲ့ ရဲသုံးေယာက္ကလည္း ဒါကို ဝင္ၿပီး တားျမစ္တာမရွိခဲ့ပါဘူး။

အစပိုင္းမွာ ရဲေလးေယာက္လုံးကို အလုပ္က ထုတ္ပယ္အေရးယူတာေလာက္ပဲရွိခဲ့ေပမယ့္ ဆႏၵျပမႈေတြအရွိန္တက္လာၿပီး ဖလြိဳက္မိသားစုက ရဲေတြကို ဖမ္းဆီးအေရးယူၿပီးေသဒဏ္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။

အခုေတာ့ ရဲေလးေယာက္ထဲက ဒဲရက္ေခ်ာ္ဗင္ကို ဒုတိယအဆင့္ လူသတ္မႈ၊ ႀကိဳတင္ရည္႐ြယ္ခ်က္မရွိဘဲ လူေသမႈေတြနဲ႔ ထပ္တိုးပုဒ္မေတြ ေျပာင္းၿပီးတရားစြဲထားသလို က်န္ရဲသုံးဦးကိုလည္း လူသတ္ရာမွာအားေပးကူညီမႈပုဒ္မေတြနဲ႔ ဖမ္းဆီးတရားစြဲလိုက္ပါၿပီ။

ႏိုင္ငံတစ္ဝန္း ဆႏၵျပပြဲေတြမွာ ၿငိမ္းခ်မ္းစြာဆႏၵျပသူေတြလည္းသလို ဒါကို အခြင့္ေကာင္းယူၿပီး စီးပြားေရးလုပ္ငန္းေတြ၊ စတိုးဆိုင္ေတြကို ဖ်က္ဆီးတာ၊အၾကမ္းဖက္တာနဲ႔ လုယက္တာေတြလည္း ရွိေနပါတယ္။

အေမရိကန္ဟာ ကမာၻမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူေပါင္း ၁၈ သိန္းေက်ာ္နဲ႔ ေသဆုံးသူ တစ္သိန္းေက်ာ္ရွိၿပီး ကမာၻ႔ကူးစက္ေသဆုံးမႈအမ်ားဆုံး ႏိုင္ငံျဖစ္ေနပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52908549
ဂျော့ဖလွိုက်-ကိုဗစ်ကူးစက်ထားပေမယ့် ရဲလက်ချက်ကြောင့် အောက်ဆီဂျင်ပြတ်သေဆုံးတာဖြစ်လို့ ဆို ဂျော့ဖလွိုက်-ကိုဗစ်ကူးစက်ထားပေမယ့် ရဲလက်ချက်ကြောင့် အောက်ဆီဂျင်ပြတ်သေဆုံးတာဖြစ်လို့ ဆို Reviewed by THITHTOOLWIN on 20:31 Rating: 5
Powered by Blogger.