ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလ ကန့်သတ်ချက်တွေ နောက်ထပ်နှစ်ပတ်တို


(Unicode)⤵⤵⤵
 မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ မကူးစက် မပြန့်ပွားအောင် ဆက်လက်ထိမ်းချုပ်နိုင်ဖို့ ဇွန်လ ၃၀ ရက်နေ့ထိ ထုတ်ပြန်ထားတဲ့ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် အမိန့်ကြော်ငြာစာနဲ့ ညွှန်ကြားချက်တွေကို ဇူလိုင်လ ၁၅ ရက်နေ့အထိရက်တိုးလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ဇွန်လ ၂၇ ရက် ဒီနေ့နေ့စွဲနဲ့ အသိပေးကြေညာလိုက်တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဗိုင်းရပ်စ်ပိုး ကူးစက်တဲ့လူနာသစ်ကို ၃ ရက်ဆက်တိုက်မတွေ့ရဘဲ ၂၉၃ ဦးမှာတန့်နေပြီး သေဆုံးသူလည်း ၆ ဦးပဲရှိတယ်လို့ ကျန်းမာရေးအားကစားဝန်ကြီးဌာနရဲ့ မနေ့ညက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

RFA Burmese
------------------------------
(Zawgyi)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလ ကန့်သတ်ချက်တွေ နောက်ထပ်နှစ်ပတ်တိုး




RFA Burmese
https://www.facebook.com/rfaburmese
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလ ကန့်သတ်ချက်တွေ နောက်ထပ်နှစ်ပတ်တို ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလ ကန့်သတ်ချက်တွေ နောက်ထပ်နှစ်ပတ်တို Reviewed by THITHTOOLWIN on 11:26 Rating: 5
Powered by Blogger.