ရသေ့တောင်မြို့နယ်တွင်း နယ်မြေရှင်းလင်းရေး ညွှန်ကြားချက် ပြန်လည်ရုပ်သိမ်း

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးယူနေတဲ့ မြန်မာ့တပ်မတော်သားများ။ (အောက်တိုဘာ ၃၊ ၂၀၁၃)
(Unicode)⤵⤵⤵
ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာ အနီးတဝိုက်မှာ နယ်မြေရှင်းလင်းရေး ညွှန်ကြားချက်ကို ရခိုင်ပြည်နယ် အစိုးရကနေ ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် စုစည်းတင်ပြထားပါတယ်။

ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာ အနီးတဝိုက်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့ ဝင်ရောက်လှုပ်ရှားနေလို့ တပ်မတော်က နယ်မြေရှင်းလင်းရေး ပြုလုပ်မှာမို့ ဒေသခံပြည်သူတွေ တိမ်းရှောင်ကြဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးက ဇွန်လ ၂၅ ရက်နေ့က ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်ကို ရုပ်သိမ်းလိုက်တာပါ။

ညွှန်ကြားချက်ကို ပြန်လည်ရုပ်သိမ်းလိုက်တဲ့ အကြောင်းကိုတော့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ပယ်ဖျက်တဲ့ အကြောင်းရင်းက အဲဒီမြို့နယ်အုပ်ချုပ်ရေးမှူးက ကျောက်တန်းနားက ရွာလေးငါးရွာကိုပဲ ရည်ရွယ်ပြီးတော့ လုပ်ခိုင်းတာ။ သူက ရွာ ၄၀ ကျော်ကို ထုတ်လိုက်တယ် စာ။ အဲဒီတော့ မလိုတဲ့နေရာတွေပါ သွားပြီးတော့ ထိခိုက်သွားတာပေါ့။ အဲဒီတော့ ပြည်သူတွေက စိုးရိမ်တာပေါ့။ အဲဒီစာ မှားသွားတယ်။ ပြည်နယ်ကလည်း ညွှန်ကြားတဲ့အထဲမှာ ကျောက်တန်းရွာတဝိုက်ပဲ ပါတယ်။ အဲဒါကို ပယ်ဖျက်လိုက်တော့ ဆိုပြီးတော့ ဒီကနေ့ ပယ်ဖျက်လိုက်တယ် စာကို။ နောက်တခုကတော့ စကားရပ်ကလေးတခုပဲ အဲဒီမှာ နယ်မြေရှင်းလင်းရေးအတွက်ဆိုတဲ့ စာလေး မှားပြီး လုပ်ထားတာရှိတယ်။ အဲဒီဟာလေးကလည်း တကယ်တော့ International နဲ့ ပတ်သက်လာလို့ရှိရင် ပုံကြီးချဲ့တတ်တယ်။ ဒါကြောင့်မို့ ဒါကိုလည်း ပယ်လိုက်တာဖြစ်တယ်။”

ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအုပ်စုမှာ တပ်မတော်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအပေါ် စိုးရိမ်ကြောင်း မြန်မာနိုင်ငံအခြေစိုက် အမေရိကန်၊ ကနေဒါ၊ ယူကေနဲ့ သြစတြေးလျနိုင်ငံ သံရုံးတွေက ကြေညာချက် ထုတ်ပြန်အပြီးမှာပဲ အခုလို ရုပ်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။ သံရုံးတွေရဲ့ ပူးတွဲထုတ်ပြန်ချက်မှာတော့ အရင်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအတွင်း အရပ်သားတွေ ထိခိုက်မှုတွေ ကြုံခဲ့ဖူးတာကိုလည်း သတိပေးထားတာပါ။

၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မှာ လုံခြုံရေး ကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အုပ်စုက တုံ့ပြန်တဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေမှာတုန်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ရှိခဲ့တယ်လို့လည်း နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲထားတာ ဖြစ်ပါတယ်။

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကလည်း နယ်မြေရှင်းလင်းရေးဆိုတဲ့ အသုံးအနှုန်း ပါဝင်မှုနဲ့ ပတ်သက်ပြီး နားလည်မှု လွဲမှားနိုင်လို့ သုံးစွဲခြင်းမပြုဖို့ တပ်မတော်ကိုရော၊ ရဲတပ်ဖွဲ့ကိုပါ နိုင်ငံတော်အစိုးရက ယခင်ကပင် ပြောကြားထားပြီးဖြစ်သလို ယခုလည်း သုံးစွဲခြင်းမပြုဖို့ တိုင်းစစ်ဌာနချုပ်သို့ လုံနယ်ဝန်ကြီးကတဆင့် ထပ်မံပြောထားပြီးဖြစ်ကြောင်း လူမှုကွန်ရက် စာမျက်နှာကနေ ဖော်ပြထားပါတယ်။

နယ်မြေရှင်းလင်းရေး ညွှန်ကြားချက်ကို ပယ်ဖျက်တာနဲ့ ပတ်သက်လို့ တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“သောင်းကျန်းသူသတင်း ရရှိတဲ့အတွက် လုံခြုံရေးအရ ကျနော်တို့ စိစစ်ဆောင်ရွက်တာ ဖြစ်တယ်။ နယ်မြေရှင်းလင်းရေးဆိုတဲ့ အဓိပ္ပာယ်သုံးတာ မှားယွင်းတာပါ။ နယ်မြေရှင်းလင်းရေး ဆောင်ရွက်တဲ့မို့လို့ သူတို့အနေနဲ့လည်း အဲဒါကို ပြန်ပြီးတော့ ပယ်ဖျက်ခိုင်းတယ်လို့ သိရတယ်။ ရွာသူရွာသားတွေ အနေနဲ့ ကြောက်လန့်ပြီး ထွက်ပြေးတယ်။”

ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက်ပိုင်း ကျောက်တန်းနဲ့ ပတ်ဝန်းကျင်ကျေးရွာက ရွာသားတွေ နယ်မြေကနေ တိမ်းရှောင်မှုရှိခဲ့တယ်လို့ လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ဆိုပါတယ်။

“ရသေ့တောင်မှာ ဒီနေ့ရောက် ဒီနေ့ နေရာချ ဒီနေ့ရိက္ခာပေး လုပ်ထားပြီးသား။ မနေ့ကအထိကို လူ ၈၀ ရောက်တယ်။ ရောက်တဲ့ဟာကို နေရာချထားပေး လုပ်ထားပြီးပါပြီ။ တချို့တွေက ချဲ့ကားပြီးတော့ တိုးချဲ့ပြီး လျှောက်ပြောနေတယ်လေ။ တကယ်တော့ စစ်တပ်ဆိုတဲ့ တပ်အလုပ်ကတော့ သူ့ရန်သူကိုတော့ တိုက်ရမှာပဲ။ ရန်သူက နေရာယူထားတယ်၊ မတိုက်လို့မရဘူး တိုက်ရမှာပဲ။ တိုက်တဲ့အခါမှာတော့ ရွာသားတွေ ဘေးကင်းအောင်လို့ ကျနော်တို့လည်း စီစဉ်ရတာပါ။”

တိမ်းရှောင်လာတဲ့ စစ်ရှောင်ရွာသားစာရင်းဟာ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ပြောဆိုတာနဲ့ ကွဲလွဲမှုရှိနေတယ်လို့ ရသေ့တောင်မြို့ ပရဟိတ အကူအညီပေးရေးအဖွဲ့ဝင် ကိုဘက္ကာက ပြောပါတယ်။

“နယ်မြေရှင်းလင်းရေးစာထုတ်တဲ့ အဲဒီ ၂၄ ရက်နေ့ကစပြီး ကျောက်တန်းတိုက်နယ်မှာရှိတဲ့ ကျေးရွာတွေကလည်း ဒီမှာ ရသေ့တောင်မြို့ပေါ် သူတို့ထွက်တဲ့ ကျေးရွာတွေရော စစ်တွေကိုရော အသီးသီး ရှောင်တိမ်းနေရတယ်လေ။ အဲဒီစာထုတ်ပြီးမှ နောက်ထပ် ၁၀,၀၀၀ နီးပါး တိုးလာတယ်လေ။ ကျောက်တန်းတိုက်နယ်က အကုန် ၄၁ ရွာရှိတယ်။ အခု ကျနော်တို့ ဆောက်ခတ်ရွာသားသက်သက် ကျနော်တို့ ကယ်ထုတ်လာတာ ၇၉ ဦးလေ။ အဲဒါ ဆောက်ခတ်ရွာတရွာတည်းပဲနော်၊ ကျောက်တန်းတိုက်နယ်မှာ။ ကျနော်တို့ ရသေ့တောင်မြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ပြင်ခေါင်ရွာဟောင်း၊ ပေါက်တောကြီး၊ ထွန်းရဝေရွာဟောင်း၊ ထွန်းရဝေရွာသစ်၊ ကြိမ်သာ၊ ဒီဘက်အခြမ်းမှာဆိုရင် ဘာတလေ။ အဲဒီ ဘာတလေတို့ ကြိမ်သာတို့ဆိုရင် လူဦးရေက နည်းတာမဟုတ်ဘူး။ နှစ်ထောင်သုံးထောင်လောက် ရှိတယ်။ ခန့်မှန်းကြည့်လေ ဘယ်ကမလဲ နယ်လုံကြီးပြောတာနဲ့။ အဲဒီလောက် အနေအထား ဖြစ်နေတာတောင် သူက လူပေါင်း ၈၀ လောက်ဆို ကျနော်အံ့သြတယ်။”

စစ်ရှောင်တွေအနေနဲ့ စားသောက်ရေးသာမက နေထိုင်ရေးမှာပါ အခက်တွေ့နေတယ်လို့ သူကဆိုပါတယ်။

လက်ရှိ ကျောက်တန်းကျေးရွာဘက်မှာ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ပြောပါတယ်။

၂၀၁၈ နှစ်ကုန်ပိုင်းကစပြီး ရခိုင်လက်နက်ကိုင် AA အဖွဲ့ကနေ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စတင်အခြေပြုလာပြီး မြန်မာစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားလာနေတာ လက်ရှိအချိန်မှာ ပိုပြီးတော့ တင်းမာလာနေတဲ့ အခြေအနေမှာ ရှိနေပါတယ်။

 နိုင်ကွန်းအိန်  / ဗွီအိုအေ (မြန်မာပိုင်း)
------------------------------------------------
(Zawgyi)⤵⤵⤵
ရေသ့ေတာင္ၿမိဳ႕နယ္တြင္း နယ္ေျမရွင္းလင္းေရး ၫႊန္ၾကားခ်က္ ျပန္လည္႐ုပ္သိမ္း

ရေသ့ေတာင္ၿမိဳ႕နယ္၊ ေက်ာက္တန္းေက်း႐ြာ အနီးတဝိုက္မွာ နယ္ေျမရွင္းလင္းေရး ၫႊန္ၾကားခ်က္ကို ရခိုင္ျပည္နယ္ အစိုးရကေန ျပန္လည္႐ုပ္သိမ္းလိုက္ပါတယ္။ အျပည့္အစုံကို ႏိုင္ကြန္းအိန္ စုစည္းတင္ျပထားပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္းေက်း႐ြာ အနီးတဝိုက္မွာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ ဝင္ေရာက္လႈပ္ရွားေနလို႔ တပ္မေတာ္က နယ္ေျမရွင္းလင္းေရး ျပဳလုပ္မွာမို႔ ေဒသခံျပည္သူေတြ တိမ္းေရွာင္ၾကဖို႔ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာ ဝန္ႀကီးက ဇြန္လ ၂၅ ရက္ေန႔က ထုတ္ျပန္ထားတဲ့ ၫႊန္ၾကားခ်က္ကို ႐ုပ္သိမ္းလိုက္တာပါ။

ၫႊန္ၾကားခ်က္ကို ျပန္လည္႐ုပ္သိမ္းလိုက္တဲ့ အေၾကာင္းကိုေတာ့ ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီးမင္းသန္းက ဗြီအိုေအကို အခုလိုေျပာပါတယ္။

“ပယ္ဖ်က္တဲ့ အေၾကာင္းရင္းက အဲဒီၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးက ေက်ာက္တန္းနားက ႐ြာေလးငါး႐ြာကိုပဲ ရည္႐ြယ္ၿပီးေတာ့ လုပ္ခိုင္းတာ။ သူက ႐ြာ ၄၀ ေက်ာ္ကို ထုတ္လိုက္တယ္ စာ။ အဲဒီေတာ့ မလိုတဲ့ေနရာေတြပါ သြားၿပီးေတာ့ ထိခိုက္သြားတာေပါ့။ အဲဒီေတာ့ ျပည္သူေတြက စိုးရိမ္တာေပါ့။ အဲဒီစာ မွားသြားတယ္။ ျပည္နယ္ကလည္း ၫႊန္ၾကားတဲ့အထဲမွာ ေက်ာက္တန္း႐ြာတဝိုက္ပဲ ပါတယ္။ အဲဒါကို ပယ္ဖ်က္လိုက္ေတာ့ ဆိုၿပီးေတာ့ ဒီကေန႔ ပယ္ဖ်က္လိုက္တယ္ စာကို။ ေနာက္တခုကေတာ့ စကားရပ္ကေလးတခုပဲ အဲဒီမွာ နယ္ေျမရွင္းလင္းေရးအတြက္ဆိုတဲ့ စာေလး မွားၿပီး လုပ္ထားတာရွိတယ္။ အဲဒီဟာေလးကလည္း တကယ္ေတာ့ International နဲ႔ ပတ္သက္လာလို႔ရွိရင္ ပုံႀကီးခ်ဲ႕တတ္တယ္။ ဒါေၾကာင့္မို႔ ဒါကိုလည္း ပယ္လိုက္တာျဖစ္တယ္။”

ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္းေက်း႐ြာအုပ္စုမွာ တပ္မေတာ္က နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးေတြအေပၚ စိုးရိမ္ေၾကာင္း ျမန္မာႏိုင္ငံအေျခစိုက္ အေမရိကန္၊ ကေနဒါ၊ ယူေကနဲ႔ ၾသစေၾတးလ်ႏိုင္ငံ သံ႐ုံးေတြက ေၾကညာခ်က္ ထုတ္ျပန္အၿပီးမွာပဲ အခုလို ႐ုပ္သိမ္းလိုက္တာလည္း ျဖစ္ပါတယ္။ သံ႐ုံးေတြရဲ႕ ပူးတြဲထုတ္ျပန္ခ်က္မွာေတာ့ အရင္က နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးေတြအတြင္း အရပ္သားေတြ ထိခိုက္မႈေတြ ႀကဳံခဲ့ဖူးတာကိုလည္း သတိေပးထားတာပါ။

၂၀၁၇ ခုႏွစ္တုန္းက ရခိုင္ျပည္နယ္မွာ လုံၿခဳံေရး ကင္းစခန္းေတြကို စီးနင္းတိုက္ခိုက္ခဲ့တဲ့ ARSA ႐ိုဟင္ဂ်ာ အစြန္းေရာက္အုပ္စုက တုံ႔ျပန္တဲ့ နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးေတြမွာတုန္းက လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ အႀကီးအက်ယ္ ရွိခဲ့တယ္လို႔လည္း ႏိုင္ငံတကာ အသိုင္းအဝန္းက စြပ္စြဲထားတာ ျဖစ္ပါတယ္။

သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌးကလည္း နယ္ေျမရွင္းလင္းေရးဆိုတဲ့ အသုံးအႏႈန္း ပါဝင္မႈနဲ႔ ပတ္သက္ၿပီး နားလည္မႈ လြဲမွားႏိုင္လို႔ သုံးစြဲျခင္းမျပဳဖို႔ တပ္မေတာ္ကိုေရာ၊ ရဲတပ္ဖြဲ႕ကိုပါ ႏိုင္ငံေတာ္အစိုးရက ယခင္ကပင္ ေျပာၾကားထားၿပီးျဖစ္သလို ယခုလည္း သုံးစြဲျခင္းမျပဳဖို႔ တိုင္းစစ္ဌာနခ်ဳပ္သို႔ လုံနယ္ဝန္ႀကီးကတဆင့္ ထပ္မံေျပာထားၿပီးျဖစ္ေၾကာင္း လူမႈကြန္ရက္ စာမ်က္ႏွာကေန ေဖာ္ျပထားပါတယ္။

နယ္ေျမရွင္းလင္းေရး ၫႊန္ၾကားခ်က္ကို ပယ္ဖ်က္တာနဲ႔ ပတ္သက္လို႔ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက အခုလိုေျပာပါတယ္။

“ေသာင္းက်န္းသူသတင္း ရရွိတဲ့အတြက္ လုံၿခဳံေရးအရ က်ေနာ္တို႔ စိစစ္ေဆာင္႐ြက္တာ ျဖစ္တယ္။ နယ္ေျမရွင္းလင္းေရးဆိုတဲ့ အဓိပၸာယ္သုံးတာ မွားယြင္းတာပါ။ နယ္ေျမရွင္းလင္းေရး ေဆာင္႐ြက္တဲ့မို႔လို႔ သူတို႔အေနနဲ႔လည္း အဲဒါကို ျပန္ၿပီးေတာ့ ပယ္ဖ်က္ခိုင္းတယ္လို႔ သိရတယ္။ ႐ြာသူ႐ြာသားေတြ အေနနဲ႔ ေၾကာက္လန႔္ၿပီး ထြက္ေျပးတယ္။”

ၫႊန္ၾကားခ်က္ထုတ္ျပန္ၿပီးေနာက္ပိုင္း ေက်ာက္တန္းနဲ႔ ပတ္ဝန္းက်င္ေက်း႐ြာက ႐ြာသားေတြ နယ္ေျမကေန တိမ္းေရွာင္မႈရွိခဲ့တယ္လို႔ လုံနယ္ဝန္ႀကီး ဗိုလ္မႉးႀကီးမင္းသန္းက ဆိုပါတယ္။

“ရေသ့ေတာင္မွာ ဒီေန႔ေရာက္ ဒီေန႔ ေနရာခ် ဒီေန႔ရိကၡာေပး လုပ္ထားၿပီးသား။ မေန႔ကအထိကို လူ ၈၀ ေရာက္တယ္။ ေရာက္တဲ့ဟာကို ေနရာခ်ထားေပး လုပ္ထားၿပီးပါၿပီ။ တခ်ိဳ႕ေတြက ခ်ဲ႕ကားၿပီးေတာ့ တိုးခ်ဲ႕ၿပီး ေလွ်ာက္ေျပာေနတယ္ေလ။ တကယ္ေတာ့ စစ္တပ္ဆိုတဲ့ တပ္အလုပ္ကေတာ့ သူ႔ရန္သူကိုေတာ့ တိုက္ရမွာပဲ။ ရန္သူက ေနရာယူထားတယ္၊ မတိုက္လို႔မရဘူး တိုက္ရမွာပဲ။ တိုက္တဲ့အခါမွာေတာ့ ႐ြာသားေတြ ေဘးကင္းေအာင္လို႔ က်ေနာ္တို႔လည္း စီစဥ္ရတာပါ။”

တိမ္းေရွာင္လာတဲ့ စစ္ေရွာင္႐ြာသားစာရင္းဟာ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ေျပာဆိုတာနဲ႔ ကြဲလြဲမႈရွိေနတယ္လို႔ ရေသ့ေတာင္ၿမိဳ႕ ပရဟိတ အကူအညီေပးေရးအဖြဲ႕ဝင္ ကိုဘကၠာက ေျပာပါတယ္။

“နယ္ေျမရွင္းလင္းေရးစာထုတ္တဲ့ အဲဒီ ၂၄ ရက္ေန႔ကစၿပီး ေက်ာက္တန္းတိုက္နယ္မွာရွိတဲ့ ေက်း႐ြာေတြကလည္း ဒီမွာ ရေသ့ေတာင္ၿမိဳ႕ေပၚ သူတို႔ထြက္တဲ့ ေက်း႐ြာေတြေရာ စစ္ေတြကိုေရာ အသီးသီး ေရွာင္တိမ္းေနရတယ္ေလ။ အဲဒီစာထုတ္ၿပီးမွ ေနာက္ထပ္ ၁၀,၀၀၀ နီးပါး တိုးလာတယ္ေလ။ ေက်ာက္တန္းတိုက္နယ္က အကုန္ ၄၁ ႐ြာရွိတယ္။ အခု က်ေနာ္တို႔ ေဆာက္ခတ္႐ြာသားသက္သက္ က်ေနာ္တို႔ ကယ္ထုတ္လာတာ ၇၉ ဦးေလ။ အဲဒါ ေဆာက္ခတ္႐ြာတ႐ြာတည္းပဲေနာ္၊ ေက်ာက္တန္းတိုက္နယ္မွာ။ က်ေနာ္တို႔ ရေသ့ေတာင္ၿမိဳ႕နယ္ အေရွ႕ဘက္ျခမ္းမွာရွိတဲ့ ျပင္ေခါင္႐ြာေဟာင္း၊ ေပါက္ေတာႀကီး၊ ထြန္းရေဝ႐ြာေဟာင္း၊ ထြန္းရေဝ႐ြာသစ္၊ ႀကိမ္သာ၊ ဒီဘက္အျခမ္းမွာဆိုရင္ ဘာတေလ။ အဲဒီ ဘာတေလတို႔ ႀကိမ္သာတို႔ဆိုရင္ လူဦးေရက နည္းတာမဟုတ္ဘူး။ ႏွစ္ေထာင္သုံးေထာင္ေလာက္ ရွိတယ္။ ခန႔္မွန္းၾကည့္ေလ ဘယ္ကမလဲ နယ္လုံႀကီးေျပာတာနဲ႔။ အဲဒီေလာက္ အေနအထား ျဖစ္ေနတာေတာင္ သူက လူေပါင္း ၈၀ ေလာက္ဆို က်ေနာ္အံ့ၾသတယ္။”

စစ္ေရွာင္ေတြအေနနဲ႔ စားေသာက္ေရးသာမက ေနထိုင္ေရးမွာပါ အခက္ေတြ႕ေနတယ္လို႔ သူကဆိုပါတယ္။

လက္ရွိ ေက်ာက္တန္းေက်း႐ြာဘက္မွာ ျမန္မာစစ္တပ္နဲ႔ AA အဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြားေနတယ္လို႔ ဝန္ႀကီး ဗိုလ္မႉးႀကီးမင္းသန္းက ေျပာပါတယ္။

၂၀၁၈ ႏွစ္ကုန္ပိုင္းကစၿပီး ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ကေန ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ စတင္အေျချပဳလာၿပီး ျမန္မာစစ္တပ္နဲ႔ တိုက္ပြဲျဖစ္ပြားလာေနတာ လက္ရွိအခ်ိန္မွာ ပိုၿပီးေတာ့ တင္းမာလာေနတဲ့ အေျခအေနမွာ ရွိေနပါတယ္။

 ႏိုင္ကြန္းအိန္  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/rakhine-rathetaung-myanmar-army/5480550.html
ရသေ့တောင်မြို့နယ်တွင်း နယ်မြေရှင်းလင်းရေး ညွှန်ကြားချက် ပြန်လည်ရုပ်သိမ်း ရသေ့တောင်မြို့နယ်တွင်း နယ်မြေရှင်းလင်းရေး ညွှန်ကြားချက် ပြန်လည်ရုပ်သိမ်း Reviewed by THITHTOOLWIN on 19:23 Rating: 5
Powered by Blogger.