မီးလောင်မှုဖြစ်ပွားရာမှ လူနှစ်ဦး သေဆုံး


(Unicode)⤵⤵⤵
ရန်ကုန်     ဇွန်     ၁၂

ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် ၊လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၌ ယနေ့နံနက် ၅နာရီ ၄၅ မိနစ်အချိန်က  အမှတ်(၉)ရပ်ကွက် မိုးမခလမ်း အမှတ် (၉၈/ခ )နေ   ဦးကျော်ရွှေ နေအိမ်တွင် ဘုရားမီးပူဇော်ရန်အတွက် ဖယောင်းတိုင် ထွန်းရာမှ အောက်ခံအဖြစ်အသုံးပြုသော သစ်သားပြား မီးစွဲလောင်၍    မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် ဦးကျော်ရွှေ၏ ဇနီးဖြစ်သူ ဒေါ်လုံး(ခ) ဒေါ်ညွှန်ညွှန်ရီ အသက်(၅၅)နှစ်နှင့် မြေးဖြစ်သူ မရှင်းသန့် အသက်(၁၆)နှစ် တို့ မီးလောင်ရာတွင် သေဆုံးခဲ့ပြီး ဦးကျော်ရွှေ အသက်(၅၇)နှစ် အားလှိုင်သာယာပြည်သူ့ ဆေးရုံတွင်( မစိုးရိမ်ရ) ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်ရာနေရာသို့ မြောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး ၊မြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ၊မြို့နယ်မီးသတ်ဦးစီးတို့မှ အနီးကပ်ကြီးကြပ်၍ မီးသတ်ယာဉ် ၇ စီး၊ ရေသယ်ယာဉ် ၂စီး ၊အုပ်ချုပ်မှုယာဉ်  ၁ စီး တို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၆ နာရီ ၅မိနစ်အချိန်၌ မီးငြိမ်းသွားခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် ဦးကျော်ရွှေ၏ (၁၀x၆၀)ပေ သွပ်မိုး၊ အုပ်ညှပ် ၊ထပ်ခိုးပါ တိုက်အိမ်တစ်လုံး ၊၎င်းနှင့် ကပ်လျက်ရှိသော (၁၀x၁၅)ပေ သွပ်မိုး၊ အုပ်ညှပ် နှစ်ထပ်တိုက် တစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မြသန္တာဝင်း (ပြန်/ဆက်) / Myanmaalinn
-----------------------------------------
(Zawgyi)⤵⤵⤵
လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၌ အမှတ်(၉)ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားရာမှ လူနှစ်ဦး သေဆုံး

ရန်ကုန်     ဇွန်     ၁၂


အဆိုပါ မီးလောင်ရာနေရာသို့ မြောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး ၊မြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ၊မြို့နယ်မီးသတ်ဦးစီးတို့မှ အနီးကပ်ကြီးကြပ်၍ မီးသတ်ယာဉ် ၇ စီး၊ ရေသယ်ယာဉ် ၂စီး ၊အုပ်ချုပ်မှုယာဉ်  ၁ စီး တို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၆ နာရီ ၅မိနစ်အချိန်၌ မီးငြိမ်းသွားခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် ဦးကျော်ရွှေ၏ (၁၀x၆၀)ပေ သွပ်မိုး၊ အုပ်ညှပ် ၊ထပ်ခိုးပါ တိုက်အိမ်တစ်လုံး ၊၄င်းနှင့် ကပ်လျက်ရှိသော (၁၀x၁၅)ပေ သွပ်မိုး၊ အုပ်ညှပ် နှစ်ထပ်တိုက် တစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

https://www.facebook.com/MYANMAALINNNEWS
မီးလောင်မှုဖြစ်ပွားရာမှ လူနှစ်ဦး သေဆုံး  မီးလောင်မှုဖြစ်ပွားရာမှ လူနှစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 23:12 Rating: 5
Powered by Blogger.