ဆီဆိုင်မြို့ မြေယာအငြင်းပွားမှုအတွက် စစ်တိုင်းမှုးကိုယ်တိုင် ဒေသခံနဲ့ ဆွေးနွေး

(Unicode)⤵⤵⤵
ရှမ်းပြည်နယ် ဆီဆိုင်မြို့က မြေဧက ၂၀၀၀ ကျော်ကို တပ်မတော်က သိမ်းထားတယ်ဆိုပြီး အငြင်းပွားမှု ဖြစ်တဲ့နေရာမှာ မြေသိမ်းခံတောင်သူတွေနဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ ဆီဆိုင်မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ဒီကနေ့တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီကနေ့တွေ့ဆုံပွဲမှာ တောင်သူတွေဘက်က တောင်းဆိုချက်တွေကို တပ်မတော်ဘက်က မှတ်သားသွားပြီး  အကြောင်းပြန်မယ်လို့ တိုင်းမှူးက ပြောသွားတယ်လို့ ဒီနေ့ ဆွေးနွေးရာမှာပါဝင်တဲ့ တောင်သူ ဒေါ်ချိုချိုက  ပြောပါတယ်။

“မနေ့ညက ချက်ချင်းထုတ်လိုက်တဲ့သတင်း၊ တိုင်းမှုးကရောက်နေတာ၊ တောင်သူတွေကို မတွေ့ဘူး၊ ဒေသ ဦးစီးတို့နဲ့ပဲ တပ်ရင်းမှာ ခေါ်တွေ့တယ်။ သတင်းလေးတွေ တက်လာလို့ တောင်သူတွေရဲ့ ခံစားချက်ကို သိလာလို့လား မသိဘူး ခေါ်တွေ့တာ ထင်တယ်။ တောင်သူတွေကိုခေါ်တွေ့တော့ ဝမ်းသာတာပေါ့၊ ခံစား ချက်ကို တရားဝင်ပြောလိုက်ရလို့ ရောဂါလည်း နည်းနည်းပေါ့သွားတယ်”

ရှမ်းပြည်နယ်မှာ တပ်သိမ်းမြေတွေနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ တောင်သူတွေကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခ တွေကို ဖြေရှင်းပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ စုပေါင်းတောင်းဆိုခဲ့ကြတယ်ဆိုပြီး ဇွန်လ ၃ ရက်နေ့မှာ RFA က သတင်းထုတ်လွှင့်အပြီး နောက်နေ့မှာ တပ်မတော်ဘက်က  တိုင်းမှုးအဆင့်ကိုယ်တိုင် ခေါ်ယူဆွေးနွေးရတဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။

ရှမ်းပြည်နယ် ဆီဆိုင်မြို့က လယ်ယာမြေဧက ၂၀၀၀ ကျော်ကို ခမရ ၄၂၃ နဲ့ ၄၂၄ တပ်က လျော်ကြေး၊ နစ်နာကြေး မပေးဘဲ သိမ်းဆည်းထားလို့ စိုက်ပျိုးချိန်မှာ အခက်အခဲတွေ တွေ့နေရတယ်လို့ ဒေသခံတောင်သူတွေက RFA ကို ပြောပါတယ်။

၁၉၉၂ ခုနှစ်မှာ အဲဒီနေရာတွေကို တပ်မတော်က ရောက်လာတာဖြစ်ပေမယ့် ၂၀၁၈ ခုနှစ်မှာမှ ဒီနေရာတွေကို သိမ်းဆည်းထားတာဖြစ်ပြီး စိုက်ပျိုးခွင့်မရတော့ဘူးဆိုတာကို သိခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

တပ်မတော်နဲ့ ဒေသခံတောင်သူတွေ မြေယာပဋိပက္ခဖြစ်ပွားနေကာ တောင်သူ ၇၀ ကျော်ကို တပ်က တရားစွဲဆိုထားပါတယ်။

တပ်မတော်နဲ့ ဒေသခံ တောင်သူတွေကြား ပဋိပက္ခဖြစ်ပွားနေတဲ့ကြားက စိုက်ပျိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်နေရတာဖြစ်ပြီး ဒီနှစ် ၂၀၂၀ စိုက်ပျိုးရေးရာသီမှာတော့ လုံး၀ ဝင်ရောက်စိုက်ပျိုးလို့ မရတော့တဲ့ အခြေအနေထိ ဖြစ်လာတာပါ။

တွေ့ဆုံဆွေးနွေးပွဲလုပ်ဖို့ တောင်သူတွေဆီ အချိန်ကပ်ပြီး အကြောင်းကြားခဲ့တာဖြစ်လို့ ပြင်ဆင်ချိန်တော့ သိပ်မရခဲ့ဘူးလို့ တောင်သူတွေက ပြောပါတယ်။

ဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ နောင်ယားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်ဦးက ဒီနေ့ဆွေးနွေးတဲ့အပေါ် သူ့အမြင်ကို အခုလိုပြောပါတယ်။

“တိုင်းရင်းသားဒေသမှာက ၁၉၇၅ နောက်ပိုင်းမှာ အစိုးရရုံးတွေ ရုံးစိုက်တယ်။ စာပေ၊ ဥပဒေကို လက်လှမ်း မှီတဲ့ တစ်ရာခိုင်နှုန်းလောက်ပဲ အထောက်အထားတွေလုပ်ကြတယ်။ ကျန်တဲ့သူတွေက အထောက်ထား လုပ်လေ့မရှိဘူး။ အထောက်အထား မရှိတဲ့မြေကို မြေလွှတ်မြေရိုင်းပါဆိုပြီး ၁၉၈၈ နောက်ပိုင်းမှာ တပ်က လိုအပ်တဲ့အတိုင်းတာထက် ယူထားတဲ့မြေကို သေချာမစိစစ်ဘူးဆိုရင် မလိုလားအပ်တဲ့၊ အကျိုးမရှိတဲ့၊ တောင်သူတွေအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေမယ့်ဟာတွေပဲ ဦးတည်နေတယ်။ တောင်သူရော၊ နိုင်ငံတော်ရော အကျိုးရှိအောင် အရပ်ဘက်အဖွဲ့တွေ ပါဝင်ပြီး ပွင့်လင်းမြင်သာအောင် မြေပြင်ကွင်းဆင်းစစ်ဆေးမှာပဲ နှစ်ဦးနှစ်ဖက် အကျိုးရှိမှာ“

ပအိုဝ်းလူငယ်အစည်းအရုံးဥက္ကဋ္ဌ ကိုခွန်ဦးက ဒေသခံတွေရဲ့ ညီညွတ်ရေး အရေးကြီးတာကို ဒီဖြစ်ရပ်က သက်သေပြလိုက်တာပဲလို့  ပြောပါတယ်။

“လှုပ်ရှားမှုက ကြီးမားလာတဲ့အတွက် မဖြစ်မနေအခြေအနေ လာတွေ့ဖြစ်တယ်လို့ ထင်တာ၊ နောက်တစ်ခုက တောင်သူတွေကိုယ်တိုင် ဒီလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်လာတယ်၊ မီဒီယာတွေကလည်း ရေးသားဖော်ပြ ကြတော့ လာတွေ့တာလို့လည်း မြင်တယ်။ ပအိုဝ်းခေါင်းဆောင်တချို့နဲ့လည်း ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတာ လည်းရှိတယ်၊ ပြီးခဲ့တဲ့အခေါက်က တွေ့တာလည်းရှိတော့ အဲဒီရလဒ်တွေနဲ့ လာတွေ့တာလို့ မြင်မိတယ်“

နယ်မြေခံစစ်ဌာနချုပ်နဲ့ တပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့တို့ကို မြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းမှူးပါဝင်တဲ့ဆွေးနွေးမှုဟာ အခုဆွေးနွေးမှုက ပထမဆုံးအကြိမ်ဖြစ်ပြီး တောင်သူတွေကတော့ အာဏာပိုင်တွေအနေနဲ့ ဥပဒေအရလုပ်ဆောင်မယ်ဆိုရင် မြေယာတွေ ဒေသခံတွေလက်ထဲ ပြန်ရရှိမယ်လို့ မျှော်လင့်နေကြပါတယ်။

ခေမဏီဝင်း / RFA Burmese
--------------------------------------

(Zawgyi)⤵⤵⤵
ဆီဆိုင္ၿမိဳ႕ ေျမယာအျငင္းပြားမႈအတြက္ စစ္တိုင္းမႈးကိုယ္တိုင္ ေဒသခံနဲ႔ ေဆြးေႏြး

ရွမ္းျပည္နယ္ ဆီဆိုင္ၿမိဳ႕က ေျမဧက ၂၀၀၀ ေက်ာ္ကို တပ္မေတာ္က သိမ္းထားတယ္ဆိုၿပီး အျငင္းပြားမႈ ျဖစ္တဲ့ေနရာမွာ ေျမသိမ္းခံေတာင္သူေတြနဲ႔ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉးတို႔ ဆီဆိုင္ၿမိဳ႕ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန႐ုံးမွာ ဒီကေန႔ေတြ႕ဆုံေဆြးေႏြးခဲ့ၾကပါတယ္။

ဒီကေန႔ေတြ႕ဆုံပြဲမွာ ေတာင္သူေတြဘက္က ေတာင္းဆိုခ်က္ေတြကို တပ္မေတာ္ဘက္က မွတ္သားသြားၿပီး  အေၾကာင္းျပန္မယ္လို႔ တိုင္းမႉးက ေျပာသြားတယ္လို႔ ဒီေန႔ ေဆြးေႏြးရာမွာပါဝင္တဲ့ ေတာင္သူ ေဒၚခ်ိဳခ်ိဳက  ေျပာပါတယ္။

“မေန႔ညက ခ်က္ခ်င္းထုတ္လိုက္တဲ့သတင္း၊ တိုင္းမႈးကေရာက္ေနတာ၊ ေတာင္သူေတြကို မေတြ႕ဘူး၊ ေဒသ ဦးစီးတို႔နဲ႔ပဲ တပ္ရင္းမွာ ေခၚေတြ႕တယ္။ သတင္းေလးေတြ တက္လာလို႔ ေတာင္သူေတြရဲ႕ ခံစားခ်က္ကို သိလာလို႔လား မသိဘူး ေခၚေတြ႕တာ ထင္တယ္။ ေတာင္သူေတြကိုေခၚေတြ႕ေတာ့ ဝမ္းသာတာေပါ့၊ ခံစား ခ်က္ကို တရားဝင္ေျပာလိုက္ရလို႔ ေရာဂါလည္း နည္းနည္းေပါ့သြားတယ္”

ရွမ္းျပည္နယ္မွာ တပ္သိမ္းေျမေတြနဲ႔ ပတ္သက္ၿပီး တပ္မေတာ္နဲ႔ ေတာင္သူေတြၾကား ျဖစ္ပြားေနတဲ့ ပဋိပကၡ ေတြကို ေျဖရွင္းေပးဖို႔ အရပ္ဘက္အဖြဲ႕အစည္းေတြ စုေပါင္းေတာင္းဆိုခဲ့ၾကတယ္ဆိုၿပီး ဇြန္လ ၃ ရက္ေန႔မွာ RFA က သတင္းထုတ္လႊင့္အၿပီး ေနာက္ေန႔မွာ တပ္မေတာ္ဘက္က  တိုင္းမႈးအဆင့္ကိုယ္တိုင္ ေခၚယူေဆြးေႏြးရတဲ့ အေျခအေနျဖစ္ခဲ့ပါတယ္။

ရွမ္းျပည္နယ္ ဆီဆိုင္ၿမိဳ႕က လယ္ယာေျမဧက ၂၀၀၀ ေက်ာ္ကို ခမရ ၄၂၃ နဲ႔ ၄၂၄ တပ္က ေလ်ာ္ေၾကး၊ နစ္နာေၾကး မေပးဘဲ သိမ္းဆည္းထားလို႔ စိုက္ပ်ိဳးခ်ိန္မွာ အခက္အခဲေတြ ေတြ႕ေနရတယ္လို႔ ေဒသခံေတာင္သူေတြက RFA ကို ေျပာပါတယ္။

၁၉၉၂ ခုႏွစ္မွာ အဲဒီေနရာေတြကို တပ္မေတာ္က ေရာက္လာတာျဖစ္ေပမယ့္ ၂၀၁၈ ခုႏွစ္မွာမွ ဒီေနရာေတြကို သိမ္းဆည္းထားတာျဖစ္ၿပီး စိုက္ပ်ိဳးခြင့္မရေတာ့ဘူးဆိုတာကို သိခဲ့ရတာလို႔ ေဒသခံေတြက ေျပာပါတယ္။

တပ္မေတာ္နဲ႔ ေဒသခံေတာင္သူေတြ ေျမယာပဋိပကၡျဖစ္ပြားေနကာ ေတာင္သူ ၇၀ ေက်ာ္ကို တပ္က တရားစြဲဆိုထားပါတယ္။

တပ္မေတာ္နဲ႔ ေဒသခံ ေတာင္သူေတြၾကား ပဋိပကၡျဖစ္ပြားေနတဲ့ၾကားက စိုက္ပ်ိဳးေရးလုပ္ငန္းေတြကို လုပ္ကိုင္ေနရတာျဖစ္ၿပီး ဒီႏွစ္ ၂၀၂၀ စိုက္ပ်ိဳးေရးရာသီမွာေတာ့ လုံး၀ ဝင္ေရာက္စိုက္ပ်ိဳးလို႔ မရေတာ့တဲ့ အေျခအေနထိ ျဖစ္လာတာပါ။

ေတြ႕ဆုံေဆြးေႏြးပြဲလုပ္ဖို႔ ေတာင္သူေတြဆီ အခ်ိန္ကပ္ၿပီး အေၾကာင္းၾကားခဲ့တာျဖစ္လို႔ ျပင္ဆင္ခ်ိန္ေတာ့ သိပ္မရခဲ့ဘူးလို႔ ေတာင္သူေတြက ေျပာပါတယ္။

ေဆြးေႏြးပြဲမွာပါဝင္ခဲ့တဲ့ ေနာင္ယားေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးခြန္ေက်ာ္ဦးက ဒီေန႔ေဆြးေႏြးတဲ့အေပၚ သူ႔အျမင္ကို အခုလိုေျပာပါတယ္။

“တိုင္းရင္းသားေဒသမွာက ၁၉၇၅ ေနာက္ပိုင္းမွာ အစိုးရ႐ုံးေတြ ႐ုံးစိုက္တယ္။ စာေပ၊ ဥပေဒကို လက္လွမ္း မွီတဲ့ တစ္ရာခိုင္ႏႈန္းေလာက္ပဲ အေထာက္အထားေတြလုပ္ၾကတယ္။ က်န္တဲ့သူေတြက အေထာက္ထား လုပ္ေလ့မရွိဘူး။ အေထာက္အထား မရွိတဲ့ေျမကို ေျမလႊတ္ေျမ႐ိုင္းပါဆိုၿပီး ၁၉၈၈ ေနာက္ပိုင္းမွာ တပ္က လိုအပ္တဲ့အတိုင္းတာထက္ ယူထားတဲ့ေျမကို ေသခ်ာမစိစစ္ဘူးဆိုရင္ မလိုလားအပ္တဲ့၊ အက်ိဳးမရွိတဲ့၊ ေတာင္သူေတြအတြက္ ဝန္ထုတ္ဝန္ပိုးျဖစ္ေစမယ့္ဟာေတြပဲ ဦးတည္ေနတယ္။ ေတာင္သူေရာ၊ ႏိုင္ငံေတာ္ေရာ အက်ိဳးရွိေအာင္ အရပ္ဘက္အဖြဲ႕ေတြ ပါဝင္ၿပီး ပြင့္လင္းျမင္သာေအာင္ ေျမျပင္ကြင္းဆင္းစစ္ေဆးမွာပဲ ႏွစ္ဦးႏွစ္ဖက္ အက်ိဳးရွိမွာ“

ပအိုဝ္းလူငယ္အစည္းအ႐ုံးဥကၠ႒ ကိုခြန္ဦးက ေဒသခံေတြရဲ႕ ညီၫြတ္ေရး အေရးႀကီးတာကို ဒီျဖစ္ရပ္က သက္ေသျပလိုက္တာပဲလို႔  ေျပာပါတယ္။

“လႈပ္ရွားမႈက ႀကီးမားလာတဲ့အတြက္ မျဖစ္မေနအေျခအေန လာေတြ႕ျဖစ္တယ္လို႔ ထင္တာ၊ ေနာက္တစ္ခုက ေတာင္သူေတြကိုယ္တိုင္ ဒီလႈပ္ရွားမႈမွာ ဦးေဆာင္ပါဝင္လာတယ္၊ မီဒီယာေတြကလည္း ေရးသားေဖာ္ျပ ၾကေတာ့ လာေတြ႕တာလို႔လည္း ျမင္တယ္။ ပအိုဝ္းေခါင္းေဆာင္တခ်ိဳ႕နဲ႔လည္း ပုဂၢိဳလ္ေရးအရ ရင္းႏွီးတာ လည္းရွိတယ္၊ ၿပီးခဲ့တဲ့အေခါက္က ေတြ႕တာလည္းရွိေတာ့ အဲဒီရလဒ္ေတြနဲ႔ လာေတြ႕တာလို႔ ျမင္မိတယ္“

နယ္ေျမခံစစ္ဌာနခ်ဳပ္နဲ႔ တပ္မေတာ္သတင္းမွန္ျပန္ ၾကားေရးအဖြဲ႕တို႔ကို ေျမအျငင္းပြားမႈနဲ႔ ပတ္သက္ၿပီး ေမးျမန္းႏိုင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔မရခဲ့ပါဘူး။

အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္က တိုင္းမႉးပါဝင္တဲ့ေဆြးေႏြးမႈဟာ အခုေဆြးေႏြးမႈက ပထမဆုံးအႀကိမ္ျဖစ္ၿပီး ေတာင္သူေတြကေတာ့ အာဏာပိုင္ေတြအေနနဲ႔ ဥပေဒအရလုပ္ေဆာင္မယ္ဆိုရင္ ေျမယာေတြ ေဒသခံေတြလက္ထဲ ျပန္ရရွိမယ္လို႔ ေမွ်ာ္လင့္ေနၾကပါတယ္။

ေခမဏီဝင္း / RFA Burmese
https://www.rfa.org/burmese/news/army-officer-meets-land-controversial-farmers-06042020055120.html
ဆီဆိုင်မြို့ မြေယာအငြင်းပွားမှုအတွက် စစ်တိုင်းမှုးကိုယ်တိုင် ဒေသခံနဲ့ ဆွေးနွေး ဆီဆိုင်မြို့ မြေယာအငြင်းပွားမှုအတွက် စစ်တိုင်းမှုးကိုယ်တိုင် ဒေသခံနဲ့ ဆွေးနွေး Reviewed by THITHTOOLWIN on 21:01 Rating: 5
Powered by Blogger.