ရဲအရာရှိနှစ်ဦး လုပ်ထုံးနဲ့ မညီလို့ အရေးယူတာဖြစ်ကြောင်း ပြည်ထဲရေး ပြော


(Unicode)⤵⤵⤵
လက်ရှိ အရေးယူခံထားရတဲ့ ရဲမှူးချုပ် မိုးသန်းအောင်နဲ့ ရဲမှူးချုပ်ဇော်ခင်အောင်တို့ နှစ်ဦးဟာ  အဂတိလိုက်စားတာကြောင့် အရေးယူခံရတာမဟုတ်ဘဲ လုပ်ထုံးလုပ်နည်းနဲ့အညီ မဆောင်ရွက်ခဲ့တာကြောင့် အားနည်းမှုတွေ ပေါ်ပေါက်ခဲ့လို့သာ အရေးယူခံရတာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယရဲချုပ် (၁) ရဲဗိုလ်ချုပ် မျိုးဆွေဝင်းက ပြောပါတယ်။

မနေ့က နေပြည်တော်မှာကျင်းပတဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ တစ်နှစ်တာဆောင်ရွက်ချက်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့ မေးမြန်းတဲ့အပေါ်မှာ ပြန်လည် ပြောကြားခဲ့တာပါ။

ရထားရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်  မိုးသန်းအောင် ဟာ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိခဲ့တာ၊ ရဲတပ်ဖွဲ့ရဲ့ ရန်ပုံငွေတိုးပွားလာအောင် ဆောင်ရွက်ရာမှာ ရင်းနှီးမြှပ်နှံခြင်းလုပ်ငန်းကိုသာ ဆောင်ရွက်ဖို့နဲ့ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းတွေနဲ့ တခြားလုပ်ငန်းတွေဖြစ်တဲ့ ကုန်ထုတ်လုပ်ငန်းတွေကို လုပ်ကိုင်ခြင်းမပြုဖို့ ညွှန်ကြားထားတာကို လိုက်နာမှုမရှိခဲ့တာ သက်သာရန်ပုံငွေ သုံးစွဲရာမှာ လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့အတွက်ကြောင့်အရေးယူခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

ရဲထောက်ချုပ် ရဲမှူးချုပ်ဇော်ခင်အောင်ကတော့ တင်ဒါကိစ္စတွေမှာ သမ္မတရဲ့ တင်ဒါညွှန်ကြားချက်ကို လိုက်နာမှုမရှိခဲ့တာ၊ ကန်ထရိုက်စနစ်နဲ့ ဆောင်ရွက်ရာမှာ လက်အောက်ကို ကြီးကြပ်ကွပ်ကဲဖို့ အားနည်းတာ၊ အထက်အဆင့်ကို တင်ပြဖို့ ပျက်ကွက်တာတွေကြောင့် အရေးယူခံရတာဖြစ်တယ်လို့ ပြောပါတယ်။

ဇွန်လဆန်းထဲမှာပဲ ရဲမှူးချုပ် မိုးသန်းအောင်ကိုတော့  ရဲတရားရုံးကနေ ထောင်ဒဏ်တစ်နှစ်ချမှတ်ခဲ့ပြီး ရဲမှူးချုပ် ဇော်ခင်အောင်ကတော့ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

NLD အစိုးရလက်ထက် သက်တမ်းလေးနှစ်အတွင်း ၂၀၁၆ ကနေ ၂၀၂၀ မေလထိ အရေးယူခံရတဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ကိုးထောင်ကျော်ရှိခဲ့ပြီး အဲ့ဒီကိုးထောင်ကျော်မှာ ရဲအရာရှိ ၂၈၁၇ ဦးနဲ့ အခြားအဆင့် ၆၇၃၀ ဦး ဖြစ်တယ်လို့ ရဲဗိုလ်ချုပ် မျိုးဆွေဝင်းက ပြောပါတယ်။

ဒါ့အပြင် အဂတိလိုက်စားတာကြောင့် အရေးယူခံထားရတဲ့ ရဲအရာရှိက ၂၀၁၆ ကနေ ၂၀၂၀  ဇွန်လအထိ ၁၉ ဦးရှိတယ်လို့  ရဲဗိုလ်ချုပ် မျိုးဆွေဝင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

RFA Burmese
--------------------------------
(Zawgyi)⤵⤵⤵
ရဲအရာရွိႏွစ္ဦး လုပ္ထုံးနဲ႔ မညီလို႔ အေရးယူတာျဖစ္ေၾကာင္း ျပည္ထဲေရး ေျပာ

လက္ရွိ အေရးယူခံထားရတဲ့ ရဲမႉးခ်ဳပ္ မိုးသန္းေအာင္နဲ႔ ရဲမႉးခ်ဳပ္ေဇာ္ခင္ေအာင္တို႔ ႏွစ္ဦးဟာ  အဂတိလိုက္စားတာေၾကာင့္ အေရးယူခံရတာမဟုတ္ဘဲ လုပ္ထုံးလုပ္နည္းနဲ႔အညီ မေဆာင္႐ြက္ခဲ့တာေၾကာင့္ အားနည္းမႈေတြ ေပၚေပါက္ခဲ့လို႔သာ အေရးယူခံရတာျဖစ္တယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယရဲခ်ဳပ္ (၁) ရဲဗိုလ္ခ်ဳပ္ မ်ိဳးေဆြဝင္းက ေျပာပါတယ္။

မေန႔က ေနျပည္ေတာ္မွာက်င္းပတဲ့ ျပည္ထဲေရးဝန္ႀကီးဌာနရဲ႕ တစ္ႏွစ္တာေဆာင္႐ြက္ခ်က္ေတြနဲ႔ ပတ္သက္တဲ့ သတင္းစာရွင္းလင္းပြဲမွာ သတင္းေထာက္ေတြရဲ႕ ေမးျမန္းတဲ့အေပၚမွာ ျပန္လည္ ေျပာၾကားခဲ့တာပါ။

ရထားရဲတပ္ဖြဲ႕မႉး ရဲမႉးခ်ဳပ္  မိုးသန္းေအာင္ ဟာ ျပည္ေထာင္စုအစိုးရအဖြဲ႕နဲ႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကထုတ္ျပန္ထားတဲ့ ၫႊန္ၾကားခ်က္ေတြကို လိုက္နာမႈမရွိခဲ့တာ၊ ရဲတပ္ဖြဲ႕ရဲ႕ ရန္ပုံေငြတိုးပြားလာေအာင္ ေဆာင္႐ြက္ရာမွာ ရင္းႏွီးျမႇပ္ႏွံျခင္းလုပ္ငန္းကိုသာ ေဆာင္႐ြက္ဖို႔နဲ႔ စိုက္ပ်ိဳးေရး ေမြးျမဴေရးလုပ္ငန္းေတြနဲ႔ တျခားလုပ္ငန္းေတြျဖစ္တဲ့ ကုန္ထုတ္လုပ္ငန္းေတြကို လုပ္ကိုင္ျခင္းမျပဳဖို႔ ၫႊန္ၾကားထားတာကို လိုက္နာမႈမရွိခဲ့တာ သက္သာရန္ပုံေငြ သုံးစြဲရာမွာ လုပ္ထုံးလုပ္နည္းနဲ႔ မညီတဲ့အတြက္ေၾကာင့္အေရးယူခံရတာျဖစ္တယ္လို႔ ဆိုပါတယ္။

ရဲေထာက္ခ်ဳပ္ ရဲမႉးခ်ဳပ္ေဇာ္ခင္ေအာင္ကေတာ့ တင္ဒါကိစၥေတြမွာ သမၼတရဲ႕ တင္ဒါၫႊန္ၾကားခ်က္ကို လိုက္နာမႈမရွိခဲ့တာ၊ ကန္ထ႐ိုက္စနစ္နဲ႔ ေဆာင္႐ြက္ရာမွာ လက္ေအာက္ကို ႀကီးၾကပ္ကြပ္ကဲဖို႔ အားနည္းတာ၊ အထက္အဆင့္ကို တင္ျပဖို႔ ပ်က္ကြက္တာေတြေၾကာင့္ အေရးယူခံရတာျဖစ္တယ္လို႔ ေျပာပါတယ္။

ဇြန္လဆန္းထဲမွာပဲ ရဲမႉးခ်ဳပ္ မိုးသန္းေအာင္ကိုေတာ့  ရဲတရား႐ုံးကေန ေထာင္ဒဏ္တစ္ႏွစ္ခ်မွတ္ခဲ့ၿပီး ရဲမႉးခ်ဳပ္ ေဇာ္ခင္ေအာင္ကေတာ့ ရာထူးကေန ထုတ္ပယ္ခံခဲ့ရတာျဖစ္ပါတယ္။

NLD အစိုးရလက္ထက္ သက္တမ္းေလးႏွစ္အတြင္း ၂၀၁၆ ကေန ၂၀၂၀ ေမလထိ အေရးယူခံရတဲ့ ရဲတပ္ဖြဲ႕ဝင္ စုစုေပါင္း ကိုးေထာင္ေက်ာ္ရွိခဲ့ၿပီး အဲ့ဒီကိုးေထာင္ေက်ာ္မွာ ရဲအရာရွိ ၂၈၁၇ ဦးနဲ႔ အျခားအဆင့္ ၆၇၃၀ ဦး ျဖစ္တယ္လို႔ ရဲဗိုလ္ခ်ဳပ္ မ်ိဳးေဆြဝင္းက ေျပာပါတယ္။

ဒါ့အျပင္ အဂတိလိုက္စားတာေၾကာင့္ အေရးယူခံထားရတဲ့ ရဲအရာရွိက ၂၀၁၆ ကေန ၂၀၂၀  ဇြန္လအထိ ၁၉ ဦးရွိတယ္လို႔  ရဲဗိုလ္ခ်ဳပ္ မ်ိဳးေဆြဝင္းက သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
ရဲအရာရှိနှစ်ဦး လုပ်ထုံးနဲ့ မညီလို့ အရေးယူတာဖြစ်ကြောင်း ပြည်ထဲရေး ပြော ရဲအရာရှိနှစ်ဦး လုပ်ထုံးနဲ့ မညီလို့ အရေးယူတာဖြစ်ကြောင်း ပြည်ထဲရေး ပြော Reviewed by THITHTOOLWIN on 08:09 Rating: 5
Powered by Blogger.