လားရှိုးတွင်ကြိုးတုပ်အသတ်ခံရသည့်အမျိုးသမီးနှစ်ဦးအမှုအထူးအမှုစစ်အဖွဲ့ဖြင့်စစ်ဆေးနေ


(Unicode)⤵⤵⤵
လားရှိုးမြို့နယ်မှာ ကြိုးတုပ်အသတ်ခံရတဲ့ အမျိုးသမီး နှစ်ဦး အမှုကို အထူးအမှုစစ်ဖွဲ့ပြီး စစ်ဆေးနေတယ်လို့ ရှမ်းပြည်နယ်ဒုတိယ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဗညားဦးက ပြောပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ မကျီးနုကျေးရွာ သချိုင်္င်းအနီး တောလမ်းတစ်နေရာမှာ ခြေလက်တွေကို နိုင်လွန်ကြိုးများနဲ့ တုပ်နှောင်ပြီး အသတ်ခံထားရတဲ့ အမျိုးသမီးနှစ်ဦး အလောင်းကို ဒီကနေ့ ဇွန် (၁၆)၊ မနက်ပိုင်းက တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ရဲမှူးကြီး ဗညားဦးက ပြောပါတယ်။

သေဆုံးသူ အမျိုးသမီးနှစ်ဦးဟာ မည်သူမည်ဝါမှန်း မသိရသေးရဘဲ ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရဘူးလို့ ရဲမှူးကြီး ဗညားဦးက ပြောပါတယ်။
" ပတ်ဝန်းကျင်ကလည်း အလောင်းတွေ တွေ့တယ်လို့ သတင်းပို့လို့ ကျနော်တို့ သွားတယ်။ သွားပြီးတော့ အဲ့နားမှာ သက်သေခံပစ္စည်းတွေ ရသလောက် ရှာရတာပေါ့။ သဲလွန်စတွေ ဘာရနိုင်မလဲပေါ့။ ကျနော်တို့ အထူးအမှုစစ် အဖွဲ့တွေနဲ့ ပတ်ဝန်းကျင်က ဘယ်သူတွေ ဖြစ်နိုင်လဲ။ အကျီအရောင်နဲ့ ပုံပန်းသဏ္ဍာန်တွေ ဓာတ်ပုံရိုက်ပြီ လိုက်ပြီးတော့ ဘယ်သူဖြစ်လဲဆိုတာ စုံစမ်းတာပေါ့။ လူသိပြီဆိုတာနဲ့ ဆက်ပြီးတော့ ဘာကြောင့်ဖြစ်လဲဆိုတာ စုံစမ်းရမှာပေါ့ " လို့ ရဲမှူးကြီး ဗညားဦးက ဆိုပါတယ်။

သေဆုံးသူအမျိုးသမီးနှစ်ဦးကို ဆေးရုံမှာ ရင်ခွဲစစ်ဆေးနေပြီး ခေါင်းအုံးနဲ့ ဖိသတ်ခံထားရဖွယ် ရှိတယ်လို့ ရဲမှူးကြီး ဗညားဦးက ဆိုပါတယ်။

အမျိုးသမီးနှစ်ဦးသေဆုံးမှုနဲ့ပတ်သက်ပြီး လားရှိုးနယ်မြေရဲစခန်းမှာ လူသတ်မှုပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။

သတင်း-ဝေယံထက်ဝင်း / ဓာတ်ပုံ-Newnyi Newnyi(Fb) - One News Myanmar
------------------------------

(Zawgyi)⤵⤵⤵
လားရႈိးတြင္ႀကိဳးတုပ္အသတ္ခံရသည့္အမ်ိဳးသမီးႏွစ္ဦးအမႈအထူးအမႈစစ္အဖြဲ႕ျဖင့္စစ္ေဆးေန

လားရႈိးၿမိဳ႕နယ္မွာ ႀကိဳးတုပ္အသတ္ခံရတဲ့ အမ်ိဳးသမီး ႏွစ္ဦး အမႈကို အထူးအမႈစစ္ဖြဲ႕ၿပီး စစ္ေဆးေနတယ္လို႔ ရွမ္းျပည္နယ္ဒုတိယ ျပည္နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီး ဗညားဦးက ေျပာပါတယ္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လားရႈိးၿမိဳ႕နယ္၊ မက်ီးႏုေက်း႐ြာ သခ်ိဳငၤ္းအနီး ေတာလမ္းတစ္ေနရာမွာ ေျခလက္ေတြကို ႏိုင္လြန္ႀကိဳးမ်ားနဲ႔ တုပ္ေႏွာင္ၿပီး အသတ္ခံထားရတဲ့ အမ်ိဳးသမီးႏွစ္ဦး အေလာင္းကို ဒီကေန႔ ဇြန္ (၁၆)၊ မနက္ပိုင္းက ေတြ႕ရွိခဲ့တာ ျဖစ္တယ္လို႔ ရဲမႉးႀကီး ဗညားဦးက ေျပာပါတယ္။

ေသဆုံးသူ အမ်ိဳးသမီးႏွစ္ဦးဟာ မည္သူမည္ဝါမွန္း မသိရေသးရဘဲ ျပင္ပဒဏ္ရာတစ္စုံတစ္ရာ မေတြ႕ရဘူးလို႔ ရဲမႉးႀကီး ဗညားဦးက ေျပာပါတယ္။
" ပတ္ဝန္းက်င္ကလည္း အေလာင္းေတြ ေတြ႕တယ္လို႔ သတင္းပို႔လို႔ က်ေနာ္တို႔ သြားတယ္။ သြားၿပီးေတာ့ အဲ့နားမွာ သက္ေသခံပစၥည္းေတြ ရသေလာက္ ရွာရတာေပါ့။ သဲလြန္စေတြ ဘာရႏိုင္မလဲေပါ့။ က်ေနာ္တို႔ အထူးအမႈစစ္ အဖြဲ႕ေတြနဲ႔ ပတ္ဝန္းက်င္က ဘယ္သူေတြ ျဖစ္ႏိုင္လဲ။ အက်ီအေရာင္နဲ႔ ပုံပန္းသ႑ာန္ေတြ ဓာတ္ပုံ႐ိုက္ၿပီ လိုက္ၿပီးေတာ့ ဘယ္သူျဖစ္လဲဆိုတာ စုံစမ္းတာေပါ့။ လူသိၿပီဆိုတာနဲ႔ ဆက္ၿပီးေတာ့ ဘာေၾကာင့္ျဖစ္လဲဆိုတာ စုံစမ္းရမွာေပါ့ " လို႔ ရဲမႉးႀကီး ဗညားဦးက ဆိုပါတယ္။

ေသဆုံးသူအမ်ိဳးသမီးႏွစ္ဦးကို ေဆး႐ုံမွာ ရင္ခြဲစစ္ေဆးေနၿပီး ေခါင္းအုံးနဲ႔ ဖိသတ္ခံထားရဖြယ္ ရွိတယ္လို႔ ရဲမႉးႀကီး ဗညားဦးက ဆိုပါတယ္။

အမ်ိဳးသမီးႏွစ္ဦးေသဆုံးမႈနဲ႔ပတ္သက္ၿပီး လားရႈိးနယ္ေျမရဲစခန္းမွာ လူသတ္မႈပုဒ္မ ၃၀၂ နဲ႔ အမႈဖြင့္ စစ္ေဆးေနပါတယ္။

သတင္း-ေဝယံထက္ဝင္း / ဓာတ္ပုံ-Newnyi Newnyi(Fb) - One News Myanmar
https://www.facebook.com/onenewsmyan
လားရှိုးတွင်ကြိုးတုပ်အသတ်ခံရသည့်အမျိုးသမီးနှစ်ဦးအမှုအထူးအမှုစစ်အဖွဲ့ဖြင့်စစ်ဆေးနေ လားရှိုးတွင်ကြိုးတုပ်အသတ်ခံရသည့်အမျိုးသမီးနှစ်ဦးအမှုအထူးအမှုစစ်အဖွဲ့ဖြင့်စစ်ဆေးနေ Reviewed by THITHTOOLWIN on 20:22 Rating: 5
Powered by Blogger.