တရုတ်-အိန္ဒိယ နယ်ခြားပဋိပက္ခ အိန္ဒိယ စစ်သား သုံးဦးသေဆုံး

၂၀၀၈ ခုနှစ် နယ်ခြားဒေသက တရုတ်နဲ့ အိန္ဒိယ စစ်သားတွေ
(Unicode)⤵⤵⤵
တရုတ်နဲ့ အိန္ဒိယ အငြင်းပွားနေတဲ့ ကက်ရှမီးယားနယ်မြေက လာဒါ့ခ်ဒေသမှာ တရုတ်တပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ရာက အိန္ဒိယ တပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ပါတယ်။

ဒီတင်းမာမှုကို ဖြေရှင်းနိုင်ဖို့ နှစ်ဖက် စစ်တပ် အဆင့်မြင့်အရာရှိတွေ တွေ့ဆုံနေတယ်လို့ အိန္ဒိယ စစ်တပ်က ပြောပါတယ်။

ဒါ့အပြင် ဒီတိုက်ခိုက်မှုမှာ နှစ်ဘက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

တရုတ်ဘက်ကတော့ ထိခိုက်သေဆုံးမှုကို အတည်မပြုပါဘူး။

ဒါပေမဲ့ ဂယ်ဝမ်တောင်ကြားမှာ အိန္ဒိယက နယ်စပ် ကျော်ဝင်လာတယ်လို့ တရုတ်က စွပ်စွဲပါတယ်။

နှစ်ဖက်သဘောတူလုပ်ဆောင်ချက်တွေကို မလုပ်ဘဲ အခြေအနေတွေ ရှုပ်ထွေးအောင် အိန္ဒိယက လုပ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။

တနင်္လာနေ့မှာ အိန္ဒိယက နယ်ခြားကို နှစ်ခါ ကျော်လာခဲ့ပြီး တရုတ်တပ်ဖွဲ့ဝင်တွေကို ရန်စတိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက် တပ်ဖွဲ့တွေ ပြင်းထန်တဲ့ ကိုယ်ထိလက်ရောက် ထိပ်တိုက်တွေ့ဆုံမှုဖြစ်ခဲ့တာလို့ တရုတ်ပြောခွင့်ရ ကျောက်လီကျန်းက ပြောပါတယ်။

နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နှစ်နိုင်ငံကြား အခြေအနေတွေတင်းမာနေချိန်မှာ ဒီတိုက်ခိုက်မှုဖြစ်ခဲ့တာပါ။

အခု အိန္ဒိယစစ်သားတွေ သေဆုံးမှုဟာ နှစ်ဖက်တင်းမာမှုတွေကြား အခုဆယ်စုနှစ်တွေအတွင်း ပထမဆုံး သေဆုံးမှုလို့ ယူဆရပါတယ်။

တရုတ်နဲ့ အိန္ဒိယဟာ ၁၉၆၂ မှာ တစ်ကြိမ်ပဲ တိုက်ခိုက်ခဲ့ကြပြီး အဲဒီတုန်းက အိန္ဒိယဘက်က အရေးမလှ ရှုံးနိမ့်ခဲ့ပါတယ်။

ဒါပေမဲ့ နှစ်ပေါင်း ၄၀ အတွင်း နှစ်ဖက်စလုံးက သေနတ်မဖောက်ဘဲ နေခဲ့ကြပါတယ်။

အခုဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေမှာလည်း သေနတ်ပစ်ခတ်မှုတွေ မရှိခဲ့ဘူးလို့ အိန္ဒိယ စစ်တပ်က အင်္ဂါနေ့မှာ ပြောပါတယ်။

ဒေသတွင်းမီဒီယာတွေမှာ အိန္ဒိယ တပ်ဖွဲ့ဝင်တွေက ရိုက်နှက်ခံရပြီး သေဆုံးခဲ့တာလို့ ဆိုပြီး စစ်တပ်ဘက်ကတော့ အတည်မပြုသေးပါဘူး။

လာဒါ့ခ်ဒေသ ဂယ်ဝမ်တောင်ကြားကို တရုတ်ဘက်က တပ်ဖွဲ့ဝင် ထောင်ချီ လွှတ်ထားပြီး အိန္ဒိယ နယ်မြေ စတုရန်းကီလိုမီတာ သုံသောင်းရှစ်ထောင်လောက်ကို တရုတ်က ယူထားတယ်လို့ အိန္ဒိယဘက်က စွပ်စွဲပါတယ်။

ဒီနယ်စပ်အရေးတင်းမာမှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ် သုံးစုမှာ တွေ့ဆုံဆွေးနွေးမှု တွေ လုပ်ခဲ့ပေမဲ့ မပြေလည်ခဲ့ပါဘူး။

BBC Burmese
------------------------------------
(Zawgyi)⤵⤵⤵
တ႐ုတ္-အိႏၵိယ နယ္ျခားပဋိပကၡ အိႏၵိယ စစ္သား သုံးဦးေသဆုံး

တ႐ုတ္နဲ႔ အိႏၵိယ အျငင္းပြားေနတဲ့ ကက္ရွမီးယားနယ္ေျမက လာဒါ့ခ္ေဒသမွာ တ႐ုတ္တပ္ဖြဲ႕ေတြနဲ႔ ထိပ္တိုက္ေတြ႕ဆုံခဲ့ရာက အိႏၵိယ တပ္ဖြဲ႕ဝင္ သုံးဦးေသဆုံးခဲ့ပါတယ္။

ဒီတင္းမာမႈကို ေျဖရွင္းႏိုင္ဖို႔ ႏွစ္ဖက္ စစ္တပ္ အဆင့္ျမင့္အရာရွိေတြ ေတြ႕ဆုံေနတယ္လို႔ အိႏၵိယ စစ္တပ္က ေျပာပါတယ္။

ဒါ့အျပင္ ဒီတိုက္ခိုက္မႈမွာ ႏွစ္ဘက္ ထိခိုက္ေသဆုံးမႈေတြ ရွိခဲ့တယ္လို႔လည္း ဆိုပါတယ္။

တ႐ုတ္ဘက္ကေတာ့ ထိခိုက္ေသဆုံးမႈကို အတည္မျပဳပါဘူး။

ဒါေပမဲ့ ဂယ္ဝမ္ေတာင္ၾကားမွာ အိႏၵိယက နယ္စပ္ ေက်ာ္ဝင္လာတယ္လို႔ တ႐ုတ္က စြပ္စြဲပါတယ္။

ႏွစ္ဖက္သေဘာတူလုပ္ေဆာင္ခ်က္ေတြကို မလုပ္ဘဲ အေျခအေနေတြ ရႈပ္ေထြးေအာင္ အိႏၵိယက လုပ္တယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရသူက ေျပာပါတယ္။

တနလၤာေန႔မွာ အိႏၵိယက နယ္ျခားကို ႏွစ္ခါ ေက်ာ္လာခဲ့ၿပီး တ႐ုတ္တပ္ဖြဲ႕ဝင္ေတြကို ရန္စတိုက္ခိုက္ခဲ့တာေၾကာင့္ ႏွစ္ဖက္ တပ္ဖြဲ႕ေတြ ျပင္းထန္တဲ့ ကိုယ္ထိလက္ေရာက္ ထိပ္တိုက္ေတြ႕ဆုံမႈျဖစ္ခဲ့တာလို႔ တ႐ုတ္ေျပာခြင့္ရ ေက်ာက္လီက်န္းက ေျပာပါတယ္။

န်ဴကလီးယားလက္နက္ပိုင္ဆိုင္တဲ့ ႏွစ္ႏိုင္ငံၾကား အေျခအေနေတြတင္းမာေနခ်ိန္မွာ ဒီတိုက္ခိုက္မႈျဖစ္ခဲ့တာပါ။

အခု အိႏၵိယစစ္သားေတြ ေသဆုံးမႈဟာ ႏွစ္ဖက္တင္းမာမႈေတြၾကား အခုဆယ္စုႏွစ္ေတြအတြင္း ပထမဆုံး ေသဆုံးမႈလို႔ ယူဆရပါတယ္။

တ႐ုတ္နဲ႔ အိႏၵိယဟာ ၁၉၆၂ မွာ တစ္ႀကိမ္ပဲ တိုက္ခိုက္ခဲ့ၾကၿပီး အဲဒီတုန္းက အိႏၵိယဘက္က အေရးမလွ ရႈံးနိမ့္ခဲ့ပါတယ္။

ဒါေပမဲ့ ႏွစ္ေပါင္း ၄၀ အတြင္း ႏွစ္ဖက္စလုံးက ေသနတ္မေဖာက္ဘဲ ေနခဲ့ၾကပါတယ္။

အခုျဖစ္ခဲ့တဲ့ တိုက္ခိုက္မႈေတြမွာလည္း ေသနတ္ပစ္ခတ္မႈေတြ မရွိခဲ့ဘူးလို႔ အိႏၵိယ စစ္တပ္က အဂၤါေန႔မွာ ေျပာပါတယ္။

ေဒသတြင္းမီဒီယာေတြမွာ အိႏၵိယ တပ္ဖြဲ႕ဝင္ေတြက ႐ိုက္ႏွက္ခံရၿပီး ေသဆုံးခဲ့တာလို႔ ဆိုၿပီး စစ္တပ္ဘက္ကေတာ့ အတည္မျပဳေသးပါဘူး။

လာဒါ့ခ္ေဒသ ဂယ္၀မ္ေတာင္ၾကားကို တ႐ုတ္ဘက္က တပ္ဖြဲ႕၀င္ ေထာင္ခ်ီ လႊတ္ထားၿပီး အိႏၵိယ နယ္ေျမ စတုရန္းကီလိုမီတာ သုံေသာင္းရွစ္ေထာင္ေလာက္ကို တ႐ုတ္က ယူထားတယ္လို႔ အိႏၵိယဘက္က စြပ္စြဲပါတယ္။

ဒီနယ္စပ္အေရးတင္းမာမႈနဲ႔ ပတ္သက္ၿပီး ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ သုံးစုမွာ ေတြ႕ဆုံေဆြးေႏြးမႈ ေတြ လုပ္ခဲ့ေပမဲ့ မေျပလည္ခဲ့ပါဘူး။

BBC Burmese
https://www.bbc.com/burmese/world-53064551
တရုတ်-အိန္ဒိယ နယ်ခြားပဋိပက္ခ အိန္ဒိယ စစ်သား သုံးဦးသေဆုံး တရုတ်-အိန္ဒိယ နယ်ခြားပဋိပက္ခ အိန္ဒိယ စစ်သား သုံးဦးသေဆုံး Reviewed by THITHTOOLWIN on 19:14 Rating: 5
Powered by Blogger.