ဒက်ဆာမီသာဇုန်း - ကိုရိုနာဗိုင်းရပ်စ်လူနာတွေကို အသက်ကယ်ဖို့ ပထမဆုံးဆေး


(Unicode)⤵⤵⤵
မီရှဲလ် ရောဘတ်စ် ကျန်းမာရေးသတင်း အယ်ဒီတာ၊ ဘီဘီစီ သတင်း အွန်လိုင်း

ဈေးသက်သာပြီး လွယ်လွယ်ကူကူ ပေါပေါများများ ရနိုင်တဲ့ ဒက်ဆာမီသာဇုန်း (dexamethasone) ဆေးဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသည်းအသန် နာမကျန်းဖြစ်နေတဲ့ လူနာတွေရဲ့ အသက်ကို ကယ်တင်ရာမှာ အကူအညီပေးနိုင်ပါတယ်။

လူ့အသက်တွေကို ဒုက္ခပေးနေတဲ့ ဗိုင်းရပ်စ်ကို တိုက်ခိုက်တဲ့ပွဲမှာ ဒီစတီးရွိုက်ဆေး အနည်းငယ်ပေးတဲ့ ကုထုံးဟာ တကယ့်ကို အောင်မြင်မှု အချိုးအကွေ့ အပြောင်းအလဲကြီးတခုပဲလို့ ယူကေက ကျွမ်းကျင်သူတွေက ပြောပါတယ်။

အသက်ရှုစက်တပ်ဆင်ထားရတဲ့ ကိုဗစ်လူနာတွေရဲ့ သေဆုံးဖို့ အန္တရာယ်ရှိနှုန်းကို သုံးပုံ တပုံ အထိ ဖြစ်လာအောင် ဒီဆေးက လျှော့ချပေးနိုင်သလို၊ အောက်စီဂျင်ပေးထားရတဲ့ လူနာတွေရဲ့ သေဆုံးဖို့ အန္တရာယ်ရှိနှုန်းကို ငါးပုံ တပုံ အထိလျှော့ချပေးနိုင်ပါတယ်။

ယူကေမှာ ကိုရိုနာဗိုင်းရပ်စ် စဖြစ်ကတည်းက ဒီဆေးကို စသုံးခဲ့ရင် လူ့အသက်ပေါင်း ၅၀၀၀ ရဲ့ အသက်ကို ကယ်ဆယ်နိုင်ခဲ့လိမ့်မယ်လို့ သုတေသီတွေက ခန့်မှန်းပါတယ်။

ဒီဆေးဟာ ဈေးသက်သာတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ရောဂါသည်တွေ အများအပြားရှိနေတဲ့ ဆင်းရဲတဲ့နိုင်ငံတွေမှာလည်း အကျိုးအလွန်ထူးနိုင်ပါတယ်။

အသက်ကယ်ဆေး

ကိုရိုနာဗိုင်းရပ်စ ကူးစက်ခံရတဲ့ လူ ၂၀ မှာ ၁၉ ယောက်က ဆေးရုံတင်စရာမလိုဘဲ ပြန်နာလန်ထူလာနိုင်ပါတယ်။

ဆေးရုံတင်ရသူ အများစုလည်း ပြန်ကောင်းလာပေမယ့် အချို့ လူနာတွေကို အောက်စီဂျင်ပေးရတာ၊ ပိုဆိုးရင် အသက်ရှူစက်တပ်ဆင်ပေးရတာတွေ လုပ်ရပါတယ်။

အဲဒီလို အသည်းအသန်ဖြစ်နေတဲ့ လူနာတွေကို ဒက်ဆာမီသာဇုန်းဆေးက ကူညီနိုင်မယ့်ပုံပါ။

ဒီဆေးကို ရောင်ရမ်းတာလျော့ဖို့အတွက် သုံးနေခဲ့ကြတာပါ။

ကိုရိုနာဗိုင်းရပ်စ်ရောဂါမှာတော့ ရောဂါပိုးကို ကိုယ်ခံအားစနစ်ကတိုက်ဖျက်ရာမှာ ကိုယ်ခံအားစနစ် အသုံးပြုတာများရင်ဖြစ်လာမယ့် အပျက်အစီးတွေမဖြစ်အောင် ဒီ ဆေးက တားဆီးပေးပုံရပါတယ်။

ကိုယ်ခံအားစနစ်ကို လွန်လွန်လွန်ကဲကဲ အသုံးပြုသွားတဲ့အခြေအနေကို cytokine storm လို့ခေါ်ပြီး အဲဒါက လူ့အသက်ကိုသေစေနိုင်ပါတယ်။

အောက်စဖို့ တက္ကသိုလ်က ဦးဆောင်တဲ့ အဖွဲ့က ဆေးရုံတင်လူနာ ၂၀၀၀ လောက်ကို ဒက်ဆာမီသာဇုန်းပေးပြီး၊ ဒီဆေးမပေးထားတဲ့ နောက်ထပ် လူနာ ၄၀၀၀ လောက်နဲ့ နှိုင်းယှဉ်ကြည့်ကာ ဒီစမ်းသပ်ကုထုံးကို လုပ်ဆောင်ခဲ့ပါတယ်။

ဒီဆေးက အသက်ရှူစက်တင်ထားရတဲ့ လူနာတွေရဲ့ သေဆုံးဖို့ အန္တရာယ်ရှိနှုန်း ၄၀% ကနေ ၂၈% အထိ ကျဆင်းစေခဲ့သလို၊ အောက်စီဂျင်ပေးထားရတဲ့ လူနာတွေရဲ့ သေဆုံးဖို့ အန္တရာယ်ရှိနှုန်း ၂၅% ကနေ ၂၀% ထိ ကျဆင်းစေခဲ့ပါတယ်။

စစ်ဆေးရေးမှူးချုပ် ပါမောက္ခ ပီတာ ဟော်ဘီက "အခုလက်ရှိအချိန်အထိ သေဆုံးမှုနှုန်းကို လျှော့ချနိုင်တဲ့ တခုတည်းသောဆေးက ဒီဆေးပါပဲ၊ သိသိသာသာကို လျှော့ချနိုင်တာပါ၊ ဒါဟာ တကယ့်ကြီးမားတဲ့ အောင်မြင်မှုပါ" လို့ဆိုပါတယ်။

ဦးဆောင်သုတေသီ ပါမောက္ခ မာတင် လန်ဒရေက ဒီတွေ့ရှိမှုက ဘာကိုပြောသလဲဆိုရင် အသက်ရှူစက်နဲ့ကုသနေရတဲ့ လူနာ ၈ ယောက်မှာ ဒီဆေးက ၁ ယောက်ကို အသက်ကယ်တင်နိုင်တာဖြစ်တယ် လို့ ဆိုပါတယ်။

အောက်စီဂျင်ပေးကုသနေရတဲ့ လူနာ ၂၀ နဲ့ ၂၅ ယောက်လောက် လူနာတွေမှာ ဒီဆေးက ၁ ယောက်ကို အသက်ကယ်ပေးနိုင်တာပါလို့ ဆိုပါတယ်။

"ဒါဟာ သိပ်ကိုအကျိုးများတာ ထင်ရှားတယ်၊ ဒက်ဆာမီသာဇုန်းဆေး ကို လူနာကို ၁၀ ရက်ပေးရရင်၊ လူနာ တယောက်ကို ၅ ပေါင်လောက်ပဲ ကုန်ကျပါတယ်၊ အသက်တချောင်းကို ကယ်တင်ဖို့ အလွန်ဆုံး ၃၅ ပေါင်ပဲ ကုန်ကျမှာပါ၊ ဒီဆေးက နိုင်ငံတကာမှာလည်း ရလွယ်ပါတယ်" လို့ လည်းသူက ပြောပါတယ်။

ပါမောက္ခ လန်ဒရေက ဘာမှအချိန်မဆွဲဘဲ ဆေးရုံမှာရှိတဲ့လူနာတွေ ဒီဆေးကို ပေးသင့်တယ်၊ ဒါပေမဲ့ သာမန်လူတွေအနေနဲ့ ဒီဆေးကို ဆိုင်မှာသွားဝယ်ပြီး အိမ်မှာကိုယ့်ဘာသာကိုယ်ကုနေတာမျိုး မလုပ်သင့်ဘူးလို့ လည်းပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာ အပျော့စားတွေသာ ပြနေတဲ့ လူနာမျိုးတွေ (အသက်ရှူရခက်တဲ့အထိ မဖြစ်တဲ့လူနာမျိုးတွေ) မှာ ဒီ ဒက်ဆာမီသာဇုန်းဆေးက အသုံးတည့်မှာ မဟုတ်ပါဘူး။

ကိုရိုနာဗိုင်းရပ်စ်ရောဂါကုသဖို့ မတ်လကတည်းက စမ်းသပ်ကုသတာတွေ လုပ်နေခဲ့ကြပြီး ငှက်ဖျားဆေး ဟိုက်ဒြောက်ဆီ ကလိုရိုကွင်း (hydroxychloroquine)ကို သုံးခဲ့ကြပါသေးတယ်၊။

နောက်ပိုင်းမှာ ဒီဆေးကြောင့် သေဆုံးတာ၊ နှလုံးထိခိုက်တဲ့ ပြဿနာတွေဖြစ်ခဲ့ပြီးတဲ့နောက် အဲဒီဆေး သုံးစွဲပြီး ကုသတာကို ရပ်ဆိုင်းခဲ့ပါတယ်။

တခါ ဗိုင်းရပ်စ်ကုသဆေးတမျိုးဖြစ်တဲ့ ရမ်ဒဲစ်စီဗီယာ (remdesivir) ဆေးကို ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပြီး ပြန်မြန်မြန်နာလန်ထူနိုင်ရေးအတွက် သုံးခဲ့ကြပြီး ဒီဆေးကိုတော့ ယူကေက ဆေးရုံတွေမှာ ကိုရိုနာဗိုင်းရပ်စ် လူနာတွေအတွက် သုံးစွဲကြဆဲ ဖြစ်ပါတယ်။

BBC Burmese
---------------------------------
(Zawgyi)⤵⤵⤵
ဒက္ဆာမီသာဇုန္း - ကို႐ိုနာဗိုင္းရပ္စ္လူနာေတြကို အသက္ကယ္ဖို႔ ပထမဆုံးေဆး

မီရွဲလ္ ေရာဘတ္စ္ က်န္းမာေရးသတင္း အယ္ဒီတာ၊ ဘီဘီစီ သတင္း အြန္လိုင္း

ေဈးသက္သာၿပီး လြယ္လြယ္ကူကူ ေပါေပါမ်ားမ်ား ရႏိုင္တဲ့ ဒက္ဆာမီသာဇုန္း (dexamethasone) ေဆးဟာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အသည္းအသန္ နာမက်န္းျဖစ္ေနတဲ့ လူနာေတြရဲ႕ အသက္ကို ကယ္တင္ရာမွာ အကူအညီေပးႏိုင္ပါတယ္။

လူ႔အသက္ေတြကို ဒုကၡေပးေနတဲ့ ဗိုင္းရပ္စ္ကို တိုက္ခိုက္တဲ့ပြဲမွာ ဒီစတီး႐ြိဳက္ေဆး အနည္းငယ္ေပးတဲ့ ကုထုံးဟာ တကယ့္ကို ေအာင္ျမင္မႈ အခ်ိဳးအေကြ႕ အေျပာင္းအလဲႀကီးတခုပဲလို႔ ယူေကက ကြၽမ္းက်င္သူေတြက ေျပာပါတယ္။

အသက္ရႈစက္တပ္ဆင္ထားရတဲ့ ကိုဗစ္လူနာေတြရဲ႕ ေသဆုံးဖို႔ အႏၲရာယ္ရွိႏႈန္းကို သုံးပုံ တပုံ အထိ ျဖစ္လာေအာင္ ဒီေဆးက ေလွ်ာ့ခ်ေပးႏိုင္သလို၊ ေအာက္စီဂ်င္ေပးထားရတဲ့ လူနာေတြရဲ႕ ေသဆုံးဖို႔ အႏၲရာယ္ရွိႏႈန္းကို ငါးပုံ တပုံ အထိေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

ယူေကမွာ ကို႐ိုနာဗိုင္းရပ္စ္ စျဖစ္ကတည္းက ဒီေဆးကို စသုံးခဲ့ရင္ လူ႔အသက္ေပါင္း ၅၀၀၀ ရဲ႕ အသက္ကို ကယ္ဆယ္ႏိုင္ခဲ့လိမ့္မယ္လို႔ သုေတသီေတြက ခန႔္မွန္းပါတယ္။

ဒီေဆးဟာ ေဈးသက္သာတဲ့အတြက္ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါသည္ေတြ အမ်ားအျပားရွိေနတဲ့ ဆင္းရဲတဲ့ႏိုင္ငံေတြမွာလည္း အက်ိဳးအလြန္ထူးႏိုင္ပါတယ္။

အသက္ကယ္ေဆး

ကို႐ိုနာဗိုင္းရပ္စ ကူးစက္ခံရတဲ့ လူ ၂၀ မွာ ၁၉ ေယာက္က ေဆး႐ုံတင္စရာမလိုဘဲ ျပန္နာလန္ထူလာႏိုင္ပါတယ္။

ေဆး႐ုံတင္ရသူ အမ်ားစုလည္း ျပန္ေကာင္းလာေပမယ့္ အခ်ိဳ႕ လူနာေတြကို ေအာက္စီဂ်င္ေပးရတာ၊ ပိုဆိုးရင္ အသက္ရႉစက္တပ္ဆင္ေပးရတာေတြ လုပ္ရပါတယ္။

အဲဒီလို အသည္းအသန္ျဖစ္ေနတဲ့ လူနာေတြကို ဒက္ဆာမီသာဇုန္းေဆးက ကူညီႏိုင္မယ့္ပုံပါ။

ဒီေဆးကို ေရာင္ရမ္းတာေလ်ာ့ဖို႔အတြက္ သုံးေနခဲ့ၾကတာပါ။

ကို႐ိုနာဗိုင္းရပ္စ္ေရာဂါမွာေတာ့ ေရာဂါပိုးကို ကိုယ္ခံအားစနစ္ကတိုက္ဖ်က္ရာမွာ ကိုယ္ခံအားစနစ္ အသုံးျပဳတာမ်ားရင္ျဖစ္လာမယ့္ အပ်က္အစီးေတြမျဖစ္ေအာင္ ဒီ ေဆးက တားဆီးေပးပုံရပါတယ္။

ကိုယ္ခံအားစနစ္ကို လြန္လြန္လြန္ကဲကဲ အသုံးျပဳသြားတဲ့အေျခအေနကို cytokine storm လို႔ေခၚၿပီး အဲဒါက လူ႔အသက္ကိုေသေစႏိုင္ပါတယ္။

ေအာက္စဖို႔ တကၠသိုလ္က ဦးေဆာင္တဲ့ အဖြဲ႕က ေဆး႐ုံတင္လူနာ ၂၀၀၀ ေလာက္ကို ဒက္ဆာမီသာဇုန္းေပးၿပီး၊ ဒီေဆးမေပးထားတဲ့ ေနာက္ထပ္ လူနာ ၄၀၀၀ ေလာက္နဲ႔ ႏႈိင္းယွဥ္ၾကည့္ကာ ဒီစမ္းသပ္ကုထုံးကို လုပ္ေဆာင္ခဲ့ပါတယ္။

ဒီေဆးက အသက္ရႉစက္တင္ထားရတဲ့ လူနာေတြရဲ႕ ေသဆုံးဖို႔ အႏၲရာယ္ရွိႏႈန္း ၄၀% ကေန ၂၈% အထိ က်ဆင္းေစခဲ့သလို၊ ေအာက္စီဂ်င္ေပးထားရတဲ့ လူနာေတြရဲ႕ ေသဆုံးဖို႔ အႏၲရာယ္ရွိႏႈန္း ၂၅% ကေန ၂၀% ထိ က်ဆင္းေစခဲ့ပါတယ္။

စစ္ေဆးေရးမႉးခ်ဳပ္ ပါေမာကၡ ပီတာ ေဟာ္ဘီက "အခုလက္ရွိအခ်ိန္အထိ ေသဆုံးမႈႏႈန္းကို ေလွ်ာ့ခ်ႏိုင္တဲ့ တခုတည္းေသာေဆးက ဒီေဆးပါပဲ၊ သိသိသာသာကို ေလွ်ာ့ခ်ႏိုင္တာပါ၊ ဒါဟာ တကယ့္ႀကီးမားတဲ့ ေအာင္ျမင္မႈပါ" လို႔ဆိုပါတယ္။

ဦးေဆာင္သုေတသီ ပါေမာကၡ မာတင္ လန္ဒေရက ဒီေတြ႕ရွိမႈက ဘာကိုေျပာသလဲဆိုရင္ အသက္ရႉစက္နဲ႔ကုသေနရတဲ့ လူနာ ၈ ေယာက္မွာ ဒီေဆးက ၁ ေယာက္ကို အသက္ကယ္တင္ႏိုင္တာျဖစ္တယ္ လို႔ ဆိုပါတယ္။

ေအာက္စီဂ်င္ေပးကုသေနရတဲ့ လူနာ ၂၀ နဲ႔ ၂၅ ေယာက္ေလာက္ လူနာေတြမွာ ဒီေဆးက ၁ ေယာက္ကို အသက္ကယ္ေပးႏိုင္တာပါလို႔ ဆိုပါတယ္။

"ဒါဟာ သိပ္ကိုအက်ိဳးမ်ားတာ ထင္ရွားတယ္၊ ဒက္ဆာမီသာဇုန္းေဆး ကို လူနာကို ၁၀ ရက္ေပးရရင္၊ လူနာ တေယာက္ကို ၅ ေပါင္ေလာက္ပဲ ကုန္က်ပါတယ္၊ အသက္တေခ်ာင္းကို ကယ္တင္ဖို႔ အလြန္ဆုံး ၃၅ ေပါင္ပဲ ကုန္က်မွာပါ၊ ဒီေဆးက ႏိုင္ငံတကာမွာလည္း ရလြယ္ပါတယ္" လို႔ လည္းသူက ေျပာပါတယ္။

ပါေမာကၡ လန္ဒေရက ဘာမွအခ်ိန္မဆြဲဘဲ ေဆး႐ုံမွာရွိတဲ့လူနာေတြ ဒီေဆးကို ေပးသင့္တယ္၊ ဒါေပမဲ့ သာမန္လူေတြအေနနဲ႔ ဒီေဆးကို ဆိုင္မွာသြားဝယ္ၿပီး အိမ္မွာကိုယ့္ဘာသာကိုယ္ကုေနတာမ်ိဳး မလုပ္သင့္ဘူးလို႔ လည္းေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါလကၡဏာ အေပ်ာ့စားေတြသာ ျပေနတဲ့ လူနာမ်ိဳးေတြ (အသက္ရႉရခက္တဲ့အထိ မျဖစ္တဲ့လူနာမ်ိဳးေတြ) မွာ ဒီ ဒက္ဆာမီသာဇုန္းေဆးက အသုံးတည့္မွာ မဟုတ္ပါဘူး။

ကို႐ိုနာဗိုင္းရပ္စ္ေရာဂါကုသဖို႔ မတ္လကတည္းက စမ္းသပ္ကုသတာေတြ လုပ္ေနခဲ့ၾကၿပီး ငွက္ဖ်ားေဆး ဟိုက္ေျဒာက္ဆီ ကလို႐ိုကြင္း (hydroxychloroquine)ကို သုံးခဲ့ၾကပါေသးတယ္၊။

ေနာက္ပိုင္းမွာ ဒီေဆးေၾကာင့္ ေသဆုံးတာ၊ ႏွလုံးထိခိုက္တဲ့ ျပႆနာေတြျဖစ္ခဲ့ၿပီးတဲ့ေနာက္ အဲဒီေဆး သုံးစြဲၿပီး ကုသတာကို ရပ္ဆိုင္းခဲ့ပါတယ္။

တခါ ဗိုင္းရပ္စ္ကုသေဆးတမ်ိဳးျဖစ္တဲ့ ရမ္ဒဲစ္စီဗီယာ (remdesivir) ေဆးကို ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ၿပီး ျပန္ျမန္ျမန္နာလန္ထူႏိုင္ေရးအတြက္ သုံးခဲ့ၾကၿပီး ဒီေဆးကိုေတာ့ ယူေကက ေဆး႐ုံေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ လူနာေတြအတြက္ သုံးစြဲၾကဆဲ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-53064554
ဒက်ဆာမီသာဇုန်း - ကိုရိုနာဗိုင်းရပ်စ်လူနာတွေကို အသက်ကယ်ဖို့ ပထမဆုံးဆေး ဒက်ဆာမီသာဇုန်း - ကိုရိုနာဗိုင်းရပ်စ်လူနာတွေကို အသက်ကယ်ဖို့ ပထမဆုံးဆေး Reviewed by THITHTOOLWIN on 03:16 Rating: 5
Powered by Blogger.