တရုတ်ရဲ့ပိုးလမ်းမစီမံကိန်းကို ကပ်ဘေးအလွန်မှာ ဆက်လက်အကောင်အထည်ဖော်မည်ဟု ဆောက်လုပ်ရေးဌာန ပြောကြား

(ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်း ကို တွေ့ရစဉ်) ဓာတ်ပုံ - သက်စုအောင်/ RFA
(Unicode)⤵⤵⤵
ကိုရိုနာကပ်ဘေး လွန်မြောက်ချိန်မှာ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ ချုပ်ဆိုထားတဲ့ Belt and Road ပိုးလမ်းမစီမံကိန်းထဲမှာ၊ မြန်မာနဲ့ သက်ဆိုင်တဲ့စီမံကိန်း ၁၇ ခုထဲက မန္တလေး-ထီးချိုင့် မူဆယ် အမြန်ကားလမ်း အပါအဝင် စီမံကိန်း လေးခုကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်းက ပြောလိုက်ပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်တဲ့ စီမံကိန်း လေးခုကို ကပ်ရောဂါကာလမှာ ဆိုင်းငံ့ထားရပေမယ့် နောက်ပိုင်းမှာ အသေးစိတ်ထပ်မံဆွေးနွေးသွားမယ်လို့ မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒုဝန်ကြီး ဒေါက်တာ ကျော်လင်းက ပြောခဲ့ပါတယ်။

အဲဒီစီမံကိန်းတွေကတော့ မန္တလေး-ထီးချိုင့် မူဆယ် အမြန်ကားလမ်း၊ နေပြည်တော်- ကျောက်ဖြူကားလမ်း၊ တရုတ်နိုင်ငံ လင်ချန်းမြို့နဲ့ ဆက်သွယ်ဖို့ ကွမ်းလုံ တံတားသစ် တစ်စင်းဖောက်လုပ်ဖို့နဲ့ တောင်ကြီးနဲ့လွိုင်လင်ကြားက "ဝ" တစ်လုံးတောင်မှာ ဥမင်လိုဏ်ခေါင်းဖောက်လုပ်မယ့် စီမံကိန်းတွေဖြစ်ပါတယ်။

ကားလမ်းဖောက်လုပ်မယ့် စီမံကိန်း လေးခုအတွက် နှစ်နိုင်ငံ အစိုးရကြား MOU စာချုပ် လက်မှတ်ထိုးထားတဲ့ အဆင့်သာ ရှိသေးပြီး စီမံကိန်းအတွက် အသုံးပြုမယ့် ငွေကြေးကို ဘယ်က ရယူမလဲဆိုတာတွေက အသေးစိတ် ထပ်မံဆွေးနွေးရမယ်လို့ ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ မူဆယ်- မန္တလေး ရထားလမ်း စီမံကိန်းကို အကောင်အထည်ဖော်ဖို့ လေ့လာစမ်းစစ်မူတွေ လုပ်နေပြီလို့ ပြီးခဲ့တဲ့ ရက်ပိုင်းက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

NLD အစိုးရလက်ထက် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက လမ်း အရှည် ၂,၂၅၇ မိုင် ဖောက်လုပ်ပြီးစီးခဲ့တဲ့အတွက် မူလလျာထားချက်ထက် ၆၅၇ မိုင် ပိုပြီး ဖောက်လုပ်နိုင်ခဲ့တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောကြားသွားပါတယ်။

RFA Burmese
------------------------------
(Zawgyi)⤵⤵⤵
တ႐ုတ္ရဲ႕ပိုးလမ္းမစီမံကိန္းကို ကပ္ေဘးအလြန္မွာ ဆက္လက္အေကာင္အထည္ေဖာ္မည္ဟု ေဆာက္လုပ္ေရးဌာန ေျပာၾကား

ကို႐ိုနာကပ္ေဘး လြန္ေျမာက္ခ်ိန္မွာ တ႐ုတ္နဲ႔ ျမန္မာ ႏွစ္ႏိုင္ငံ ခ်ဳပ္ဆိုထားတဲ့ Belt and Road ပိုးလမ္းမစီမံကိန္းထဲမွာ၊ ျမန္မာနဲ႔ သက္ဆိုင္တဲ့စီမံကိန္း ၁၇ ခုထဲက မႏၲေလး-ထီးခ်ိဳင့္ မူဆယ္ အျမန္ကားလမ္း အပါအဝင္ စီမံကိန္း ေလးခုကို ဆက္လက္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမယ္လို႔ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာ ေက်ာ္လင္းက ေျပာလိုက္ပါတယ္။

ေဆာက္လုပ္ေရးဝန္ႀကီးဌာနနဲ႔ သက္ဆိုင္တဲ့ စီမံကိန္း ေလးခုကို ကပ္ေရာဂါကာလမွာ ဆိုင္းငံ့ထားရေပမယ့္ ေနာက္ပိုင္းမွာ အေသးစိတ္ထပ္မံေဆြးေႏြးသြားမယ္လို႔ မေန႔က ေနျပည္ေတာ္မွာ က်င္းပတဲ့ သတင္းစာ ရွင္းလင္းပြဲမွာ ဒုဝန္ႀကီး ေဒါက္တာ ေက်ာ္လင္းက ေျပာခဲ့ပါတယ္။

အဲဒီစီမံကိန္းေတြကေတာ့ မႏၲေလး-ထီးခ်ိဳင့္ မူဆယ္ အျမန္ကားလမ္း၊ ေနျပည္ေတာ္- ေက်ာက္ျဖဴကားလမ္း၊ တ႐ုတ္ႏိုင္ငံ လင္ခ်န္းၿမိဳ႕နဲ႔ ဆက္သြယ္ဖို႔ ကြမ္းလုံ တံတားသစ္ တစ္စင္းေဖာက္လုပ္ဖို႔နဲ႔ ေတာင္ႀကီးနဲ႔လြိဳင္လင္ၾကားက "ဝ" တစ္လုံးေတာင္မွာ ဥမင္လိုဏ္ေခါင္းေဖာက္လုပ္မယ့္ စီမံကိန္းေတြျဖစ္ပါတယ္။

ကားလမ္းေဖာက္လုပ္မယ့္ စီမံကိန္း ေလးခုအတြက္ ႏွစ္ႏိုင္ငံ အစိုးရၾကား MOU စာခ်ဳပ္ လက္မွတ္ထိုးထားတဲ့ အဆင့္သာ ရွိေသးၿပီး စီမံကိန္းအတြက္ အသုံးျပဳမယ့္ ေငြေၾကးကို ဘယ္က ရယူမလဲဆိုတာေတြက အေသးစိတ္ ထပ္မံေဆြးေႏြးရမယ္လို႔ ေျပာပါတယ္။
တစ္ခ်ိန္တည္းမွာပဲ မူဆယ္- မႏၲေလး ရထားလမ္း စီမံကိန္းကို အေကာင္အထည္ေဖာ္ဖို႔ ေလ့လာစမ္းစစ္မူေတြ လုပ္ေနၿပီလို႔ ၿပီးခဲ့တဲ့ ရက္ပိုင္းက ေနျပည္ေတာ္မွာ က်င္းပခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရး ဝန္ႀကီးဌာန တာဝန္ရွိသူေတြက ေျပာခဲ့ပါတယ္။

NLD အစိုးရလက္ထက္ ၂၀၁၈-၁၉ ဘ႑ာႏွစ္အတြင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနက လမ္း အရွည္ ၂,၂၅၇ မိုင္ ေဖာက္လုပ္ၿပီးစီးခဲ့တဲ့အတြက္ မူလလ်ာထားခ်က္ထက္ ၆၅၇ မိုင္ ပိုၿပီး ေဖာက္လုပ္ႏိုင္ခဲ့တယ္လို႔ ေဆာက္လုပ္ေရးဝန္ႀကီးဌာန တာဝန္ရွိသူေတြက ေျပာၾကားသြားပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
တရုတ်ရဲ့ပိုးလမ်းမစီမံကိန်းကို ကပ်ဘေးအလွန်မှာ ဆက်လက်အကောင်အထည်ဖော်မည်ဟု ဆောက်လုပ်ရေးဌာန ပြောကြား တရုတ်ရဲ့ပိုးလမ်းမစီမံကိန်းကို ကပ်ဘေးအလွန်မှာ ဆက်လက်အကောင်အထည်ဖော်မည်ဟု ဆောက်လုပ်ရေးဌာန ပြောကြား Reviewed by THITHTOOLWIN on 20:40 Rating: 5
Powered by Blogger.