ရုရှက ပြန်လာတဲ့ တပ်ချုပ်နဲ့ကိုယ်စားလှယ်အဖွဲ့မှာ ကိုဗစ်-၁၉ ပိုး မတွေ့ရှိ လို့ တပ်မတော် ပြော

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ရုရှခရီးစဉ်ဟာ ဇွန် ၂၂ မှာစတင်ပြီး ဇွန် ၂၅ မှာ ပြီးဆုံးခဲ့ပါတယ်။
(Unicode)⤵⤵⤵
ရုရှက စစ်ရေးပြအခမ်းအနားကို တက်ရောက်ခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နေပြည်တော်ကို ပြန်လည်ရောက်ရှိတဲ့နောက် ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ နေထိုင်နေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို အတည်ပြုပါတယ်။

"ကိုဗစ် ၁၉ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ နေထိုင်နေပါတယ်။ ကျွန်တော်တို့ မသွားခင်ကလည်း ဆေးစစ်ခဲ့ရတယ်။ ပြန်လာတဲ့အချိန်မှာလည်း အဖွဲ့ဝင်တွေအားလုံးကို ဆေးစစ်ပြီးဖြစ်တယ်။ သူ့ရဲ့ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းတွေအရ သူက ဆေးထပ်စစ်ရမယ့်အချိန်တို့၊ နေထိုင်ရမယ့် အချိန်တို့ရှိပြီးသားဖြစ်ပါတယ်။ အဲဒီတိုင်းပဲ ကျွန်တော်တို့ နေထိုင်လျက်ရှိပါတယ်" လို့ သူက ပြောပါတယ်။

ဆေးစစ်တဲ့အခါမှာလည်း တပ်ချုပ်နဲ့ကိုယ်စားလှယ်တစ်ဖွဲ့လုံးမှာ ကိုဗစ်-၁၉ ပိုးမတွေ့ရှိရကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ရုရှနိုင်ငံမှာ ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်က ပြုလုပ်ခဲ့တဲ့ ၇၅ နှစ်မြောက် စစ်ရေးပြအခမ်းအနားကို တက်ရောက်ခဲ့တဲ့သူတွေအထဲမှာ ဆားဘီးယား ကာကွယ်ရေးဝန်ကြီးလည်း ပါဝင်ပြီး သူ့မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိရတယ်လို့ ဆားဘီးယားအစိုးရက သတင်းထုတ်ပြန်ခဲ့တာပါ။
အိန္ဒိယကာကွယ်ရေးဝန်ကြီးနဲ့တွေ့ဆုံပြီး နှစ်နိုင်ငံအချက်ငါးချက်ကို ဆွေးနွေးခဲ့ပါတယ်။
အဲဒီဆာဘီးယားကာကွယ်ရေးဝန်ကြီးနဲ့ ထိတွေ့တာ၊ တွေ့ဆုံဆွေးနွေးတာ မရှိခဲ့သလို တပ်ချုပ်နဲ့ တွေ့ဆုံခဲ့တဲ့အစည်းအဝေးတွေကိုလည်း ထုတ်ပြန်ထားပြီးဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

"ဆားဘီးယားဝန်ကြီးနဲ့တွေ့ဆုံမှုမရှိပါဘူး။ ကျွန်တော်တို့ ထုတ်ပြန်ထားပြီးသားဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့ဆုံတာ ရုရှ ဒုတိယကာကွယ်ရေးဝန်ကြီးနဲ့ အိန္ဒိယကာကွယ်ရေးဝန်ကြီးရယ်နဲ့ပဲ တွေ့ဆုံခဲ့တာပဲ ဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။

ကိုဗစ်-၁၉ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပြန်ရောက်ရောက်ချင်း တစ်ကြိမ်စစ်ပြီးတဲ့နောက် သုံးရက်ကြာရင် နောက်တစ်ကြိမ်ထပ်စစ်တာ၊ သုံးရက်နဲ့ ငါးရက်ကြားတစ်ကြိမ် စစ်တာမျိုးတွေလည်းရှိပြီး မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနသတ်မှတ်ထားတဲ့ ၂၁ ရက်ကြာရင် ပြန်စစ်တာမျိုး ရှိတဲ့အတွက် ထပ်မံဆေးစစ်တာမျိုး ရှိကောင်းရှိနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
ခရီးစဉ်အတွင်း ရုရှနဲ့နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆွေးနွေးခဲ့ပါတယ်။
ဒါကြောင့် လက်ရှိမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ကွာရန်တင်း(သီးသန့်ခွဲခြားနေထိုင်ခြင်း) ဝင်နေလားလို့မေးတဲ့အခါမှာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ နေထိုင်နေတယ်လို့ ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာရုရှကနေ နေပြည်တော်ကို ဇွန် ၂၅ ရက် ညပိုင်းမှာ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး သူနဲ့အတူ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း) က တပ်မတော်အရာရှိကြီးတွေ ပြန်လည်လိုက်ပါလာခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရုရှကနေ မြန်မာနိုင်ငံကိုပြန်ဖို့ အခက်အခဲဖြစ်နေတဲ့ ပညာတော်သင် ၂၂ ဦးကိုလည်း တစ်ပါတည်းပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ ပါရှိပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ရုရှခရီးစဉ်အတွင်း ရုရှစစ်ဘက်အကြီးအကဲတွေနဲ့တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံမှုတိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြောင်းနဲ့ အထင်ကရနေရာတွေကို သွားရောက်လေ့လာခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အိန္ဒိယကနေ ဇွန် ၂၆ ရက်က တပ်မတော်လေယာဉ်နဲ့ ပြန်လာတဲ့ အရာရှိနဲ့ စစ်သည်တွေထဲက စစ်သည် သုံးဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိရကြောင်း တပ်မတော်က ဇွန် ၂၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

BBC Burmese
-----------------------------------
(Zawgyi)⤵⤵⤵
႐ုရွက ျပန္လာတဲ့ တပ္ခ်ဳပ္နဲ႔ကိုယ္စားလွယ္အဖြဲ႕မွာ ကိုဗစ္-၁၉ ပိုး မေတြ႕ရွိ လို႔ တပ္မေတာ္ ေျပာ

႐ုရွက စစ္ေရးျပအခမ္းအနားကို တက္ေရာက္ခဲ့တဲ့ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဟာ ေနျပည္ေတာ္ကို ျပန္လည္ေရာက္ရွိတဲ့ေနာက္ ကိုဗစ္-၁၉ စည္းမ်ဥ္း စည္းကမ္းေတြနဲ႔အညီ ေနထိုင္ေနတယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ဘီဘီစီကို အတည္ျပဳပါတယ္။

"ကိုဗစ္ ၁၉ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ ေနထိုင္ေနပါတယ္။ ကြၽန္ေတာ္တို႔ မသြားခင္ကလည္း ေဆးစစ္ခဲ့ရတယ္။ ျပန္လာတဲ့အခ်ိန္မွာလည္း အဖြဲ႕ဝင္ေတြအားလုံးကို ေဆးစစ္ၿပီးျဖစ္တယ္။ သူ႔ရဲ႕ ကိုဗစ္-၁၉ စည္းမ်ဥ္းစည္းကမ္းေတြအရ သူက ေဆးထပ္စစ္ရမယ့္အခ်ိန္တို႔၊ ေနထိုင္ရမယ့္ အခ်ိန္တို႔ရွိၿပီးသားျဖစ္ပါတယ္။ အဲဒီတိုင္းပဲ ကြၽန္ေတာ္တို႔ ေနထိုင္လ်က္ရွိပါတယ္" လို႔ သူက ေျပာပါတယ္။

ေဆးစစ္တဲ့အခါမွာလည္း တပ္ခ်ဳပ္နဲ႔ကိုယ္စားလွယ္တစ္ဖြဲ႕လုံးမွာ ကိုဗစ္-၁၉ ပိုးမေတြ႕ရွိရေၾကာင္း ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

႐ုရွႏိုင္ငံမွာ ၿပီးခဲ့တဲ့ ဇြန္ ၂၃ ရက္က ျပဳလုပ္ခဲ့တဲ့ ၇၅ ႏွစ္ေျမာက္ စစ္ေရးျပအခမ္းအနားကို တက္ေရာက္ခဲ့တဲ့သူေတြအထဲမွာ ဆားဘီးယား ကာကြယ္ေရးဝန္ႀကီးလည္း ပါဝင္ၿပီး သူ႔မွာ ကိုဗစ္-၁၉ ပိုးေတြ႕ရွိရတယ္လို႔ ဆားဘီးယားအစိုးရက သတင္းထုတ္ျပန္ခဲ့တာပါ။

အဲဒီဆာဘီးယားကာကြယ္ေရးဝန္ႀကီးနဲ႔ ထိေတြ႕တာ၊ ေတြ႕ဆုံေဆြးေႏြးတာ မရွိခဲ့သလို တပ္ခ်ဳပ္နဲ႔ ေတြ႕ဆုံခဲ့တဲ့အစည္းအေဝးေတြကိုလည္း ထုတ္ျပန္ထားၿပီးျဖစ္တယ္လို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

"ဆားဘီးယားဝန္ႀကီးနဲ႔ေတြ႕ဆုံမႈမရွိပါဘူး။ ကြၽန္ေတာ္တို႔ ထုတ္ျပန္ထားၿပီးသားျဖစ္ပါတယ္။ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ေတြ႕ဆုံတာ ႐ုရွ ဒုတိယကာကြယ္ေရးဝန္ႀကီးနဲ႔ အိႏၵိယကာကြယ္ေရးဝန္ႀကီးရယ္နဲ႔ပဲ ေတြ႕ဆုံခဲ့တာပဲ ျဖစ္ပါတယ္" လို႔ သူက ေျပာပါတယ္။

ကိုဗစ္-၁၉ စစ္ေဆးမႈနဲ႔ပတ္သက္ၿပီး ျပန္ေရာက္ေရာက္ခ်င္း တစ္ႀကိမ္စစ္ၿပီးတဲ့ေနာက္ သုံးရက္ၾကာရင္ ေနာက္တစ္ႀကိမ္ထပ္စစ္တာ၊ သုံးရက္နဲ႔ ငါးရက္ၾကားတစ္ႀကိမ္ စစ္တာမ်ိဳးေတြလည္းရွိၿပီး ျမန္မာႏိုင္ငံမွာ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနသတ္မွတ္ထားတဲ့ ၂၁ ရက္ၾကာရင္ ျပန္စစ္တာမ်ိဳး ရွိတဲ့အတြက္ ထပ္မံေဆးစစ္တာမ်ိဳး ရွိေကာင္းရွိႏိုင္တယ္လို႔ သူက ဆက္ေျပာပါတယ္။

ဒါေၾကာင့္ လက္ရွိမွာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဟာ ကြာရန္တင္း(သီးသန႔္ခြဲျခားေနထိုင္ျခင္း) ဝင္ေနလားလို႔ေမးတဲ့အခါမွာ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ကိုဗစ္-၁၉ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ ေနထိုင္ေနတယ္လို႔ ေျပာပါတယ္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဟာ႐ုရွကေန ေနျပည္ေတာ္ကို ဇြန္ ၂၅ ရက္ ညပိုင္းမွာ ျပန္လည္ေရာက္ရွိလာခဲ့တာျဖစ္ၿပီး သူနဲ႔အတူ ကာကြယ္ေရးဦးစီး ခ်ဳပ္႐ုံး(ၾကည္း) က တပ္မေတာ္အရာရွိႀကီးေတြ ျပန္လည္လိုက္ပါလာခဲ့တယ္လို႔ တပ္မေတာ္က ထုတ္ျပန္ထားပါတယ္။

ဒါ့အျပင္ ႐ုရွကေန ျမန္မာႏိုင္ငံကိုျပန္ဖို႔ အခက္အခဲျဖစ္ေနတဲ့ ပညာေတာ္သင္ ၂၂ ဦးကိုလည္း တစ္ပါတည္းျပန္လည္ေခၚေဆာင္ခဲ့တယ္လို႔ ပါရွိပါတယ္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဟာ ႐ုရွခရီးစဥ္အတြင္း ႐ုရွစစ္ဘက္အႀကီးအကဲေတြနဲ႔ေတြ႕ဆုံၿပီး ႏွစ္ႏိုင္ငံ ဆက္ဆံမႈတိုးျမႇင့္ေဆာင္႐ြက္ေရး၊ ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္ေရးဆိုင္ရာကိစၥရပ္ေတြကို ေဆြးေႏြးခဲ့ေၾကာင္းနဲ႔ အထင္ကရေနရာေတြကို သြားေရာက္ေလ့လာခဲ့တယ္လို႔ ဆိုပါတယ္။

လက္ရွိမွာ အိႏၵိယကေန ဇြန္ ၂၆ ရက္က တပ္မေတာ္ေလယာဥ္နဲ႔ ျပန္လာတဲ့ အရာရွိနဲ႔ စစ္သည္ေတြထဲက စစ္သည္ သုံးဦးမွာ ကိုဗစ္-၁၉ ပိုးေတြ႕ရွိရေၾကာင္း တပ္မေတာ္က ဇြန္ ၂၈ ရက္မွာ သတင္းထုတ္ျပန္ထားပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53204566
ရုရှက ပြန်လာတဲ့ တပ်ချုပ်နဲ့ကိုယ်စားလှယ်အဖွဲ့မှာ ကိုဗစ်-၁၉ ပိုး မတွေ့ရှိ လို့ တပ်မတော် ပြော ရုရှက ပြန်လာတဲ့ တပ်ချုပ်နဲ့ကိုယ်စားလှယ်အဖွဲ့မှာ ကိုဗစ်-၁၉ ပိုး မတွေ့ရှိ လို့ တပ်မတော် ပြော Reviewed by THITHTOOLWIN on 20:10 Rating: 5
Powered by Blogger.