ထိုင်းမှာ အလုပ်လုပ်ခွင့်လက်မှတ် ပြန်ထုတ်ပေးတော့မယ်

ထိုင်းနယ်စပ်ကို ပြန်လာနေကြတဲ့ နေရပ်ပြန်နေတဲ့မြန်မာအလုပ်သမားတချို့။ (ဓာတ်ပုံ - YCOWA)
(Unicode)⤵⤵⤵
မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေကို ဇွန်လနဲ့ ဇူလိုင်လ၂ လအတွင်းမှာ ထိုင်းနိုင်ငံတွင်း တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် ပြန်ထုတ်ပေးသွားမယ်ဆိုတဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပါမယ်။

ထိုင်းနိုင်ငံမှာ COVID-19 အရေးပေါ်ကာလမှာ မြန်မာနိုင်ငံသား အလုပ်လက်မဲ့ဖြစ်ရသူတွေ နေရပ်ပြန်နေချိန်မှာပဲ မြန်မာ၊ ကမ္ဘောဒီယားနဲ့ လာအို စတဲ့ နိုင်ငံခြားသားအလုပ်သမားတွေအတွက် နိုင်ငံတွင်း အလုပ်လုပ်ခွင့်လက်မှတ်တွေကို ဇွန်လနဲ့ ဇူလိုင်မှာ ပြန်ထုတ်ပေးသွားမယ်ဆိုပြီး ထိုင်းအာဏာပိုင်တွေက ကြေညာလိုက်တာပါ။

ထိုင်းနိုင်ငံထဲကို ပြန်ဝင်ရမယ့် သတ်မှတ်ကာလကတော့ ဇွန်လ ၁ ရက်နေ ကနေ ဇူလိုင်လ ၃၁ ရက်နေ့အထိ ဖြစ်ပြီး နှစ်နိုင်ငံသဘောတူစာချုပ် MOU စနစ်နဲ့ ပြန်လာပြီး အလုပ်လုပ်ခွင့်ပေးမှာ ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့် ရှိသူ Ms. Narumon Pinyo Sinwat က ပြောခဲ့ပါတယ်။

အလုပ်လုပ်ဖို့အတွက် ထိုင်းကို နယ်စပ်ဝင်ဖို့ လက်ရှိ စောင့်နေတဲ့ မြန်မာ ၆၅,၀၀၀ လောက်ရှိကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက VOA ကို ပြောပါတယ်။

"ကိုဗစ်အရေးပေါ်ကာလနဲ့ ကြုံကြိုက်တိုက်ဆိုင်ပြီး ထိုင်းနိုင်ငံကနေ အလုပ်လုပ်ပြီး စာရွက်စာတမ်း သက်တမ်း ကုန်ဆုံးလို့ နေရပ်ပြန်ကြရတဲ့ မြန်မာနိုင်ငံသားတွေဟာ MOU စနစ်နဲ့ တကြော့ ပြန်အလုပ်လုပ်မဲ့ သူတွေပါ။ ဒီအလုပ်သမားက ၆၅,၀၀၀ လောက်ရှိပါတယ်။ ကိုဗစ်ကာလနဲ့ ထိုင်းအကန့်အသတ် အတားအဆီးတွေကြောင့် ဝင်ခွင့်မရဖြစ်နေပါတယ်။ အဲဒီ အလုပ်သမားတွေကို ဦးစားပေးဖို့အတွက် မြန်မာနိုင်ငံဘက်က ထိုင်းအလုပ်သမားဝန်ကြီးဌာနဘက်ကို တင်ပြထားပြီးဖြစ်ပါတယ်။"

ထိုင်းနိုင်ငံကို ပြန်ဝင်ဖို့ စောင့်နေကြတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ စာရွက်စာတမ်းတွေနဲ့ စောင့်နေကြပေမဲ့ သူတို့ရဲ့ လုပ်ငန်းရှင်တွေရဲ့ အခြေအနေတွေက မရေမရာဖြစ်နေတဲ့ အခြေအနေတွေကိုလည်း ကြုံနေရပါတယ်။ ဒါကြောင့် ထိုင်းအာဏာပိုင်တွေဘက်က အခုလို တရားဝင်အလုပ်သမားလက်မှတ်တွေ ပြန်ထုတ်ပေးမယ်ဆိုပေမဲ့လည်း လုပ်ငန်းတွေဘက်က အလုပ်သမားတွေ ခေါ်ယူဖို့ ဘယ်လောက်အထိ အဆင်သင့်ဖြစ်နေပြီလဲဆိုတာတော့ မကျိန်းသေလှပါဘူး။

အလုပ်သမားတွေအနေနဲ့ ဒီအခြေအနေကို သေချာနားလည်အေင် ပြင်ဆင်ထားသင့်တယ်လို့ ဦးမိုးကြိုးက သတိပေးပါတယ်။

"မေလ ၂၃ ရက်နေ့က ဇွန်လ ၃ ရက်နေ့အထိ လူပေါင်း ၁၅,၀၀၀ လောက်နေရပ်ပြန်ခဲ့ကြပြီဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ရှိနေပြီးသားအလုပ်တွေ နိုင်ငံခြာသားတွေ အထူးသဖြင့် တရုတ် လုပ်ငန်းရှင်တွေက ဒေဝါလီခံပြီးတော့ အခုလိုအလုပ်လက်မဲ့ဖြစ်သွားတဲ့ ရွှေ့ပြောင်းအလုပ်သမားက ၁၅၀,၀၀၀ ဖြစ်သွားတယ်။"

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃,၀၀၀,၀၀၀ ထက်မနည်း အလုပ်လုပ်ကိုင်နေကြတာဖြစ်ပြီး နေရပ်ပြန်ဖို့ စာရင်းပေးထားသူ လူဦးရေသောင်းဂဏန်းရှိပါတယ်။ မြန်မာအလုပ်သမားအလုပ်လက်မဲ့ ဦးရေကတော့ သိန်းဂဏန်း ရှိနေပါတယ်။ COVID-19 ကပ်ရောဂါဖြစ်ပြီး ထိုင်းစီးပွားရေးက ဦးမော့လာနိုင်ဖို့ အတော့်ကို ကြိုးစားရအုန်းမယ့် အခြေအနေမှာ လုပ်သားလျှော့ချတာ စက်ရုံပိတ်ပစ်တာတွေကြောင့် အလုပ်လက်မဲ့ဦးရေတွေ တိုးလာနေတာပါ။

မအေးအေးမာ  / ဗွီအိုအေ (မြန်မာပိုင်း)
------------------------------------------------
(Zawgyi)⤵⤵⤵
ထိုင္းမွာ အလုပ္လုပ္ခြင့္လက္မွတ္ ျပန္ထုတ္ေပးေတာ့မယ္

ျမန္မာအပါအဝင္ ႏိုင္ငံျခားသား အလုပ္သမားေတြကို ဇြန္လနဲ႔ ဇူလိုင္လ၂ လအတြင္းမွာ ထိုင္းႏိုင္ငံတြင္း တရားဝင္ အလုပ္လုပ္ခြင့္လက္မွတ္ ျပန္ထုတ္ေပးသြားမယ္ဆိုတဲ့ သတင္းကို ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ေျပာျပပါမယ္။

ထိုင္းႏိုင္ငံမွာ COVID-19 အေရးေပၚကာလမွာ ျမန္မာႏိုင္ငံသား အလုပ္လက္မဲ့ျဖစ္ရသူေတြ ေနရပ္ျပန္ေနခ်ိန္မွာပဲ ျမန္မာ၊ ကေမာၻဒီယားနဲ႔ လာအို စတဲ့ ႏိုင္ငံျခားသားအလုပ္သမားေတြအတြက္ ႏိုင္ငံတြင္း အလုပ္လုပ္ခြင့္လက္မွတ္ေတြကို ဇြန္လနဲ႔ ဇူလိုင္မွာ ျပန္ထုတ္ေပးသြားမယ္ဆိုၿပီး ထိုင္းအာဏာပိုင္ေတြက ေၾကညာလိုက္တာပါ။

ထိုင္းႏိုင္ငံထဲကို ျပန္ဝင္ရမယ့္ သတ္မွတ္ကာလကေတာ့ ဇြန္လ ၁ ရက္ေန ကေန ဇူလိုင္လ ၃၁ ရက္ေန႔အထိ ျဖစ္ၿပီး ႏွစ္ႏိုင္ငံသေဘာတူစာခ်ဳပ္ MOU စနစ္နဲ႔ ျပန္လာၿပီး အလုပ္လုပ္ခြင့္ေပးမွာ ျဖစ္ေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္႐ုံး ေျပာေရးဆိုခြင့္ ရွိသူ Ms. Narumon Pinyo Sinwat က ေျပာခဲ့ပါတယ္။

အလုပ္လုပ္ဖို႔အတြက္ ထိုင္းကို နယ္စပ္ဝင္ဖို႔ လက္ရွိ ေစာင့္ေနတဲ့ ျမန္မာ ၆၅,၀၀၀ ေလာက္ရွိေၾကာင္း ျမန္မာျပည္သားမ်ားအေရး ပူးတြဲလႈပ္ရွားမႈ ေကာ္မတီရဲ႕ ဥကၠ႒ ဦးမိုးႀကိဳးက VOA ကို ေျပာပါတယ္။

"ကိုဗစ္အေရးေပၚကာလနဲ႔ ႀကဳံႀကိဳက္တိုက္ဆိုင္ၿပီး ထိုင္းႏိုင္ငံကေန အလုပ္လုပ္ၿပီး စာ႐ြက္စာတမ္း သက္တမ္း ကုန္ဆုံးလို႔ ေနရပ္ျပန္ၾကရတဲ့ ျမန္မာႏိုင္ငံသားေတြဟာ MOU စနစ္နဲ႔ တေၾကာ့ ျပန္အလုပ္လုပ္မဲ့ သူေတြပါ။ ဒီအလုပ္သမားက ၆၅,၀၀၀ ေလာက္ရွိပါတယ္။ ကိုဗစ္ကာလနဲ႔ ထိုင္းအကန႔္အသတ္ အတားအဆီးေတြေၾကာင့္ ဝင္ခြင့္မရျဖစ္ေနပါတယ္။ အဲဒီ အလုပ္သမားေတြကို ဦးစားေပးဖို႔အတြက္ ျမန္မာႏိုင္ငံဘက္က ထိုင္းအလုပ္သမားဝန္ႀကီးဌာနဘက္ကို တင္ျပထားၿပီးျဖစ္ပါတယ္။"

ထိုင္းႏိုင္ငံကို ျပန္ဝင္ဖို႔ ေစာင့္ေနၾကတဲ့ ျမန္မာအလုပ္သမားေတြအေနနဲ႔ စာ႐ြက္စာတမ္းေတြနဲ႔ ေစာင့္ေနၾကေပမဲ့ သူတို႔ရဲ႕ လုပ္ငန္းရွင္ေတြရဲ႕ အေျခအေနေတြက မေရမရာျဖစ္ေနတဲ့ အေျခအေနေတြကိုလည္း ႀကဳံေနရပါတယ္။ ဒါေၾကာင့္ ထိုင္းအာဏာပိုင္ေတြဘက္က အခုလို တရားဝင္အလုပ္သမားလက္မွတ္ေတြ ျပန္ထုတ္ေပးမယ္ဆိုေပမဲ့လည္း လုပ္ငန္းေတြဘက္က အလုပ္သမားေတြ ေခၚယူဖို႔ ဘယ္ေလာက္အထိ အဆင္သင့္ျဖစ္ေနၿပီလဲဆိုတာေတာ့ မက်ိန္းေသလွပါဘူး။

အလုပ္သမားေတြအေနနဲ႔ ဒီအေျခအေနကို ေသခ်ာနားလည္ေအင္ ျပင္ဆင္ထားသင့္တယ္လို႔ ဦးမိုးႀကိဳးက သတိေပးပါတယ္။

"ေမလ ၂၃ ရက္ေန႔က ဇြန္လ ၃ ရက္ေန႔အထိ လူေပါင္း ၁၅,၀၀၀ ေလာက္ေနရပ္ျပန္ခဲ့ၾကၿပီျဖစ္ပါတယ္။ ထိုင္းႏိုင္ငံမွာ ရွိေနၿပီးသားအလုပ္ေတြ ႏိုင္ငံျခာသားေတြ အထူးသျဖင့္ တ႐ုတ္ လုပ္ငန္းရွင္ေတြက ေဒဝါလီခံၿပီးေတာ့ အခုလိုအလုပ္လက္မဲ့ျဖစ္သြားတဲ့ ေ႐ႊ႕ေျပာင္းအလုပ္သမားက ၁၅၀,၀၀၀ ျဖစ္သြားတယ္။"

ထိုင္းႏိုင္ငံမွာ ျမန္မာအလုပ္သမား ၃,၀၀၀,၀၀၀ ထက္မနည္း အလုပ္လုပ္ကိုင္ေနၾကတာျဖစ္ၿပီး ေနရပ္ျပန္ဖို႔ စာရင္းေပးထားသူ လူဦးေရေသာင္းဂဏန္းရွိပါတယ္။ ျမန္မာအလုပ္သမားအလုပ္လက္မဲ့ ဦးေရကေတာ့ သိန္းဂဏန္း ရွိေနပါတယ္။ COVID-19 ကပ္ေရာဂါျဖစ္ၿပီး ထိုင္းစီးပြားေရးက ဦးေမာ့လာႏိုင္ဖို႔ အေတာ့္ကို ႀကိဳးစားရအုန္းမယ့္ အေျခအေနမွာ လုပ္သားေလွ်ာ့ခ်တာ စက္႐ုံပိတ္ပစ္တာေတြေၾကာင့္ အလုပ္လက္မဲ့ဦးေရေတြ တိုးလာေနတာပါ။

မေအးေအးမာ  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/thai-mm-migrant-mou/5447326.html
ထိုင်းမှာ အလုပ်လုပ်ခွင့်လက်မှတ် ပြန်ထုတ်ပေးတော့မယ် ထိုင်းမှာ အလုပ်လုပ်ခွင့်လက်မှတ် ပြန်ထုတ်ပေးတော့မယ် Reviewed by THITHTOOLWIN on 20:46 Rating: 5
Powered by Blogger.