ရဲမေတစ်ဦးကို လိင်ပိုင်းအမြတ်ထုတ်မှု ရဲရာထူးခန့်ချုပ် ရဲမှူးချုပ်ဇော်မိုးသန်းကို စုံစမ်းစစ်ဆေးနေပြီ


(Unicode)⤵⤵⤵
ရာထူးတိုးပေးမယ်ဆိုပြီး အမျိုးသမီး ရဲတပ်ဖွဲ့ဝင်တစ်ဦးပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့တယ်လို့  တိုင်ကြားခံထားရတဲ့ ရဲရာထူးခန့်ချုပ် ရဲမှူးချုပ် ဇော်မိုးသန်းကို စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီနေ့ နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ အပြီးမှာ ပြောလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနရဲ့ တစ်နှစ်တာ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ အပြီးမှာ သတင်းထောက်တွေက မေးမြန်းတဲ့အပေါ် အခုလို ပြောခဲ့တာပါ။

ဒီကိစ္စကို ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် နိုင်ငံတော် အကြီးအကဲတွေဆီကို တင်ပြထားပြီလို့ ဦးဇော်ဌေးက ပြောပါတယ်။ လက်ရှိမှာ အမှုကို စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး စုံစမ်းစစ်ဆေးပြီးတာနဲ့ တွေ့ရှိချက်တွေအပေါ် မူတည်ပြီး သက်သေခံအကျဉ်းချုပ်နဲ့ ရဲတရားရုံးကို ပို့ပြီးဆောင်ရွက်မယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလထဲမှာ  ပြည်ထဲရေးဝန်ကြီးအသစ်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် လက်ထက်မှာ ထိပ်တန်း ရဲအရာရှိတွေကို အရေးယူတာတွေ ရှိလာတာပါ။ အခု စုံစမ်းစစ်ဆေးခံရတဲ့ ရဲမှူးချုပ်အပြင် ကျန်တဲ့ ရဲမှူးချုပ်နှစ်ဦးကိုလည်း ဒီလထဲမှာပဲ ထောင်တစ်နှစ်ချတာ ရာထူးကနေ ထုတ်ပယ်တာတွေ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

RFA Burmese
---------------------------------------
(Zawgyi)⤵⤵⤵
ရဲေမတစ္ဦးကို လိင္ပိုင္းအျမတ္ထုတ္မႈ ရဲရာထူးခန႔္ခ်ဳပ္ ရဲမႉးခ်ဳပ္ေဇာ္မိုးသန္းကို စုံစမ္းစစ္ေဆးေနၿပီ

ရာထူးတိုးေပးမယ္ဆိုၿပီး အမ်ိဳးသမီး ရဲတပ္ဖြဲ႕ဝင္တစ္ဦးေပၚ လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္ခဲ့တယ္လို႔  တိုင္ၾကားခံထားရတဲ့ ရဲရာထူးခန႔္ခ်ဳပ္ ရဲမႉးခ်ဳပ္ ေဇာ္မိုးသန္းကို စုံစမ္းစစ္ေဆးမႈေတြ စတင္ေနၿပီလို႔ သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ဒီေန႔ ေနျပည္ေတာ္မွာက်င္းပတဲ့ သတင္းစာရွင္းလင္းပြဲ အၿပီးမွာ ေျပာလိုက္ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး ဝန္ႀကီးဌာနရဲ႕ တစ္ႏွစ္တာ ေဆာင္႐ြက္ခ်က္ေတြနဲ႔ ပတ္သက္တဲ့ သတင္းစာရွင္းလင္းပြဲ အၿပီးမွာ သတင္းေထာက္ေတြက ေမးျမန္းတဲ့အေပၚ အခုလို ေျပာခဲ့တာပါ။

ဒီကိစၥကို ျပည္ထဲေရးဝန္ႀကီးကိုယ္တိုင္ ႏိုင္ငံေတာ္ အႀကီးအကဲေတြဆီကို တင္ျပထားၿပီလို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။ လက္ရွိမွာ အမႈကို စုံစမ္းစစ္ေဆးဆဲျဖစ္ၿပီး စုံစမ္းစစ္ေဆးၿပီးတာနဲ႔ ေတြ႕ရွိခ်က္ေတြအေပၚ မူတည္ၿပီး သက္ေသခံအက်ဥ္းခ်ဳပ္နဲ႔ ရဲတရား႐ုံးကို ပို႔ၿပီးေဆာင္႐ြက္မယ္လို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။

၂၀၂၀ ျပည့္ႏွစ္ ေဖေဖာ္ဝါရီလထဲမွာ  ျပည္ထဲေရးဝန္ႀကီးအသစ္အျဖစ္ ခန႔္အပ္ခံခဲ့ရတဲ့ ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္ လက္ထက္မွာ ထိပ္တန္း ရဲအရာရွိေတြကို အေရးယူတာေတြ ရွိလာတာပါ။ အခု စုံစမ္းစစ္ေဆးခံရတဲ့ ရဲမႉးခ်ဳပ္အျပင္ က်န္တဲ့ ရဲမႉးခ်ဳပ္ႏွစ္ဦးကိုလည္း ဒီလထဲမွာပဲ ေထာင္တစ္ႏွစ္ခ်တာ ရာထူးကေန ထုတ္ပယ္တာေတြ ေဆာင္႐ြက္ခဲ့တာ ျဖစ္ပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
ရဲမေတစ်ဦးကို လိင်ပိုင်းအမြတ်ထုတ်မှု ရဲရာထူးခန့်ချုပ် ရဲမှူးချုပ်ဇော်မိုးသန်းကို စုံစမ်းစစ်ဆေးနေပြီ ရဲမေတစ်ဦးကို လိင်ပိုင်းအမြတ်ထုတ်မှု ရဲရာထူးခန့်ချုပ် ရဲမှူးချုပ်ဇော်မိုးသန်းကို စုံစမ်းစစ်ဆေးနေပြီ Reviewed by THITHTOOLWIN on 20:58 Rating: 5
Powered by Blogger.