လန်ဒန်မြို့တော် ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရ

သေဆုံးမှုအတွက် လန်ဒန်မြို့မှာ ဆန္ဒပြနေသူများ။ (ဇွန် ၆၊ ၂၀၂၀)
(Unicode)⤵⤵⤵
ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ စနေနေ့က ပြုလုပ်ခဲ့တဲ့ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ဝင် ၁၄ ယောက် ဒဏ်ရာရသွားတဲ့အပေါ် အံ့သြတုန်လှုပ်မိပြီး ဒါဟာ လုံးဝလက်ခံနိုင်စရာ မကောင်းတဲ့ တိုက်ခိုက်မှု ဖြစ်တယ်လို့ လန်ဒန်ရဲတပ်ဖွဲ့ အကြီးအကဲ Cressida Dick က ဒီနေ့ ပြောလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု Minneapolis မြို့မှာ လူမည်းအမျိုးသား George Floyd သေဆုံးမှုနဲ့ ပတ်သက်ပြီး ရဲတွေရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေအပေါ်မှာ ကန့်ကွက်တဲ့အနေနဲ့ လူတွေထောင်နဲ့ချီပြီး လန်ဒန်မြို့မှာ မနေ့က စုဝေး ဆန္ဒပြခဲ့ကြတာပါ။

မနေ့က ဆန္ဒပြပွဲမှာ အများအားဖြင့် အေးအေးဆေးဆေး ရှိခဲ့ပေမယ့် ဆန္ဒပြတဲ့သူ အနည်းငယ်ကတော့ ရဲတပ်ဖွဲ့နဲ့ ခေတ္တ ထိပ်တိုက်တွေ့တာတွေ ရှိခဲ့ပါတယ်။

“မနေ့ညနေပိုင်းက လန်ဒန်မြို့အလယ်ပိုင်းမှာ ဆန္ဒပြတဲ့သူ အနည်းစုဟာ ရဲတပ်ဖွဲ့ဝင်တွေကို အကြမ်းဖက်တိုက်ခိုက်တာတွေ လုပ်ခဲ့တဲ့အတွက် အလွန်ပဲ ဝမ်းနည်း စိတ်မကောင်း ဖြစ်မိကြောင်း၊ အဲဒီဖြစ်ရပ်ကြောင့် ရဲတပ်ဖွဲ့ဝင် ၁၄ ယောက် ဒဏ်ရာရခဲ့ပြီး ဒီအတွက် အံ့သြတုန်လှုပ်မိပြီး လုံးဝကို လက်ခံနိုင်စရာ မကောင်းဘူး” လို့ လန်ဒန်ရဲတပ်ဖွဲ့ အကြီးအကဲက ကြေညာချက်မှာ ပြောထားပါတယ်။

ဒီသီတင်းပတ် အစောပိုင်းတုန်းက ဆန္ဒပြပွဲတွေအတွင်း ရဲတပ်ဖွဲ့ဝင် ၁၃ ယောက် ဒဏ်ရာရသွားပြီး ဖမ်းဆီးမှုတချို့လည်း လုပ်ခဲ့တယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က ပြောပါတယ်။ မနေ့ကတော့ ရဲတပ်ဖွဲ့ဝင်တယောက်ဟာ မြင်းပေါ်က ပြုတ်ကျခဲ့တာကြောင့် ဆေးရုံတင်ထားရကြောင်း၊ ဒါပေမယ့် အသက်အန္တရာယ်တော့ မရှိဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

လန်ဒန်မှာ ဒီနေ့လည်း ဆန္ဒပြပွဲတွေလုပ်ဖို့ စီစဉ်ထားပြီး ဗိုင်းရပ်စ်ကူးစက်မှု ပြဿနာ ရှိနေတာကြောင့် ဆန္ဒပြတဲ့သူတွေအနေနဲ့ သူတို့ရဲ့ သဘောထား အသံတွေကို ကြားနိုင်ဖို့အတွက် ဒီနည်းလမ်းကို မသုံးဘဲ တခြားနည်းလမ်းတခုခုကို ပြောင်းသုံးကြဖို့ လန်ဒန်ရဲတပ်ဖွဲ့ အကြီးအကဲက ပြောလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
-----------------------------
(Zawgyi)⤵⤵⤵
လန္ဒန္ၿမိဳ႕ေတာ္ ဆႏၵျပပြဲအတြင္း ရဲတပ္ဖြဲ႕ဝင္တခ်ိဳ႕ ထိခိုက္ဒဏ္ရာရ

ၿဗိတိန္ႏိုင္ငံ လန္ဒန္ၿမိဳ႕မွာ စေနေန႔က ျပဳလုပ္ခဲ့တဲ့ လူမ်ိဳးေရးခြဲျခားမႈကို ဆန႔္က်င္တဲ့ ဆႏၵျပပြဲအတြင္း ရဲတပ္ဖြဲ႕ဝင္ ၁၄ ေယာက္ ဒဏ္ရာရသြားတဲ့အေပၚ အံ့ၾသတုန္လႈပ္မိၿပီး ဒါဟာ လုံးဝလက္ခံႏိုင္စရာ မေကာင္းတဲ့ တိုက္ခိုက္မႈ ျဖစ္တယ္လို႔ လန္ဒန္ရဲတပ္ဖြဲ႕ အႀကီးအကဲ Cressida Dick က ဒီေန႔ ေျပာလိုက္ပါတယ္။

အေမရိကန္ျပည္ေထာင္စု Minneapolis ၿမိဳ႕မွာ လူမည္းအမ်ိဳးသား George Floyd ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး ရဲေတြရဲ႕ ရက္စက္တဲ့ လုပ္ရပ္ေတြအေပၚမွာ ကန႔္ကြက္တဲ့အေနနဲ႔ လူေတြေထာင္နဲ႔ခ်ီၿပီး လန္ဒန္ၿမိဳ႕မွာ မေန႔က စုေဝး ဆႏၵျပခဲ့ၾကတာပါ။

မေန႔က ဆႏၵျပပြဲမွာ အမ်ားအားျဖင့္ ေအးေအးေဆးေဆး ရွိခဲ့ေပမယ့္ ဆႏၵျပတဲ့သူ အနည္းငယ္ကေတာ့ ရဲတပ္ဖြဲ႕နဲ႔ ေခတၱ ထိပ္တိုက္ေတြ႕တာေတြ ရွိခဲ့ပါတယ္။

“မေန႔ညေနပိုင္းက လန္ဒန္ၿမိဳ႕အလယ္ပိုင္းမွာ ဆႏၵျပတဲ့သူ အနည္းစုဟာ ရဲတပ္ဖြဲ႕ဝင္ေတြကို အၾကမ္းဖက္တိုက္ခိုက္တာေတြ လုပ္ခဲ့တဲ့အတြက္ အလြန္ပဲ ဝမ္းနည္း စိတ္မေကာင္း ျဖစ္မိေၾကာင္း၊ အဲဒီျဖစ္ရပ္ေၾကာင့္ ရဲတပ္ဖြဲ႕ဝင္ ၁၄ ေယာက္ ဒဏ္ရာရခဲ့ၿပီး ဒီအတြက္ အံ့ၾသတုန္လႈပ္မိၿပီး လုံးဝကို လက္ခံႏိုင္စရာ မေကာင္းဘူး” လို႔ လန္ဒန္ရဲတပ္ဖြဲ႕ အႀကီးအကဲက ေၾကညာခ်က္မွာ ေျပာထားပါတယ္။

ဒီသီတင္းပတ္ အေစာပိုင္းတုန္းက ဆႏၵျပပြဲေတြအတြင္း ရဲတပ္ဖြဲ႕ဝင္ ၁၃ ေယာက္ ဒဏ္ရာရသြားၿပီး ဖမ္းဆီးမႈတခ်ိဳ႕လည္း လုပ္ခဲ့တယ္လို႔ ၿဗိတိန္ရဲတပ္ဖြဲ႕က ေျပာပါတယ္။ မေန႔ကေတာ့ ရဲတပ္ဖြဲ႕ဝင္တေယာက္ဟာ ျမင္းေပၚက ျပဳတ္က်ခဲ့တာေၾကာင့္ ေဆး႐ုံတင္ထားရေၾကာင္း၊ ဒါေပမယ့္ အသက္အႏၲရာယ္ေတာ့ မရွိဘူးလို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။

လန္ဒန္မွာ ဒီေန႔လည္း ဆႏၵျပပြဲေတြလုပ္ဖို႔ စီစဥ္ထားၿပီး ဗိုင္းရပ္စ္ကူးစက္မႈ ျပႆနာ ရွိေနတာေၾကာင့္ ဆႏၵျပတဲ့သူေတြအေနနဲ႔ သူတို႔ရဲ႕ သေဘာထား အသံေတြကို ၾကားႏိုင္ဖို႔အတြက္ ဒီနည္းလမ္းကို မသုံးဘဲ တျခားနည္းလမ္းတခုခုကို ေျပာင္းသုံးၾကဖို႔ လန္ဒန္ရဲတပ္ဖြဲ႕ အႀကီးအကဲက ေျပာလိုက္ပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/london-protest/5452725.html
လန်ဒန်မြို့တော် ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရ လန်ဒန်မြို့တော် ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရ Reviewed by THITHTOOLWIN on 21:53 Rating: 5
Powered by Blogger.