တောင်ကုတ်မှာ မိုင်းပေါက်ပြီး လေးဦးသေဆုံး


(Unicode)⤵⤵⤵
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ကင်းတောင်ကျေးရွာအုပ်စု တရဘ ကျေးရွာနားမှာ မနေ့ညက မိုင်းပေါက်ကွဲတာကြောင့် လူလေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရဘရွာနဲ့ ပေါက်ပြင်ရွာသွားတဲ့လမ်းမှာ မနေ့ည ၁၂ နာရီလောက်က မိုင်းပေါက်ကွဲခဲ့တာကြောင့် လူလေးဦးသေဆုံးခဲ့ပြီး  သူတို့က ဒေသခံတွေမဟုတ်ဘူးလို့ တရဘရွာသား ကိုဘိုးလှက ပြောပါတယ်။

သေဆုံးသူတွေနားမှာ ဖုန်း၊ ဂွ၊ စတာတွေတွေ့ရပြီး သူတို့အလောင်းတွေကို ရဲတပ်ဖွဲ့က စစ်ဆေးနေတယ်လို့လည်း ကိုဘိုးလှက ပြောပါတယ်။

တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ မိုင်းပေါက်တဲ့သတင်းကို ဒေသခံတွေက ဆက်သွယ်အကြောင်းကြားတာကြောင့် သိရပြီး ဘာကြောင့်ပေါက်ကွဲလည်းဆိုတာ သူအနေနဲ့မသိဘူးလို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဦးမောင်ရွှေကို ဆက်သွယ်မေးမြန်းရာမှာတော့ မသိသေးဘူးလို့ ပြောပါတယ်။

တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

RFA Burmese
---------------------------------
(Zawgyi)⤵⤵⤵
ေတာင္ကုတ္မွာ မိုင္းေပါက္ၿပီး ေလးဦးေသဆုံး

ရခိုင္ျပည္နယ္ ေတာင္ကုတ္ၿမိဳ႕နယ္ ကင္းေတာင္ေက်း႐ြာအုပ္စု တရဘ ေက်း႐ြာနားမွာ မေန႔ညက မိုင္းေပါက္ကြဲတာေၾကာင့္ လူေလးဦး ေသဆုံးခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

တရဘ႐ြာနဲ႔ ေပါက္ျပင္႐ြာသြားတဲ့လမ္းမွာ မေန႔ည ၁၂ နာရီေလာက္က မိုင္းေပါက္ကြဲခဲ့တာေၾကာင့္ လူေလးဦးေသဆုံးခဲ့ၿပီး  သူတို႔က ေဒသခံေတြမဟုတ္ဘူးလို႔ တရဘ႐ြာသား ကိုဘိုးလွက ေျပာပါတယ္။

ေသဆုံးသူေတြနားမွာ ဖုန္း၊ ဂြ၊ စတာေတြေတြ႕ရၿပီး သူတို႔အေလာင္းေတြကို ရဲတပ္ဖြဲ႕က စစ္ေဆးေနတယ္လို႔လည္း ကိုဘိုးလွက ေျပာပါတယ္။

ေတာင္ကုတ္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးမင္းေအာင္ကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ မိုင္းေပါက္တဲ့သတင္းကို ေဒသခံေတြက ဆက္သြယ္အေၾကာင္းၾကားတာေၾကာင့္ သိရၿပီး ဘာေၾကာင့္ေပါက္ကြဲလည္းဆိုတာ သူအေနနဲ႔မသိဘူးလို႔ ေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး သံတြဲခ႐ိုင္ ရဲတပ္ဖြဲ႕မႉး ဦးေမာင္ေ႐ႊကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ မသိေသးဘူးလို႔ ေျပာပါတယ္။

ေတာင္ကုတ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕နဲ႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးေတြကို ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားေနေပမယ့္ ဆက္သြယ္လို႔မရေသးပါဘူး။

RFA Burmese
https://www.facebook.com/rfaburmese
တောင်ကုတ်မှာ မိုင်းပေါက်ပြီး လေးဦးသေဆုံး တောင်ကုတ်မှာ မိုင်းပေါက်ပြီး လေးဦးသေဆုံး Reviewed by THITHTOOLWIN on 20:47 Rating: 5
Powered by Blogger.