ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး ပိုမိုဆောင်ရွက်ဖို့ တိုက်တွန်း

(Unicode)⤵⤵⤵
ပြည်ထဲရေးဝန်ကြီးသစ် လက်ထက်မှာ ရဲမှူးချုပ် နှစ်ဦးကို အရေးယူထားပြီး အခြား ရဲမှူးချုပ်တစ်ဦးကို စစ်ဆေးနေတယ်လို့ သမ္မတရုံးက ပြောပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကမှ စတင်တာဝန်ထမ်းဆောင်တဲ့ ပြည်ထဲရေး ဝန်ကြီးသစ် လက်ထက်မှာ ရာထူးမြင့်တဲ့ အရာရှိကြီးတစ်ဦးကို ထောင်ဒဏ်အပြစ်ပေး အရေးယူမှု ပထမဆုံးဖြစ်ပါတယ်။ ဒီလိုအရေးယူမှုတွေ လုပ်နေပေမယ့် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးကို ဒီထက်ပိုပြီး လုပ်သင့်ကြောင်း ဝေဖန်ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

မကြာသေးခင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲမှူးချုပ် အဆင့်ရှိတဲ့ ရထား ရဲတပ်ဖွဲ့မှူးတစ်ဦးနဲ့ ရဲမှူးချုပ် တစ်ဦးတို့ကို ထောင်ဒဏ်ချမှတ်တာ၊ ရဲတပ်ဖွဲ့က ထုတ်ပယ်တာတွေ လုပ်ခဲ့တယ်လို့ သမ္မတအိမ်တော်မှာ ဇွန်လ ၁၉ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောခဲ့ပါတယ်။

“အခု ပြည်ထောင်စုဝန်ကြီးသစ် ရောက်ရှိလာပြီး အရေးယူတဲ့ အပိုင်းမှာ ရထား ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တစ်ယောက် ထုတ်ပစ် ပြီးတော့ ထောင်တစ်နှစ် ကျခံရတယ်။ အဲဒါကို ကာယကံရှင်က အသနားခံစာ တင်ပြတော့ သက်ဆိုင်တဲ့ ပြည်ထဲရေးဝန်ကြီးက ခြောက်လလျှော့ပေးလိုက်တော့ မူလ တစ်နှစ်ကနေပြီးတော့ ခြောက်လဖြစ်သွားတယ်။ နောက်တစ်ယောက်ကတော့ ရဲထောက်ချုပ် ရဲမှူးချုပ်တစ်ဦး သူကတော့ ထုတ်ပစ်တဲ့ ပြစ်ဒဏ်ချထားတယ်။“

ဘယ်ကိစ္စကြောင့် အရေးယူလိုက်တယ်ဆိုတာကိုတော့ သမ္မတရုံးက ပြောဆိုခြင်းမရှိပါဘူး။

ရဲတပ်ဖွဲ့မှာ အထက် အကြီးအကဲတွေကိုယ်တိုင် အဂတိ မကင်းတာတွေ ရှိတာကြောင့် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ဒီလိုအရေးယူမှုကို ဆက်တိုက်ဆောင်ရွက် သွားဖို့ လိုတယ်လို့ ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်က ပြောပါတယ်။

“ကျနော့်အတွေ့အကြုံအရ အဂတိမကင်းလို့ အရေးယူတယ်လို့ ယူဆရတယ်။ အဂတိမကင်းလို့ အရေးယူတယ် ဆိုရင် ဒီအရေးယူမှုကို ကြိုဆိုရမယ်လို့ မြင်ပါတယ်။ ရဲတပ်ဖွဲ့မှာ အထက် အကြီးအကဲတွေကိုယ်တိုင် အဂတိတရား မကင်းဘူး။ ဒါကို ပြုပြင်ပြောင်းလဲနိုင်ဖို့ လိုတယ်။ တစ်ဦးတစ်ယောက်တည်းကို အရေးယူတာမျိုး နဲ့ ပြီးမသွားဘဲနဲ့ အထက်အကြီးပိုင်းတွေမှာ အဂတိ မကင်းတာတွေကို ဆက်တိုက် အရေးယူနိုင်မယ်ဆိုရင်တော့ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအတွက် အရမ်းကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုဖြစ်မယ်လို့ မြင်ပါတယ်။ ဒါကိုဆက်ပြီးတော့ ဆက်တိုက်လုပ်သွားဖို့ လိုတယ်။“

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသ နယ်ခြားစောင့် ရဲစခန်းတွေ ပထမဆုံး တိုက်ခိုက်ခံရမှုမှာ တာဝန်ရှိတဲ့ ရဲမှူးချုပ် တစ်ဦးကို ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်ခဲ့တာရှိပါတယ်။ အဲဒီ နောက်ပိုင်း အဆင့်မြင့် ရဲအရာရှိတွေကို အရေးယူမှုက မရှိသလောက်ဖြစ်ပြီး အခုအရေးယူမှုက အကြီးဆုံး ပြစ်ဒဏ် ချမှတ်မှု တစ်ခု ဖြစ်တာကြောင့် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး ကောင်းမွန်လာနိုင်တယ်လို့ မျှော်လင့်နေသူကတော့ ရဲဝန်ထမ်းဟောင်း ကိုမြတ်သူဟိန်းပါ။

“ဝန်ကြီးသစ်ကလည်း တပ်ဖွဲ့ထဲမှာ ဖြစ်နေတဲ့ ကိစ္စတွေ ပြဿနာတွေအပေါ်မှာ အာရုံစိုက်ပြီး ဒီလိုအပြစ် ပေးတာက ကောင်းပါတယ်။ မကောင်းတဲ့သူတွေကို ဒီလိုဖယ်ထုတ်တယ်ဆိုရင် ကောင်းတဲ့သူတွေပဲ ကျန်ခဲ့မှာ။ အဲတော့ ပြုပြင်ပြောင်းလဲရေးအတွက် အများကြီး ဝမ်းသာစရာ ကောင်းပါတယ်။ ကျနော်တို့ ရဲတပ်ဖွဲ့မှာ ရာထူးပေးတာတို့ ပြောင်းရွှေ့မိန့်ထုတ်တာတို့ အဲဒီအပေါ်မှာ ကိုယ်နဲ့အဆင်ပြေတဲ့သူတွေကို ဦးစားပေးပြီး ရာထူးပေးတာတွေ အများကြီးရှိတယ်။ ဒါကတော့ အဂတိမကင်းဘဲ ဒီလိုမျိုးတွေ လုပ်နေတာက ကျနော်တို့ တပ်ဖွဲ့မှာ ကြာပြီ။"

ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့ကလည်း မကွေးမြို့က ထမင်းဆိုင်တစ်ခုမှာ ရန်ဖြစ်နေသူတွေကို အရပ်ဝတ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ထိန်းသိမ်းရာမှာ သေနတ်ကိုင်ဆောင်ခဲ့တဲ့ အထိဖြစ်ခဲ့တဲ့အပြင် ရိုက်နှက်တာတွေလည်း ရှိပါတယ်။ အဲဒီလို ဆောင်ရွက်ရာမှာပါဝင်ခဲ့တဲ့ ရဲအရာရှိတစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် ခုနှစ်ဦးကို ရဲစည်းကမ်း ဥပဒေနဲ့ အရေးယူဖို့ စီစဉ်နေကြောင်း မကွေးမြို့နယ် ရဲတပ်ဖွဲ့က သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

ပြည်ထဲရေး ဝန်ကြီးသစ်လက်ထက် ရာထူးမြင့်တဲ့ အရာရှိကြီးတွေကို ထောင်ဒဏ်အပြစ်ပေး အရေးယူမှုတွေ လုပ်နေပေမယ့် လူအများ စိတ်ဝင်စားခဲ့တဲ့ ဗစ်တိုးရီးယားအမှုမှာ နစ်နာခဲ့တဲ့ မိသားစုရဲ့ အချက်အလက်တွေကို ထုတ်ဖော်ခဲ့တဲ့ ရဲအရာရှိကြီး သုံးယောက်ကို ရာထူးတိုးမြှင့်မှု ရပ်ဆိုင်းတဲ့ ပြစ်ဒဏ်လောက်သာချပြီး အရေးယူ ထားတဲ့အပေါ်မှာတော့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဗစ်တိုးရီးယားအမှုမှာ ရဲလုပ်ထုံးလုပ်နည်းတွေ မပြည့်စုံခဲ့လို့ အမှုမှန်မပေါ်ခဲ့တာလို့ ဗစ်တိုးရီးယားအမှုကို ကူညီဆောင်ရွက်ပေးနေတဲ့ သက္ကမိုးညို Facebook အကောင့်ပိုင်ရှင် ဒေါက်တာ ဝင်းကိုကိုသိန်းက ပြောပါတယ်။

“ရဲလုပ်ထုံးလုပ်နည်းတွေ မပြည့်စုံခဲ့လို့ သမီးလေးအမှုသည် အမှုမှန်ပေါ်ဖို့ရာ ရှင်းရှင်းလင်းလင်းရှိနေရဲ့သားနဲ့ ပေါ်မသွားခဲ့ဘူး။ အဲဒီအပိုင်းကို သူတို့ အပြစ်ပေး အရေးယူမှုတွေ မလုပ်ဘဲနဲ့  နောက်က သမီးလေး နာမည် ထုတ်ပြောတာကိုပဲ အရေးယူ နေတယ်။ ကျနော်တို့လိုချင်တာက သူတို့ကိုအရေးယူတာက သူတို့မှားလို့ အရေးယူတာက တစ်ပိုင်း။ တစ်ပိုင်းက သမီးလေး အမှုမှန် ပေါ်စေချင်တာက တစ်ပိုင်း ။ သမီးလေး အမှုမှန်ပေါ် ဖို့အတွက် သူတို့က ဘာမှလုပ်မပေးသေးဘူးဖြစ်နေတာ။"

တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်က ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်တဲ့ နေ့မှာ တရားဥပေဒစိုးမိုးမှုက အဓိက စိန်ခေါ်မှု ဖြစ်တာကြောင့် အသေအချာ ဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်။

ဒီလိုပြောကြားခဲ့ပြီး နောက်ပိုင်း အခုလို အရေးယူမှုတွေ လုပ်ဆောင်လာတာကိုတွေ့ရပေမယ့် ဒီထက်ပိုပြီး ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ဖြူဖြူခိုင် / RFA Burmese
-----------------------------------------
(Zawgyi)⤵⤵⤵
ရဲတပ္ဖြဲ႕ျပဳျပင္ေျပာင္းလဲေရး ပိုမိုေဆာင္႐ြက္ဖို႔ တိုက္တြန္း

ျပည္ထဲေရးဝန္ႀကီးသစ္ လက္ထက္မွာ ရဲမႉးခ်ဳပ္ ႏွစ္ဦးကို အေရးယူထားၿပီး အျခား ရဲမႉးခ်ဳပ္တစ္ဦးကို စစ္ေဆးေနတယ္လို႔ သမၼတ႐ုံးက ေျပာပါတယ္။ ဒါဟာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလကမွ စတင္တာဝန္ထမ္းေဆာင္တဲ့ ျပည္ထဲေရး ဝန္ႀကီးသစ္ လက္ထက္မွာ ရာထူးျမင့္တဲ့ အရာရွိႀကီးတစ္ဦးကို ေထာင္ဒဏ္အျပစ္ေပး အေရးယူမႈ ပထမဆုံးျဖစ္ပါတယ္။ ဒီလိုအေရးယူမႈေတြ လုပ္ေနေပမယ့္ ရဲတပ္ဖြဲ႕ ျပဳျပင္ေျပာင္းလဲေရးကို ဒီထက္ပိုၿပီး လုပ္သင့္ေၾကာင္း ေဝဖန္ေထာက္ျပမႈေတြလည္း ရွိေနပါတယ္။

မၾကာေသးခင္က ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ရဲမႉးခ်ဳပ္ အဆင့္ရွိတဲ့ ရထား ရဲတပ္ဖြဲ႕မႉးတစ္ဦးနဲ႔ ရဲမႉးခ်ဳပ္ တစ္ဦးတို႔ကို ေထာင္ဒဏ္ခ်မွတ္တာ၊ ရဲတပ္ဖြဲ႕က ထုတ္ပယ္တာေတြ လုပ္ခဲ့တယ္လို႔ သမၼတအိမ္ေတာ္မွာ ဇြန္လ ၁၉ ရက္က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာခဲ့ပါတယ္။

“အခု ျပည္ေထာင္စုဝန္ႀကီးသစ္ ေရာက္ရွိလာၿပီး အေရးယူတဲ့ အပိုင္းမွာ ရထား ရဲတပ္ဖြဲ႕မႉး ရဲမႉးခ်ဳပ္တစ္ေယာက္ ထုတ္ပစ္ ၿပီးေတာ့ ေထာင္တစ္ႏွစ္ က်ခံရတယ္။ အဲဒါကို ကာယကံရွင္က အသနားခံစာ တင္ျပေတာ့ သက္ဆိုင္တဲ့ ျပည္ထဲေရးဝန္ႀကီးက ေျခာက္လေလွ်ာ့ေပးလိုက္ေတာ့ မူလ တစ္ႏွစ္ကေနၿပီးေတာ့ ေျခာက္လျဖစ္သြားတယ္။ ေနာက္တစ္ေယာက္ကေတာ့ ရဲေထာက္ခ်ဳပ္ ရဲမႉးခ်ဳပ္တစ္ဦး သူကေတာ့ ထုတ္ပစ္တဲ့ ျပစ္ဒဏ္ခ်ထားတယ္။“

ဘယ္ကိစၥေၾကာင့္ အေရးယူလိုက္တယ္ဆိုတာကိုေတာ့ သမၼတ႐ုံးက ေျပာဆိုျခင္းမရွိပါဘူး။

ရဲတပ္ဖြဲ႕မွာ အထက္ အႀကီးအကဲေတြကိုယ္တိုင္ အဂတိ မကင္းတာေတြ ရွိတာေၾကာင့္ ရဲတပ္ဖြဲ႕ ျပဳျပင္ေျပာင္းလဲေရးအတြက္ ဒီလိုအေရးယူမႈကို ဆက္တိုက္ေဆာင္႐ြက္ သြားဖို႔ လိုတယ္လို႔ ဒုရဲမႉးေဟာင္း ဦးမိုးရန္ႏိုင္က ေျပာပါတယ္။

“က်ေနာ့္အေတြ႕အႀကဳံအရ အဂတိမကင္းလို႔ အေရးယူတယ္လို႔ ယူဆရတယ္။ အဂတိမကင္းလို႔ အေရးယူတယ္ ဆိုရင္ ဒီအေရးယူမႈကို ႀကိဳဆိုရမယ္လို႔ ျမင္ပါတယ္။ ရဲတပ္ဖြဲ႕မွာ အထက္ အႀကီးအကဲေတြကိုယ္တိုင္ အဂတိတရား မကင္းဘူး။ ဒါကို ျပဳျပင္ေျပာင္းလဲႏိုင္ဖို႔ လိုတယ္။ တစ္ဦးတစ္ေယာက္တည္းကို အေရးယူတာမ်ိဳး နဲ႔ ၿပီးမသြားဘဲနဲ႔ အထက္အႀကီးပိုင္းေတြမွာ အဂတိ မကင္းတာေတြကို ဆက္တိုက္ အေရးယူႏိုင္မယ္ဆိုရင္ေတာ့ ရဲတပ္ဖြဲ႕ ျပဳျပင္ေျပာင္းလဲေရးအတြက္ အရမ္းေကာင္းမြန္တဲ့ လုပ္ရပ္တစ္ခုျဖစ္မယ္လို႔ ျမင္ပါတယ္။ ဒါကိုဆက္ၿပီးေတာ့ ဆက္တိုက္လုပ္သြားဖို႔ လိုတယ္။“

ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္က ရခိုင္ျပည္နယ္ ေျမာက္ပိုင္း ေမာင္ေတာေဒသ နယ္ျခားေစာင့္ ရဲစခန္းေတြ ပထမဆုံး တိုက္ခိုက္ခံရမႈမွာ တာဝန္ရွိတဲ့ ရဲမႉးခ်ဳပ္ တစ္ဦးကို ေထာင္ဒဏ္ ႏွစ္ႏွစ္အထိ ခ်မွတ္ခဲ့တာရွိပါတယ္။ အဲဒီ ေနာက္ပိုင္း အဆင့္ျမင့္ ရဲအရာရွိေတြကို အေရးယူမႈက မရွိသေလာက္ျဖစ္ၿပီး အခုအေရးယူမႈက အႀကီးဆုံး ျပစ္ဒဏ္ ခ်မွတ္မႈ တစ္ခု ျဖစ္တာေၾကာင့္ ရဲတပ္ဖြဲ႕ျပဳျပင္ေျပာင္းလဲေရး ေကာင္းမြန္လာႏိုင္တယ္လို႔ ေမွ်ာ္လင့္ေနသူကေတာ့ ရဲဝန္ထမ္းေဟာင္း ကိုျမတ္သူဟိန္းပါ။

“ဝန္ႀကီးသစ္ကလည္း တပ္ဖြဲ႕ထဲမွာ ျဖစ္ေနတဲ့ ကိစၥေတြ ျပႆနာေတြအေပၚမွာ အာ႐ုံစိုက္ၿပီး ဒီလိုအျပစ္ ေပးတာက ေကာင္းပါတယ္။ မေကာင္းတဲ့သူေတြကို ဒီလိုဖယ္ထုတ္တယ္ဆိုရင္ ေကာင္းတဲ့သူေတြပဲ က်န္ခဲ့မွာ။ အဲေတာ့ ျပဳျပင္ေျပာင္းလဲေရးအတြက္ အမ်ားႀကီး ဝမ္းသာစရာ ေကာင္းပါတယ္။ က်ေနာ္တို႔ ရဲတပ္ဖြဲ႕မွာ ရာထူးေပးတာတို႔ ေျပာင္းေ႐ႊ႕မိန႔္ထုတ္တာတို႔ အဲဒီအေပၚမွာ ကိုယ္နဲ႔အဆင္ေျပတဲ့သူေတြကို ဦးစားေပးၿပီး ရာထူးေပးတာေတြ အမ်ားႀကီးရွိတယ္။ ဒါကေတာ့ အဂတိမကင္းဘဲ ဒီလိုမ်ိဳးေတြ လုပ္ေနတာက က်ေနာ္တို႔ တပ္ဖြဲ႕မွာ ၾကာၿပီ။"

ၿပီးခဲ့တဲ့ ဇြန္လ ၁၈ ရက္ေန႔ကလည္း မေကြးၿမိဳ႕က ထမင္းဆိုင္တစ္ခုမွာ ရန္ျဖစ္ေနသူေတြကို အရပ္ဝတ္နဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြက ထိန္းသိမ္းရာမွာ ေသနတ္ကိုင္ေဆာင္ခဲ့တဲ့ အထိျဖစ္ခဲ့တဲ့အျပင္ ႐ိုက္ႏွက္တာေတြလည္း ရွိပါတယ္။ အဲဒီလို ေဆာင္႐ြက္ရာမွာပါဝင္ခဲ့တဲ့ ရဲအရာရွိတစ္ဦး အပါအဝင္ ရဲတပ္ဖြဲ႕ဝင္ ခုႏွစ္ဦးကို ရဲစည္းကမ္း ဥပေဒနဲ႔ အေရးယူဖို႔ စီစဥ္ေနေၾကာင္း မေကြးၿမိဳ႕နယ္ ရဲတပ္ဖြဲ႕က သတင္းမီဒီယာေတြကို ေျပာဆိုထားပါတယ္။

ျပည္ထဲေရး ဝန္ႀကီးသစ္လက္ထက္ ရာထူးျမင့္တဲ့ အရာရွိႀကီးေတြကို ေထာင္ဒဏ္အျပစ္ေပး အေရးယူမႈေတြ လုပ္ေနေပမယ့္ လူအမ်ား စိတ္ဝင္စားခဲ့တဲ့ ဗစ္တိုးရီးယားအမႈမွာ နစ္နာခဲ့တဲ့ မိသားစုရဲ႕ အခ်က္အလက္ေတြကို ထုတ္ေဖာ္ခဲ့တဲ့ ရဲအရာရွိႀကီး သုံးေယာက္ကို ရာထူးတိုးျမႇင့္မႈ ရပ္ဆိုင္းတဲ့ ျပစ္ဒဏ္ေလာက္သာခ်ၿပီး အေရးယူ ထားတဲ့အေပၚမွာေတာ့ ေဝဖန္မႈေတြလည္း ရွိေနပါတယ္။

ဗစ္တိုးရီးယားအမႈမွာ ရဲလုပ္ထုံးလုပ္နည္းေတြ မျပည့္စုံခဲ့လို႔ အမႈမွန္မေပၚခဲ့တာလို႔ ဗစ္တိုးရီးယားအမႈကို ကူညီေဆာင္႐ြက္ေပးေနတဲ့ သကၠမိုးညိဳ Facebook အေကာင့္ပိုင္ရွင္ ေဒါက္တာ ဝင္းကိုကိုသိန္းက ေျပာပါတယ္။

“ရဲလုပ္ထုံးလုပ္နည္းေတြ မျပည့္စုံခဲ့လို႔ သမီးေလးအမႈသည္ အမႈမွန္ေပၚဖို႔ရာ ရွင္းရွင္းလင္းလင္းရွိေနရဲ႕သားနဲ႔ ေပၚမသြားခဲ့ဘူး။ အဲဒီအပိုင္းကို သူတို႔ အျပစ္ေပး အေရးယူမႈေတြ မလုပ္ဘဲနဲ႔  ေနာက္က သမီးေလး နာမည္ ထုတ္ေျပာတာကိုပဲ အေရးယူ ေနတယ္။ က်ေနာ္တို႔လိုခ်င္တာက သူတို႔ကိုအေရးယူတာက သူတို႔မွားလို႔ အေရးယူတာက တစ္ပိုင္း။ တစ္ပိုင္းက သမီးေလး အမႈမွန္ ေပၚေစခ်င္တာက တစ္ပိုင္း ။ သမီးေလး အမႈမွန္ေပၚ ဖို႔အတြက္ သူတို႔က ဘာမွလုပ္မေပးေသးဘူးျဖစ္ေနတာ။"

တပ္မေတာ္ စစ္ဘက္ေရးရာ လုံၿခဳံေရး အရာရွိခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့တဲ့ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္က ျပည္ထဲေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္တဲ့ ေန႔မွာ တရားဥေပဒစိုးမိုးမႈက အဓိက စိန္ေခၚမႈ ျဖစ္တာေၾကာင့္ အေသအခ်ာ ေဆာင္႐ြက္သြားမယ္လို႔ ေျပာခဲ့ပါတယ္။

ဒီလိုေျပာၾကားခဲ့ၿပီး ေနာက္ပိုင္း အခုလို အေရးယူမႈေတြ လုပ္ေဆာင္လာတာကိုေတြ႕ရေပမယ့္ ဒီထက္ပိုၿပီး ရဲတပ္ဖြဲ႕ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ေဆာင္ဖို႔ လိုအပ္ေနေသးတယ္လို႔ သုံးသပ္မႈေတြလည္း ရွိေနပါတယ္။

ျဖဴျဖဴခိုင္ / RFA Burmese
https://www.rfa.org/burmese/program_2/criticism-over-police-reform-06212020054009.html
ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး ပိုမိုဆောင်ရွက်ဖို့ တိုက်တွန်း ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး ပိုမိုဆောင်ရွက်ဖို့ တိုက်တွန်း Reviewed by THITHTOOLWIN on 20:35 Rating: 5
Powered by Blogger.