သုဝဏ္ဏဝတီမြို့၌ ဆိုင်ကယ် (၂)စီး တိုက်မိ ၊ တစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရရှိ


(Unicode)⤵⤵⤵
သုဝဏ္ဏဝတီမြို့ ဇွန် ၁၀

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ကျိုက္ကော်ရပ်ကွက်တွင် ဇွန် ၁၀ ရက် နံနက် ၆ နာရီအချိန်ခန့်က ဆိုင်ကယ် (၂)စီး တိုက်မိပြီး တစ်ဦးသေဆုံး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

   ယာဉ်တိုက်မူသတင်းအရ သိမ်ဆိပ်နယ်မြေရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်ငြိမ်းလှိုင်ဦး၊ ရဲတပ်ဖွဲ့ဝင်များ၊ကျိုက္ကော်ရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးအေးစိုး၊အသိသက်သေများနှင့် သွားရောက်စစ်ဆေးရာ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမကြီးပေါ်ရှိ ကျိုက္ကော် ရပ်ကွက်၊ တိုင်ကောက်လမ်းဆုံအနီး လမ်းပေါ်တွင် သိန်းမြင့်ဦး (အသက်-၃၁နူစ်၊သိမ်ဆိပ်ရပ်ကွက်၊သုဝဏ္ဏဝတီမြို့)နေသူ မောင်းနှင်လာသော ၅၇ယ/၃၈၀၇၄ နံပါတ်ပါ ဟွန်ဒါဝေ့ NCX အမျိုးအစား ဖြူနီမဲရောင် ဆိုင်ကယ်သည် ကားလမ်းတစ်ဖက်သို့ ချိုးကွေ့ရာ တစ်ဖက်ယာဉ်ကြောအတွင်းသို့ ရောက်ရှိရာ  သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ ကျော်သူ (အသက်- ၁၉နူစ်၊ အလံတစ်ရာကျေးရွာ၊သထုံမြို့နယ်)နေသူ မောင်းနှင်သော ၂၄ယ/၉၄၈၂၂ နံပါတ်ပါ ဟွန်ဒါဝေ့ အမျိုးအစား အဖြူရောင် ဆိုင်ကယ်အား အရိုန်မထိမ်းနိူင် ဝင်ရောက်တိုက်မိပြီး သိန်းမြင့်ဦး မှာ နေရာတွင် သေဆုံး၍ ကျော်သူ မှာ ဒဏ်ရာများ ရရှိ၍ ရဲဆေးစာဖြင့် ပီတိနှလုံးသား လူမူကူညီရေးအသင်းက သိမ်ဆိပ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည် ။

 ဖြစ်စဉ်နှင့်ပတ်သက်၍ သိမ်ဆိပ်နယ်မြေရဲစခန်းက အမှုဖွင့် ဆောင်ရွက်နေကြောင်း သိရသည် ။

ခွန်(ဝင်းပ) / Myanmaalinn
--------------------------------------
(Zawgyi)⤵⤵⤵
သုဝဏ္ဏဝတီမြို့၌ ဆိုင်ကယ် (၂)စီးး တိုက်မိ ၊ တစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရရှိ


မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ကျိုက္ကော်ရပ်ကွက်တွင် ဇွန် ၁၀ ရက် နံနက် ၆ နာရီအချိန်ခန့်က ဆိုင်ကယ် (၂)စီးး တိုက်မိပြီး တစ်ဦးသေဆုံး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

   ယာဉ်တိုက်မူသတင်းအရ သိမ်ဆိပ်နယ်မြေရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်ငြိမ်းလှိုင်ဦး၊ ရဲတပ်ဖွဲ့ဝင်များ၊ကျိုက္ကော်ရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးအေးစိုး၊အသိသက်သေများနှင့် သွားရောက်စစ်ဆေးရာ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမကြီးပေါ်ရှိ ကျိုက္ကော် ရပ်ကွက်၊ တိုင်ကောက်လမ်းဆုံအနီး လမ်းပေါ်တွင် သိန်းမြင့်ဦး (အသက်-၃၁နူစ်၊သိမ်ဆိပ်ရပ်ကွက်၊သုဝဏ္ဏဝတီမြို့)နေသူ မောင်းနှင်လာသော ၅၇ယ/၃၈၀၇၄ နံပါတ်ပါ ဟွန်ဒါဝေ့ NCX အမျိုးအစား ဖြူနီမဲရောင် ဆိုင်ကယ်သည် ကားလမ်းတစ်ဖက်သို့ ချိုးကွေ့ရာ တစ်ဖက်ယာဉ်ကြောအတွင်းသို့ ရောက်ရှိရာ  သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ ကျော်သူ (အသက်- ၁၉နူစ်၊ အလံတစ်ရာကျေးရွာ၊သထုံမြို့နယ်)နေသူ မောင်းနှင်သော ၂၄ယ/၉၄၈၂၂ နံပါတ်ပါ ဟွန်ဒါဝေ့ အမျိုးအစား အဖြူရောင် ဆိုင်ကယ်အား အရိုန်မထိမ်းနိုင် ဝင်ရောက်တိုက်မိပြီး သိန်းမြင့်ဦး မှာ နေရာတွင် သေဆုံး၍ ကျော်သူ မှာ ဒဏ်ရာများ ရရှိ၍ ရဲဆေးစာဖြင့် ပီတိနှလုံးသား လူမူကူညီရေးအသင်းက သိမ်ဆိပ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည် ။


https://www.facebook.com/MYANMAALINNNEWS
သုဝဏ္ဏဝတီမြို့၌ ဆိုင်ကယ် (၂)စီး တိုက်မိ ၊ တစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရရှိ သုဝဏ္ဏဝတီမြို့၌ ဆိုင်ကယ် (၂)စီး တိုက်မိ ၊ တစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 22:43 Rating: 5
Powered by Blogger.