စစ်ကိုင်းရှင်သီဝလိတောရကျောင်းကို ရက်အကန့်အသတ်မရှိ ပိတ်


(Unicode)⤵⤵⤵
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းတော်အနောက်ပိုင်းမှာတည်ရှိတဲ့ ရှင်သီလဝလိတောရကျောင်းကို ဇွန် ၁၄ ရက်ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။

ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့ကာလမှာ လာရောက်လည်ပတ်သူတွေကို ခပ်ခွာခွာနေကြဖို့ သတိပေးဆိုင်းဘုတ်တွေ ထားပေးတာ၊ လက်ဆေးဖို့နေရာတွေလုပ်ပေးထားပေးမယ့် လာလည်သူအရမ်းများလို့ ခုလို ပိတ်လိုက်တာလို့ ဆိုပါတယ်။

ဒီတောရကျောင်းမှာ မြေ ၁၇ ဧကကျော်ပေါ်မှာ သစ္စာလေးပါးတရားတော် အပုဒ်ရေ ၁၃၀၀ ကျော်ကို စေတီငယ်ပုံစံတွေနဲ့ စတင်တည်ဆောက်ခဲ့ပါတယ်။  ရွှေတိဂုံ ဘုရားပုံစံငယ်အဖြစ် စေတီတော်တွေကို သွန်းလုပ်တာဖြစ်ပြီး အောက်ခြေမဏ္ဍိုင် လေးမျက်နှာတွင် တရားတော် တစ်ပုဒ်နှုန်းနဲ့ ပူဇော်ထားရှိပါတယ်။ ဒီစေတီတော်တွေမှာ ထားရှိမယ့် ကျောက်စာတွေကို မြန်မာလက်မှုပညာရှင်အဖွဲ့ ၇ ဖွဲ့နဲ့ အကောင်အထည်ဖော်ကာ အမှားနည်းစေဖို့  ကွန်ပျူတာ စနစ်နဲ့ ဆာင်ရွက်နေတာဖြစ်ပါတယ်။ ဘုရား သာသနာ ထွန်းကားအောင်ခုလို ဆောင်ရွက်တာဖြစ်တယ်လို့ အဆိုပါ တောရကျောင်းက ဆရာတော် အရှင် ဉာဏိန္ဒက မိန့်ကြားပါတယ်။

သုံးနှစ်ကျော်ကာလအတွင်း စေတီပေါင်း (၄၀၀) ကျော်ပြီးစီးပြီဖြစ်ပြီး ဆက်လက်တည်ထားဖို့ စေတီ ၁၀၁ ဆူကျန်ရှိနေပါသေးတယ်။

အခုလို အပြီးသတ် မပြီးသတ်သေးပေမယ့် နေ့စဉ်  လာရောက် လည်ပတ် သူများ များပြားနေတာကြောင့် ခုလို ပိတ်လိုက်တာဖြစ်ပါတယ်။ 

BBC Burmese
------------------------------

(Zawgyi)⤵⤵⤵
စစ္ကိုင္းရွင္သီဝလိေတာရေက်ာင္းကို ရက္အကန႔္အသတ္မရွိ ပိတ္

စစ္ကိုင္းတိုင္းေဒသႀကီး၊ စစ္ကိုင္းေတာ္အေနာက္ပိုင္းမွာတည္ရွိတဲ့ ရွင္သီလဝလိေတာရေက်ာင္းကို ဇြန္ ၁၄ ရက္ကစၿပီး ရက္အကန႔္အသတ္မရွိ ပိတ္ထားလိုက္ၿပီျဖစ္ပါတယ္။

ကိုဗစ္-၁၉ ျဖစ္ပြားေနတဲ့ကာလမွာ လာေရာက္လည္ပတ္သူေတြကို ခပ္ခြာခြာေနၾကဖို႔ သတိေပးဆိုင္းဘုတ္ေတြ ထားေပးတာ၊ လက္ေဆးဖို႔ေနရာေတြလုပ္ေပးထားေပးမယ့္ လာလည္သူအရမ္းမ်ားလို႔ ခုလို ပိတ္လိုက္တာလို႔ ဆိုပါတယ္။

ဒီေတာရေက်ာင္းမွာ ေျမ ၁၇ ဧကေက်ာ္ေပၚမွာ သစၥာေလးပါးတရားေတာ္ အပုဒ္ေရ ၁၃၀၀ ေက်ာ္ကို ေစတီငယ္ပုံစံေတြနဲ႔ စတင္တည္ေဆာက္ခဲ့ပါတယ္။  ေ႐ႊတိဂုံ ဘုရားပုံစံငယ္အျဖစ္ ေစတီေတာ္ေတြကို သြန္းလုပ္တာျဖစ္ၿပီး ေအာက္ေျခမ႑ိဳင္ ေလးမ်က္ႏွာတြင္ တရားေတာ္ တစ္ပုဒ္ႏႈန္းနဲ႔ ပူေဇာ္ထားရွိပါတယ္။ ဒီေစတီေတာ္ေတြမွာ ထားရွိမယ့္ ေက်ာက္စာေတြကို ျမန္မာလက္မႈပညာရွင္အဖြဲ႕ ၇ ဖြဲ႕နဲ႔ အေကာင္အထည္ေဖာ္ကာ အမွားနည္းေစဖို႔  ကြန္ပ်ဴတာ စနစ္နဲ႔ ဆာင္႐ြက္ေနတာျဖစ္ပါတယ္။ ဘုရား သာသနာ ထြန္းကားေအာင္ခုလို ေဆာင္႐ြက္တာျဖစ္တယ္လို႔ အဆိုပါ ေတာရေက်ာင္းက ဆရာေတာ္ အရွင္ ဉာဏိႏၵက မိန႔္ၾကားပါတယ္။

သုံးႏွစ္ေက်ာ္ကာလအတြင္း ေစတီေပါင္း (၄၀၀) ေက်ာ္ၿပီးစီးၿပီျဖစ္ၿပီး ဆက္လက္တည္ထားဖို႔ ေစတီ ၁၀၁ ဆူက်န္ရွိေနပါေသးတယ္။

အခုလို အၿပီးသတ္ မၿပီးသတ္ေသးေပမယ့္ ေန႔စဥ္  လာေရာက္ လည္ပတ္ သူမ်ား မ်ားျပားေနတာေၾကာင့္ ခုလို ပိတ္လိုက္တာျဖစ္ပါတယ္။ 

BBC Burmese
https://www.facebook.com/BBCnewsBurmese
စစ်ကိုင်းရှင်သီဝလိတောရကျောင်းကို ရက်အကန့်အသတ်မရှိ ပိတ် စစ်ကိုင်းရှင်သီဝလိတောရကျောင်းကို ရက်အကန့်အသတ်မရှိ ပိတ် Reviewed by THITHTOOLWIN on 18:15 Rating: 5
Powered by Blogger.